ကျွန်မဒီစိတ်ကူးလေးရလာတာကတော့ ကျွန်မရုံးက၀န်ထမ်းတွေ ကျွန်မဆီခွင့်လာတိုင်တာက စပါတယ်

ဇာတ်လမ်းအစကတော့ ဒီလိုပါ………..

ကျွန်မဆီကို ပထမ၀န်ထမ်းကရောက်လာပါတယ် အမ ခွင့်တိုင်ချင်လို့ ကျွန်မလည်း လုပ်လက်စအလုပ်က နေမော့ကြည့်လိုက်ပြီးတော့ အင်း ဘာဖြစ်လို့လဲ ဘယ်နှစ်ရက်ယူမှာလဲ ဘယ်နေ့တုန်း လို့မေးလိုက်တော့ သူမမှ ဒီလတော့မဟုတ်ပါဘူးအမရယ် ရက်ကတော့တစ်ရက်ထဲယူမှာ ကြိုပြောထားတာပါ အနီးကပ်မှ ဆိုမရ မှာစိုးလို့ ဆိုတော့ ကျွန်မက ဒါဆို နောက်လဘယ်နေ့ယူမှာလဲ သူမကပြန်ဖြေပါတယ ဖေဖော်ဝါရီလ ၁၄ရက်နေ့ယူမယ်အမ အော် ဘာဖြစ်လို့လဲ ဘာမှမဖြစ်ပါဘူး အမရယ် ကိစ္စလေးရှိလို့ပါ ဆိုတော့ ကျွန်မလည်း အင်း အင်း ယူပေါ့ ဆိုပြီးပြန်ပြောလိုက်တော့ ပထမ၀န်ထမ်းက ပြုံးစိစိနဲ့ပြန်ထွက်သွားပါကော။


သူမပြန်ထွက်သွားပြီးတော့ သိပ်မကြာပါဘူး ဒုတိယ၀န်ထမ်းက ကျွန်မဆီကိုရောက်လာပါတယ် အမ ခွင့်ယူ ချင်လို့ ကျွန်မလည်း အင် ဘာဖြစ်ပြန်ပြီလဲ အမကလဲ ညီမသွားစရာလေးရှိလို့ ခွင့်လိုချင်လို့ပါ တစ်ရက် ထဲနော်.. နော်…… အစ်မ ကျွန်မကို ခွင့်လိုချင်တော့ အသံညုညုလေးနဲ့အပျော့ဆွဲလေး လာပြောပါသည်။ ကျွန်မလည်း ပြော ဘယ်နေ့ယူမှာလဲ မေးလိုက်တော့ နောက်လ ၁၄ရက်နေ့ပါ အမ တဲ့ ကျွန်မလည်း ပြက္ခဒိန်ကိုလှမ်းကြည့်လိုက်ပါတယ်။ နောက်လ ၁၄ရက်နေ့ ဟင်.. ရုံးပိတ်ရက်လဲမဟုတ်ပါဘူး စနေနေ့ကြီး ခုနကတယောက်ကလဲ ၁၄ရက်နေ့ခွင့်လိုချင်တယ်၊ အခုတယောက်ကလဲ ၁၄ရက်နေ့ တရက်ထဲကို၂ယောက် ကခွင့်ယူတယ်ဆိုတော့ ကျွန်မလဲစဉ်းစားလိုက်ရင်း နေပါဦး ညည်းတို့နှစ်ယောက်က ဘယ်သွားကြမလို့လဲ ခုနကလဲတစ်ယောက်ကခွင့်လာတိုင်သွားတယ် အခုလဲညီမကခွင့်လာတိုင်တယ်ဆိုတော့ ဘယ်သွားမလို့လဲ ကျွန်မလဲမေးလိုက်ရော ဒုတိယ၀န်ထမ်းမှ စပ်ဖြီးဖြီးနဲ့ ကိစ္စရှိလို့ပါအမရယ် ဟိုအမနဲ့သွားမှာမဟုတ်ပါဘူး ညီမက ကိုယ့်ဘာသာကိုသွားမှာပါ ဆိုလာတော့ ကျွန်မလည်း လွယ်လွယ်ပင် အေး.... အေး..... ယူ ယူ ဆိုတော့ ထိုဝန်ထမ်းကပြုံးပြီး ကျွန်မကိုစိုက်ကြည့်နေသေးတယ်။ ကျွန်မလည်း မသိချင်ယောင်ဆောင်ပြီး လုပ်လက်စ အလုပ်ကိုဆက်လုပ်နေလိုက်တော့ သူမလဲပြန်ထွက်သွားပါရော။

