ပန်းရထားပေါ်မှာလဲ
အချစ်တွေဖြန့်ကြဲ
နေနဲ့လကိုသက်သေထား
ကမ္ဘာမြေကိုတိုင်တည်
အချစ်တွေမယိုင်လဲ
သစ္စာတော်ပြိုင်ကဲ
တစ်သက်မခွဲ
အမြဲ လက်တွဲသွားမယ်...........။
ကံကြမ္မာကပဲ လှည့်ဖျားလေသလား
ရင်နာစရာကပဲ ပွားစေသလား
မယုံနိုင်စရာဝေဒနာဆိုးနဲ့
ငါ့ရင်ခွင်ထဲကမင်း
တုန့်ပြန်မှုတစ်စုံတစ်ရာမပေး
င့ါရဲ့ အဝေး မင်းထွက်သွားခဲ့တယ်..............။
ငါ့ရဲ့ အနားကိုမင်း
ပြန်မလာနိုင်တာသိပေမဲ့
ပြန်လာချိန်ကိုစောင့်နေတဲ့
ငါ့ရဲ့ အရူးအဖြစ်တွေကို
မင်း......... မြင်စေချင်တယ်
ငါ့ရဲ့ အလွမ်းနေ့တွေ.........
မင်း......... သိစေချင်တယ်
ငါ့ရဲ့ အလွမ်းညတွေ.........
မင်း......... ကြားစေချင်တယ်
ငါ့ရဲ့ အလွမ်းရှိုက်သံတွေ....။
အတွေးတွေလွင့်ပျံ့ နေတဲ့ တည
မဟူရာကောင်းကင်ကိုငေးကြည့်ရင်း
မှတ်မှတ်ရရမင်းကိုငါလွမ်းနေတုန်း
အမှတ်မထင်ကြွေကျလာတဲ့
ကြယ်ကလေး မြေမခခင်
လျှပ်တစ်ပြက်ငါ တောင်းဆုချွေတာ
မင်း ကောင်းရာဘုံဘ၀ရောက်ဖို့ပါ...........။
စကြာဝဠာရဲ့ အဆုံးတစ်နေရာမှာ
ငါဟာ မင်းကိုရှာတွေ့လို့ရရင်
မင်းနဲ့ဆုံဆည်းဖို့
အလွမ်းရထားစီးကာ
သစ္စာကိုရင်မှာပိုက်
အချစ်ဆိုတဲ့နှင်တံကိုကိုင်လို့
အတိတ်တွေကိုရွက်လွှင့်ပြီး
တောင်းဆုတွေပြည့်ဖို့
ကြယ်ကြွေချိန်စောင့်လို့
ကြယ်တွေကောက်ကာ ခရီးနှင်မယ်...........။
မူပိုင် = နှင်းဆီနက်
အတူယှဉ်ကာနွှဲမယ်
Subscribe to:
Post Comments (Atom)
ကာရံလေးတွေနဲ့ ကဗျာ က ကြည်နူးရတော့မလိုလို ကြေကွဲ ရတော့မလိုလိုနဲ့ ...
ကဗျာလေးတော့ခိုက်သွားပြီ...။
ကြွယ်ကြွေကောက်ရင်းခရီးရောက်နိုင်ပါစေဗျာ
မမ
ကြယ်ကြွေရင် ကူပြီးဆုတောင်းပေးမယ် သိလား.... :)
(ငါ့ရဲ့ အနားကိုမင်း
ပြန်မလာနိုင်တာသိပေမဲ့
ပြန်လာချိန်ကိုစောင့်နေတဲ့
ငါ့ရဲ့ အရူးအဖြစ်တွေကို
မင်း......... မြင်စေချင်တယ်
ငါ့ရဲ့ အလွမ်းနေ့တွေ.........
မင်း......... သိစေချင်တယ်
ငါ့ရဲ့ အလွမ်းညတွေ.........
မင်း......... ကြားစေချင်တယ်
ငါ့ရဲ့ အလွမ်းရှိုက်သံတွေ....။)
ကြိုက်တယ် ဒီအပိုဒ်လေး
ကြယ်ကြွေတော့ ကောက်တော့ဘူး ကြယ်ကြွေရင်တော့ ချစ်တဲ့သူနဲ့ရပါစေလို့ဆူုတောင်းတယ် ဟီးးးးးး တစ်ခါပဲတွေ့ဖူးတယ် =ကြယ်ကြွေတား)
ကြယ်ကြွေကောက်ရင်း ခရီးဆုံးရောက်နိုင်ပါစေနော်
ကောင်းရာဘုံဘဝရောက်ဖို့ ဆုတောင်းပေးပါတယ်ဗျာ..။
ကဗျာလေး ခံစားသွားပါတယ်ဗျာ။ ကြယ်တွေကြွေချိန်စောင့်မနေနဲ့တော့ တက်သာဆွတ်ခူးလိုက်ပါဗျာ..။
ကြယ်ဘယ်နှစ်လုံး ရပြီလဲ....။
ကောင်းတယ်အမရာ ခံစားပေးသွားပါတယ်
အမရေ ကဗျာလေးကောင်းပါတယ် ကြယ်ကြွေမဲ့အချိန်ကို အတူတူဆုတောင်းပေးပါတယ်နော် အမ အဆင်ပြေပျော်ရွှင်နိုင်ပါစေ အစ်မရေ။
နောက်ဆုံးအပိုဒ် ကို ထိတယ်... :-)
နောက်ဆုံးပိုဒ်လေးကို အကြိုက်ဆုံးပဲ
ကြွေသွားတဲ့ကြယ်ကလေးနဲ့ ကြေကွဲစရာကဗျာလေး
ကြွေတဲ့ကြယ်ကလေးကိုလဲ သူ့ချစ်သူကြယ်ကလေးတစ်လုံးက လိုက်ရှာနေဦးမလားမသိဘူးနော်
စကြာဝဠာရဲ့ အဆုံးတစ်နေရာမှာ
ငါဟာ မင်းကိုရှာတွေ့လို့ရရင်
မင်းနဲ့ဆုံဆည်းဖို့
အလွမ်းရထားစီးကာ
သစ္စာကိုရင်မှာပိုက်
အချစ်ဆိုတဲ့နှင်တံကိုကိုင်လို့
အတိတ်တွေကိုရွက်လွှင့်ပြီး
တောင်းဆုတွေပြည့်ဖို့
ကြယ်ကြွေချိန်စောင့်လို့
ကြယ်တွေကောက်ကာ ခရီးနှင်မယ်...........။
ကြိုက်တယ် ဗျာ ဒီအပိုစ်ကို
ကြယ်တွေကောက်ရင်းခရီးနှင်ကြမယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ငါလည်းပဲ တနေ့တော့ မင်းနောက်လိုက်လာခဲ့မှာ ပေါ့...။
ကံကြမ္မာကပဲ လှည့်ဖျားလေသလား
ရင်နာစရာကပဲ ပွားစေသလား
မယုံနိုင်စရာဝေဒနာဆိုးနဲ့
ငါ့ရင်ခွင်ထဲကမင်း
တုန့်ပြန်မှုတစ်စုံတစ်ရာမပေး
င့ါရဲ့ အဝေး မင်းထွက်သွားခဲ့တယ်..............။
ဒီအပိုဒ်လေးကြိုက်တယ်မမရ ....
