ကျွန်မနဲ့ကျွန်မသူငယ်ချင်းနှစ်ယောက်ပြောဖြစ်တဲ့အကြောင်းအရာလေးတစ်ခုပါ…။
ကျွန်မတို့ကိစ္စတစ်ခုခုပေါ်လာတိုင်း အရေးကြီးတယ်… အရေးကြီးတယ်…. အရမ်းအရေးကြီးတယ် ဟုသုံးနှုန်း လေ့ရှိကြပါတယ်။ပေါ်လာတဲ့အကြောင်းအရာကိစ္စတိုင်းဟာလည်း ကျွန်မတို့အတွက် အရေးကြီးနေခဲ့တာပဲ မဟုတ်ပါလား။
ဒီလိုနဲ့ပဲ ဘာအရေးကြီးဆုံးလဲဆိုတဲ့အကြောင်းအရာလေးကို ကျွန်မတို့နှစ်ယောက် ပြောဖြစ်၊ ဆွေးနွေးဖြစ်ခဲ့ကြ ပါတယ်။ ဒါကလည်း ကျွန်မတို့ပြောဖြစ်၊ တွေးဖြစ်တဲ့အကြောင်းအရာလေးပါ...... ကြော်ငြာထဲကလိုပါပဲ ကိုယ့်အတွေးနဲ့ကိုယ်သောက်ကြသည်ပေါ့….။ ကျွန်မတို့သောက်ဖြစ်ခဲ့တဲ့ အရေးကြီးဆုံးဆိုတာကတော့….
ကျွန်မ။ ။ လောကမှာဘာအရေးကြီးဆုံးလို့နင်ထင်လဲ…
သူငယ်ချင်း။ ။ အင်း… ငါကတော့လောကမှာငွေအရေးကြီးဆုံးလို့ထင်တာပဲ၊ ငွေရှိရင်အားလုံးလုပ်လို့ရတယ်လေ…
ကျွန်မ။ ။ ဒါဆိုနင်ကလောကမှာငွေကအရေးကြီးဆုံးလို့ထင်တယ်ပေါ့ ငွေရှိရင်ပြီးပြည့်စုံတယ်ပေါ့ ကျန်တာ ကောမရှိတော့ဘူးလား….
သူငယ်ချင်း။ ။ ကျန်တာတွေကငွေလောက်အရေးမကြီးဘူးထင်တာပဲ အရေးကြီးတာတွေလဲရှိတာပေါ့ ငါပြောတဲ့သဘောကငွေရှိရင်ဘာမဆိုလုပ်လို့ရတယ်ပေါ့ ဒီခေတ်ကြီးထဲမှာ နင်ကကောဘယ်လိုထင်လို့လဲ…
ကျွန်မ။ ။ အင်း…. ငွေကလောကကြီးမှာအရေးတော့ကြီးပါတယ် ဒါပေမဲ့အရေးကြီးဆုံးလည်းမဟုတ်ဘူးပေါ့….
သူငယ်ချင်း။ ။ ဒါဆို ဘာကအရေးကြီးဆုံးလဲ နင်ကတော့လုပ်တော့မယ် ပြောပြစမ်းပါဦး နင့်အတွေးကို…..