သူမထွက်သွားပြီးနောက် မရှေးမနှောင်းမှာပဲ ပထမ၊ ဒုတိယ၀န်ထမ်းနှင့်အတူ တတိယ၀န်ထမ်းရောက်လာပြီး အစ်မ သမီးခွင့်လိုချင်လို့ တဲ့လေ ကျွန်မလည်း စိတ်ထဲကသိပ်မကြည်ချင်တော့ ဘယ်နေ့တုန်း လို့ခပ် ပြတ်ပြတ်ပဲမေးလိုက်ပါတယ်။ သူမက သမီး ဖေဖော်ဝါရီလ ၁၄ရက်နေ့ခွင့်ယူမလို့ တဲ့။ ကျွန်မလည်း ဒေါသ ထွက်သွားမိပါတယ် အဲ့ဒါနဲ့ပဲ ကျွန်မက ဟဲ့ နင်တို့အကုန်ခွင့်ယူကျတော့ အလုပ်ကိုဘယ်သူကဆက်လုပ်မှာလဲ တစ်ရက်ထဲကို၃ယောက်တောင်ခွင့်ယူပြီးဘာလုပ်ကြမလို့လဲ မပေးတော့ဘူး ဘယ်သူမှခွင့်မပေးတော့ဘူး ဟိုနှစ် ယောက်လဲခွင့်မယူကြနဲ့တော့ မပေးတော့ဘူး နေပါဦး နင်တို့ကခရီးသွားကြမှာမို့လား လို့ကျွန်မက ဒေါသထွက် ထွက်နဲ့သူတို့၃ယောက်ကိုပြောပေမဲ့ သူတို့က စိတ်မဆိုးတဲ့အပြင်ပြုံးနေရာကနေပြီး ရယ်ကြပါတော့သည်။ သူတို့ကရယ်နေတော့ ကျွန်မက ကျွန်မဒေါသထွက်နေသည်ကို လှောင်နေသည်ဟုထင်ပြီး နင်တို့ရယ်စရာ မဟုတ်ဘူးနော် နင်တို့သုံးယောက်ဘာတွေကြံနေသလဲ ပြော.. ပြောလေ ဟု ပြောလိုက်တော့ ရယ်လက်စနှင့် အစ်မရယ် လူအထင်ကြီးမလားလို့ ခွင့်ယူတာပါ ချစ်သူများနေ့လေ ညီမတို့က လက်ဆုပ်လက်ကိုင်ပြစရာမှ မရှိတော့ အဲ့ဒီနေ့ခွင့်ယူရင် တခြားလူတွေက ရည်းစားနဲ့လျှောက်သွားနေတယ် ထင်ပြီး အထင်ကြီးအောင်လို့ပါ တဲ့လေ

အဲ့တော့မှ ကျွန်မလည်း အော် သူတို့က င့ါကိုသက်သက်လာစနေတာကိုးဟု သဘောပေါက်ပါတော့တယ်။ သူတို့မှ ကျွန်မကို သြော်. ငါတို့အမနှယ်နော် ဖေဖော်ဝါရီ၁၄ရက်နေ့(ချစ်သူများနေ့)ဆိုတာတောင် မေ့နေ ပါလား၊ ဒါကြောင့်လဲအပျိုကြီးဖြစ်နေတာ.. တိုင်ပြောမယ်နော် အကိုကြီးနဲ့ ဆိုပြီးစလို့မဆုံးဖြစ်နေပါတယ်။

ကျွန်မလည်းအထိမ်းအမှတ်တွေကများနေတော့ ဘယ်နေ့ကင့ါအတွက်အရေးကြီးတဲ့နေ့ဆိုတာ မသိတော့ဘူး ဟု ရှက်ရှက်နဲ့ပဲငြိမ်နေလိုက်ရပါတော့တယ်။

ချစ်သူများနေ့တွင် ချစ်သူရည်းစားတွေအချင်းချင်းအထိမ်းအမှတ်(အမှတ်တရ)တစ်ခုခုကို အပြန်အလှန်ပေးကြ လေ့ရှိကြပါတယ်။ လက်ဆောင်လေးတွေလဲကြ၊ ချောကလက်တွေပေးကြ၊ ဘုရားသွားဖူးကြနဲ့ လူငယ်ဘ၀ ပျော်စ ရာလေးပါ။ အဲ့ဒီတော့ ကျွန်မလည်း ဒီနှစ်မှာ ကျွန်မရဲ့ ချစ်ခင်ရပါသော မောင်နှမလေးတွေ၊ ဘလော့သူငယ်ချင်း တွေက ချစ်သူလေးတွေကို ဘာလေးလက်ဆောင်ပေးပြီး၊ ချစ်သူဆီက ဘယ်လိုလက်ဆောင်မျိုးလေး ပြန်လိုချင် လဲ ဆိုတာသိချင်လာပါတယ်။ ဒါကြောင့် အခုလိုမျိုးမေးခွန်းလေးကို မေးလိုက်ရခြင်းဖြစ်ပါတယ်။

ကဲ.... လာလည်တဲ့သူတွေအကုန်လုံးဖြေသွားကြနော်....

ကျွန်မသိချင်တာလေးကို တကူးတကလာရောက်ဖြေကြားသွားတဲ့ အကို၊ အမ၊ မောင်ငယ်၊ ညီမငယ်လေးများကို ကျေးဇူးတင်ပါတယ်ရှင်။ ကောမက်မှာလာရောက်ဖြေကြားသွားတဲ့သူများရှိသလို..... ကောမက်မှာရေးလို့မရလို့ စီဗောက်မှဖြေကြားသွားတဲ့သူများ၊ မေးမှတစ်ဆင့်ဖြေကြားသူများ၊ ကြီးတော် = Gtalk ကနေဖြေကြားသူများကို လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်.....

