သူ့ကိုယ်သူပင် ဆူးတွေကိုဆင်

လှသွေးကြွယ်ဝဖို့ ဘ၀ရေးခြယ်သလို့

စိတ်ကိုအရောင်ခြယ် အတိတ်ကိုအမှောင်ဖယ်

အရိပ်ကိုအုပ်လာသမျှ အဆိပ်ကိုထုတ်ကာထား

မေတ္တာနှင်းလိုလာသမျှ သစ္စာယွင်းယိုကာစ

ပန်းပွင့်တာထက် စိတ်ပွင့်တာဆန်းသမို့

သောကကိုအရင်းတည်

လောဘကိုအမြတ်ထုတ်

အတ္တကြီးစွာဖြင့် ပွင့်လန်းရှာပေဦးမည်။

မူပိုင် = နှင်းဆီနက်

8 Response to "ပန်းတစ်ပွင့်ရာဇ၀င်"

  1. ပန်းပွင့်တာထက် စိတ်ပွင့်တာ ဆန်းနေတယ်ပေါ့...


    သောက လောဘ အတ္တတွေနဲ့ ပွင့်လန်းနေအုံးမယ်ပေါ့


    ရာဇဝင်လေး ဖတ်သွားပါတယ် အမရေ....

    ချစ်ခင်လေးစားစွာဖြင့်


    ဖိုးစိန်

     

  2. Anonymous Said,

    ကာရန်ယူပုံလေးတွေနဲ့အဓိပ္ပာယ်လှပတဲ့ကဗျာလေး တပုဒ်ပါပဲ...။

     

  3. ကဗျာလေး..က..လှလိုက်တာ..း)

     

  4. မနှင်းဆီနက်ရေ
    စိတ်ပန်းပွင့်လေးကို လာဖတ်သွားပြီ

    ပျောက်ချက်ကလွန်ပါ့ဗျာ
    :)

    ခင်မင်စွာဖြင့်
    သီဟသစ်

     

  5. မမ.... ကဗျာလေးကြိုက်တယ်.. လှတယ် စကားလုံးတွေသုံးတာ... ဖွဲ့ထားတာလေး.

     

  6. ကိုသီဟကြီးပြောသလို စိတ်ပန်းပွင့်လေးး))

     

  7. Anonymous Said,

    ကောင်းလိုက်တာ
    ကောင်းလိုက်တာ
    ...
    အမငါလည်သွားတယ်ေ

     

  8. Anonymous Said,

    ကောင်းလိုက်တာ
    ကောင်းလိုက်တာ
    ...
    အမငါလည်သွားတယ်ေ

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။