
ဒါကတော့ ဒီနေ့သတင်းစာမှာပါလာတဲ့အကြောင်းအရာလေးပါ။ ၂၀၁၂တွင် ကမ္ဘာပျက်မည် ဆိုတဲ့သတင်းကို ကျွန်မကြားရတာ ၂၀၀၈ခုနှစ် နိုဝင်ဘာလကတည်းကပါ။ ကောလဟာလဆိုပြီး မယုံကြည်ပဲခံငြင်းလာတာ ဒီနေ့အထိပါပဲ။ အခုညနေပိုင်းကျမှ ဒီသတင်းစာကိုဖတ်ပြီး ကျွန်မအနဲငယ်ထိတ်လန့်သွားမိပါတော့သည်။ ဖြစ်များဖြစ်နိုင်မလားပေါ့...... သတင်းထူးဆိုတော့လည်း နိုင်ငံတကာမှသူငယ်ချင်းများသိအောင် ကွန်နက်ရှင် ကောင်းတဲ့ အချိန်ကိုစောင့်ပြီး ကျွန်မဒီသတင်းကိုတင်လိုက်ခြင်းဖြစ်ပါသည်။ ဒါကလူတိုင်းကြားဖူးနေတဲ့ သတင်းလေးကို သတင်းစာမဖတ်လိုက်ရတဲ့သူငယ်ချင်းများ သိရှိအောင် တင်ပေးလိုက်ခြင်းဖြစ်ပါသည်။
နေရောင်ခြည်မုန်တိုင်းအန္တရာယ်
အင်အားပြင်းထန်သည့် နေရောင်ခြည်မုန်တိုင်း(Solar Storm)တိုက်ခတ်မှုသည် ၂၀၁၂ခုနှစ်တွင် ဖြစ်ပေါ်နိုင် သည်ဟု အမေရိကန်သိပံပညာရှင်များကဟောကိန်းထုတ်ထားကြောင်း၊ ယင်းမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံ တွင် လအတန်ကြာမျှ ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်သွားနိုင်ကြောင်း ယနေ့ အင် တာနက်သတင်းတွင် ဖော်ပြသည်။
နေရောင်ခြည်မုန်တိုင်း(သို့)နေရောင်ခြည်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာမြေပြင်ပေါ်တွင် အဆိုးရွားဆုံး သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားသိပံအကယ်ဒမီက ပြုလုပ်သည့် လေ့လာချက်ကို ကိုးကားလျက် အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်သည်။
နေရောင်ခြည်မုန်တိုင်း ဖြစ်ပေါ်မည်ဆိုပါက လျှပ်စစ်ဓာတ်အားပေးပို့သော မဟာဓာတ်အားလိုင်းများနှင့်ဆက် သွယ်ရေးကွန်ရက်များ ထိခိုက်နိုင်ပြီး အစိုးရက ယင်းသို့သော ကမောက်ကမအခြေအနေကို ထိန်းချုပ်ဖွယ်မရှိ ကြောင်း လေ့လာချက်တွင် ဖော်ပြသည်။
၁၈၅၉ခုနှစ်တွင် နေရောင်ခြည်မုန်တိုင်းကြီး ကျရောက်ခဲ့စဉ်က အမေရိကန်နှင့်ဥရောပနိုင်ငံများ၌ တယ်လီဖုန်း နှင့်ကြေးနန်းဆက်သွယ်ရေးလိုင်းများပြတ်တောက်ခဲ့ရပြီး တောမီးလောင်ကျွမ်းမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ် ခဲ့သည်ဆို၏။
နေရောင်ခြည်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ခေတ်မီနည်းစနစ်သုံးဓာတ်အားပို့လွှတ်ရေးစနစ်များ ထိခိုက်နိုင် သည်သာမက ရပ်ဝေးဆက်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်သည်။
