လွမ်း

On 7:55 PM


ခင်မင်ရုံသက်သက်
မဟုတ်ခဲ့သောရင်းနှီးမှု
နှလုံးသားတစ်ခုမြုပ်နှံ
ငါ့အတွက် ဘာကျန်ခဲ့လို့လဲ
အစကတည်းက မကြင်နိုင်ရင်
မချစ်တတ်တဲ့ နှလုံးသား
အရင်းအတိုင်း ရှိပါစေလား....။ ။

ဖြစ်ချင်ခဲ့တာက
သာယာလှပတဲ့လမ်းမှာ
အပြုံးတွေ ဝေဆာပွင့်ဖူး
တစ်ဦးလက် တစ်ဦးတွဲ
နှစ်ကိုယ်တည်း လျှောက်လှမ်းချင်တာ....
ဖြစ်ခဲ့တာက
ရေကြည်တစ်ပေါက် သောက်ရဖို့အတွက်
တွင်းပေါ်ပြန်တက်ရတဲ့
ရေတွင်းတူးသမား၇ဲ့ဒုက္ခမျိုး
ဘယ်လောက်ဆိုးသလဲကွယ်....။ ။

အခုတော့လေ
အိပ်မက်တွေနဲ့ဖျော်တဲ့
အနမ်းကော်ဖီ
မင်းဆီမရောက်ခဲ့သော်လည်း
ချိုအီနေဆဲရှိပါသေးတယ် မောင်....။ ။

ချစ်ခဲ့တယ်
ချစ်နေတယ်
ချစ်နေဦးမယ်
အဲဒီ ချစ်ခြင်းမှာ
အခါခါ သေဆုံးတောင်
အပြုံးမပျက်
နှလုံးသားအတွက်စတေး
အလွမ်းတေးဆိုကာ
ချစ်နေပါဦးမယ် မောင်....။ ။

4 Response to "လွမ်း"

  1. Anonymous Said,

    အတွေးသစ်နဲ့စိတ်ကူးသစ်တွေက လန်းတယ်

     

  2. Anonymous Said,

    ဆက်ကြိုးစားပါ အားပေးနေမယ်နော်။

     

  3. phoethutaw Said,

    ကဗျာလေး ရေးတာကောင်းတယ် ခံစာချက်တွေ လှတယ်နော်

     

  4. Ngu Wah Said,

    အိမ်မက်တွေနဲ့ဖျော်တဲ့ အနမ်းကော်ဖီ
    ကောင်းလိုက်တာ ကျေးဇူးပဲနော်

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။