နှင်းဆီနက်

45 Response to "ချစ်သူဆီသို့လက်ဆောင်၊ ချစ်သူဆီမှလက်ဆောင်"

  1. BLUE-JE@NZ Said,

    ကျနော် က အီးမေး က နံပါတ် ၁၂. ပါ :D

    ၁၂။ ပုံတင်လျှင် သူရဲနှင့်တူသောပုံများတင်တတ်၊ ကြိုက်တတ်တဲ့ မောင်ငယ်ဇာဏီ… ဟီးး

    ကောင်မလေးကို တသက်လုံးမခွဲဘူးဆိုတဲ့ စကားလေး တခွန်းနဲ့ အရုပ်လေးတရုပ်


    ကောင်မလေးစီက တသက်လုံးမခွဲဘူးဆိုတဲ့ စကားလေး တခွန်းနဲ့ အနမ်းလေးတပွင့် လိုချင်တယ် ဟီးး

     

  2. Anonymous Said,

    မေဒီကတော့ ပိုက်ဆံတတ်နိုင်ရင် သူ့အတွက် သူမြတ်နိုးတဲ့ ဂစ်တာလေးတစ်လုံး ၀ယ်ပေးချင်တယ်။ သူကတော့... မေဒီ့အတွက် ဘာမဆို forever ပါတဲ့လေ... ခုလေးတင် သူ့ကို online မှာပဲ မေးပြီး ခုဒီမှာ ပြန်ပြောတာ...ဟီးးး :P

     

  3. သမီးက နံပါတ် ၁၁ပါရှင့်...:P
    သူ့ဆီက

    ကိုယ်ချစ်တဲ့ သူဆီက ကျမအပေါ် အလေးအနက်တန်ဖိုးထား မြတ်နိုးစွာချစ်တဲ့
    အချစ်လိုချင်တယ်.........

    သူ့အတွက်က

    လေးနက်စွာချစ်မြတ်နိုးခြင်းနဲ့သစ္စာတစ်ပုဒ်ပါ

     

  4. ချစ်သူဆိုလို့မှုးလို့တောင်ရှုစရာမရှိတော့ ဘာလက်ဆောင်မှာလည်းပေးဖြစ်မယ် မထင်သလို ဘာလက်ဆောင်မှာလည်း တောင်းလို့ရလိမ့်မယ်မထင်ဘူးအမရေ။ ဖေဖော်ဝါရီ 14 မတိုင်ခင်တစ်ယောက်လောက်ရှာပေးပါအုံးအပူကပ်လိုက်အုံးမယ် ဟီးးးးးးးးးးးးးးးးးးးး

     

  5. theintthway Said,

    တစ်သက်လုံးချစ်နေမယ် ဆိုတဲ့စကားနဲ့ အနမ်းလေး

     

  6. Unknown Said,

    မမနှင်းဆီနက်ရေ
    ညီမလေးက မောင့်ကို အရမ်းချစ်ပြီးမြတ်နိုးရတဲ့သူအဖြစ်
    လာမယ့်ချစ်သူများနေ့မှာ သူ့အတွက် ကိုယ်တိုင်တပင်တပန်းထိုင်ချိုးထားပေးတဲ့ Lucky Star ၉၉၉ခုပေးမှာ
    ပုလင်းလေးထဲတောင်ထည့်ပြီးဘုရားစင်မှာသိဒ္ဓိတင်ထားတယ်။
    သူ့ဆီကလဲ ဒီဇိုင်းလေးလှလှလေးနဲ့ လက်မှုတခုခုရဖို့မျှော်လင့်နေတယ်လေ..........။

     

  7. ချစ်သူဆီကိုတော့ လက်ဆောင်ပေးချင်တာပေါ့ဗျာ။ များသောအားဖြင့် ပစ္စည်းလက်ဆောင်ပေးကြ သော်လည်း အဓိပ္ပာယ်ကတော့ မတူဘူးပေါ့။ ပစ္စည်းကို သုံးရအောင်ပေးခြင်းထက် အမှတ်တရ အနေနဲ့ သူ့ကိုသတိရတယ် ဆိုတဲ့ သက်သေကိုပြကြတာပါ။ ချစ်သူဆီကတော့ ဘာပစ္စည်းမှ မလိုချင်ပါဘူး။ အလိုချင်ဆုံးအရာ ကသူ့ဆီကချစ်ခြင်းမေတ္တာပါပဲ မနှင်းဆီနက်ရေ အနေတွေဝေးနေလည်း ကိုယ့်အပေါ်ကို ချစ်နေရင် နေရတာ ကျေနပ်နေမှာပါ။

     