ကျွန်မ။ ။ တစ်ယောက်နှင့်တစ်ယောက်သတ်မှတ်တာချင်းတော့ဘယ်တူနိုင်ပါ့မလဲဟ… အရေးကြီးဆုံးဆိုတာ မရှိဘူးလို့ထင်တာပါပဲ… ဘာလို့လဲဆိုတော့ ငါဥပမာပြောပြမယ်ဟာ… ဆယ်တန်းဖြေတဲ့ ကျောင်းသားတစ် ယောက်ပေါ့ သူဟာမြန်မာစာဖြေရမယ့်နေ့မှာမြန်မာစာကသူ့အတွက်အရေးကြီးဆုံးပဲ… ဖြေပြီးသွားရင်တော့ နောက်နေ့အတွက် အင်္ဂလိပ်စာကသူ့အတွက်အရေးကြီးဆုံးဖြစ်သွားပြီ…. အဲ့တော့အရေးကြီးဆုံးဆိုတဲ့အရာ ဟာ အမြဲပြောင်းလဲနေတယ်မဟုတ်ဘူးလား…. အဲ့ဒီအပေါ်မှာပဲကိုယ်ကလိုက်ပြောင်းလဲနေပြီးတော့ မှန်မှန် ကန်ကန်စိတ်ထားတတ်ဖို့သာအရေးကြီးတယ်လို့ငါထင်တယ်….။
သူငယ်ချင်း။ ။ အင်း… နင်ပြောတာလဲဟုတ်တာပဲ လူတိုင်းလူတိုင်းဟာ ကိုယ့်ကိစ္စကိုအရေးကြီးတယ် ထင်နေ ကြတာလေ ဟုတ်တယ်နော်….
ကျွန်မ။ ။ အင်းပေါ့..... အဲ့ကိစ္စကိုကျော်လွှားပြီးတဲ့အခါမှာ အရေးကြီးတယ်ဆိုတာက သူတို့အတွက်သာမန်ကိစ္စ တစ်ခုဖြစ်သွားပြီလေ နောက်ထပ်ပေါ်လာတဲ့ကိစ္စကသာ အရေးကြီးတယ်ဆိုတာထပ်ပြီးတော့ ဖြစ်ပေါ်လာတာ ဆိုတော့ အရေးကြီးဆုံးဆိုတာက အခြေအနေနဲ့အချိန်အခါပေါ်မှာပြောင်းလဲနေတယ်လို့ငါကတော့ ယူဆတယ်
သူငယ်ချင်း။ ။ အခုအချိန်မှာငါ့အတွက်အရေးကြီးဆုံးတစ်ခုရှိတယ် အဲ့ဒါကိုနင်ဖြည့်ဆည်းပေးမှဖြစ်မယ်နော်…
ကျွန်မ။ ။ အမ် ဘာကိုငါကဖြည့်ဆည်းပေးရမှာလဲ ဘာဖြစ်ပြန်ပြီလဲကောက်ကာငင်ကာကြီးကို….
သူငယ်ချင်း။ ။ အခုအချိန်မှာငါ့အတွက်အရေးကြီးဆုံးက ငါကော်ဖီခါးခါးလေးသောက်ချင်တယ် အဲ့ဒါ နင်ဝယ် တိုက်မှဖြစ်မယ်လေ ဟိဟိ….
ကျွန်မ။ ။ အော်… မိန်းမ လူလည်ကျပြီးတော့ ကော်ဖီသောက်ချင်တာကို ငါ့ကို ငါ့စကားနဲ့ဝယ်တိုက်ခိုင်းတာ ပေါ့လေ ကဲပါ လာသွားသောက်ကြတာပေါ့….
မူပိုင် = နှင်းဆီနက်
ဟုတ်ပါတယ် လူတွေအားလုံးဟာ ကိုယ့်ကိစ္စ ကိုယ်အရေးကြီးဆုံးလို့ထင်နေတတ်ပါတယ် ကျန်တဲ့သူတွေကိစ္စ ကို နောက်မှလုပ်ပါ အရေးမကြီးပါဘူးလို့မြင်တတ်ပါတယ်
ကျတော့်အမြင်ကတော့ ဘ၀မှာအရေးကြီးဆုံးက ကိုယ်ကျင့်တရားကောင်းဘို့လိုထင်ပါတယ်
တယောက်နဲ့တယောက်တော့ အမြင်မတူနိုင်ပါ
တတိယကတော့ လ္ဘက်ရည်ချိုပေါ့ကျလေးနဲ့ ကော်ဖီခါးခါးလေး ကြိုက်တာ မလတ်နဲ့ တူတယ်နော်
မမနှင်းဆီ ပြောတာ ဟုတ်ပါတယ်.အရေးကြီးဆုံးဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်သလို အချိန်အခါ အရလည်း ပြောင်းလဲတတ်ရပါမယ်.. အထူးသဖြင့်ကတော့ ကိုယ့်အတွက် အရေးကြီးတယ် ဆိုတဲ့အရာတစ်ခု လုပ်ဆောင်တာမှာ တခြားတစ်ဦးတစ်ယောက်ကို မထိခိုက်မနစ်နာ စေဖို့ပါပဲ. ကိုယ့်အတွက် အရေးကြီးတယ်ဆိုပြီး သူတပါးကို မငဲ့ညာပဲ လူတွေက တကိုယ်ကောင်းဆန်စွာ လုပ်တတ်ကြတာကို တွေ့တွေ့နေရတယ်...
