ချစ်သူ........
မင်းရဲ့မယုံသင်္ကာနဲ့ပြောလိုက်တဲ့
စကားတခွန်းဟာ
ငါ့ရင်ကို ဓါးနဲ့အချက်ပေါင်းများစွာ
မွှန်းနေသလိုပဲ နာကျင်ခဲ့ရတယ်... ။
ချစ်သူ........
ငါ့အသည်းကို
ဓါးထက်ထက်နဲ့ထိုးတဲ့ဝေဒနာထက်
မင်းရဲ့အထင်လွဲမှုကြောင့်
ခံစားရတဲ့ဝေဒနာက
ငါ့အတွက်ပိုပြီး နာကျင်ခံစားရတယ်... ။
ချစ်သူ.......
င့ါဘ၀မှာ မင်းဆိုတာကို
ပထမဆုံး၊ ရှေ့ဆုံးမှာ ထားခဲ့တာပါ
င့ါရဲ့မိဘ၊ သူငယ်ချင်း၊ လူမှုရေး...
ဆိုတာတွေက မင်းနဲ့ယှဉ်ရင်
အကုန်နောက်ဆုံးမှာပါ... ။
ချစ်သူ.......
တို့နှစ်ယောက်ချစ်ခဲ့တဲ့
ချစ်သူသက်တမ်း(၆)နှစ်ကျော်မှာ
ငါ့ဘက်ကမင်းကို စိတ်ပျက်အောင်
လုပ်ခဲ့မိတာတွေ ရှိကောင်းရှိမယ်
ဒါပေမဲ့ မင်းကိုသစ္စာဖောက်တဲ့အလုပ်ကိုတော့
ငါ့ဘက်က ဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုတာ
မင်းယုံစေချင်တယ်... ။
နှင်းဆီနက်
Subscribe to:
Post Comments (Atom)
ငါ့ဘက်ကဘယ်တော့မှလုပ်မှာ
မဟုတ်ဘူးဆိုတာ
မင်းယုံစေချင်တယ်... ။
ချစ်သူရယ်...
မင်းနဲ့ တို့လေ...
ဆုံ...ဆည်း...ပါ...ရ...စေ...နော်...နောက်နှစ်
သီတင်းကျွတ်ရင်...
အဟိ