ကျွန်မဘ၀မှာပထမဆုံးနာကျင်ခဲ့ဖူးပါတယ်။ ကျွန်မကိုတစ်ခါမှ ဆူဖို့မပြောနှင့်တုတ်နဲ့တောင်မရိုက်ဖူးတဲ့အဖေက ကျွန်မကိုမချစ်တော့ဘူးလို့ပြောခဲ့ပြီး အတွင်းတံခါးဂျက်ချထားကာအိမ်အပြင်မှာထားခဲ့တုန်းက တယောက်တည်း ကြောက်စိတ်တွေနဲ့ငိုနေခဲ့မိပါတယ်။ ဖခင်ဖြစ်သူထံမှမချစ်တော့ဘူးလို့ပြောတာ ပထမဆုံးကြားခဲ့ရခြင်းဖြစ်ပြီး ၀မ်းနည်းကြေကွဲသဖြင့် အိမ်အပြင်အမှောင်ထဲမှာ မျက်ရည်များနဲ့ကျွန်မဆုံးရှုံးမှုတစ်ခုကိုခံစားရပြီးနောက် တံခါးကို အဆက်မပြတ်ထုလျက် စိတ်ဆိုးနေတဲ့ဖခင်ကို ကတိတွေအထပ်ထပ်ပေးကာ ပွင့်လာမဲ့တံခါးနဲ့အတူ ချစ်ရတဲ့ဖခင်ကို တောင်းပန်နေခဲ့မိတယ်။ လုပ်မိတဲ့အပြစ်တစ်ခုအတွက်ဖခင်၏စကားနှင့်လုပ်ရပ်ဟာ ကျွန်မကို နှုတ်ဖြင့်ဆူတာ၊ တုတ်ဖြင့်ရိုက်တာထက်အဆတစ်ရာပိုနာကျင်ခဲ့ရပါတယ်။
ပထမဆုံးအကြိမ်ဆုံးရှုံးခဲ့ရတာကတော့ ကျွန်မအရမ်းချစ်ရတဲ့အဖွားဖြစ်သူက ကျွန်မတို့ကိုခွဲခွာသွားခဲ့တုန်းက ဖြစ်ပါတယ်။ အဖွားရှေ့ ရောက်ပြီး အဖွားဖြစ်သူ၏မျက်နှာကိုစေ့စေ့ငှငှကြည့်ကာ -
လက်ကလေးကိုကိုင်ကြည့်လိုက်တော့ ကျွန်မလက်ကိုပြန်ဆုပ်ကိုင်တယ်….
ရင်ဘတ်ပေါ်ကိုလက်တင်ထားကြည့်တယ် နှလုံးခုန်နေတယ်……
နှာခေါင်းနားမှာလက်ချောင်းလေးကိုကပ်ကြည့်တယ် လေတိုးသွားတယ်…..
ခြေချောင်းလေးတွေကိုဆုပ်နယ်ကြည့်တယ် နွေးနေတယ်…..
မယုံကြည်နိုင်ခြင်းများစွာဖြင့်စိတ်အထင်နဲ့အမျိုးမျိုးစမ်းသပ်နေတဲ့ကျွန်မ….
အသက်မရှိတော့ပြီဖြစ်သော အဖွားဖြစ်သူ၏မျက်နှာကိုသာမလွတ်တမ်းငေးကြည့်နေမိတယ်။
“ အဖွားမရှိတော့ဘူး အဖွားရေသမီးတို့ကိုထားခဲ့ပြီလား...... ” လို့ပြောပြီးငိုချလိုက်တဲ့ညီမ၀မ်းကွဲလေးကို ကျွန်မ စိတ်တိုစွာနဲ့လှမ်းကြည့်မိတယ်။
“ ငိုချလိုက်လေ တင်းမထားနဲ့သမီးအဖွားကမရှိတော့ဘူး သမီးစိတ်ကိုလျှော့ပြီးငိုချလိုက်တင်းမထားနဲ့ငိုချလိုက်” အဒေါ်ဖြစ်သူကအနားကပ်လာပြီး အားပေးစကားသံနဲ့ကျွန်မပုခုံးကိုလာဖက်ကာ ချော့မော့ပြီးပြောလာပါတယ်။ သိပ်မကြာသောအချိန်လေးအတွင်းမှာ ဆရာဝန်ရောက်လာပြီးသေဆုံးချိန်ကို သတ်မှတ်၊ သေစာရင်းအတွက် ထောက်ခံချက်ရေးပေးပြီးနောက်တွင် ကျွန်မလည်းမျှော်လင့်မိနေသော စိတ်ကိုလျှော့ချလိုက်မိချိန်မှာတော့ မျှော်လင့်ချက်ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ နာကျင်ကြေကွဲခြင်း…များစွာနှင့် အဖွားရေ ဟုတီးတိုးရေရွတ်လိုက်မိကာ နေရာတွင်လဲကျသွားပါတော့တယ်…..
