သတိပေးချက်

``ဟေ့ကောင်၊လေထီးမပါဘဲ ခုန်ဆင်းမလို့လား မင်းရူးနေသလားကွ ဟေ..´´
``ဘာဖြစ်လို့လဲ´´
´´အပြင်မှာ မိုးရွာနေတယ်လေကွာ။´´

မှီနိုင်သေးတယ်

အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
``ဒီမှာခင်ဗျာ၊ ဒီမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
``ဟုတ်ပါရဲ့ ကျွန်မထီးမေ့ကျန်ခဲ့တယ်´´
``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

စစ်အတွင်းက

တဲစုတ်ကလေးတစ်ခုရှေ့တွင် မာစီးဒီးကားသစ်တစ်စီး ထိုးရပ်လိုက်သည်။ ကားထဲမှအကောင်းစားဝတ်စုံကို
ဝတ်ထားသော အသက်၄၀အရွယ်ခန့်ရှိလူတစ်ယောက်ထွက်လာသည်။ တဲရှေ့တွင် မြေကိုတူးဆွနေသော အဘွားကြီးထံလျှောက်သွားပြီးမေးသည်။
``မင်္ဂလာပါ အဘွား၊စစ်အတွင်းက အပြာနုရောင်ကုတ်အင်္ကျီအစုတ်ကလေးကိုဝတ်ထားတဲ့ ဂျူးချာတိတ်ကလေး တစ်ယောက်ကို အမျိုးသမီးတစ်ယောက် တဲမှာဝှက်ပေးခဲ့တယ်။ အဲ့တဲဟာ ဒီတဲလားဟင်။´´
``ဟုတ်တယ် သားအဲ့ဒီ အမျိုးသမီးဟာအဘွားပဲ၊သားဘာဘာကိစ္စမေးတာလဲ။´´
``အဲ့ဒီကုတ်အင်္ကျီကို ပြန်လာယူတာပါ။´´

တန်ဖိုးမရှိသောသူ

သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်ကြသည်။တက္ကစီကားမှတ်တိုင်သို့ရောက်လာပြီး တစ်ယောက်က တက္ကစီကားဒရိုင်ဘာကိုမေးသည်။
``ဒီကနေ မြို့ထဲကို ဘယ်လောက်ပေးရမလဲ။´´
``နှစ်ရာ´´
``ကျွန်တော့်သူငယ်ချင်းပါ ကျွန်တော်နဲ့လိုက်မယ်ဆိုရင်ကော´´
``နှစ်ရာပါပဲ´´
``ကြားတယ်မဟုတ်လား ဘမောင်၊ မင်းဟာ ဘာတန်ဖိုးမှမရှိတဲ့အကောင်ဆိုတာ ယုံပြီလား။´´

ဇာတ်သိမ်းမကောင်းတဲ့ပုံပြင်

ရွှေငါးလေးတစ်ကောင်ကို အဘိုးကြီး ဖမ်းမိသည်။
`ဆန္ဒသုံးခုကိုဇြည့်ပေးပါမည်။သူ့ကိုလွှတ်ပါ`ဟု ရွှေငါးကပြောသည်။
အဘိုးကြီး ငါးကိုအိမ်သို့ယူလာပြီးကြော်စားလိုက်သည်။ အကြောင်းမှာ အဘိုးကြီးနားထိုင်းနေသောကြောင့်ဖြစ် သည်။

