၁။ စာကြိုးစားခြင်း
ဆရာတော်ရှင်အာဝိစ္စ၀ံသသည် စာကျက်ရာတွင်အချိန်ကုန်မည်စိုးသဖြင့် ၀မ်းချုပ်သောအစာများကိုစားပြီး ကုဋီ (အိမ်သာ)မတက်ပေ။ စာကျက်လျှင် အိပ်ငိုက် မည်စိုးသဖြင့် ရေတွင်းဘောင်နှစ်ဘက်ပေါ်တွင် ပျဉ်ပြားခင်းပြီး၊ ထိုပျဉ်ပြားပေါ်တွင် တက်ထိုင်ပြီးစာကျက်လေသည်။ အိပ်ငိုက်လျှင်ရေတွင်းထဲကျမည်စိုးရိမ်ရသဖြင့် အိပ်မငိုက် သောနည်းဟု သိရသည်။
၂။ ဇွဲ
စာရေးဆရာကြီးချား(လ်)(စ်)ဒစ်ကင်းသည် သူ၏၀တ္တုကိုမဂ္ဂဇင်းတိုက်များက(၁၀၀)ကြိမ်အထိအပယ်ခံရသော် လည်း ဇွဲမပျက်ခဲ့သဖြင့်ကမ္ဘာကျော်စာရေးဆရာကြီးဖြစ်ရသည်ဟု သိရသည်။
၃။ လုံ့လ
အမေရိကန်သမ္မတကြီးအီဗရာဟင်လင်ကွန်းသည် ကိုယ်ပိုင်စာအုပ်မ၀ယ်နိုင်သဖြင့်စာအုပ်ငှားရမ်းရန်တနေ့လျှင် မိုင်(၂၀)ခန့်အထိလမ်းလျှောက်ပြီး စာအုပ်သွားငှားရမ်းရသည်ဟု သိရသည်။
၎။ ဆု
ဆရာတော်ဦးဥတ္တမသည် သူ၏ညီဒုတိယဆုရသောဆုကိုမြစ်ထဲလွှင့်ပစ်ပြီး ပထမဆုရမှဂုဏ်ယူရမည်ဟု ပြော ဆိုဖူးသည်ဟု သိရသည်။
၅။ စာရိတ္တ
စာရိတ္တသည်လူ၏ကိုယ်ပိုင်ပစ္စည်းထဲတွင်တန်ဖိုးအရှိဆုံးပစ္စည်းနှင့် စိတ်ချမ်းသာစွာခံစားရသောစည်းစိမ်ဟု သိရ သည်။
၆။ ရိုးသားခြင်း
လူသည်ချမ်းသာခြင်းနှင့်လည်းကောင်း၊ ကြီးမြတ်ခြင်းနှင့်လည်းကောင်း၊ ပဋိညာဉ်မဖွဲ့ထားသော်လည်း ရိုးသား ခြင်းနှင့် ပဋိညာဉ်ဖွဲ့ထားသည်။
၇။ အပေါင်းအသင်း
ကိုယ့်ခြံစည်းရိုးလုံမှ အိမ်နားနီးချင်းကောင်းကိုရတတ်သည်။ ထို့အပြင်အပေါင်းအသင်းများသူသည် မိတ်ဆွေစစ် များကိုမရတတ်။
၈။ ဗဟုသုတ
ဗဟုသုတသည်ကြယ်ရောင်၊ လရောင်ထက်တောက်ပပြီး ကျောက်ဆောင်၊ ကျောက်ခဲထက်ခိုင်မြဲသည်ဟု သိရ သည်။
၉။ အလုပ်
ဘုရားသခင်ကကောင်းချီးပေးခြင်းသည် လူသည်အလုပ်တွင်ရှိနေခြင်းဖြစ်ပြီး၊ အလုပ်တွင်ရှိနေသောလူကိုဘုရား သခင်က ထပ်မံကောင်းချီးပေးရန်မလိုအပ်တော့ဟုသိရသည်။
၁၀။ သည်းခံခြင်း
မြေကြီးပမာ သည်းခံရာ၏။
၁၁။ ရှက်ကြောက်ခြင်း
မဟုတ်တာကို မလုပ်ရန်။
၁၂။ ငွေ
လူသည် ငွေစက္ကူအတုကို တစ်ခါတစ်ရံလုပ်သော်လည်း၊ ငွေစက္ကူက "လူအတု" ကိုအမြဲလုပ်နေသည်။
၁၃။ အရက်
ရှင်တော်ဘုရားဟောကြားသည့် အဆိပ်ရည်။
၁၄။ မိန်းမ
အချိန်မတိုင်မီ ရန်သူ၊ အချိန်တန်လျှင် အဖော်မွန်။
၁၅။ လောင်းကစား
လောင်းကစားခြင်းသည် ပထမတွင်ဥပဒေနှင့်လောင်းကစားရပြီး၊ နောက်ဆုံးတွင်ဘ၀နှင့်လောင်းကစားရခြင်း ဖြစ်သည်။
၁၆။ ပျင်းရိခြင်း
ကိုယ့်ကိုကိုယ် သတ်သေခြင်း။
၁၇။ သင်ကြားခြင်း
လူတစ်ယောက်ထံတွင် တပည့်ခံလျှင်လူတစ်ရာပေါ်တွင် ဆရာလုပ်နိုင်ရမည်။
၁၈။ လမ်းစဉ်
ရိုးရိုးကျင့် မြင့်မြင့်ကြံ၊ မှန်တာပြော၊ ဟုတ်တာလုပ်။
Subscribe to:
Post Comments (Atom)
i like it.. this is right rule..
best regard;
linker