သံလွင့်အတွက်ကတော့ စိတ်ချမ်းသာဖို့က အရေးအကြီးဆုံးအရာပါပဲ မမရယ်...
ကျွန်တော် အနေနဲ့ပြောရမယ်ဆိုရင်တော့...
နေရေးထက် သေရေးကပိုအရေးကြီးမယ် -
တကယ်တော လောကမှာသေသေချာချာ စဉ်းစားကြည့်
ရင် အရေးကြီးတယ်ဆိုတာ ဘာမျမဟုတ်ပါဘူး ။
စိတ် ကနည်းနည်းလေး အလျှင်လိုနေတာပါ။
အရေးကြီးတာတွေက များလွန်းလို့ ဘာကိုပြောရမှန်းမသိ တော့ဘူး...တကယ်တမ်း ကိုယ်အတွက် အရေးကြီးတာကတော့ မိဘ... အစားထိုးမရတာက အချိန်...ကျန်တာတွေက ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ...
တကယ်တော့ လောကမှာ လူတိုင်းနီးပါးက ကိုယ်အတွက်အရေးကြီးဆုံးက ဘာလဲဆိုတာ သေသေချာချာ သဲသဲကွဲကွဲမသိပဲ ဘ၀ကိုသတိလက်လွတ်ဖြတ်သန်းနေကြတာပါ။
မနှင်းဆီပြောသလိုပေါ့ လူတွေရဲ့အရေးအကြီးဆုံးဆိုတဲ့ အရာက အချိန်နဲ့အမျှပြောင်းလဲ နေတာ။ ဒါကလည်းဘယ် တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူးလေ လူဆိုတာက အမြဲတမ်းတစ်ခုမဟုတ်တစ်ခု လိုအပ်နေတာချည်းပဲ သူတို့လိုနေတဲ့အချိန်မှာတော့ သူတို့လိုတဲ့အရာကအရေး အကြီးဆုံးပဲ လို့ထင်တယ်။ ဒါကြောင့်လူတစ်ယောက်ကို လောက မှာဘာအရေးကြီးဆုံးလဲလို့မေးရင် သူကိုယ်တိုင်တောင် တိတိကျကျမရှိတဲ့ယောင်ဝါးဝါးအဖြေတွေပဲထွက်လာ တတ်တာပေါ့။ မနှင်းဆီရေ အရေးအသားကတော့ မိုက်တယ်ဗျာ ပေါ့ပေါ့ပါးပါးလေးနဲ့ ကိုယ်ဆိုလိုရာ ကိုဆွဲခေါ်သွားတယ်။
ရုပ်ဝတ္ထု၊ ပကာသနတွေက အမြဲလိုလို အရေးကြီးလိုက် မကြီးလိုက် ဖြစ်ဖြစ်နေတော့ အရေးကြီးဆုံး ဆိုတဲ့ ဝေါဟာရနဲ့တောင် မတန်ပါဘူး။ တကယ်တမ်း အရေးအကြီးဆုံးက သတိရှိဖို့နဲ့ နှလုံးသွင်းမှန်ဖို့ပါ။ ဒါ ကျနော်ပြောတဲ့ စကား မဟုတ်ဘူးနော်။ ဗုဒ္ဓမြတ်စွာဘုရား ပြောသွားတာ။ :)
လောကကြီးမှာ အလုံးစုံ ပြီးပြည့်စုံတယ်ရယ်လို့ မရှိပါဘူး။ အတ္တကြီးတဲ့ (လူ)တွေအတွက်တော့ အရာရာ ပိုပြီး လိုအပ်နေမှာပါ။ သူတောင်းစား တစ်ယောက်အတွက် တစ်နေ့တာ အလိုအပ်ဆုံးက တော့ သူ့ဝမ်းသူဖြည့်ဖို့ အစားအစာဟာ အရေးကြီး ပါတယ်။ လိုအပ်ချက်တွေ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်သလို၊ အခြေအနေနဲ့ အချိန်အခါအပေါ် မူတည်ပြီးလည်းပဲ ပြောင်းလဲ နေမှာပါ။ စာလေးအတွက် ကျေးဇူးပါ။