နေသည် စွမ်းအားမြင့်မားသော သံလိုက်မုန်တိုင်းများကို ဖြစ်ပေါ်စေနိုင်ပြီး ယင်းသို့သောအခြေအနေတွင် ဂြိုလ်တု များ အလုပ်မလုပ်တော့ခြင်း၊ အာကာသယာဉ်မှူးများ အသက်ဘေးအန္တရာယ်လုံခြုံမှုမရှိတော့ခြင်းနှင့် ဆက်သွယ် ရေးစနစ်များပြတ်တောက်ခြင်းတို့ရှိနိုင်ကြောင်း သုတေသီများက ပြောကြားသည်။
အာကာသယာဉ်အတွင်း နေရောင်ခြည်မုန်တိုင်းကျရောက်မှုမှာ ရာစုနှစ် တစ်စုလျှင် တစ်ကြိမ်ခန့်သာဖြစ်ပေါ်နိုင် သည်။ ယင်းမုန်တိုင်းကြောင့် အမေရိကန်တစ်နိုင်ငံအတွင်းမှာပင် ပြည်သူသန်း၁၃၀တို့မှာ ဓာတ်အားပြတ် တောက်မှုနှင့်တွေ့ကြုံနိုင်ပြီး သောက်ရေဖြန့်ဖြူးရေးစနစ်၊ အအေးခန်းဖြင့် ရိက္ခာနှင့်ဆေးဝါးသိုလှောင်မှုစနစ်တို့ ထိခိုက်နိုင်ပြီး လျှပ်စစ်ဓာတ်အားအသုံးပြုသော စက်ကိရိယာများအားလုံး ခေတ္တရပ်ဆိုင်းသွားနိုင်သည်။
သတင်း။ ။ အင်တာနက် (၁၅-၁-၂၀၀၉သတင်းစာပါအကြောင်းအရာ)
Subscribe to:
Post Comments (Atom)
မနှင်းဆီနက်ရေ ကမ္ဘာကြီး တကယ်ပျက်စီးတော့ မယ်ဆိုတာကို မယုံပါနဲ့ ။ တကယ်ကမ္ဘာကြီး ပျက်မယ်ဆိုတာကို ဘုရားသခင်ကလွဲရင် ဘယ်သူကမှမသိပါဘူး ။
ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ကသာ ကမ္ဘာကြီးကို ဖန်ဆင်းထား တာပါ ။
အဲဒါကြီးက မုန်တိုင်း ၀င်မယ်ပဲ ပါသေးတာပါ။ ကမ္ဘာပျက်လောက်တဲ့ အထိ မဖြစ်လောက်ပါဘူး။ နောက်တစ်ခုက ဒီလို သတင်းမျိုးက သေချာ ရေးသင့်တဲ့ သတင်းမျိုးပါ။
အလဟသ ကြောက်နေရတာမျိုး မဖြစ်စေရဘူးလေ။ အခုဟာက ကျီးလန့်စာစား ဖြစ်နေရမယ့် ကိန်းကြီး။ သတင်းရဲ့ ခိုင်မာမှုကို ဘယ်လောက်ထိ သက်သေ ပြနိုင်မလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့ဗျာ။
အမအနေနဲ့ သတင်းကိုမျှဝေပေးတဲ့သဘောပါ မဟုတ်ဘူးဆိုတဲ့စကား တွေကိုပဲကြားချင်ပါတယ် နဲနဲတော့လန့်သွားတယ်ဆိုတာ တော့ ၀န်ခံပါတယ် တွေးကြောက်တာတော့မဟုတ်ပါဘူး တနေ့ ဖြစ်လာခဲ့ရင်ဆိုတာက စိတ်ထဲဝင်သွားတာပါ အမလဲ လုံးဝယုံကြည်တဲ့သူမဟုတ်ပါဘူးရှင်..........
စာတွေလာဖတ်သွားပါကြောင်း...
တက်လူငယ်...
ကမ္ဘာပျက်တော့မယ်ဆိုတော့
အိမ်နောက်ဖေးမှာ တွင်းတူးပြီးပုန်းနေမယ်
ဟီးးဟီးးး
ဗုဒ္ဓဘုရား ဟောထားတယ်လေ
တကယ်ပျက်မယ်ဆိုလဲ . .
