
လူတွေဟာ လူလောကဆိုတဲ့ ဘောလုံးကွင်းကြီးထဲမှာ ဘ၀ပန်းတိုင်ဆိုတဲ့တစ်ဘက်အသင်းနဲ့ အမြဲတမ်းယှဉ်ပြိုင် နေတာပါပဲ၊ ဘ၀အခြေအနေဆိုတာကတော့ ဒိုင်လူကြီးပဲ၊ မင်းဟာအောင်မြင်သလား၊ ဆုံးရှုံးသလားဆိုတာ သူ က အဆုံးအဖြတ်ပေးလိမ့်မယ်။ လူမှုရေးဆိုတဲ့အလံကိုင်လူကြီးရယ်၊ ဥပဒေဆိုတဲ့အလံကိုင်လူကြီးရယ်က မင်းရဲ့ ဖောက်ပြန်မှုတွေကို ညွှန်ပြလိမ့်မယ်၊ မင်းကသာမန် 'ဖောင်း' ဖြစ်ရင်၊ လူမှုရေးဆိုတဲ့အလံကိုင်လူကြီးကညွှန်ပြ မယ်၊ ကြီးလေးတဲ့ပြစ်မှုကျူးလွန်ရင် ဥပဒေဆိုတဲ့အလံကိုင်လူကြီးကမင်းကိုကွင်းအပြင်ကို ဆွဲထုတ်လိမ့်မယ်။
တစ်ဘက်အသင်းရဲ့ဂိုးဟာမင်းဘ၀ရဲ့ရည်မှန်းချက်ပန်းတိုင်ပဲ၊ အဲဒီဂိုးကိုရွှတ်နိုင်မှ မင်းဘ၀ရည်မှန်းချက်ပန်းတိုင် ရောက်မယ်။ တစ်ဘက်အသင်းရဲ့နောက်တန်း လူနှစ်ယောက်ကတော့ အခက်အခဲရယ်၊ မိုက်မဲမှုရယ်၊ အဲဒီက စားသမားနှစ်ယောက်ကတော့ တစ်ဘက်အသင်းရဲ့နံရံကြီးတွေပဲ၊ လေ့လာနည်းပါမှု၊ စိတ်အားငယ်မှု၊ အကျင့်စာ ရိတ္တ စရိုက်ဆိုးမှုတွေဟာ တစ်ဘက်အသင်းရဲ့ အလယ်တန်းလူတွေပဲ၊ သူတို့ကလဲ မင်းဘ၀ရည်မှန်းချက် "ဂိုး" မရ အောင် ခုခံကာကွယ်ကြမယ်၊ တစ်ဘက်အသင်းရဲ့ ရှေ့တန်းလူငါးယောက်ကတော့ ညာတောင်ပံက စီးပွား ရေးမဖူ လုံမှု၊ လက်ဝဲတောင်ပံက လောကဓံ၊ စင်တာဖော်ဝပ်ခေါ်တဲ့ အလယ်လူက ပညာဥာဏ်ချို့တဲ့မှု၊ ဗယ်အ တွင်းလူက ပျင်းရိမှု၊ ညာအတွင်းလူက လုံ့လ၀ီရိယနည်းပါးမှုပဲ။
မင်းရဲ့အသင်းကဂိုးသမားဟာ ရိုးသားခြင်းပဲ၊ ရိုးသားခြင်းဟာ အရေးကြီးတယ်၊ တစ်ဘက်အသင်းရဲ့ အလယ်လူ စင်တာဖော်ဝပ် ပညာဥာဏ်ချို့တဲ့မှုဟာ မင်းရဲ့ရိုးသားခြင်းကို ဂိုးရအောင် ကြိုးစားမှာပဲ၊ မင်းဟာ တစ်ဘက်အ သင်း ကို မနိုင်ချင်ရင်နေ၊ ရိုးသားခြင်းဆိုတာ မပျက်စီးအောင် ဂိုးမရအောင် ခုခံကာကွယ်ရမှာပဲ၊ မင်းရဲ့နောက် တန်းလူ နှစ်ယောက်ကတော့ သည်းခံခြင်းနဲ့ဇွဲပဲ၊ တစ်ဘက်အသင်းရဲ့ တိုက်စစ်ကို ဇွဲနဲ့သည်းခံခြင်းကကြံ့ကြံ့ခံ နိုင်ရမယ်၊ မင်းရဲ့အသင်းကအလယ်လူတွေကတော့ ဗဟုသုတရယ်၊ ပေါင်းသင်းဆက်ဆံမှုရယ်၊ ယဉ်ကျေးသိမ် မွေ့မှုရယ်၊ သူ တို့ဟာ မင်းကို ခုခံကာကွယ်လဲပေးရမယ်၊ ဂိုးရအောင်လဲ တိုက်စစ်ဆင်ရမယ်။