  8. ချစ်ခင်ရပါသော မလတ်...
    ဒီရက်ပိုင်း အလုပ်အရမ်းရှုပ်နေလို့ မလတ်ကိုတောင် မနှုတ်ဆက်နိုင်ဘူး
    ဖြစ်နေတယ်၊ ဒါပေမယ့် မလတ်ကမေးလ်ပို့ပြီး တကူးတကမေးလာတော့
    မအားတဲ့ကြားကပဲ ပြန်ဖြေပေးလိုက်ပါတယ်။
    ကျွန်တော့်အတွက်ကတော့ ဖေဖေါ်ဝါရီ ၁၄ က ဘဝမှာ ဘာမှထူးထူးခြားခြား မရှိပါဘူး၊ အရင်တုန်းကရင် မရှိခဲ့ဖူးသလို ယ္ခုအချိန်
    မှာလည်း ဘာမှမရှိပါဘူး၊ ဆိုတော့ မလတ်ရဲ့ ဝန်ထမ်းတွေလို လူအထင်ကြီး
    ရအောင်လည်း မလုပ်ချင်တော့ပါဘူးဗျာ။
    ဒီနိုင်ငံမှာတော့ အဲဒီနေ့အတွက် အထိမ်းအမှတ် ပွဲလေးတွေ၊ package တွေ၊ plan လေးတွေကိုတော့ အလေးအနက်ထားပြီး လုပ်တတ်ကြတယ်ဗျ၊
    ကိုယ်ကိုယ်ပါဝင် ပတ်သတ်လို့မရ၊ ပတ်သတ်ခွင့် မရှိပေမယ့် သူတို့တွေရဲ့
    လှုပ်ရှားမှုတွေ နီးစပ်ရာ သူငယ်ချင်းတွေရဲ့ ကြည်နူးပျော်ရွှင်မှုတွေကို
    ကြည့်ပြီးတော့ ပီတိဖြစ်ရပါတယ်။
    ဆုတောင်းပေးလိုက်ပါတယ်၊ " VALENTINE'S DAY " မှာ ချစ်သူတိုင်း
    ပျော်ရွှင်နိုင်ပါစေ၊ ချစ်သူအချင်းချင်း ဆုံဆည်းနိုင်ပြီး ရွှေလက်တွဲ၍ မြဲနိုင်ကြ
    ပါစေဗျာ၊ သံသရာ တစ်လျှောက်လုံး ပျော်မြူးနိုင်ကြပါစေလို့........

    ဆန္ဒမွန်ဖြင့်

    ကိုကြီး
    ( MMZ )

    ( မလတ်လုပ်မှပဲ ကိုယ့်ကိုယ်ကိုတောင် ရှက်လာပြီဗျ။ :P )

     

  9. kiim Said,

်လက်ဆောင်လား..လိုချင်တာတော့အများကြီး..
    အဟဲ..ပေးချင်တာတော့ပိုက်ဆံအိတ်လေးတလုံး
    ပိုက်ပိုက်မချိရို့ မပေးဖြစ်တော့ဘူးထင်ပါတယ်..
    အဟီး.. :P

     

  10. အစ်မနှင်းဆီနက် ကျွန်တော်ကတော့ချစ်သူကိုလက်ဆောင်ပေးဖို့အစဉ်သင့်ဖြစ်နေ
    ပြီး ပိုက်ဆံပဲစောင့်နေတာ...ဟီးးး
    အလည်ကားစတာပါ....မူးလို့တောင်ရှုဖို့ချစ်သူမရှိပါဘူးဗျာ

    မျိုးလေး

     

  11. ကျွန်တော်ပေးချင်တာကတော့ တစ်ခါမှ ရင်မခုန်ဘူးခဲ့တဲ့
    ရင်ထဲက နာရီလေး တစ်လုံးကိုပေါ့...
    သိပ်ချစ်ရတဲ့ ကောင်မလေးတစ်ယောက်ကို ပေးချင်မိပါတယ် .. ။

    ကောင်မလေး ရင်ထဲကို စီးမျော ၀င်ရောက်နိုင်မယ့်
    ချစ်ခြင်းမေတ္တာလေးပါ ...
    လိုချင်မိတာက .. ထပ်တူကြမယ့် ညီမျှခြင်းလေးပါ ...

     

  12. အစ်မရေ... ကျွန်တော်က အချစ်မဲ့ဂစ်တာလေဗျာ... အချစ်မရှိတော့ မဖြေနိုင်သေးဘူးဗျ.. အချစ်တွေ့မှပဲ ဒီမေးခွန်းလေးကို လာဖြေတော့မယ်ဗျာ...ဟာဟ
    မြန်မြန်ဖြေစေချင်တယ်ဆိုရင်တော့ အစ်မပဲ ကျွန်တော်ကို မြန်မြန်ရှာပေးလိုက်တော့..ဟိ.. ကျွန်တော်ကတော့ ဂျီးမများပါဘူး.. ချောချောလှလှနဲ့ ပိုက်ဆံချမ်းသာရင်ရပါပြီ..ဟာဟ..

     

  13. တသက်လုံးမေ့မရစေတဲ့ အနမ်း တပွင့်ပေးချင်တယ်
    kokoaungcomplete@gmail.com
    http://koaungthu.blogspot.com

     

  14. Dream Said,

    ထရေးဂို ဘာဒွေရာ မေးနေဒါရဲတိဖူး.. တီတီလက်ကရဲ..ဟွင့်... တူညားက နယ်နယ်ဖဲချိတေးဒါဂို.. ဂယ်ဖဲ။..ဂယ်ဖဲ....

