ကျွန်မကို ကျွန်မရဲ့မောင်ငယ်ဗညားကတဂ်လာပါတယ်။ သူတဂ်လာတဲ့ခေါင်းစဉ်ကိုကြည့်လိုက်တော့ ကျွန်မ မျက်လုံးအတော်ပြူးသွားတယ်။ အမလေး.. ဗညားရယ်ဒါကြီးကိုလာတဂ်ရလား လို့ စိတ်ထဲကညည်းမိပါ တယ်။ ဗညားကိုတွေ့တော့ကျွန်မက ဗညားရေ မရေးချင်ဘူး၊ မရေးရင်မရဘူးလား ပြောတော့ အမရယ် နဲနဲ စတိလောက်တော့ရေးပတဲ့ မရေးမချင်း ကျွန်မကို မကြီးလတ် ရေးဦးလေ အားသေးဘူးလား သူများတွေ ရေးပြီးကုန်ပြီနော် ဆိုပြီး ဂျီကျနေတာနဲ့ပဲ အရင်တုန်းကအတိတ်ကိုပြန်လည်တူးဆွပြီး ရေးလိုက်ပါတယ်။


ကျွန်မငယ်ငယ်ကတည်းက အိမ်မှာသမီးတစ်ယောက်တည်းမို့ မိဘနဲ့အကို၊မောင်တွေက မျက်စေ့အောက်က အပျောက်မခံပါဘူး။ အကိုနဲ့မောင်ကြားမွေးလာလို့လားမသိ ကျွန်မမိန်းကလေးပေမဲ့ စကားပြောတာ၊ တွေး တောတာကအစ မိန်းမမဆန်ခဲ့ဘူး။ အကိုတွေမောင်တွေနဲ့အပြိုင် အနိုင်ပိုင်းဆော့ခဲ့တယ်။ အကိုကလဲသူ့ညီမ ကိုတခြားလူတွေကရိတိတိစကားပြောရင် စိတ်တိုပြီးလက်ကပါလာပြီ ၊ မောင်ငယ်ကလဲသူ့အမကို အထိမခံ၊ အကြည့်မခံ.။ နောက်ပြီးကျွန်မကိုယ်တိုင်ကယောကျာ်းဆန်ပြီး ယောကျာ်းလေးလိုပြောဆိုနေထိုင်တော့ တော်ရုံလူအနားကပ်လို့မရ။


အထက်တန်းကျောင်းတုန်းကလည်း ကျောင်းသွားရင် အကိုနဲ့မဟုတ်ရင်မောင်နဲ့သွားရတော့ ကျွန်မကိုလိုက် တဲ့သူတွေက စောင့်ကြည့်သီချင်းစောင်းဆိုရုံပဲအခွင့်အရေးရပါတယ်။ ကျောင်းခန်းထဲမှာဆိုရင်တော့ စာအုပ် ငှားပြီးစာအုပ်ကြားမှာစာညှပ်ပေး၊ စာအုပ်ထဲရည်းစားစာရေးပေး၊ ရည်းစားစာရွက်တွေကိုစက္ကူစွန်လုပ်ပြီးပစ်၊ သီချင်းတွေလက်ရွေးစင်ကူးပေး၊ ပို့စ်ကတ်တွေလက်ဆောင်ပေး၊ လက်ကိုင်ပုဝါလှလှလေးတွေဝယ်ပေး၊ ဖောင်တိန်၊ ကလစ်၊ ရင်ထိုးလေးတွေလက်ဆောင်ပေး စတဲ့ပိုးကြေးပန်းကြေး နည်းအမျိုးမျိုးနဲ့ကြိုးစားကြ ပါတယ်။ ကျောင်း၊ ကျူရှင်၊ အပြင်သွားတာကအစ အကို(သို့)မောင်တစ်ယောက်ယောက်ကအမြဲပါခဲ့တာရော ကျွန်မကိုယ်တိုင်က အချစ်ရေးကိုစိတ်မ၀င်စားတာရောကြောင့် အထက်တန်းပြီးတဲ့အထိရည်းစားမထားဖူး ခဲ့ဘူး။


ပထမနှစ်စတက်ရတဲ့အချိန်မှာတော့ ကျွန်မကိုရင်ခုန်စေတဲ့သူနဲ့စတင်ဆုံဆည်းခဲ့ပါတယ်။ စကားပြောရင် ပွင့်ပွင့်လင်းလင်း အသံကျယ်ကျယ်ပြောတတ်တဲ့ကျွန်မ. သူများကျွန်မဆီလာပြီး စကားပြောရင် ပြောစရာ စကားတွေပျောက်ဆုံးခဲ့ကာ အသံတွေတုန်ပြီး လက်တွေပါတုန်တဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပါတယ်။ သူကတော့မသိပေမဲ့ ကျွန်မသူငယ်ချင်းတွေက ကျွန်မအဖြစ်ကိုရိပ်မိနေခဲ့ပါတယ်။


စာသင်ခန်းရှေ့ မှာ သူလာရပ်ကြည့်နေရင် ကျွန်မအာရုံတွေစာမှာမရှိတော့………


ကင်န်တင်းထိုင်လို့သူပါလိုက်စားတဲ့နေ့ဆို ကျွန်မစားတဲ့အရာက အရသာတွေဘယ်ပျောက်ကုန်လဲမသိ……..။


စကားပြောရင်မျက်နှာကြည့်ပြောမှအားရတဲ့ကျွန်မ သူ့မျက်နှာကြည့်ဖို့အားယူရတာပင်ပန်းလွန်းခဲ့တယ်……..။