ကဗျာလေးကအရမ်းကောင်းတာပဲ :)
တောင်းဆုတွေပြည့်ပါစေလို့ ဆုတောင်းပေးသွားပါတယ် ။ :)
မနှင်းဆီနက်ရေ..
ကြယ်ကြွေကောက်ပြီး ကြယ်ကြွေချိန်ဆုတောင်းတွေ ပြည့်ပါစေဗျာ..
ခင်မင်စွာဖြင့်
သီဟသစ်
ညီမလေး ကြယ်တွေ ကောက်နေချိန်မှာ သူသိမှာပါ ညီမရေ
"ကံကြမ္မာကပဲ လှည့်ဖျားလေသလား
ရင်နာစရာကပဲ ပွားစေသလား
မယုံနိုင်စရာဝေဒနာဆိုးနဲ့
ငါ့ရင်ခွင်ထဲကမင်း
တုန့်ပြန်မှုတစ်စုံတစ်ရာမပေး
င့ါရဲ့ အဝေး မင်းထွက်သွားခဲ့တယ်"
ခံစားမှု တစုံ တခု မရှိပဲနဲ့ တော့ ငါ့ ညီမ ရဲ့
လက်ကနေ ဒီလိုမျိုး လှလှပပ စာလုံးလေတွေ ထွက်ကျမလာနိုင်ပါဘူးနော်။ အရမ်း ကောင်းပါတယ် ။ ခံစားချက်ရဲ့ နောက်ကို မီအောင် ကလောင်လက်ဖျားကနေ တစိမ်စိမ့် ယိုစီးကြလာတဲ့ ခံစားမှု ရသ လေးတွေ ကိုဝေ မျှပေးတာ ကျေးဇူးပါဗျာ။
ခင်တဲ့
အားလုံးကိုပျော်စေချင်သူ
ခံစားချက်ပြင်းတာလား ...ကလောင်စွမ်းထက်တာလား ... ??? ကြယ်ကြွေကောက်ဖို့ ကြယ်ကြွေချိန်စောင့်နေတဲ့ သူတစ်ယောက်ကို တကယ်ပဲ တွေ့ခဲ့ရပါတယ် ....
မမလတ်ရေ.. ကဗျာလေးဖတ်ပြီး တမျိုးပဲ..
အထူးသဖြင့် နောက်ဆုံးပိုဒ်လေးပေါ့...
အလွမ်းတွေနဲ့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ကြယ်ကြွေချိန်ကို စောင့်မျှော်နေတဲ့၊ မပျက်ပြယ်တဲ့ သစ္စာတွေနဲ့ ကြယ်ကြွေကောက်ပြီး ဆုတောင်းနေမယ့် မိန်းကလေးတစ်ယောက်ကို မြင်ယောင်ခံစားကြည့်လိုက်တော့ ရင်ထဲမှာ နင့်သွားတယ်...။
စကြာဝဠာရဲ့ အဆုံးတစ်နေရာမှာ
ငါဟာ မင်းကိုရှာတွေ့လို့ရရင်
မင်းနဲ့ဆုံဆည်းဖို့
အလွမ်းရထားစီးကာ
သစ္စာကိုရင်မှာပိုက်
အချစ်ဆိုတဲ့နှင်တံကိုကိုင်လို့
အတိတ်တွေကိုရွက်လွှင့်ပြီး
တောင်းဆုတွေပြည့်ဖို့
ကြယ်ကြွေချိန်စောင့်လို့
ကြယ်တွေကောက်ကာ ခရီးနှင်မယ်...........။
အဲလောက်တောင်ပဲ ချစ်တယ်လား
ခင်မင်လျက်
ယုံမလားတော့ မသိဘူး ကျုပ်ကတော့ ကြယ်ကြွေကောက်တာ တောင်းတလုံးနဲ့ အပြည့် သို့ပေမယ့် :(
ကြယ်ကြွေချိန်စောင့်လို့
ကြယ်တွေကောက်ကာ ခရီးနှင်မယ်...
း) သဘောကျတဲ့ မရေ