    ဟတ်ဟတ်.......... အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အမြှောက်တသိန်းပေးမယ်........... တီတီကို .... ဒါနဲ့ တီတီကရော ဘာတွေလိုချင်လဲ... ပြော... အဟတ်အဟတ်။ မေ့နေတာတော့မဖြစ်နိုင်ဘူးနော်....

     

  15. flowerworld Said,

    မီးလေးက...ချစ်သူများနေ့ဆိုပြီးတော့ ဘာမှထွေထွေထူးထူး ပေးစရာမရှိပါဘူး အမြဲတမ်းကိုယ့်အချစ်တွေကသူ့အပေါ်လေးနက်စွာ
    ချစ်ခဲ့တာပဲလေ.......
    သူ့ဆီကတော့ဘာမှမမျှော်လင့်တော့ပါဘူး
    သူချစ်နေသေးသည်ဖြစ်စေ..မချစ်တော့သည်ဖြစ်စေ
    ကိုယ့်ဘက်ကလဲနောက်တစ်ယောက်ကိုမချစ်နိုင်သေး
    သ၍တော့ သူ့ကိုဆက်ချစ်နေဦးမှာပါပဲ
    (ကျေနပ်တော့နော်....ချစ်မ) :)

     

  16. Dream Said,

    အဲ့နေ့မှာတော့ မက်မက်က လေယာဉ်ပေါ်မှာ.... လေယာဉ်မောင်နဲ့.. တွေ့ရတော့မှာ... အဟား...

    သူများတွေလို မပျော်နိုင်တဲ့ဘ၀လေးပေါ့... ဟိဟိ....... ချစ်သူရှိခဲ့ရင်လည်း အဲလိုမျိုးနေ့လေးကို ချစ်သူဆီကနေ သစ္စာတရားပဲ တသက်လုံးလိုချင်တယ်... :P

    အခုတော့ ၁၈ယောက်မြောက် မက်မက်လေးက ရဖို့ မရှိပေးမယ့် ပေးဖို့တော့ ရှိတယ်.. အဲဒါကတော့ တီတီကို အာဝါးးး အမြောက်တသိန်းပေးခဲ့မယ်နော်... အဟား...

    အာဝါးးးးးးးးးးးးးးးးးးးးးးးးးးး အင်ဖက်နတီအထိနော်... :P

     

  17. flowerworld Said,

    မီးလေးက...ချစ်သူများနေ့ဆိုပြီးတော့ ဘာမှထွေထွေထူးထူး ပေးစရာမရှိပါဘူး အမြဲတမ်းကိုယ့်အချစ်တွေကသူ့အပေါ်လေးနက်စွာ
    ချစ်ခဲ့တာပဲလေ.......
    သူ့ဆီကတော့ဘာမှမမျှော်လင့်တော့ပါဘူး
    သူချစ်နေသေးသည်ဖြစ်စေ..မချစ်တော့သည်ဖြစ်စေ
    ကိုယ့်ဘက်ကလဲနောက်တစ်ယောက်ကိုမချစ်နိုင်သေး
    သ၍တော့ သူ့ကိုဆက်ချစ်နေဦးမှာပါပဲ
    (ကျေနပ်တော့နော် ...ချစ်မ)

     

  18. mm thinker Said,

    ကျုပ်ကတော့ မှတ်မှတ်ရရရယ် တစ်ခါမှ မရှိပါဘူး။

    ကိုယ့်မွေးနေ့တောင် ကိုယ် အရေးတယူ မရှိ။

    ချစ်ချစ်က ဘာယူမလဲဆိုရင်တော့ ဝီစကီတစ်လုံးသာ ဆွဲခဲ့လို့ မှာ လိုက်ပါမယ်။

    သင်ကာ

     

  19. mm thinker Said,

    (ယုံထင် ကြောင်ထင် အထင်ခံရ နည်းလား)

     

  20. Anonymous Said,

    မမနှင်းရေ....
    ဆောရီးဗျာ...
    ဒီရက်ပိုင်းအတွင်း အလုပ်နဲ့အချိန်ကုန်နေတာရေ၊ အင်တာနက် ကော်မရှင် မကောင်းတာရေ ဆိုတော့ မေးကိုတောင် မစစ်နိုင်ဖြစ်သွားလို့နော်...။

    ကိုယ့် ချစ်သူကို ဘာပေးရင်ကောင်းမလဲ?
    နှလုံးအေးသွားအောင် ရေခဲမုန့်ပဲ မေးလိုက်တော့မယ်ဗျာ

    သူ့ဆီက နှင်းစက်လေး တစ်ပွင့်ပဲ လိုချင်တယ်......။

     

  21. ချစ်သူများနေ့မှာ ချစ်သူကို လက်ဆောင်မပေးတတ်ပါဘူး။ အချိန်တိုင်းမှာပေါ့ ... ချစ်သူကို နားလည်မှုနဲ့ သစ္စာတရားတွေ ပေးချင်ပါတယ်။ သူ့ဆီက ဆိုလည်း နားလည်မှုနဲ့ သစ္စတရားတွေ ပြန်ရချင်ပါတယ်။ အဲဒါက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့ လက်ဆောင်တွေပဲ ထင်ပါတယ်။

