{{{ ကလင် }}}

" ဟဲလို "

ကျနော်ပြောလိုက်တော့ ...
ဟိုဖက်က " လိုဟဲ " လို့တော့မပြောပါ
'' ကွန်ပြူတာဗိုင်းရပ်စ်ကိုက်နေလို့ပါ... AVG သုံးတယ် ။ အဲ UpDate တော့လုပ်ထားတယ် " တဲ့
" ဟုတ်ကဲ့။ ဦးက AVG နဲ. Virus Scan လုပ်ပြီးပြီလားခင်ဗျ '' လို့မေးတော့
သူက " အေး... စစ်ပြီးပီ။ ဘာမှမတွေ့ဘူး ဒါပေမယ့် Screen Saver တတ်တတ်နေတုန်းပဲ " တဲ့
" ဗိုင်းရပ်စ်ကိုက်တယ်ဆိုတာနဲ့ ကွန်ပြူတာဘာတွေဖြစ်သေးလဲမသိဘူးခင်ဗျာ " ဆိုတော့
သူက " ကွန်ပြူတာမှာ ဒီတိုင်းထားလိုက်ရင် Screen Saver က တက်တက်လာတယ် " တဲ့
ကျနော်က " ဟုတ် ကျနော်ပြောတာက Screen Saver တက်တိုင်း Virus လို့ ပြောလို့မရပါဘူး "လို့ပြောတော့ သူက " မင်း က customer လား ငါက customer လား ။ customer alway right တဲ့ မကြားဖူးဘူးလား " တဲ့ ကျနော် နဲနဲတော့အငွေ့ထွက်နေဘီ။ ဒါပေမယ့် အကောင်းဆုံးအနေအထားနဲ့
'' ဟုတ်ကဲ့ ။ အန်ကယ် Screen Saver Setting ပြင်လိုက်ပါလားလို." အကြံပေးတော့
သူက '' အေး ။ မင်းလုပ်တက်ရင် လာလုပ်ကွာ'' တဲ့
'' ဟုတ်ကဲ့ပါ " ဆိုပြီး ဆက်ဖုန်းမပြောချင်တော့တာနဲ့ သူ့ဆီကလိပ်စာနဲ့ ဖုန်းနံပတ်ယူပြီး သူ့ဆီသွားလိုက်တယ်။ ဟိုရောက်တော့ထင်တဲ့အတိုင်းပါ Screen Saver တက်နေခြင်းပါ။ ဘာမှ Virus မဟုတ်ပါ ဘူး။ Virus နဲ့တူတာ ဆိုလို့ နှုတ်ခမ်းမွေးကားကားနှင့် လူကြီးသာတွေ့ခဲ့ရပါတော့တယ်....

ပြုံးရယ်နိုင်ပါစေ....... မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

4 Response to "နှုတ်ခမ်းမွှေးနှင့်တူသောဗိုင်းရပ်"

  1. ဟားး ဟားးး
    ဘာဘဲပြောပြော ပိုက်ပိုက်ရတာပေါ့ကွယ်..
    နှုတ်ခမ်းမွှေးကားကားကြီးကို
    ချစ်စနိုးဆွဲခဲ့တာဟုတ်ဖူး
    အ ဟက်...

     

  2. မငယ်နော် နှုတ်ခမ်းမွှေးဆွဲစရာလားလို့ ဟင့် ကိုယ့်ညီမကို အဲ့လိုပြောတယ် နိုမှာနော် မငယ်ကိုချစ်တော့ဝူးနော်...

     


  3. တော်တော်လည်း ပေါက်ပေါက်ရှာရှာ ဟိဟိ နှုတ်ခမ်းမွှေးနဲ့ ဗိုင်းရပ်ဆို ကြောက်ကြောက်စရာ ဟိ

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။