သူ့အသံကြားရင် ကျွန်မရင်တွေခုန်နေခဲ့တယ်………


သူကူးပေးတဲ့စာတွေကျက်ရတာ ပိုမှတ်မိစေခဲ့တာ………


သူမိုးပေးတဲ့စာအုပ်လေးတအုပ်က ကျွန်မအတွက်အရိပ်ရစေခဲ့တာ…………..။


သူဖျော်ပေးတဲ့ကော်ဖီက ချိုမြိန်စေခဲ့တာ………….။


သူ့ဂရုစိုက်မှုအောက်မှာ နွေးထွေးတတ်ခဲ့တာ…………


သူ့အပြုံးမှာ ပျော်ဝင်နေခဲ့တာ…………..။


သူဘေးမှာရှိနေတဲ့အချိန်တွေမှာ ကျွန်မကျောက်ရုပ်တရုပ်လိုငြိမ်သက်သွားခဲ့တာ……..။


ဒါဟာ…….အချစ်လား……….အချစ်တဲ့လား………..အချစ်ကလူတစ်ယောက်ကို အကြီးအကျယ်ပြောင်းလဲသွားစေသလား……… ကိုယ်တွေ့မို့ကျွန်မယုံခဲ့ရပြီ……..။


ကျွန်မတို့ချစ်သူတွေဖြစ်သွားပြီးနောက်ပိုင်းအဖြစ်တွေကိုဆက်သိချင်ရင်တော့ ပို့စ်အဖြစ်တင်ထားဖူးတာကို ပြန်ညွှန်းရတော့မှာပဲ။ http://www.hninsinet.com/2009/03/blog-post_08.html


ကဲ ကျေနပ်ပါတော့ဗညားရေ..။


မူပိုင် = နှင်းဆီနက်

Category : | Read More......

15 Response to "ထားခဲ့ဖူးတဲ့ရည်းစားများ"

  1. ဟဲ ဟဲ အမကလည်းဂလိုလေးတွေရှိတယ်ပေါ့လေ

     

  2. Unknown Said,

    ထားခဲ့ဘူးတဲ့ ရည်းစားတွေ.. အကြောင်း ဆိုပြီး ရေးရတာ.... ကျွန်တော်သာဆို ရေးမှာမဟုတ်ဘူး.. စိတ်ညစ်လို့... ၊၊း)) မလတ်ကတော့ ရေးတတ်ပါ့

     

  3. တီတီဘလက်ရေ... လွမ်းစရာလေးတွေ ပြန်တွေးမိသွားတာပေါ့နော်။ ဟုတ်ပ အဲလိုကြီး Tag ရတယ်လို့နော်။ လူကြီးကို ... :-)

     

  4. Anonymous Said,

    မကြီးရေ ပြဿနာ တက်နဲ့နော် ... ကျွန်တော်လဲ တက်ပြီးပြီးလေ ဒီတော့ နားလည်တယ် ... ပြန်ချော့လိုက် နည်းနည်းလောက် ယောက်ကျာလေးပဲ
    မမူနိုင်ပါဘူးဗျ ဟီးဟီး . . . . .

     

  5. Younggun Said,

    နောက်ပိုင်းတွေ ဆက်သိချင်ပါသေးတယ် ဒါဟာ ရိုမန်တစ်ဖြစ်လာနိုင်တယ် မဟုတ်လား အစ်မရဲ့။

     

  6. ဒါဟာ…….အချစ်လား……….အချစ်တဲ့လား………..အချစ်ကလူတစ်ယောက်ကိုအကြီးအကျယ်ပြောင်းလဲသွားစေသလား……… ကိုယ်တွေ့မို့ကျွန်မယုံခဲ့ရပြီ……..။

    ဖတ်သွားတယ်
    နှင်းဆီနက်ရေ
    အချစ်

     

  7. ကဲ အောင်မြင်စွာ ရေးပီးပီပေါ့လေ၊ အားလုံးအိုကေမှာ ပါ၊ မအိုကေ လဲ ရအောင် အိုကေပါ

     

  8. may16 Said,

    မနှင်းဆီရေ အချစ်အကြောင်း တစ်စေ့တစ်စောင်းလာဖတ်ပါတယ်နော်..

     

  9. အမကတော့ ဗညားမွှေတာခံလိုက်ရတာပေါ့ .. လွမ်းစရာလေးနော် ..း)

     

  10. flowerworld Said,

    အမယ်မယ် မမလတ်လဲတစ်ညိုးလေးပဲပေါ့နော် ခွိခွိ

     

  11. Welcome Said,

    သင်ယူသွားပါတယ် ..
    အော် အချစ် အချစ် အချစ်

     

  12. JulyDream Said,

    အဟွတ် အဟွတ်...

    နေကောင်းသွားပေမယ့် ချောင်းဆိုး မပျောက်သေးဘူးဗျ။ လက်ကိုင်ပုဝါလေး ပါးစပ်မှာ အုပ်ပြီး ချောင်းဆိုးတာပါ။ ရောဂါကူးမှာ မကြောက်နေနဲ့အုံး။ အဟွတ်... အဟွတ်...

     

  13. အစ်မက အချစ်ဦးကံ မကောင်းဘူးကိုး.....

     

  14. ပျော်ရွှင် အဆင်ပြေ ချမ်း မြေ့ စွာ အတူတကွ ဆက်လက်
    လက်တွဲ နိုင်ကြပါစေဗျား...

     

  15. အချစ်ကံ ကောင်းပါစေ လို့  ဆု တောင်းပေးလိုက်ပါတယ်

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။