     

  22. အမြဲတမ်း ကောင်မလေး မကြိုက်တာတွေကို အမှတ်တရနေ့တွေမှ ကတိ တစ်ခုအဖြစ် လက်ဆောင်ပေးနေကြလေ အခုလည်း ဘ၀တစ်ခုလုံးအတွက် သူလိုချင်တဲ့ ကတိတစ်ခုထပ်ပေးမယ် သူ့ဆီကလည်း ကိုယ်လိုချင်တာ ပြန်တောင်းမယ်။

     

  23. Unknown Said,

    kyanor ka top chit thu ma shi thay bu bya ,aku kyanor yin htae mar top thar thar phone bae shi tel ,thar thar phone lay, lo at ter ko pay chin tel .


    thar thar phone si ka tone pyan lar mae than yaw zin ko ya chin tel . U naing ( Japan )

     

  24. ဒုခတော့ရောက်ပြီ လူကြားထည်းအရှက်ခွဲရက်လေခြင်း
    ရီးစားမရှိတဲ့သူကိုမှ မေးရက်တယ် ဘယ်လိုဖြေရမလည်း
    မမနှင်းဆီနက်ရယ်----

     

  25. ဒေါ်နှင်းဆီနက်ကတော့ လုပ်ပြီ.....

    ကျွန်တော့်မှာ မျှော်လင့်ဖူးတဲ့ အိပ်မက်ပဲရှိခဲ့တာလေ... ဘယ်လိုအိပ်မက်လဲ.. ဘယ်လောက်ထိတောင် ရိုးစင်းသလဲဆိုရင် သူဖျော်ပေးတဲ့ ကော်ဖီပဲ သောက်ချင်တာ.. ကျွန်တော်ကလည်း သူ့ကို ဖျော်တိုက်ချင်တာ...

    သို့သော် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်တော့ဘူး.. ပြီးတော့ ကျွန်တော့်အတွက်လည်း ဒီကိစ္စက အရေးမကြီးတော့ဘူးဗျ.... ကျွန်တော်အတွက် အချစ်သည် စတုတ္ထနေရာတွင် ရှိနေပြီ။

     

  26. အမရေ...
    အခုအချိန်မှာ ဖြစ်နိုင်မယ်ဆိုရင် သူ့နဖူးလေးကို အနမ်းလက်ဆောင်လေး ပေးချင်တာပေါ့..။ဒါပေမယ့် မဖြစ်နိုင်တော့ပါဘူးဗျာ..။သူနဲ့ ဝေးနေရတာ ၆နှစ်တောင် ကျော်သွားပြီလေ..။

     

  27. Unknown Said,

    ဟီး မမရေ
    ညီမလေးကတော့ သူ့ဆီကလက်ဆောင်ကိုလိုချင်တာပေါ့လေနော့်... ဒါပေမယ့် သူကညီမလေးနဲ့ဝေးနေတယ်လေ... ဘယ်လိုလုပ်မလဲ
    ဒါပေမယ့်ရမယ်ဆိုရင်တော့ ညီမလေးက အရုပ်အကြီးကြီးလိုချင်တယ်... ဟိ
    သူ့ကိုတော့ ညီမလေးကဘာမှပြန်ပေးဘူး :P

     

  28. Kaung Kin Ko Said,

    ကဗျာတစ်ပုဒ်ပဲလက်ဆောင်ပေးလိုက်မယ်။ :D

     

  29. Anonymous Said,

    ဒီမှာကောင်မလေးနဲ့ ပြတ်တွားလို့ heartbroken နေပါတယ်ဆိုမှ အတင်းဂျီးကိုလာဖြေခိုင်းနေတာပဲ ဟွန်း... ပြန်အဆင်ပြေရင်တော့... ဟဲဟဲ.... အာဘွားပေါ့ ..ပေးမှာလဲ အာဘွားပဲ.... ပြန်တောင်းမှာလဲ... အာဘွားပဲ... ဟီဟီး...

     

  30. ချစ်သူအိပ်စက်ဖို့ ကဗျာအတွေးကို ဖြန့်ခင်းပေးချင်သလို
    ကဗျာရေးတဲ့ လက်တစ်စုံကို ချစ်သူ့ဦးခေါင်းအောက်မှာ
    ထားပြီး အိပ်စက်ချိန်တိုင်း ကဗျာတွေနဲ့ ကာရံ အုပ်မိုးထားချင်တယ် .. လုံခြုံမှု ရှိအောင်လို့လေ ..။

    စိတ်ကူး ယဉ်ပြီး ရေးတာ ..။
    တစ်ကယ့် လက်တွေ့တော့ လှည့်ပတ်တဲ့ သံသရာမှာ
    ချစ်သူက ကိုယ့်ကို ချစ်တော့ ချစ် ...
    ကိုယ့်ကို ဂရုမစိုက်နဲ့ ဆိုတဲ့ စကားကို လက်ဆောင်ပေးချင်တယ် ..။