ဖြစ်ပြီးရင်ပျက်တတ်တယ်လို့
စိတ်ထဲမှာနှလုံးသွင်း ထားလိုက်ပေါ့ . . .
ဘာမှမဖြစ်ပါဘူး . . .
ကမ္ဘာပျက်တဲ့နေ့မသေလည်း . . .
တစ်နေ့သေကြရမယ့် လူတွေချည်းပဲ ......
ခွန်ကြီး
မီးပျက်မှာလဲ မပူပါနဲ့ဗျာ..ကျွန်တော်တို့ ဆီက မွေးကတည်းက မီးပျက်လာတာ အကျင့်ပါနေပါပြီ။ ပြီးတော့ ပူအုံးမယ်မှတ်လား အံမယ်လေး သနားသေးတယ်.. မိထ္ထီလာလို မြန်မာပြည် အလယ်ပိုင်းမှာ နွေရာသီဆို တအားပူပဲ... မန်းတလေးဆို ပိုဆိုး.. ဟဲဟဲ အများနဲ့ဖြစ်တာပဲ ပျော်ပျော်ကြီးပေါ့..။ :P ဘာပဲဖြစ်ဖြစ် ကျေးဇူး
ဒီလောက်နဲ့တော့ ကြောက်ပေါင်
:)
ဘာမှ ကြောက်စရာမလိုပါဘူး အစ်မရေ။ ဖြစ်ပြီးရင် ပျက်ရမှာ ဓမ္မတာပဲလေ။ အားလုံးဟာ ဖြစ်ပျက် တရားတွေချည်းပါပဲ။ အရာရာတိုင်းဟာ အနတ္တတွေချည်းပဲဆိုတာ ဘုရားသခင်က ကျနော်တို့ကို ဟောပြထားတာခဲ့တာပဲ။ အနတ္တတွေကို မြင်နိုင်အောင် ရှုမှတ်သင့်ပါတယ်။ ဘာမဆို ဖြစ်လာတဲ့ အရာတိုင်းကို အေးငြိမ်းစွာ လက်ခံနိုင်ဖို့ အရေးကြီးပါတယ်။
မမနှင်းဆီနက်ကလည်းကမ္ဘာကြီးပျက်မှာကြောက်
နေတယ်နဲ့တူတယ် . . . ပျက်ပါဘူးဗျ ...:)
အခုထိအကောင်းကြီးရှိသေးတာကို ...
မောင်လေးတို့ကိုကြောက်အောင်မနောက်နဲ့
နော်မမ ....... :)
မကြောက်ပါဘူး... အစ်မရယ်... ကိုယ်တစ်ယောက်တည်းမှ မဟုတ်ဘဲလေ...
မမရေ.. နေ့အိပ်မက်ဒီသတင်းကြားတော့ နည်းနည်းပြောချင်တယ်.. ကောမန့်ကတော့ ရှည်သွားမယ်နဲ့တူတယ်.. နည်းနည်းသည်းခံပေးပါနော်
ဒီကမ္ဘာစဖြစ်ကတည်းက ဒီနေ့အထိ ကမ္ဘာမှာ ဥာဏ်အကောင်းဆုံးလူသားက ဗုဒ္ဓဘုရားတွေပါ။ သိပ်တော်ပါတယ်ဆိုတဲ့ သိပ္ပံပညာရှင်တွေ ဒီခေတ်ရောက်မှ သိတဲ့ကိစ္စတွေအကုန်လုံးကို ဘုရားက ဟောခဲ့ပြီးသားပါ... ဥပမာ အက်တမ်ထဲမှာ ဘာတွေပါလဲဆိုတာကအစပေါ့....