ချစ်သူ့မျက်နှာညိုတဲ့အခါ
င့ါရင်တစ်ခုလုံး ပျက်ကြွေပြုန်း
ကောင်းကင်တစ်ခုလုံး မှောင်အတိဖုံး
ပစ္စုပန်ဟာ ခြောက်ကပ်သွားပြီး
င့ါမနက်ဖြန်တွေ အသက်မဲ့သွားခဲ့တယ်.....
ချစ်သူ့မျက်ဝန်းကစီးဆင်းလာတဲ့
သောကမြစ်ရေတွေ ခြောက်ခန်းဖို့
လောကသံစဉ်နဲ့ဖေးကာချော့လို့
ပင့်သက်အနမ်းနဲ့ ထွေးကာထားပါ့မယ်......
ချစ်သူ့နှုတ်ဖျားကလွင့်ပျံ့လာတဲ့
မောဟလှိုင်းတံပိုးတွေငြိမ်သက်ဖို့
ချစ်မေတ္တာတွေဖြန့်ကြဲလို့
င့ါရင်တစ်ခုလုံး ပျက်ကြွေပြုန်း
ကောင်းကင်တစ်ခုလုံး မှောင်အတိဖုံး
ပစ္စုပန်ဟာ ခြောက်ကပ်သွားပြီး
င့ါမနက်ဖြန်တွေ အသက်မဲ့သွားခဲ့တယ်.....
ချစ်သူ့မျက်ဝန်းကစီးဆင်းလာတဲ့
သောကမြစ်ရေတွေ ခြောက်ခန်းဖို့
လောကသံစဉ်နဲ့ဖေးကာချော့လို့
ပင့်သက်အနမ်းနဲ့ ထွေးကာထားပါ့မယ်......
ချစ်သူ့နှုတ်ဖျားကလွင့်ပျံ့လာတဲ့
မောဟလှိုင်းတံပိုးတွေငြိမ်သက်ဖို့
ချစ်မေတ္တာတွေဖြန့်ကြဲလို့
လရိပ်နဲ့တေးသီကာနွေးစေပါ့မယ်.......
ချစ်သူ့မျက်နှာပြုံးတဲ့အခါ
င့ါရင်တစ်ခုလုံး
ပီတိအဟုန်လွှမ်းခြုံလို့
ကြယ်စင်တွေကခုန်သွားပြီး
ပန်းတွေအကုန်ဖူးပွင့်ခဲ့တယ်......
ချစ်သူ့အပြုံး
ကမ္ဘာတစ်ခုလုံး ထာဝစဉ်မပျက်သုဉ်းဖို့
စမ်းများတွင် ပန်းများအစဉ်လန်းဖို့
ကောင်းကင်တစ်ခွင် ကျေးငှက်တွေပျော်မြူးဖို့
တေးသံစဉ် ချိုမြိန်စွာသီကျူးဖို့
င့ါမနက်ဖြန်တွေ အသက်ဝင်လာဖို့
ထာဝစဉ် ထာဝရ
ပြုံးစမ်းပါ့ချစ်သူ.......။
မူပိုင် = နှင်းဆီနက်
ချစ်သူ့မျက်နှာပြုံးတဲ့အခါ
င့ါရင်တစ်ခုလုံး
ပီတိအဟုန်လွှမ်းခြုံလို့
ကြယ်စင်တွေကခုန်သွားပြီး
ပန်းတွေအကုန်ဖူးပွင့်ခဲ့တယ်....
ချစ်သူ့အပြုံး
ကမ္ဘာတစ်ခုလုံး ထာဝစဉ်မပျက်သုဉ်းဖို့
စမ်းများတွင် ပန်းများအစဉ်လန်းဖို့
ကောင်းကင်တစ်ခွင် ကျေးငှက်တွေပျော်မြူးဖို့
တေးသံစဉ် ချိုမြိန်စွာသီကျူးဖို့
င့ါမနက်ဖြန်တွေ အသက်ဝင်လာဖို့
ထာဝစဉ် ထာဝရ
ပြုံးစမ်းပါ့ချစ်သူ.......။
မူပိုင် = နှင်းဆီနက်
အမြဲ ပြုံးတော်မူ... ရင်တကာ ခုန်၏.. ချစ်သူပျို မေပျိုဖျန်းစကား ခွဲရက်ပါ့မလား....
Wowwww နူးညံ့လိုက်တဲ့အချစ်ကဗျာလေး။
ခိုက်သဗျာ။အပေါ်က ကွန့်မန့်လေးကလည်း
မခေဘူးပဲဗျ။ အားပေးတယ်ဗျိုး။
လေးစားစွာဖြင့်
ရဲဝင့်သူ
ဖတ်ပြီး ပြုံးမိတယ်..
ကဗျာလေး ကောင်းမှကောင်း..း)
This comment has been removed by the author.