    ချစ်သူဆီက ပြန်လိုချင်တာက ကိုယ့်အပေါ် နားလည်မှုတွေ ..။

     

  31. ခက်စ်တော့စ်ခက်စ်နေပြီစ်

    မကြီးရေ လောလောဆယ်တော့
    i don't any idea
    ပေးစရာလည်းမရှိ၊ ယူးစရာလည်းမရှိဘူးဗျာ၊
    စိတ်တောင်နာလာပြီ(ကိုယ့်ကိုကိုယ်နော်)

     

  32. chitsanm Said,

    အင်းးးးးး

    လုပ်ပြီ...
    ဒေါက်တော့ ဖြုတ်ပြီ... :(

    ချစ်သူများနေ့ကိုတော့ သိတယ်...
    ဒါပေမယ့်... ပေးဖို့လက်ဆောင်လည်းမရှိဘူး။
    လက်ခံဖို့လည်းမရှိဘူး။

    ချစ်သူလည်းမရှိဘူးဗျို့

    အဲဒါဘယ်လိုလုပ်ရမှာလဲ
    သူများတွေအားကျပြီး အဲဒီနေ့အတွက် ချစ်သူအငှား ရှာလို့ရရင်ကောင်းမယ် :P

     

  33. Unknown Said,

    အင်း....ချစ်သူများနေ့မှာချစ်သူကိုအနားမှာရှိစေချင်တယ်။
    ချစ်သူကိုဖြူစင်တဲ့အနမ်းလေးလက်ဆောင်ပေးချင်တယ်...

     

  34. Ye Lin Ko Said,

    နေပါဦး မနှင်းဆီနက်ရဲ့...

    လာလည်တဲ့သူလည်း ဖြေပေးသွားပါဦးဆိုတော့... မဖြေတတ်တဲ့သူတွေ (ဥပမာ... ကျွန်တော်ဆို ရည်းစားမရှိ) ဆို ဘယ်လိုဖြေမလဲဗျာ။ အီးမေးလ်ပို့ပြီး တမင်သက်သက် လာဆော်ကားနေတာလားဗျ။ :P

     

  35. Unknown Said,

    မလတ်ရေ..

    ညိုတို့အတွက်ကတော့ ကဗျာဆန်ဆန်တွေတော့ မလုပ်တော့ပါဘူး။ ချစ်လာတဲ့ နှစ်သက်တမ်း ကြာလာပီလေ။ ဒါကြောင့် တစ်ကယ့်လက်တွေ့ ဘ၀မှာ သူဘာလိုအပ်နေလဲ... ဖြည့်ဆည်းပေးချင်တယ်။ သူကလည်း ညိုအတွက် တကယ်လိုအပ်တာကိုပဲ ၀ယ်ပေးမယ်တဲ့။ အမှန်တော့လည်း ညိုတို့ အတွက်က FEB 14ရက်နေ့က အထူးအဆန်း မဟုတ်တော့ပါဘူး။ ချစ်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ညိုတို့ အတွက်က Valentine Day တွေချည်းမို့ပါ။ အဟီး..နည်း၂ကြွားလိုက်တယ်...

    ကျေနပ်ရဲ့လား
    ဒေါ်လတ်

     

  36. Unknown Said,

    ချစ်သူများနေ့ မှာ ဘာမှထွေထွေထူးထူးတော့ မလုပ်ဖြစ်လောက်ဘူး
    ဘာမှလည်းမပေးဖြစ်လောက်ဘူးထင်တာပဲ
    ပုံမှန်နေ့ ရက်တစ်ရက်လို ပြီးသွားမှာပဲလေ
    ညီမလေးတို့ နှစ်ယောက်က နေ့ တိုင်းလိုလိုတွေ့ နေကြတာဆိုတော့  ချစ်သူများနေ့ က ညီမလေးတို့ 
    အတွက် သိပ်မထူးဆန်းပါဘူး
    သူ့ ဆီက နားလည်မှုနဲ့ ကတိစကားကလည်း
    ရပြီးသားဆိုတော့  ဘာမှထပ်တောင်းစရာမလိုတော့ ဘူးလေ
    တစ်ခုပဲ သူ့ အနားမှာ အမြဲထာဝရနေသွားမှာပါလို့ 
    ပြောဖြစ်မယ်ထင်တယ်

    ကျေနပ်တော့ နော်ချစ်မ

    ညီမလေး

    ပန်းခင်း

     

  37. အစ်မရယ် လူအထင်ကြီးမလားလို့ ခွင့်ယူတာပါ ချစ်သူများနေ့လေ ညီမတို့က လက်ဆုပ်လက်ကိုင်ပြစရာမှ မရှိတော့ အဲ့ဒီနေ့ခွင့်ယူရင် တခြားလူတွေက ရည်းစားနဲ့လျှောက်သွားနေတယ် ထင်ပြီး အထင်ကြီးအောင်လို့ပါ ” တဲ့လေ / ///// ///
    ကျွန်တော်လည်း လူအထင်ကြီးအောင်လုပ်မှဖြစ်မယ်
    ပေးစရာလည်း မရှိသေးပါ ပေးမယ့်လူလည်းမရှိသေးပါ သို့သော် ခွင့်တရက်ယူပြီး အိမ်နေမှာပါ ဘယ်မှမသွားပါဘူး နောက်နေ့မေးရင်တော့ သူများတွေလိုပဲပေါ့နော် တစ်နေကုန်လည်ပါတယ် အမှတ်တရ မောင်ကွင်းလေး ပေးပါတယ် သူ့ကိုလည်း အမှတ်တရ ဘာလည်းတော့ မသိဘူး ပေးလိုက်ပါတယ်

