မှတ်မှတ်ရရသေရာပါဒဏ်ရာကတော့ ၄တန်းဖြေထားပြီးတော့ နွေရာသီပိတောက်တွေပွင့်တဲ့ ဧပရယ်လ်လမှာ ဖြစ်ခဲ့တာပါ…။ ဒါပေမဲ့လဲ ပိတောက်မြင်တိုင်း ခုထိလိုချင်တမ်းတနေတုန်းပဲ ကိုယ့်ကိုဘယ်သူကပေးပေး မပေး ပေး၊ ဈေးကပဲဖြစ်ဖြစ်၊ ကလေးတွေခူးလာလို့ပဲဖြစ်ဖြစ်၊ သူများတွေကားမှာချိတ်ထားတာပဲဖြစ်ဖြစ် လိုချင်နေတုန်း ပါ။ ပိတောက်နဲ့ပတ်သက်ပြီး အဲ့ဒီလောက်ဖြစ်ခဲ့တာ။ ဖြစ်ပုံကတော့ဒီလိုပါ မနက်အိပ်ရာနိုးတော့ ပိတောက်နံ့လေးတွေကသင်းနေပြီ ဒါနဲ့ ပိတောက်ပင်ရှိရာကို လှမ်း ကြည့်လိုက်တော့ အားးး ပါးးး ပါးးးး ပိတောက်တွေအများကြီးပဲ ... ဒါနဲ့ကျွန်မလည်း မျက်နှာမြန်မြန်သစ်၊ မနက်စာတောင်မစားနိုင်ပဲ ပိတောက်ပင်အောက်အပြေးသွားပြီး ခုန်ပေါက် အော်နေတော့တာပေါ့။၊ ပျော်လွန်းလို့လေ။ နောက်တော့ သူငယ်ချင်းတွေကို အိမ်ရှေ့ သွားအော်ခေါ် ပြီး ပိတောက်ပင်ပေါ်တက်နိုင်ဖို့ ကျွန်မတို့ကြိုးစားကြတဲ့သူကကြိုးစား၊ ၀ါးလုံးအရှည်လိုက်ရှာတဲ့သူကရှာနဲ့ အလုပ် တွေရှုပ်နေတော့တာပါပဲ။ အဲ့အချိန်မှာ ကျွန်မအကိုဖြစ်သူက ကျွန်မတို့အိမ်နောက်ဘက်၂အိမ်ကျော်က ပိတောက်ပင်ဘက်ကို ဓားမကိုင်ပြီးထွက်သွားတာကို ကျွန်မမြင်လိုက်တော့ သူငယ်ချင်းတွေမသိအောင် တိတ် တိတ်လေးအကိုနောက်ကိုလိုက်သွားလိုက်ပါတယ်။ ပိတောက်ပန်းကခြံထဲကိုကျွန်မရောက်တော့ အကိုဖြစ်သူကို အားရပါးရခေါ်လိုက်ပြီး “ ညီမလေးလဲပန်းခူးချင် တယ် ” ဟုမျက်နှာချိုသွေးပြီးနောက်ကမရမကလိုက်တော့တာပါပဲ။ ဒါနဲ့အကိုက “ အေး ကိုကြီးကကိုင်းတွေ ခုတ်ချမယ် ညီမလေးကအောက်ကနေကောက်နော် ”ဆိုတော့ အကြိုက်ပဲလေ နှင်းဆီနက်က “ ဟုတ်ကဲ့ကိုကြီး ” ဆိုပြီး ကိုကြီးလက်ကိုကိုင်ပြီး ခုန်ပေါက်လိုက်သွားပါတော့တယ်။ ပိတောက်ပင်အောက်ကိုရောက်တော့ ကိုကြီးက ပိတောက်ပင်ခြေရင်းမှာထိုင်ပြီး အပင်ကိုကန်တော့ပါတယ်။ ကျွန်မလည်း ရောရောင်ပေါရောင်လိုက်ကန်တော့ ပါတယ်။ အကို အပင်ပေါ်ကိုစတက်တော့ ကျွန်မလည်း ပိတောက်ပင်ကိုမော့ကြည့်ပြီး “ ကိုကြီး ဟိုအကိုင်းလေး ညီမလေးကိုခူးပေးနော် ပြီးတော့ ဟိုဘက်အကိုင်းကပိုများတယ် အဲ့ဒါလဲခူးပေး ” လောဘကြီးတဲ့ နှင်းဆီနက် တယောက် ဖြစ်လာမယ့်ကံကြမ္မာကိုမမြင်ဘူး အော်နေလိုက်တာ….