မဟာပညာကျော်

တစ်ခါက တောရွာတစ်ရွာတွင် မိသားစုတစ်စုရှိသည်။ ယင်းမိသားစုသည်အလွန့်အလွန် ရိုးအလှသည်။ တစ်နေ့ တွင် သူတို့နွားသည် အစာစားရာမှအစာများထည့်ထားသောအိုးထဲသို့ ခေါင်းဝင်သွားရာ ပြန်နှုတ်လို့မရတော့ ပေ။သူတို့သည်မည်သို့လုပ်ရမည်ကို မသိနိုင်ကြသဖြင့် ခက်ခဲသောပြဿနာကိုဖြေရှင်းနိုင်ရန် ဦးလေးဖြစ်သူကို အကူအညီတောင်းသည်။ ဦးလေးဖြစ်သူကသူတို့အိမ်ရောက်လာပြီး အခြေအနေကိုအကဲခတ်ကြည့်ရှုသည်။
`` ဒါအလွယ်လေးပါကွာ ´´ ဦးလေးဖြစ်သူက အသေအချာနားလည်ဟန်ဖြင့်ပြောသည်။
``နွားခေါင်းကိုဖြတ်လိုက်ပေါ့´´ တူဖြစ်သူများက ဦးလေးစကားအတိုင်း နွားခေါင်းကိုဖြတ်ပစ်လိုက်ကြသည်။
သို့သော်လည်းနွားခေါင်းကအိုးထဲတွင် ထုတ်မရဘဲ ဖြစ်နေဆဲပင်။ သူတို့သည် အကူအညီကင်းမဲ့နေသကဲ့သို့ ခံစားကြရသည်။ ဦးလေးဖြစ်သူထံ ထပ်မံအကြံဉာဏ်တောင်းပြန်သည်။ ဦးလေးဖြစ်သူက ပြောသည်။
``မခက်ပါဘူးကွာ အိုးကိုရိုက်ခွဲပစ်လိုက်ပေါ့´´အိုးကိုရိုက်ခွဲလိုက်သောအခါ နွားခေါင်းထွက်လာသည်။ ဤသို့ ဖြင့်ပြဿနာသည်ပြီးဆုံးသွားလေသည်။ လူတိုင်းက ဦးလေးဖြစ်သူ၏ မနှိုင်းယှဉ်နိုင်လောက်အောင် အတွေးအ ခေါ်မြင့်မားမှုကို ချီးကျူးကြလေသည်။ ဦးလေးဖြစ်သူက သူသည်စိတ်ရှုပ်ထွေးနေကြောင်း၊ စိတ်ညစ်နေကြောင်း ပြောပြလေသည်။
``အခုဆို ငါဟာအသက်ကြီးလာပြီကွ။ လူ့ပြည်မှာသိပ်ကြာကြာနေရတော့မှာမဟုတ်ဘူး။ သေရတော့မှာပဲ။
တကယ်လို့ငါသေသွားတဲ့အခါ မင်းတို့မှာ ဒီလိုပြဿနာမျိုးတွေကြုံလာခဲ့ရင်တော့ မင်းတို့ကိုဘယ်သူကများ လာပြီးကူညီနိုင်ပါတော့မလဲကွာ။´´

သူဌေးနဲ့နွား

လူတစ်ယောက်က သူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။ သို့ကြောင့်လည်း နွားငှားရန် သူဌေး ကြီးထံစာရေးကာ တပည့်တစ်ယောက်ကိုစေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီး သည် ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။ စာမတတ်သည်ကို ရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´

စိုးရိမ်စရာမဟုတ်ပါ

ခရီးသည်များလှေတစ်စင်းဖြင့် မြစ်ပြင်ကိုဖြတ်သန်းစဉ်ကဖြစ်သည်။ လှေကလေးသည် ကျောက်ဆောင်နှင့် ရုတ်တရက်တိုက်မိကာရေများကလှေဝမ်းထဲသို့စီးဝင်လာသည်။ ခရီးသည်မျာသည် သူတို့၏အသက်အန္တရာယ် အတွက်စိုးရိမ်လာသည်။ လူတစ်ယောက် သူကမူတစ်မူထူးခြားလှသည်။ သူသည်ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ် စွာထိုင်နေသည်။ သူသည်ရယ်မောနေနိုင်သည့်အပြင် အခြားသူများကိုလည်း မစိုးရိမ်မပူပန်ကြရန် ပြောနေလေ သည်။
``မစိုးရိမ်ကြပါနဲ့။မစိုးရိမ်ကြပါနဲ့။´´သူကပြောသည်။
``ဒါ စိုးရိမ်စရာ ပြဿနာလည်းမဟုတ်ပါဘူး။ လှေထဲရေ၀င်လာတာပါ။ ဒါဟာကျွန်တော်တို့ ပြဿနာမှမဟုတ် ပါဘူး။ လှေကကျွန်တော်တို့ပိုင်တဲ့လှေမှ မဟုတ်တာ။´´