မင်းရဲ့အသင်းက ရှေ့တန်းအလယ်လူစင်တာဖော်ဝပ်ကတော့ ညာဏ်ပညာပဲ၊ သူကဘ၀ပန်းတိုင်ဆိုတဲ့ဂိုးရ အောင် တိုက်စစ်ဆင်ရမှာပဲ၊ မင်းရဲ့ဗယ်တောင်ပံဟာ ကြိုးစားခြင်းပဲ၊ ကြိုးစားခြင်းကရတဲ့ဘောလုံးကို တစ်အား ပြေးဆွဲရ မယ်၊ မင်းရဲ့ညာတောင်ပံက ကုသိုလ်ကံပဲ၊ တစ်ခါတစ်လေ ကုသိုလ်ကံကလဲ ညာတောင်ပံအပြေးသန် သလို မင်း ကိုဖေးမနိုင်ပါလိမ့်မယ်၊ မင်းရဲ့ညာအတွင်းလူက ၀ီရိယ၊ ဗယ်အတွင်းလူက စိတ်ဓါတ်ပဲ၊ ကြိုးစားခြင်း၊ ၀ီရိယ၊ ဥာဏ် ပညာ၊ စိတ်ဓာတ်နဲ့ကုသိုလ်ကံဆိုတဲ့ရှေ့တန်း တိုက်စစ်မှူးတွေက ဘ၀ပန်းတိုင်ဂိုးရအောင် ကြိုးစားရမှာပဲ။
တစ်ဘက်အသင်းရဲ့ဘ၀ပန်းတိုင်ဆိုတဲ့ဂိုးကိုများများရွှတ်နိုင်ရင် ဘ၀အခြေအနေဆိုတဲ့ဒိုင်လူကြီးကမင်းကို အ မှတ်များများပေးမှာပဲ၊ အဲဒီအခါမှာမင်းဟာအောင်မြင်မှာပဲ၊ မင်းရဲရိုးသားခြင်းကိုဂိုးအရွှတ်ခံရရင်တော့ မင်းရှုံးမှာ ပဲ။
တစ်ဘက်အသင်းရဲ့ ဘ၀ပန်းတိုင်ဆိုတဲ့ ဂိုးကိုများများရွှတ်နိုင်ရင် ဘ၀အဖခြအနေဆိုတဲ့ဒိုင်လူကြီးက မင်းကို အ မှတ်များများပေးမှာဘဲ၊ အဲဒီအခါမှာ မင်းဟာအောင်မြင်မှာဘဲ၊ မင်းရဲ့ရိုးသားခြင်းကို ဂိုးအရွှတ်ခံရရင်တော့ မင်း ရှုံးမှာဘဲ။။
အေး..........ဘောလုံးကစားတဲ့အထဲမှာ ကိုယ့်အသင်းဘယ်လောက်ပဲရှုံးရှုံး ဒိုင်းဆုမရချင်နေပါစေ၊ ဆုရတဲ့လူ နှစ်ယောက်ရှိတတ်တယ်၊ အဲဒီလူတွေကအကောင်းဆုံးဘောလုံးသမားနဲ့ အသန့်ရှင်းဆုံးဘောလုံးသမားပဲ၊ ကိုယ့် အသင်းရှုံးချင်ရှုံးပါစေ၊ အကောင်းဆုံးဘောလုံးသမားနဲ့အသန့်ရှင်းဆုံးဘောလုံးသမားဖြစ်အောင်ကြိုးစားဖို့ အခွင့် အရေးရှိသေးတယ်ကွ...၊ အရေးကြီးဆုံးကတော့ကွာ အားကစားစိတ်ဓာတ်အပြည့်နဲ့ “ဖောင်း”မဖြစ်အောင်က စား၊ မနိုင်ရင်နေ မရှုံးစေနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ သရေပွဲပေမယ့် အမှတ်တစ်မှတ် အမြဲရနေရင်လုံးလုံးရှုံးပြီး၊ အမှတ် မရတဲ့လူထက် ကိုယ်သာမှာပဲ....၊ ဒါက အရေးကြီးဆုံးနော်၊ အကောင်းဆုံးကိုပြောရဦးမယ်။
“ အေး.... အကောင်းဆုံးကတော့ပွဲတိုင်းမှာနိုင်အောင်ကန်သရေပွဲမဖြစ်စေနဲ့၊ အချိန်ပိုပေးပြီးမကစားနဲ့၊ အချိန်ပို ကစားရတာသိပ်ပြီးပင်ပန်းတယ်ကွ၊ ဒါဆိုရင် ဘ၀ပန်းတိုင်ဆိုတဲ့ဂိုးအရေအတွက်များပြီး ချန်ပီယံဖလားဆုကို မင်းရမှာပဲ။ ”
Subscribe to:
Post Comments (Atom)
ကောင်းတယ်ဗျာ... အခုလို ပိုစ့်လေးတွေ ဆက်ရေးဦးနော်. ....