ခင်မင်လျက်
ဝင်းဇော်
အစ်မနှင်းဆီ ပြောတလို့ပေါ့။လူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်သလို့အချိန်အခါအရ
လည်းပြောင်းတက်တာမှန်ပါတယ်။ကျွန်တော်ကတော့ မိမိရည်မှန်းထားတဲ့ပန်းတိုင် ကိုရောက်အောင်သွားနိုင်ဖို့ကအရေးကြီးဘာတယ်။လူတိုင်းမှာ ရည်မှန်းချက်ဆိုတာရှိဖို့လည်း အရေးကြီးတယ်လို့ထင်ပါတယ်
မျိုးလေး
ကျနော် အမြင်လေးကို နည်းနည်း ပြောသွားမယ်ဗျာ။ လူအများစုကို “လောကမှာ ဘာအရေးကြီးဆုံးလဲ” လို့ မေးလိုက်ရင် ကိုယ်လိုအပ်နေတဲ့ သက်မဲ့အရာ ပစ္စည်း တစ်ခုခု(အများစုကတော့ ငွေပေါ့) ကို ဘာကြောင့် အရင် ပြေးမြင်မိကြတာလဲ။ အရေးကြီးဆုံးလို့ ဆိုလိုက်တာနဲ့ လိုအပ်ချက်တစ်ခုကို တွေးတောမိ တတ်တာကတော့ နည်းနည်း မှားယွင်းမှု ဖြစ်နေတယ်။ ကျနော် အပါအဝင်ပါပဲ။ ဒါပေမယ့် ကျနော် ထင်မိတဲ့ အရေးကြီးဆုံးကတော့ ပစ္စပ္ပုန်မှာ ဖြစ်ပေါ်နေတဲ့ ကိုယ့်စိတ်ရဲ့ ငြိမ်းအေးချမ်းသာမှုပဲ။ ဖြစ်လာသမျှတွေ အပေါ် ရောင်ရဲတဲ့စိတ်၊ တည်ကြည်တဲ့စိတ် လို့လည်း ဆိုချင်တယ်ဗျာ။ ကျနော့် အမြင်သက်သက်မျှပါ။ ပို့ကောင်းလေးပါပဲ။ နှစ်သက်မိပါတယ်။ လောလောဆယ်တော့ ကျနော်လဲ ကော်ဖီ သောက်ထားလို့ ခံတွင်းက ဆေးလိပ်ကို ချဉ်ခြင်း ဖြစ်နေတယ်။ :P
အခုချိန်မှာ အရေးကြီးဆုံးက ကျမ်းမာရေးလို့ ထင်တယ် မနှင်းဆီရယ်..:(
ကော်ဖီသောက်ချင်တယ် ....... :D
အတွေးလေး ကောင်းတယ်။း-)
မလတ်ပြောထားတာတွေမှန်ပါတယ် ခုချိန်မှာမီးလေးတွက်အရေးကြီးဆုံးကတော့ အလုပ်မြန်မြန်ပြီးဖို့ ဟိဟိ
ကျွန်တော် ထင်တာကတော့ လောကမှာ အရေးအကြီးဆုံးက အရေးကြီးတာတွေ ရှိနေဖို့ပဲ။ အဲဒါပဲလို ထင်တယ်။ မရှိရင်... တော်တော် ပျင်းဖို့ကောင်းသွားလိမ့်မယ်။
>>> ကိုဇော်ထွန်းရေ ဘယ်လိုလုပ်ပြီးသိတုန်း အမကလက်ဖက်ရည်ဆိုဘာသောက်တယ် ကော်ဖီဆိုခါးခါးလေးသောက်တယ်ဆိုတာ မြကြေးမုံကကော ဘာသောက်သလဲဟင်း)
>>> သံလွင်လေးတစ်ယောက်စိတ်ချမ်းသာနိုင်ပါစေ..