။ ဒီလိုနဲ့ အကိုဖြစ်သူကခုတ်ချပေးတဲ့အကိုင်းတွေကိုအောက်ကလိုက်ကောက်ရင်း ပျော်နေတဲ့ကျွန်မ… တဖြည်း ဖြည်းနဲ့အရွက်တွေ၊ အကိုင်းတွေ၊ အပွင့်တွေကများလာတော့ ကျွန်မလည်း လိုက်ကောက်မနေတော့ပဲ ထိုင်ပြီး အပွင့်နဲ့အရွက်ကိုထိုင်ခြွေနေတော့တယ်။ ခြွေနေရင်းနဲ့ ဓားမကအောက်ကိုပြုတ်ကျလာတော့ အကိုဖြစ်သူကို စိုးရိမ်လို့မော့ကြည့်ပြီး “ ကိုကြီးရေ ပြုတ်ကျဦးမယ်နော် ” လို့ လှမ်းအော်လိုက်သေးတယ်။ အချိန်သိပ်မကြာပါဘူး ကျွန်မညာလက် လက်ကောက်ဝတ်နေရာက စပ်ဖြင်းဖြင်းဖြစ်လာပါတယ်။ ကျွန်မလည်း လက်ကိုကြည့်လိုက်ပါသေးတယ် ပိတောက်ပန်းဇောနဲ့မို့လို့လားမသိ ဘာကိုမှမမြင်ပါဘူး။ နောက်တော့ စပ်ဖျဉ်း ဖျဉ်းကနေပြီး အရမ်းနာလာတော့ ကျွန်မလည်းလက်ကောက်ဝတ်ကိုသေချာကြည့်တော့မှ အားးး ပါးးး ပါးးး ဖြူဖွေးနေတာပဲ အရိုးတောင်မြင်နေရတယ် ကျွန်မလည်းလန့်ပြီး လက်ကောက်ဝတ်နေရာကို ဘယ်ဘက်လက်နဲ့ ဆုပ်ကိုင်လိုက်တော့မှ သွေးတွေဆိုတာညှစ်ချလိုက်သလိုပန်းထွက်လာတော့တာပဲ..။ ကျွန်မလည်း အရမ်းလန့်ပြီး ကိုကြီးကို “ ကိုကြီးရေ ညီမလေးဓားထိသွားပီ သွေးတွေလည်းထွက်လာတယ်အများကြီးပဲ ” ဟု အော်လိုက်တော့ အကိုဖြစ်သူလဲ ပိတောက်ပင်ပေါ်ကဆင်းလာပါတယ်။ ကျွန်မလက်ကိုလဲမြင်ရော အမေဖြစ်သူကိုအော်ခေါ်တော့ တာပါပဲ။ အမေလည်းမနက်စောစောစီးစီး အကို့အော်သံကြောင့်ဘာဖြစ်မှန်းမသိ အိမ်ထဲကနေပြေးထွက်လာပြီး ရှုံ့ မဲ့နေတဲ့ ကျွန်မကိုမြင်တော့ “ ဘာဖြစ်တာလဲ ” ဟုထိတ်ထိတ်ပျာပျာမေးပါတယ်။ ကျွန်မလည်း လက်ကိုဝှက်ထားရာ ကနေထုတ်ပြလိုက်တော့ အမေ့မှာရုတ်တရက်ဆွံ့အသွားပါတယ်။ နွေရာသီလဲဖြစ်၊ ဒဏ်ရာကလဲများတော့ သွေး တွေကမနဲကိုး။ အမေလည်းဘာလုပ်လို့လုပ်ရမှန်းမသိတော့ “ လာကြပါဦး လာကြပါဦး ဟဲ့ဘယ်သူရေ ဘယ်ဝါ ရေ ဒီမှာနင့်တူမလက်ကိုဓားခုတ်မိလို့ ” ဆိုပြီး ကျွန်မလက်ကိုမကြည့်ရဲလို့ ဟိုဘက်မျက်နှာလှည့်အော်ပါတော့ တယ်။ အမေ့အော်သံကြောင့် ဦးလေးနဲ့အဒေါ်တွေလဲရောက်လာပါတယ်။ ကျွန်မလက်ကိုလဲမြင်ရော အိမ်ရှေ့ ကိုခေါ် သွားပြီး ရေလောင်းချပါတယ်။ ဘေးနားကအိမ်နီးချင်းတွေလဲ ရောက်လာကြပါတယ်။ (စောစောစီးစီး လမ်းထဲမှာ ပွက်လောရိုက်အောင်လုပ်ခဲ့တဲ့ နှင်းဆီနက်နော် :P ) ကျွန်မလက်ကိုရေဘယ်လောက်လောင်းလောင်း သွေးက တော့လုံးဝမတိတ်ပါ။ လူကြီးတွေလည်း ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားနဲ့ ကုက္ကိုရွက်တွေခူးပြီး အရည်ညှစ် ချပြီးဆေးထည့်သူကထည့်၊ ဒန်းရွက်ကိုပြေးရှာသူကရှာနဲ့ ကျွန်မအတွက်အကုန်ဗျာများကုန်ကျပါတယ်။ သွေးက တော့မတိတ်သေး…။ အဲ့အချိန်ထိ ကျွန်မမှာမျက်ရည်တစ်စက်တောင်မကျသေး…။ ဖြစ်ချင်တော့ အမေက “ အင်း လက်ကိုချုပ်မှဖြစ်မယ်ထင်တယ် ” ဆိုတဲ့အသံလဲကြားရော ကျွန်မ “ အမေ သမီးလက်မချုပ်ချင်ဘူးနော် မချုပ်ဘူး နာလိမ့်မယ် သမီးမချုပ်ပါရစေနဲ့ ဆေးခန်းမသွားဘူး မသွားဘူး အီးးးးးးးးး ဟီးးးးးးး ဟီးးးးး ” ဓားထိတုန်းကလဲမငို၊ ဒဏ်ရာများလို့သွေးမတိတ်လဲမငိုတဲ့ကျွန်မ မပြရသေးပဲ ဆေးခန်းသွား မယ့်အသံကြားတော့မှပဲ ငိုပါတော့တယ်။ (ငယ်ငယ်ကဆေးခန်းဆိုအသေကြောက်လေ ဆေးခန်းနဲ့လူက အဆက် မပြတ်ဖြစ်နေတော့ အသံကြားရင်ပဲ ငိုချင်နေတာ…) ဓားမကိုအကိုဖြစ်သူက ခါးကြားလှမ်းထိုးလိုက်တာပါ ဖြစ်ချင်တော့ ဓားမက ခါးကြားမရောက်ပဲ အောက်ကိုကျ တော့ အောက်မှာပိတောက်ပန်းကောက်နေတဲ့ ကျွန်မလက်ပေါ်ကို ထိပီးမှ ပြန်လွင့်ထွက်သွားတာ။ ဒါတောင်ဓား ကအတည့်မကျပဲ နောက်ဖင်နဲ့မို့လို့ နို့မို့ဆို မတွေးရဲ…။ ခေါင်းပေါ်သာကျရင်ကော အမလေးပိုပြီးမတွေးရဲ………။ ကျွန်မသတင်းကိုကြားတဲ့ မောင်နှမ၀မ်းကွဲတွေက အပြေးအလွှားရောက်လာပါတယ်။ အမေကတော့ ဈေးသွား ပြီမို့လို့အိမ်မှာမရှိပါဘူး၊ သူတို့က အိမ်ရှေ့ ကနေပြီး ကျွန်မနာမည်ကို အော်ခေါ် ကြပါတယ်။ ကျွန်မလည်း “ သမီး ဒီမှာ... ဒီမှာ... ” လို့ပြန်အော်တော့ သူတို့က ကျွန်မကို လိုက်ရှာပါတယ် “ ဟဲ့ ဘယ်မှာတုန်း နင့်အသံပဲကြားတယ် လူကဘယ်မှာလဲ ” လို့အော်မေးကြပါတယ်။ ကျွန်မလည်း တစ်ဆင့်ပြန်ဆင်း၊ အကိုင်းကိုလှုပ်ပြပြီး “ သမီး… ဒီမှာ… ဒီမှာ… ” ဟု ပြောလဲပြောပြလဲပြလိုက်တော့မှ သတင်းလာမေးတဲ့သူတွေက ကျွန်မကိုမျက်လုံးပြူးပြီး ကြည့်နေကြပြီး စကားတောင်မပြောနိုင်ကြတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှင်းဆီနက်တယောက်လေ လက်ကပတ်တီးကွင်းသိုင်းနဲ့ ခရေပင်ပေါ်ရောက်နေလို့ပါ…..။ :P :D ကျေးဇူးတင်စကား မူပိုင် = နှင်းဆီနက်
သင်္ကြန်နားနီးလာပြီ၊ သင်္ကြန်သီချင်းတွေကြားလာပြီဆိုရင် နှင်းဆီနက်တယောက်ကတော့ ပျော်နေတာပါပဲ…။ သင်္ကြန်နဲ့ပတ်သက်ပြီးအမှတ်တရတွေကလဲအများကြီးကိုးးး…။
Subscribe to:
Post Comments (Atom)
တစ်နှစ်တစ်ခေါက်မို့ ရောက်လာတာ မိန်းမချောလေးရာ...
ပိတောက်ပွင့် တဲ့ရက်ကိုလေ တွေးတွေးမိတာ ... မြူးကြွ... ~~~~~~~
ဟီး.. သီချင်းဆိုလာဆိုတာ.. သင်္ကြန်သီချင်း... အနားနီးမှ တီတီနက် အိမ်မှာ သံချပ်လာတိုက်မယ်.. ဟတ်ဟတ်...