။ သိပ်တော်တဲ့လူသားတစ်ယောက်က ပြောပြခဲ့တာတွေကို လက်မခံနိုင်ဘဲ အသည်းအသန်ကြိုးစားပြီး ဒီနေ့ခေတ်ကျမှ ပြန်လက်ခံရတာ အချိန်တွေ သိပ်နှမြောဖို့ကောင်းပါတယ်။ ခုကမ္ဘာပျက်မယ့်ကိစ္စကလည်း ဘုရားက ဟောပြီးသားပါမမ။ နေ့အိပ်မက်က မှတ်ဥာဏ်မကောင်းလို့ ကျမ်းနာမည်တော့ မညွှန်းတတ်တော့ဘူး။ ဘုရားက ဟောထားပါတယ်။ ကမ္ဘာပျက်တော့မယ်ဆိုရင်... ပျက်တော့မယ်ဆိုရင်ဆိုတာက ပျက်ဖို့ နှစ်ထောင်ပေါင်းများစွာလိုတဲ့အချိန်မှာ လောကပါလနတ်မင်းကြီးလေးပါးက လူတွေကိုသတိပေးပါလိမ့်မယ်တဲ့။ အဲဒီကျရင် လူတွေက ထိတ်လန့်ပြီး အသိတရားရလို့ တရားကျင့်ကြတဲ့အခါ ဗြဟ္မာ့ဘုံကိုရောက်ကြပါလိမ့်မယ်တဲ့။ ကမ္ဘာပျက်ရင် နတ်ပြည်တွေပါပါပြီး ဗြဟ္မာ့ဘုံနှစ်ဘုံပဲ ကျန်ခဲ့လို့ အဲဒီထိရောက်အောင် ကျင့်ကြတာပါတဲ့။ ငရဲရောက်နေတဲ့သူတွေ၊ တိရစ္ဆာန်တွေကလည်း အကုသိုလ်ကုန်တဲ့အခါ ကျင့်ကြံကြပါလိမ့်မယ်တဲ့..။ အဲ.. ဘယ်လိုမှ ငရဲသက်တမ်း မကုန်သေးတဲ့သူတွေကတော့ တခြားကမ္ဘာကို ရွှေ့ပြီးငရဲဆက်ခံကြရပါလိမ့်မယ်တဲ့။ အဲဒီတခြားကမ္ဘာဘယ်မှာလဲတော့ နေ့အိပ်မက်လည်း မသိဘူးမမ။ အဲလိုနဲ့ လူမရှိသူမရှိတဲ့အခြေအနေမှာမှ ကမ္ဘာဖျက်မိုးတွေ ရွာ၊ မီးတွေလောင်နဲ့ ကမ္ဘာပျက်မှာပါတဲ့။ ဒီတော့ ကြောက်စရာမရှိပါဘူးမမရယ်။ အင်း.. အခုပြောတာတွေက ဒီနေ့ခေတ်လူတွေအဖို့တော့ လက်မခံချင်စရာဖြစ်ရင်ဖြစ်နေမှာပေါ့နော်။ ဘုရားကလည်း အကုန်လုံးကို စဉ်းစားဆင်ခြင်ပြီးမှ ယုံကြည်ဖို့ သေသေချာချာဟောခဲ့သားပဲ။ ခုပြောတာတွေကို မယုံဘူးဆိုရင် ဒီနေ့ခေတ်သိပ္ပံပညာရှင်တွေ တွေ့ထားတဲ့အချက်အလက်တော်တော်များများဟာ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်က လူသားတစ်ယောက် သိပြီးသားတွေဆိုတာ တစ်ချက်စဉ်းစားကြည့်စေချင်ပါတယ်။
ရှည်ရှည်ဝေးဝေးမစဉ်းစားချင်ရင်တောင် မမရယ်။ အရိမေတ္တေယျဘုရားမပွင့်ခင်တော့ ကမ္ဘာမပျက်လောက်သေးဘူးထင်တာပဲ။ ပြောလို့တော့မရဘူးပေါ့လေ။ ကပ်ဘေးတွေဆိုက်ပြီး လူသားတွေ သန်းနဲ့ချီသေကြတာမျိုးတော့ ရှိနိုင်တာပေါ့...။ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားဖို့တော့ လိုပါသေးတယ်ထင်တာပဲ...။
