မဖြစ်နိုင်တာ

အလှပြင်ဆိုင်တစ်ခုတွင် အမျိုးသမီး၃ယောက်သည် ၎င်းတို့၏ယောကျာ်းများအကြောင်းပြောနေသည်။

ပထမအမျိုးသမီး "မနေ့ညကကျွန်မယောကျာ်းရုံးမှာအိပ်မယ်ပြောပြီး အပြင်ထွက်သွားတယ်။ ဒါပေမဲ့သူ့ရုံးကိုဖုန်း ဆက်ကြည့်တော့ရုံးမှာမရှိဘူး" ဟုပြောသည်။

"ဒီလိုပါပဲကျွန်မယောက်ျားလည်း ဟိုတနေ့က သူ့ညီအိမ်သွားအိပ်မယ်ဆိုပြီးထွက်သွားတာ ကျွန်မဖုန်းဆက်ကြည့် တော့လဲ အဲဒီမှာမရှိဘူး" ဟုဒုတိယအမျိုးသမီးက ၀င်ပြောသည်။

ဤတွင် "ကျွန်မကတော့ ကျွန်မယောကျာ်းဘယ်မှာရှိတယ်ဆိုတာ အမြဲတမ်းသိနေတယ်" တတိယအမျိုးသမီးက အေးအေးဆေးဆေး ၀င်ပြောသည်။

"မဖြစ်နိုင်ပါဘူးရှင်၊ အဲဒါကတော့ကောင်းကောင်းအလိမ်ခံနေရတာပဲ" ကျန်အမျိုးသမီးနှစ်ဦးက တစ်ပြိုင်တည်း ဆိုကြသည်။

"မဟုတ်ပါဘူး။ ကျွန်မကောင်းကောင်းသိပါတယ်။ တကယ်ပြောတာ ကျွန်မမုဆိုးမဖြစ်တာသုံးနှစ်ရှိပြီလေ" ဟု အမျိုးသမီးကဖြေရှင်းချက်ပေးလိုက်လေသည်။

0 Response to "ရယ်စရာ ဟာသများ(၂)"

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။