>>> ဇော်မင်းအောင်ရေ အလျှင်လိုကြတာကတော့ ထုံးစံလိုဖြစ်နေကြတာပါပဲ စိတ်ကိုထိန်းနိုင်ဖို့ကတော်တော်ခက်ခဲကြပါတယ်
>>> ကေမောင်ငြိမ်း သားလိမ်မာတစ်ယောက်ဖြစ်ပါစေ
>>> လင်းရေ ကျေးဇူးနော်
>>> ပီကေရေ ပြေပြပေးတဲ့အတွက်ကျေးဇူးနော်
>>> ကိုဝင်းဇော်ကိုလဲကျေးဇူးတင်ပါတယ်
>>> မျိုးလေးရေ ရည်မှန်းချက်တွေပြည့်စုံနိုင်ပါစေ
>>> ၀လုံးဝိုင်းဝိုင်းကတော့လုပ်ပြီ ကော်ဖီကိုတော့ကိုယ့်ဘာသာကိုသောက်ထားတယ်ပေါ့ ဆေးလိပ်လာတိုက်ခိုင်းနေတာလား အဲ့ဒါတော့မဖြစ်ဘူးနော် လူမိုက်အားမပေးဘူး အဟဲ
>>> မဆုမွန်က နေမကောင်းဘူးထင်တယ် ကျန်းမာရေးဂရုစိုက်ဦးနော် လာဝေဖန်သွားတာကိုကျေးဇူးပါ
>>> ညီမငယ်မိုးခါးရေ လာခဲ့တိုက်မယ် အရောက်သာလာ
>>> ကိုကောင်းကင်ကိုရေ ကျေးဇူးပါ
>>> flowerworld အလုပ်တွေအမြန်ပြီးနိုင်ပါစေ ကျေးဇူးပါနော်
>>> daywalker အရေးကြီးတာတွေလျော့နိုင်ပါစေ ကျေးဇူးတင်ပါတယ်
မလတ်....
အရေးအကြီးဆုံးဆိုတာ ဘာလည်းလို့သေသေချာချာ မပြောတတ်ပေမယ့် လိုအပ်လာတဲ့အချိန်
အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး အဓိကနဲ့ သာမညကို ပိုင်းခြားဆုံးဖြတ်နိုင်ခြင်းဟာလည်း အရေးကြီးဆုံးတစ်ခုလို့ ဆိုရမလား ? ကိုကြီးအမြင်လေးပါ။
အတွေးလေး သဘောကျပါတယ်။
ကျွန်တော့်အမြင်အရတော့ လူတစ်ယောက်အတွက်အရေးကြီးဆုံးက
လုပ်ချင်တဲ့အရာကို လုပ်နိုင်ခြင်းနဲ့
လုပ်ခဲ့တဲ့လုပ်ရပ်နဲ့ပတ်သတ်ပြီး မိမိကိုယ်ကို ကျေနပ်နိုင်ခြင်းပါ။
ဒါမှလည်း ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်မယ်၊ လေးစားတတ်မယ်၊ နောင်တတွေနည်းလာမယ်၊ ရောင့်ရဲနိုင်လာမယ်၊ ပျော်ရွှင်နိုင်လာပါမယ်လို့ ထင်မိပါတယ်ဗျာ။
လော၂ဆယ်တော့ ကော်ဖီသောက်ချင်တယ် အမ... :P
>>> ကိုကြီးရေအားပေးတဲ့အတွက်ရော နားထောင်ပေးတဲ့အတွက်ရော အရာရာအားလုံးအတွက်ကျေးဇူးအများကြီးတင်ပါတယ်...