လက်ပေါ်မို့လို့ တော်သေးတာပေါ့.........
ခေါင်းပေါ်ဆိုရင်တော့ သွားပြီ......
ပိတောက်ပင်ပေါ် မတက်ရဲတော့ဘူးလား....
ခရေပင်ပေါ်တော့ တက်ရဲတယ်ပေါ့လေ
တစ်နှစ်တစ်ခါပွင့်တဲ့ပိတောက်ပန်းကို မိန်းမချောလေးတွေ နှစ်သက်ကျတယ်တဲ့နော်။ ကျွန်တော်လည်းနောက်ကနေသံချပ်လိုက်ပေးမယ်အစ်မရေ။ နောက်တစ်ခါ ပိတောက်ပင်ဆိုရင် တက်ရဲတော့မှာ မဟုတ်ဘူးနော် အစ်မ။
အင်း.. ပန်းချစ်တဲ့မိန်းကလေးဆိုတော့လဲ ပိတောက်ပန်းဇောနဲ့ လက်ဓားထိတာတောင် မသိလိုက်ဘူးပေါ့။ ဒါနဲ့ လက်က ဘယ်လိုလုပ်လိုက်လဲဟင်။ ဆေးခန်းသွားလား။ ချုပ်လိုက်ရလား။ ဆက်မပြောတော့ ဆန့်တငံ့ငံ့ကြီးဗျာ။ ခရေပင်ပေါ်တက်တယ်ဆိုတော့ ကျွန်တော်နဲ့တော့ ပြောင်းပြန်ပဲ။ ကျွန်တော်က ယောက်ကျားလေးသာဖြစ်တာ အပင်ကို မတက်တက်တာဗျ။ ဟီး.. :P
This comment has been removed by the author.
ဟဟ နာ့မမကတော့ဇော်ပဲ တော်သေးတာပေါ့
လက်မပြတ်သွားလို့ဟိဟိချစ်လို့စတာ
မီးလေးဆိုအပင်ပေါ်ကတောင်ပြုတ်ကျတောင်
ခဏခဏပဲ ဆေးခန်းသွားလဲမမှတ်ပါဘူးမလတ်ရာ အခုထိတတ်တုန်း ဟိဟိ
(ခုနကအကောင့်မှားလို့)ဟီးးး
အီးးးးးးး လက်ကချုပ်ရတာပေါ့ ၂ချက်ချုပ်ရမယ်ဆိုလို့ဆရာဝန်ကို ငိုပြီးတောင်းပန်တာလေ ဆရာဝန်လဲသနားသွားတယ်ထင်တယ် ၁ချက်ကိုသေသေချာချာလေးချုပ်ပေးလိုက်တယ် ငယ်ငယ်ကတော့အပင်မရွေးတက်တယ် အုန်းပင်အစ၊ ညောင်ပင်အဆုံး ဟီးးးးးးး
အကိုနဲ့မောင်နဲ့ကြားမွေးလာတာဆိုတော့လေ မိန်းမစိတ်ကိုမရှိဘူး အခုထိပဲမိန်းမမဆန်ဘူးဖြစ်နေတယ် တော်ရုံယောကျာ်းလေးကတော့ အမကိုဆိုလန့်တယ် ပွင့်လင်းပြတ်သားလို့ အဟီးးးးး
မှတ်သားလောက်ပါပေတယ်...အစ်မကတော့ လုပ်လိုက်ရင်ဖြင့်..ဟာဟ
ခရေပင်အမြင့်ကြီးဘယ်လိုတက်သတုန်း မမနှင်းဆီနက်ရယ် အကိုင်းလည်းမရှိဘဲနဲ့ ဒုခဘဲ
နေ့အိပ်မက်တော့ ပန်းမကြိုက်တော့ ဒါမျိုးဖြစ်မှာမဟုတ်ဘူး.... အဲလိုပဲအစ်ကိုနဲ့ဆော့လို့တော့ ခေါင်းပေါက်ဖူးတယ်... :P
စာရေးကောင်းတယ်နော်---
ခံစားဖတ်ရှုသွားပါတယ်--
ပိတောက်မြင်တိုင်း အိမ်ပြန်ချင်တယ်။ ဖတ်ရင်းရယ်သွားပါတယ်။ ကိုယ့်လိုလူနောက် တစ်ယောက် တွေ့လိုက်လို့လေ။ :P
pa toge nat wae tr 3 year kyaw pye a yan thataemayabu nanapot ok satlattaemal
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ..
စီပုံးက ၀င်မရလို့ နှစ်သစ်ဆုတောင်းလေးကို ဒီမှာပဲ ရေးသွားပါတယ်နော်။