ခြေခြောက်ချောင်းအပြေး

တစ်ခါကအထောက်တော်တစ်ဦးသည် အရေးကြီးသည့်ကိစ္စဖြင့်ခရီးထွက်ရန်ရှိလေသည်။ အရာရှိကြီးကခြေမြန် တော်ကိုနောက်ကျမည်။ အမြန်ဆုံးမရောက်မည်ကိုစိုးရိမ်သဖြင့်အလွန်အပြေးလျင်သည့်မြင်းတစ်ကောင်ကို ပေးလိုက်သည်။ သို့သော်.. အထောက်တော်ကမူအရေးကြီးကိစ္စဖြင့် အလျင်အမြန်သွားရမည့်ခရီးလမ်းတွင် မြင်းကိုမစီးဘဲလမ်းတစ်လျှောက်မြင်းကိုဆွဲပြေးလေသည်။
``ခင်ဗျားက ဘာလို့မြင်းကိုမစီးတာလဲ´´
မင်းကိုမစီးဘဲ ဆွဲပြေးသွားသည့်မြင်ကွင်းကြောင့် ခရီးသွားတစ်ယောက် ကသူ့ကိုမေးသည်။
``ခြေထောက်လေးချောင်းပြေးတာထက် ခြေခြောက်ချောင်းပြေးတာ ပိုမမြန်ဘူးလားဗျ´´
အထောက်တော်က သူ့အတွေးဖြင့်သူ့မြင်းကိုဆွဲကာပြေးနေလေသတည်း။

သတ္တိရှိပါတယ်

စစ်အရာရှိကြီးသည် စစ်သားများနေထိုင်သော သုံးထပ်တိုက်အဆောင်ကိုဖြတ်လျှောက်လာသည်။ စစ်အရာရှိ ကြီးသည် စိတ်လက်ပေါ့ပါးရွှင်ပျနေသည်။ မမျှော်လင့်ဘဲသုံးထပ်အပေါ်မှနေ၍ ညစ်ပုပ်သောရေကိုပက်ချလိုက် ရာ တစ်ကိုယ်လုံးစိုရွှဲသွားသည်။ စောစောကပျော်ရွှင်နေသောစိတ်လုံးဝပျောက်သွားသည်။ ရှုံမဲ့ပြီးရေကျလာ သည့်သုံးထပ်တိုက်ပြတင်းပေါက်ဘက်သို့မော့ကြည့်သည်။ မည့်သူကိုမှမမြင်ရချေ။ သို့နှင့်ကြားအောင် အော် ပြောသည်။
``ကိုယ့်မျက်နှာတောင်ကိုယ်မပြရဲတဲ့သတ္တိကြောင်တဲ့သူတွေ ဟင်း..´´
``ဘာလို့မပြရဲရမှာလဲ၊ပြရဲပါတယ်´´ ဟူသော အသံကြားရပြီးပြတင်းပေါက်တွင်ခေါင်းတစ်လုံး ပြူထွက်လာ သည်။ ခေါင်းတွင်ဓါတ်ငွေ့ကာကွယ်ရေးကိရိယာကို စွပ်ထားလေသည်။

ဘယ့်သူလက်ချက်လဲ

ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်။ အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီး ဧည့်သည်အားလုံးက
`လှလိုက်တာ၊လှလိုက်တာ´
ဝိုင်းဝန်းချီးကျူးကြသည်။ ချီးမွမ်းခံရသဖြင့်ပီတိဖြစ်မိသောအမျိုးသမီးသည် အားပါးတရကြည့်ပါစေဟူသော ရည် ရွယ်ချက်ဖြင့် ဘယက်ကိုချွတ်ပေးသည်။ စိန်ဘယက်သည်တစ်လက်မှ တစ်လက်သို့ကူးသွားသည်။ နောက်ဆုံး တွင်စိန်ဘယက်ပျောက်သွားတော့သည်။ အိမ်ရှင်ကစိတ်မကောင်းဖြစ်ရသော အသံဖြင့်ပြောသည်။
``ကျီစားတာဆိုရင်လွန်သွားပြီဗျာ။ အခုစားပွဲပေါ်ကိုကျွန်တော်ငွေဖလားတင်ထားမယ်။ မီးခလုတ်ကိုပိတ်လိုက် ပြီးတစ်ရာထိကျွန်တော်ရေမယ်။ မီးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာစိန်ဘယက်ကို ငွေဖလားထဲမှာပြန်တွေ့ရမယ်လို့ မျှော်လင့်ချင်ပါတယ်။' '
မီးကိုပိတ်ပြီးနောက် ပြန်ဖွင့်လိုက်သည်....ငွေဖလားကြီးမရှိတော့။


မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

3 Response to "ရယ်စရာဟာသများ(၃)"

  1. Anonymous Said,

    ဟားဟား ရယ်စရာလေးတွေ ဖတ်သွားတယ်ဗျို့

     

  2. မဟာပညာကျော်ဖတ်သွားတယ်ဗျို.။ ဟားဟား

     

  3. Unknown Said,

    ရယ်ရစေတဲ့အတွက် ကျေးဇူးပ်ဗျာ

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။