်သူမနှင့်ကျွန်မတွေ့ဆုံချိန်သည် သိပ်မကြာလိုက်။ သူမသည် ကျွန်မကိုမှတ်သားစရာတွေ အများကြီး ထားခဲ့၏။ သူမသည် အပြင်ပန်းအနေဖြင့် ရိုးအေးပြီး၊ ဘာမှမသိနားမလည်သည့်ပုံစံနှင့် ဟန်ဆောင်မှုတွေကို မျက်နှာဖုံး တပ်ကာထားသည်။ သူမသည် စကားကိုမပွင့်တပွင့်၊ ရှက်စဖွယ်ပုံစံပြောတတ်ပြီး၊ တကယ့်အပြင်တွင် မည်သည့် နေရာတွင်မဆိုရန်ဖြစ်ဖို့ ၀န်လေးသူမဟုတ်ပေ။ ထို့ပြင် သူမသည် ကျွန်မကို အလိမ်အညာစကားများစွာပြောဆို ခဲ့သည်။
ထိုနေ့ကို ကျွန်မ ဘယ်တော့မှမေ့မည်မဟုတ်ဘူး
သူမလို မိန်းကလေးမျိုးကို ကျွန်မတော်တော်လန့်သွားသည်။
ကျွန်မပြောခဲ့သောစကားများက သူမနောင်ရေးကောင်းဖို့ဆိုတာကိုတော့ သူမကိုသိစေချင်ခဲ့တာ ကျွန်မရဲ့ စေတ နာ အမှန်ဖြစ်ပေသည်။
မူပိုင် = နှင်းဆီနက်
ကျွန်မထိုင်သောနေရာအား သူမထိုင်ဖို့အတွက် နည်းမျိုးစုံသုံးခဲ့သည်။ သူမသည် အေးချမ်းသာယာသော သူများမိသားစုဘ၀ပြိုကွဲရန်ကြိုးစားခဲ့သည်။ ကျွန်မပြောသောစကားကို သူမက သူမသိက္ခာကို စော်ကားခံရသ လိုမျိုး ကျွန်မကွယ်ရာတွင်ပြန်ပြောခဲ့သည်။ သူမသည် ကျွန်မ မသိလိုက်သောအချိန်တွင်ကျွန်မကို အကောင်းဆုံး ထိုးနှက်သွားခဲ့သည်။ဆိုတာ သူမသိစေချင်သည်။
Subscribe to:
Post Comments (Atom)
သတင်းကြားရတာ စိတ်မကောင်းပါ...။ ထို အမျိုးသမီးဟာ သူ့အဆင့်အတန်း သူပြသွားတာပါ... အဲ့လိုပဲ နားလည်လိုက်ပါ.... အဆင်ပြေပါစေ :)
ဒါမျိုးလူတွေ ရှိတတ်ပါတယ်... သူတို့ကိုလိုက်ပြီး ဒေါသထွက်၊ စိတ်တိုနေရင် ကိုယ်ပဲ ပင်ပန်းမှာပေါ့.... လျစ်လျူရှုလိုက်တာ အကောင်းဆုံးပဲ ထင်တာပဲ..
နေ့အိပ်မက် ထင်တာပြောပါတယ်....
သူများတွေ မန့် ပေမယ့် ဖတ်ပြီး တိုပြတ်ပြတ်နဲ့ ဆိုတော့ ဘာဆွေးတွေးရမလဲ မသိဘူးဖြစ်သွားတယ်။ wo ပဲ ဒီဘလော့စိမ်းနေသေးလို့လားမသိ။
မမရယ်..အတွေ့အကြုံလို့ပဲ မှတ်လိုက်ပေါ့။ ကိုယ့်စေတနာနဲ့မတန်တဲ့သူကို ဘုရားရဲ့နည်းနိဿယအတိုင်း လစ်လျူရှုပြီး အပြစ်ပေးလိုက်ပါ။
ကောင်းတယ် ဒါအကောင်းဆုံးပဲ
ဟီးဟီး အပေါ်က ကော်မန့်က ဝေးသွားပြီးတဲ့နောက် ပို့စ်က ကောင်မလေး ဆုံးဖြတ်ချက်ကို မန့်တာနော်.. သူမအတွက်ကတော့ ကိုယ့်အပေါ် မကောင်းရင် သူ့နောင်ရေးလဲ တွေးမနေနဲ့ အချိန်ကုန်တယ် ..
slap her she's french ဆိုတဲ့ ရုပ်ရှင်ကားလေးရှာကြည့်ပါ
အမ ဒီအကြောင်းလေးကိုရေးဖို့ကော စိတ်ကူးမရှိဘူးလား။ ညီမ က အမရဲ့ စာတွေကို တအားနှစ်ခြိုက်သူပါ။ ပြောတာမှားရင် ခွင့်လွှတ်နော်။