ငါ့အတွက်အချစ်ဆိုတာ
စက္ကန့်တိုင်းကို
အရေးပါနေခဲ့တယ်

ငါ့အတွက်အချစ်ဆိုတာ
စက္ကန့်ခြောက်ဆယ်မှာ
အသဲထက်ကျောက်စာမှာ
ကမည်းတင်ထားခဲ့တယ်

ငါ့အတွက်အချစ်ဆိုတာ
တစ်မိနစ်တောင်
မလစ်ဟင်းအောင်
ဂရုစိုက်နေခဲ့ရတယ်

ငါ့အတွက်အချစ်ဆိုတာ
မိနစ်ခြောက်ဆယ်အတွင်း
တဖျစ်ဖျစ်တောက်လောင်ရင်း
ပူပန်နေခဲ့ရတယ်

ငါ့အတွက်ချစ်ဆိုတာ
တစ်နာရီပျော်ရဖို့အရေး
နှစ်ဆယ့်သုံးနာရီ
နာကျင်ခဲ့ရတယ်

ငါ့အတွက်အချစ်ဆိုတာ
နှစ်ဆယ့်လေးနာရီလုံး
အလွမ်းတွေဖုံးနေခဲ့တယ်

မူပိုင် = နှင်းဆီနက်

22 Response to "နာရီလိုအချစ်"

  1. Anonymous Said,

    ငါ့အတွက်အချစ်ဆိုတာ
    စက္ကန့်ခြောက်ဆယ်မှာ
    အသဲထက်ကျောက်စာမှာ
    ကမည်းတင်ထားခဲ့တယ်

    တကယ်ပဲလား မမရေ

    ဒီတစ်ခါတော့ တစ် တစ် တစ် ရပြီး ဟဲဟဲ

     

  2. Anonymous Said,

    အော်.... အလွမ်းတွေဖုန်းနေတယ်ဆိုတော့ .. အလွမ်းသည်လေး မနှင်းဆီပေါ့နော်...

    ခင်မင်လျှက်
    အဆိပ်ခွက်

     

  3. မနှင်းဆီနက်ရေ..

    ငါ့အတွက်အချစ်ဆိုတာ
    နှစ်ဆယ့်လေးနာရီလုံး
    အလွမ်းတွေဖုံးနေခဲ့တယ်။

    တဲ့လား..။ အရမ်းမိုက်တယ်..စာသားတွေ..

     

  4. အင်းမနှင်းဆီနက်တို့ကတော့
    တစ်ရက် ၂၄ နာရီ ပဲရှိလို့ တော်သေးတာပလေ
    :)

    ခင်မင်စွာဖြင့်
    သီဟသစ်

     

  5. အမရေ ကဗျာလေးလာခံစားသွားတယ်နော် တစ်မိနစ် တစ်စက္ကန့်လေးတောင်မှာ မနေနိုင်အောင်ချစ်နေပါလားနော်။ စက္ကန့် ၆၀ ပဲရှိလို့သာတော်သေးတယ်နော်။ အဆင်ပြေပါစေနော်



    ခင်မင်တဲ့

    ကိုတိုးလေး

     

  6. နာရီတွေကို ဖွဲ.ထားတဲ.ကဗျာ လေးကောင်းပါတယ်

     

  7. အဲဒီလိုနေရတာ အတော် အသက်ရှုကျပ်တယ်နော်.. :P

     

  8. အဲဒီလိုနေရတာ အတော် အသက်ရှုကျပ်တယ်နော်.. :P

     

  9. Anonymous Said,

    လေးနက် ပူလောင်လွန်းလိုက်တာ .... အဲလိုချစ်တတ်တဲ့ သူတစ်ယောက်အတွက် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတစ်ခု လိုအပ်လိမ့်မယ် ထင်တယ် ...
    နေဒေး။

     

  10. နှင်းဆီနက်ရေ
    ချစ်တတ်လိုက်တာနော်
    ချစ်ခင်လျက်

     

  11. လာဖတ်သွားတယ်နော်... အစ်မရေ....။
    ဒီကဗျာကို တကယ့်အဖြစ်အပျက်လို့ ကျွန်တော် ယူဆမိတယ်.... ဟုတ်တယ်ဟုတ်....

     

  12. Anonymous Said,

    ငါ့အတွက်အချစ်ဆိုတာ
    နှစ်ဆယ့်လေးနာရီလုံး
    အလွမ်းတွေဖုံးနေခဲ့တယ်။
    ဒီလိုဆိုတော့ အချစ်က ကောင်းလား ဆိုးလား မသိတော့ဘူး အစ်မ။ ဘာပဲဖြစ်ဖြစ် လွမ်းနေရတာလဲ တစ်မျိုးတော့ ကောင်းမှာပါ။ အချစ်ရှိလို့ အလွမ်း ရှိလာတာပဲ။ မရှိလို့ တောင့်တတာထက် သာမှာပါ။ :D

     

  13. ငါ့အတွက် အချစ်ဆိုတာ နှစ်ဆယ့်လေးနာရီလုံး အလွမ်းတွေ ဖုံးနေခဲ့တယ်ပေါ့လေ။ မိုက်တယ်ဗျာ။ စာသားတွေက တို့မကြီး အလွမ်းတွေကုန်ဆုံးပါစေ။ ၂၄နာရီ အချစ်နဲ့ အစဉ်ပြေပါစေဗျာ။
    ခင်မင်လေးစားလျှက်
    ညီမလေး ပါးလုံး

     

  14. ငါ့အတွက် အချစ်ဆိုတာ နှစ်ဆယ့်လေးနာရီလုံး အလွမ်းတွေ ဖုံးနေခဲ့တယ်ပေါ့လေ။ မိုက်တယ်ဗျာ။ စာသားတွေက တို့မကြီး အလွမ်းတွေကုန်ဆုံးပါစေ။ ၂၄နာရီ အချစ်နဲ့ အစဉ်ပြေပါစေဗျာ။
    ခင်မင်လေးစားလျှက်
    ညီမလေး ပါးလုံး

     

  15. mgnge Said,

    ဘာဖြစ်လို့ လည်း... 24 နာရီလုံးလွမ်းနေတာက

    မူပိုင်ဆိုတော့ ခံစားချက်အစစ်ပေါ့နော်

     

  16. ငါ့အတွက်အချစ်ဆိုတာ
    စက္ကန့်ခြောက်ဆယ်မှာ
    အသဲထက်ကျောက်စာမှာ
    ကမည်းတင်ထားခဲ့တယ်

    ချစ်တတ်သူရဲ့ကဗျာလေးကိုထပ်လာဖတ်တယ်
    ချစ်ခင်လျက်

     

  17. 24 နာရီလုံးအလွမ်းတွေဖုံးနေတာပဲလား မရေး)

     

  18. Anonymous Said,

    အော် တစ်ချိန်ကုန် လွမ်းနေတော့မှာပါပဲလား မမရယ် . . . . .

     

  19. နှင်းဆီနက်လည်း အလုပ်များနေပုံရတယ်
    အတူတူပါပဲလေ
    ချစ်ခင်လျက်

     

  20. အမရေ အရမ်းကောင်းတယ် ခံစားသွားရတယ်ဗျာ

     

  21. အလွမ်းပိမနေနဲ့လေ။ရောက်တယ်ဗျိုး။ ကောင်းဗျား

     

  22. ပျောက်လွန်းတယ်ဗျို့
    အမြန်သတင်းပို့ပါရန်
    :D :P good luck

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။