{{{ ဂလွမ်း }}}
{{{ ခွပ် }}}
“ ဟာ……… သွားပါပြီ ”
“ တောက်… ဒီကောင်တော့ကွာ လက်ကအိမ်မြောင်ဥကိုင်ထားတာကျနေတာပဲ အမြဲတမ်းလွှတ်ကျကွဲနေတာပဲ မင်းတော့ဒီလလဲလစာရမှာမဟုတ်ပါဘူး မင်းရမဲ့အထဲက ပြန်မအမ်းရရင်တောင်ကံကောင်း ” ဆိုင်ရှင်ဆီမှ မကျေမနပ်အသံကထွက်လာသည်။
ဂျစ်တူး ကျကွဲသွားသောပန်းကန်များကို ကောက်သိမ်းရင်းမှ ရွာတွင်ကျန်ခဲ့သော အမေနှင့်ညီမလေးကို ပြေးမြင် ယောင်မိသည်။ အဖေဆုံးပြီးတော့အမေ့မှာယောင်ချာချာနှင့် အငှားလိုက်ယာခုတ်ပြီး သူတို့မောင်နှမနှစ်ယောက် ကို တ၀မ်းတခါးအတွက်ရှာကျွေးခဲ့ရသည်။ နောက်ပိုင်းကျတော့ အမေ့ကျန်းမာရေးမှာ တဖြည်းဖြည်းနဲ့ချို့ယွင်း လာသည်။ အမေ နေမကောင်းပြီးအိပ်ရာမှမထနိုင်တဲ့အခါမှာတော့ ဂျစ်တူးမှာ သားအကြီးပီပီ အမေနှင့်ညီမ လေးကိုရှာကျွေးရမည့်တာဝန်က ပခုံးပြောင်းတာဝန်လွှဲယူရပါတော့သည်။ ပထမဆုံး ဂျစ်တူးကျောင်းထွက်လိုက် ရသည်။ ကျောင်းစိမ်းအကျီ င်္တွေနှင့် သူငယ်ချင်းတွေကျောင်းသွားတိုင်း ဂျစ်တူးမှာအိမ်နောက်ဖေးအကွယ်တွင် မျက်ရည်ကျရတာ ခဏ ခဏ…။
ရွာမှဦးလေးဝမ်းကွဲ မြို့ကပြန်လာတော့ သူက “ မြို့မှာအလုပ်လုပ်မလား ဒီမှာထက်တော့မင်းသက်သာတယ် လစာလဲပိုကောင်းတယ်” ဟုပြောသဖြင့် အမေ့ဆီမှာခွင့်တောင်းတော့ အမေကမလွှတ်ချင်…
ပထမစစချင်းတော့ဂျစ်တူးအလုပ်လုပ်ရတာ မပျော်ပါ………။ အမေနှင့်ရွာကိုသာသတိရနေမိသည်။ နောက်ကျ တော့လဲ အိမ်ကိုလွမ်းတိုင်း အလုပ်ကိုသာဖိလုပ်နေတော့သည်။ စိတ်ထဲမှလည်းတွေးမိသည် ညီမလေးကိုတော့ ကျောင်းပြီးအောင် ကျွန်တော်ထားမည်ဟု…။ တစ်နေ့ပေါ့…
“ ရွှတ် ရွှတ် ”
“ ချာတိတ် ”
ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်တော့ မိသားစု၃ယောက်ဝိုင်းမှခေါ်နေသဖြင့် ကျွန်တော်အပြေးအလွှားသွား ရင်း “ဘာသုံးဆောင်မလဲခင်ဗျာ ” ဟု ခါးလေးချိုးကာ မေးလိုက်သည်။ ၀ိုင်းမှာထိုင်နေသော ဖခင်မှသူ့အရွယ် ကောင်လေးကို ချစ်ခင်သောအကြည့်ဖြင့် “ သား ဘာစားမလဲ ” ဟုမေးသောအခါ ထိုကောင်လေးမှ “ ပဲပြုတ် ထမင်းကိုကြက်ဥကြော်နဲ့စားမယ် ဖေဖေ ” ဟု ပြန်ဖြေသည်။ ဆက်လက်ပြီး ထိုကောင်လေးမှ သူ့မိခင်အား “ မေမေကော ဘာစားမလဲဟင် ” “ မေမေလား သားနဲ့တူတူပဲပေါ့ကွယ် ” ဟု ကောင်လေးမိခင်ကပြန်ဖြေသည်။ ထို့နောက် ကောင်လေး၏ဖခင်ဖြစ်သူမှ “ ပဲပြုတ်ထမင်းကိုကြက်ဥကြော်နဲ့၂ပွဲ၊ လက်ဖက်ရည် ၂ခွက်နဲ့မုန့်တွေချ ကွာ ” ဟု သူ့ကိုပြောသောအခါ ဂျစ်တူးလဲ ကောင်တာဆီလှမ်းအော်ပြီး ခုံကိုရှင်းလင်းသုတ်ပေးနေစဉ် ထိုကောင် လေးမှ ဂျစ်တူးအားကြည့်ရင်း “ ဖေဖေ သူကဘာလို့အလုပ်သမားလုပ်တာလဲဟင် သားလိုကျောင်းမနေဘူးလား ပညာမတတ်လို့ စားပွဲထိုးလုပ်ရတာလားဟင် ” ဟု ကောင်လေးမှသူ့ဖခင်အားမေးရာတွင် ကောင်လေး၏ဖခင်မှ " အေးပေါ့ သားရဲ့ စာကိုကြိုးစားရမယ်နော် စာမတတ်ရင်လူတကာခိုင်းတာကို သားကလုပ်ပေးရမှာ ပညာတတ် ကြီးဖြစ်အောင်ကြိုးစားနော် သား... " ဟု ကောင်လေးဖခင်၏ဆုံးမစကားသံအဆုံးတွင် ကျွန်တော်မျက်ရည်များ ကျလာပြီး ထိုစားပွဲရှေ့မှပြေးထွက်လာခဲ့မိပါတော့သည်။
ကျွန်တော် ကျောင်းတက်ချင်တာပေါ့၊ ကျွန်တော်လည်း ပညာတတ်ကြီးဖြစ်ချင်တာပေါ့ ဒါပေမဲ့..... ကျွန်တော့်မှာ ဒီအခွင့်အရေးတွေမှမရှိတာ သူတို့ကိုပြောပြချင်ပါသည်။
ကျွန်တော်၏ရင်ထဲမှ အမေ…. အမေ…. အမေရေ…. ဟု တမ်းတနေမိပါတော့သည်။
နေ့အိပ်မက်လည်း လက်ဖက်ရည်ဆိုင်ကအလုပ်သမားလေးတွေတွေ့ရင် တကယ် စိတ်မကောင်းတာ....
တချို့ဆို အသက်မေးတာတောင် ဆိုင်ရှင်ကိုကြောက်လို့ မဖြေရဲကြဘူး..... အမှန်တော့ အဲဒါကလေးသူငယ်ဥပဒေနဲ့ငြိမယ်နဲ့တူတယ်..
တချို့တွေဆို ပေါက်စလေးတွေပဲရှိသေးတာ....
မိဘတွေကလည်း အဆင်မပြေတော့ ခိုင်း
ဆိုင်ရှင်တွေကလည်း သက်သာတော့သုံးနဲ့....
ဘယ်လိုဖြေရှင်းရမယ့် ပြဿနာလည်းတောင် မသိတော့ပါဘူး မမရယ်...
ဟုတ်တယ် ညီမငယ်ရယ် အမအဖြစ်က နာမည်ကြီးလက်ဖက်ရည်ဆိုင်မှာ သောက်နေတုန်း ဘေးနားကလူတွေကထသွားတော့ ကောင်လေးက ပန်းကန်တွေသိမ်းရင်းကျကွဲသွားတယ် အမတို့လဲလန့်ပြီးကြည့်တာပေါ့ ကောင်လေးကငိုပီးကောက်သိမ်းနေတယ် အမတော်တော်စိတ်မကောင်းဖြစ်သွားတယ် ဖြစ်ချင်တော့ အဲ့ကောင်လေးပဲ ပန်းကန်ထပ်ကျကွဲတယ် ကောင်လေးကထွက်ပြေးပါကော နောက်ဖေးဘက်ကို အမလဲမနေတတ်တဲ့သူဆိုတော့ ကောင်တာကိုသွားပီး အဲ့ကောင်လေးအတွက် ပန်းကန်ဖိုးဘယ်လောက်ကျလဲဆိုပီးမေးကော ဟိုကဆိုင်ရှင်က အမကိုမယူဘူးအတင်းလုပ်တယ် ကောင်လေးကိုသနားလို့ အမလဲ ရှင်းပေးခဲ့တယ် နောက်တစ်ခါအဲ့ဆိုင်ကိုမသွားချင်တော့ဘူး ကောင်လေးမျက်နှာမြင်ရင် အမစိတ်ထဲနေလို့မရလို့ သနားတာအရမ်းပဲလေ အဲ့လိုအဖြစ်အပျက်မျိုးတွေ ဘယ်နှစ်ယောက်တောင်ရှိလဲဆိုတာတော့ အမလဲမသိတော့ပါဘူးကွယ်
ဒီပိုစ့် လေးဖတ်ပြီး စိတ်ထဲမကောင်းဖြစ်မိတယ်
အမှန်တော့  သူလဲ ဒီလိုဘယ်ဖြစ်ချင်မှာလဲနော်
ရွေးချယ်စရာ လမ်းမှ မရှိတာ ....
အဲ့ လိုကလေးတွေ အများကြီး တွေ့ ဖူးတယ်
ညီမလေးလဲ စိတ်မကောင်းရုံကလွဲပြီး
ဘာမှမတတ်နိုင်ဘူးလေ ...
ညီမလေး
ပန်းခင်း
သြော သနားစရာ :-(
နက်နက်ရေ..
အဲ့ဒီလို ကလေးတွေ အများကြီးရှိနေတယ် သိလား..
အော်.. ခေတ်ကြီးရယ်တဲ့ မကောင်း..း(
စိတ်မကောင်းလိုက်တာ .. မြင်ရကြားရတာတွေ အကုန်ပဲ ..