င့ါမနက်ဖြန်တွေ အသက်ဝင်လာဖို့
ထာဝစဉ် ထာဝရ
ပြုံးစမ်းပါ့ချစ်သူ.......
စာသားလေးတွေ ကောင်းလိုက်တာ ချစ်သူရဲ့အပြုံးကို တော့ အမြဲမြင်ချင်တာ အမှန်ဗျို့..
ချစ်သူ့မျက်နှာပြုံးတဲ့အခါ
င့ါရင်တစ်ခုလုံး
ပီတိအဟုန်လွှမ်းခြုံလို့
ကြယ်စင်တွေကခုန်သွားပြီး
ပန်းတွေအကုန်ဖူးပွင့်ခဲ့တယ်........
အင်း...အဲလို မျိုးဆို တကယ် ကြည်နူးစရာပဲနော်။ကောင်းလိုက်တဲ့ ကဗျာလေး ခံစားရတယ်ဗျာ..။
ခင်တဲ့
အားလုံးကိုပျော်စေချင်သူ
ချစ်သူ့မျက်နှာပြုံးတဲ့အခါ
င့ါရင်တစ်ခုလုံး
ပီတိအဟုန်လွှမ်းခြုံလို့
ကြယ်စင်တွေကခုန်သွားပြီး
ပန်းတွေအကုန်ဖူးပွင့်ခဲ့တယ်......
လှလိုက်တဲ့ ကဗျာ ။
ခင်မင်စွားဖြင့်
ဗညားရှိန်
ကောင်းတယ်ဗျာ...ဖတ်လို့ရော ခံစားပြီးရေးထားတာရောပေါ့ အားပေးပါတယ်ဗျာ မနှင်းဆီနက်ရေ... နောက်လည်း ခေါ်ပါဦး နောက်မို့ဆိုရင် အိမ်လည်ဖို့ မေ့မေ့နေလို့ ကျေးဇူးပဲနော်....။
တို့ ကတော့ အပြုံးလွန်နေတယ်ဝေ့
အနုအရွလေးနဲ့ ဖတ်လို့ကောင်းတယ်ဗျာ
heart ထိတယ်
ဖတ်ပြီးတော့ မှတ်သွားတယ် နောက်ဆို ဒါ မျိုးရေးတတ်အောင်။
ဖတ်ပြီးတော့ မှတ်သွားတယ် နောက်ဆို ဒါ မျိုးရေးတတ်အောင်။
မနက်ဖြန်တွေ အသက်ဝင်ဖို့ ထာဝစဉ် ထာဝရ
ပြုံးစမ်းပါ့ချစ်သူ တဲ့လား...။ အရေးအသားလေးတွေက ရင်ထဲထိရောက်အောင် ရေးတတ်ပါပေ့ဗျာ...။
အမြဲပြုံးနေနိုင်ပါစေ နှင်းဆီနက်ရေ.. ကဗျာကောင်းလေးကို လာဖတ်ပါတယ်..
လာ၍ ခံစားခဲ့ပါသည်။
ချစ်သူ့မျက်နှာကို သေသေချာချာ ခံစားသလိုပဲ
မိဘမျက်နှာကိုလည်း သေသေချာချာ ခံစားနားလည်
ပြီး သမီးကောင်းတစ်ယောက်လည်း ဖြစ်နိုင်ပါစေ
ငါ ဆုတောင်းလိုက်ပါတယ်အမ
ခင်တတ်တဲ့
စေတနာ
ကဗျာလေးကို
၂ခေါက်ဖတ်သွားတယ်...
အားပေးနေပါတယ်..အမ.
ဒီစာလေးအတွက် ၃ ရက်တိတိ ကြိုးစားခဲ့ပါတယ်
ကျေနပ်ပါနော်
ငါ့မနက်ဖြန်တွေ အသက်ဝင်လာဘို့
ပြုံးပြလိုက်ပါ ကိုလင်းဦးရေ
အဲဒါဆို
ကြယ်စင်တွေ ကခုန်ပြီး
ချစ်သူမျက်နှာလေး ပန်းကလေးလို့ ဖူးပွင့်လန်းဆန်းသွားပါလိမ့်မယ်------
“ပြုံးစမ်းပါ့ချစ်သူ”ဆိုတဲ့ အသုံးအနှုန်းလေးက တစ်ပုဒ်လုံးမှာ အလှဆုံးပါပဲ... သိပ်သဘောကျမိပါတယ် အစ်မနှင်းဆီနက်ရေ...
မင်္ဂလာပါရှင်..
အလည်လာပြီး ကဗျာလေးတွေဖတ်သွားပါတယ်နော်..
အလည်လာတာကျေးဇူးတင်ပါတယ်။
စီဘုံးမှာရေးလို့ မရနေလို့ ဒီမှာ နှုတ်ဆက်သွားပါတယ်။
ချစ်သူ အပြုံကြောင့် ငြိမ်းအေးကြည်နူးနိုင်ပါစေ။ နှစ်သက်စွာ ခံစားသွားပါတယ်။