နေ့အိပ်မက်ပြောချင်တာတွေ လျှောက်ပြောနေလို့ ကောမန့်ကြီးက အရှည်ကြီးဖြစ်သွားပြီ။ အမှားပါရင် ခွင့်လွှတ်ပါနော်... :)
ဟုတ်ပါတယ် အပေါ်က chan ပြောသလိုပဲ ကမ္ဘာကြီး မပျက်နိုင်သေးပါဘူး။ ဗုဒ္ဓဘုရားဟောခဲ့တာ သာသနာ သက္ကရာဇ် နှစ်ငါးထောင်လေ။ ခုမှ တ၀က်ကျိုးကာစ ရှိသေးတယ်။
ဟုတ်ပါတယ် မနှင်းဆီနက်ရေ။ chan ပြောသလိုပါပဲ။ ဒီဘဒ္ဒကမ္ဘာဟာ ဘုရားငါးဆူပွင့်မယ့်ကမ္ဘာပါ။ ဘုရားငါးဆူစလုံးပွင့်ပြီးမှ ကမ္ဘာပျက်မှာပါ။ ဘာပဲဖြစ်ဖြစ် အစ်မပြန်ပြီး ဝေမျှပေးတာကို ကျေးဇူးတင်ပါတယ်။ ဗဟုသုတရတာပေါ့။ ကမ္ဘာပေါ်မှာ ဒီလို Solar Storm အကြီးအကျယ်ဖြစ်တက်တဲ့အကြောင်းကို အရင်က ကျနော်မသိခဲ့ဘူး။ နေမှာဖြစ်တက်တယ် ကမ္ဘာကို အနည်းအကျဉ်း အကျိုးသက်ရောက်မှုရှိတယ်လို့ပဲ ဖတ်ခဲ့ဖူးတာလေ။
ဟဲဟဲ
ကျွန်တော်ချစ်တဲ့မမကိုခိုးပြီး
ဟောဒီစကြာဝဌာထဲကနေနောက်နေစကြာဝဌာထဲထိခိုး
ပြေးသွားမှာပေါ့ဗျ။
ကောင်းတဃ်ပျက်ပလေစေ
ကျွန်တော်သူနဲ.တစ်သက်လုံးနေရတာပေါ့ဗျာ။
ဟဲဟဲ
ဖြစ်နိုင်ပါတယ် ကမ္ဘာကြီး တကယ်ပျက်စီးတော့ မယ်ဆိုတာ ငြင်းလို့တော့မရနိုင်ဘူး ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီး လည်ပတ်နေတဲ့ ပတ်လမ်းကြောင်း ထဲကို ကမ္ဘာထက်ကြီးတဲ့ အရာတစ်ခုက အရှိန်ပြင်းစွာ ၀င်ရောက်တိုက်မယ်တဲ့ နှစ်ပေါင်း ၃၅၀၀ ခန့်မှာ တခါဖြစ်တတ်တယ်လို့ ပညာရှင်တွေက တွက်ထားကြပါတယ် ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ တုန်းကလဲ အခုလို ကမ္ဘာပျက်ခဲ့လို့ ဒိုင်နိုဆောတွေ သေခဲ့ကြရတယ်လေ ငြင်းလို့မှမရတာ ဘာဘဲဖြစ်ဖြစ် တုန်လှုပ် တွေးကြောက်နေမဲ့အစား မသေခင်မှာ ကောင်းတာတွေလုပ်ဖို့ဘဲ အကြံပေးချင်ပါတယ် ဒီအကြောင်းကိုတော့ အရမ်းစိတ်ဝင်စားပါတယ် အလျှင်းသင့်ယင် ဆွေးနွေးချင်ပါတယ် ဆက်ပြီးတော့လဲ လေ့လာကြည့်ပါအုံးမယ် ၊ ဒီသတင်းကြောင့် မနှင်းဆီနက် ကို ကျေးဇူးအမျာားကီးတင်ပါတယ် စိတ်ဝင်စားတဲ့သတင်းကို တင်ပေးတဲ့အတွက်ပါ