>>> ဖိုးဂျယ်ရေ ကျေးဇူးပါ...
>>> MMAရဲ့အမြင်လေးလဲမဆိုးပါဘူး ကျေးဇူးပါ...
>>> မေလေးရေ ကော်ဖီသောက်ဖို့အတွက်ဆိုအချိန်မရွေးလာခဲ့ပါ တိုက်ပါ့မယ်း)
အရေးကြီးတာတွေများလို့ အကြီးမရေးတော့ဘူး
ဘာပဲပြောပြောကော်ဖီတိုက်ဖို့ အရေးကြီးတယ်
အစ်မရဲ့ အတွေးလေးတွေကို သဘောကျပါတယ်...။အရေးကြီးဆုံးဆိုတာ ပြောင်းလဲနေပါတယ်..။ကျွန်တော်အထင်ကတော့
ကိုယ်ကိုကိုယ်ရှုမြင်သုံးသပ်တက်ဖို့လိုအပ်တယ်လို့
ထင်မြင်မိပါတယ်..။စာကြိုးစားတဲ့ကလေးအတွက်
စာမေးပွဲက အရေးကြီးပါတယ်..။ရည်မှန်းချက်မရှိ
တဲ့သူကတော့ အရေးမကြီးပါဘူး...။ဝတ်ကျေ
တမ်းကျေလောက်ပဲဖြစ်မှာပါ..။မိဘကိုတန်ဖိုးထား
တဲ့သူတွေအတွက် မိဘက အရေးကြီးမှာပါ...။ဒီ
လိုပါပဲ နေရာအတော်များများမှာ ကိုယ့်ရဲ့ခံယူ
ချက်ရည်မှန်းချက်တန်ဖိုးထားတက်မှုတွေကို
မူတည်ပြီးတော့ အရေးကြီးဆုံးတွေက ပြောင်းလဲ ကောင်းပြောင်းလဲနိုင်တယ်လို့
ထင်မြင်မိပါတယ်...။
လေးစားစွာဖြင့်
မိုးစက်နှင်းဆီ
အစ်ကိုအရေးအကြီးဆုံး....
ဟုတ်တယ်.. အကောင်းပြောတာ... ဟီး...
နေ့အိပ်မက်အတွက်လေ... :P
ဒီ စကားလေးတွေ သဘောကျတယ်....။
လောကမှာအရေးကြီးဆုံး ကိစ္စဆိုတာ အချိန် နဲ့ အခြေ အနေပေါ်မူတည်ပြီးဖြစ်လာတယ်ဆိုတာ မှန်တယ်ဗျ..။
ကျွန်တော်လည်းအဲ့လို တွေးမိတာကြာ ပြီ...။
ကျေးဇူး...။ကျွန်တော့အတွေးလေး အတွက်ယုံကြည် မှုတစ်ခုရသွားလို့
>>> မြစ်ကျိုးအင်းရေအကြီးမရေးတော့ပေလို့ပဲ ကော်ဖီကတိုက်ခိုင်းသွားသေးး)
>>> စိတ်စမ်းရေရေ အမြင်လေးဖလှယ်ပေးတာကျေးဇူးပါ...
>>> ညီမငယ်နေ့အိပ်မက်ကအရေးကြီးတာလေးကို ကြော်ငြာသွားသကိုးးးး အဟတ် အဆင်ပြေပါစေနော်...
>>> မောင်ငယ်လေးလဲကိုယ့်ယုံကြည်မှုကိုတန်ဖိုးထားတတ်ပါစေ...
ခင်တဲ့
မလတ်
လောကမှာ အရေးကြီး ဆုံး အရာမှာ အရေးကြီး ဆုံး အရာ သာ ဖြစ်ပါသည်။
သို့သော်
အရေးကြီးဆုံး အရာ သည် လည်း အရေးမကြီး ဆုံး အရာပင်ဖြစ်ပါသည်