     

  38. tanlwincho Said,

    မမနှင်းချီ.. သံလွင်ကတော့လေ..
    ချစ်တဲ့သူသာရှိရင်ဖြင့် .. သံလွင်မြတ်နိုးတဲ့ နားလည် ယုံကြည်မှုချစ်ခြင်းမေတ္တာတွေ ထာဝရသူ့ကို ပေးပြီး .. သူ့ဆီကတော့ သံလွင့်အပေါ် တစ်သက်လုံးပြုံးရွှင်စေမဲ့ နွေးထွေးတဲ့မေတ္တာတစ်ခုသာ ရာသက်ပန် လိုချင်ပါတယ် မမရယ် .. အဲ့ဒီ့လို အေးချမ်းတဲ့ ဘ၀လေး ရရှိအောင် မမက ဆုတောင်းပေးရမယ်နော် ..

     

  39. Unknown Said,

    ကျတော် က ကိုဒရင်းအိမ်ဂျယ်လို့ခေါ်တဲ့ ကောင်မလေးပါ.....မလတ်မေးလို့သာဖြေရမှာ...
    အဲဒီအကြောင်း ပြောရရင်တော့ စိတ်နာတယ်ဗျာ 2004 ချစ်သူများနေ့တုန်းကပေါ့ ကျတော့်ချစ်သူက ကျတော့်ကို ချော့ကလက်ဝယ်ကျွေးဖို့ ကျတော့်ဆီမှာ ပိုက်ဆံလာချည်း ဒါကြောင့် ပြတ်သွားတာဗျ.. အဲဒီတုန်းက ပိုက်ဆံလည်းမချည်းခဲ့မိဘူး....အခုလာမယ့် ချစ်သူများနေ့မှာတော့ ဟိုးအဝေးကြီးမှာရောက်နေတဲ့ အဲဒီ ချစ်သူကို
    အခုထိ ချစ်နေတုန်းပဲဆိုတာ ပြောပြချင်တယ် ပြီးတော့ တချိန်ကသူပိုက်ဆံချည်းပြီးကျွေးချင်တဲ့ ချော့ကလက်ကိုလည်း
    အခုစားချင်မိတယ် ........

     

  40. Unknown Said,

    i doe ka dot chit thu ma shi loz ma kan sar tat bu bya.dar pay mae valetine's day mar zone twe twe pyaw naing gya bar say lo pae su taung pay bar the byar.

     

  41. Unknown Said,

    အင်း........ချစ်သူများနေ့လည်းရောက်တော့မယ်......လက်ဆောင်ပေးမယ့်
    သူလည်းမရှိဘူး.......ဘယ်လိုလုပ်ရမလည်း........မမနှင်းဆီ.....မောင်လေးကိုကူပါဦး

     

  42. Unknown Said,

    ပေးတော့ပေးချင်တယ်။ ချစ်သူဆီက ဆိုတော့ လိုလည်းလိုချင်ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ချင်ဘူး။ ဘဝမှာ မျှော်လင့်တဲ့ အတိုင်းဖြစ်လာတာတွေက နည်းလို့လေ။ ဒါကြောင့်ပေးတော့ပေးမယ်။ လိုချင်တာကို မမျှော်လင့်တော့ပါဘူး။

     

  43. မမ.. မီးလဲ ခွင့်ယူချင်လို့ :P

     

  44. Unknown Said,

    ကျွန်တော်ကတော့ အဲဒီ့နေ့မှာ
    လေယာဉ်ပေါ်မှာရှိနေလိမ့်မယ် ဥရောပတိုက်ကနေ ချစ်သူရှိတဲ့မြန်မာပြည်ကိုကျွန်တော်ပျံသန်းနေလိမ့်မယ်
    လက်ထဲမှာတော့ချစ်သူအတွက်ဝယ်ထားတဲ့ လက်ဆောင်လှလှလေးတစ်ခုရှိနေလိမ့်မယ်

     

  45. Younggun Said,

    အလွန်အကျွံနောက်ကျလာသော်လည်း ထိုနေ့မတိုင်မီ လာမန့်ပါသည်။ ထိုနေ့တွင် ချစ်သူကို သစ္စာတရားဖြင့် ထုံမွှမ်းသော ချစ်ခြင်းကို ပေးအပ်မည်ဖြစ်ပြီး သူမထံမှ အာဘွားတစ်ချက်သာ ပြန်လည်တောင်းဆိုမည် ဖြစ်ပါသည်။ အစ်မနှင်းဆီနက်.. ရော ဘယ်လိုဘယ်ပုံ ရင်ခုန်မလဲ။ လုပ်ဦးဗျာ။

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။