မူပိုင် = နှင်းဆီနက်
အားပေးတဲ့လူက စိတ်လျော့ပြီး ငိုချလိုက်လေ ဆိုတော့လည်း...
လူဆိုတာ မှားတတ်တာပဲ၊ လူငယ်ဆို ပိုလို့ မှားတတ် ပါသေးတယ်။ ဒါပေမယ့် အရှက်ရလောက် အောင်၊ သိက္ခာကျလောက် အောင် မမှားမိဖို့တော့ စည်းလေးခြား ထားသင့် ပါတယ်။ ကိုယ့်အမှားကို လူကြီး နားလည် လက်ခံလာအောင် ရှင်းပြနိုင်ရင် အကောင်းပကတိ အတိုင်းပဲပေါ့။ ဆုံးရှုံးတာကတော့ လူတိုင်း လက်ခံ နိုင်ရမယ့် သဘာဝဖြစ်စဉ်ပါ။ သွားလေသူကို ဆွဲထားလို့မှ မရနိုင်တာ မဟုတ်လား။
ပျော်ရွှင်တဲ့ နေ့လေးတွေ ပိုင်ဆိုင်နိုင်ပါစေ
အဖြစ်ခြင်းတူလို့--
အဘွားကို ပိုသတိရသွားတယ်--
လွမ်းတယ်---
အသစ်လာရှာပါတယ်--
ပျော်ရွှင်ပါစေ--
ဒီအဖြစ်အပျက်တွေကို ပြန်စဉ်းစားမိတိုင်း ၀မ်းနည်းရမှာပဲနော်... တစ်ခါတစ်လေတော့လည်း အမှတ်ရစရာတွေက လွမ်းဖို့ကောင်းနေတတ်တယ်....
နေ့အိပ်မက်တော့ ငယ်ငယ်ကအကြောင်းအရာတွေကို လွမ်းတယ်...
ဒီနေ့ (နှစ်ဆန်းတစ်ရက်နေ့)မှာ မင်္ဂလာရှိတဲ့ နှစ်သစ်ကူးဖြစ်ပါစေ။
အဲ... ကျွန်တော်ကတော့ အဘွားဆုံးသွားပြီး တစ်နှစ်လောက်နေမှ တကယ် ကြေကြေကွဲကွဲ ခံစားမိတာ...။ ဆုံးတုန်းကတော့ ဘာမှမဖြစ်ဘူး။
ကိုယ့်ဆွေမျိုးသားချင်းတွေ ထဲကဖြစ်နေတော့ ပိုခံစားရပါတယ် ဒါပေမယ် ဒါတွေကိုတရားသဘောနဲ့ ကြည့်လိုက်ရင် ပိုပြီးသက်သာပါတယ်..
ပျော်ရွင်စရာနှစ်သစ်ပါညီမ
အဘွားရဲ့ နောက်ဆုံးအချိန်မှာ နီးနီးကပ်ကပ် ရှိခဲ့တယ်
ဆုံးသွားတဲ့ အချိန်မှာလဲ ဆုံးရှုံးမှုတခုကို ခံစားခဲ့ရတယ်
စာနာပါတယ်
တွေ့ဆုံကြုံကွဲကြတာ လောက သဘာဝပါ။