"မေမေ ဘာလို့ ငိုတာလဲ............"
"မေမေဟာ မိန်းမသားမို့ပေါ့ကွယ်............"
"သား နားမလည်ဘူး မေမေ............."
"သား တစ်သက်လုံး နားလည်မှာ မဟုတ်ပါဘူး သားရယ်............"
"ဖေဖေ... အကြောင်းမရှိဘဲ မေမေ ဘာလို့ ငိုရတာလဲဟင်............"
"မိန်းမတွေက ဒီလိုပဲ သားရာ..........."

ကြီးပြင်းလာတဲ့အထိ မိန်းမတွေဘာလို့ငိုတယ်ဆိုတာကို သားနားမလည်ခဲ့ဘူး။ နောက်တော့ သူဟာ ဘုရားသ ခင်ကို ဖုန်းဆက်မေးမြန်းပါတော့တယ်။

"မိန်းမတွေ ဘာကြောင့် ငိုရပါသလဲ ဘုရားသခင်........."
"မိန်းမတွေကို စတင်ဖန်တီးလိုက်ကတည်းက သူတို့ကိုထူးခြားအောင် ဖန်တီးခဲ့ပါတယ်။ သူတို့ရဲ့ပုခုံးနဲ့ကမ္ဘာကြီး ကို ထမ်းပိုးနိုင်အောင်ဖန်တီးခဲ့သလို ရေလိုပျော့ပျောင်းအောင်လည်း ဖန်တီးခဲ့တယ်။ ၀မ်းနည်းမှု၊ နာကျင်မှု၊ သားသမီးတွေရဲ့ ငြင်းပယ်မှုတွေကိုလည်း ခံနိုင်ရည်ရှိအောင် သူတို့ရဲ့အတွင်းစိတ်ဓာတ်ကိုလည်း ကြံ့ခိုင်အောင် ဖန်တီးခဲ့တယ်"

"တစ်ခြားသူတွေ လက်လွတ်အရှုံးပေးတဲ့ အချိန်မှာ သူတို့ကမလျော့တဲ့ဇွဲနဲ့တောင့်ခံနိုင်ပြီး ကိုယ့်သားသမီး ကိုယ့် မိသားစုအပေါ် နောင်တတရားမရဘဲ ပြုစုစောင့်ရှောက်ပေးနိုင်ဖို့လည်း ဖန်တီးခဲ့တယ်" "ဘယ်လို အခြေအနေ မျိုးပဲဖြစ်ဖြစ် သားသမီးတွေက ကိုယ့်ကိုထိခိုက်စော်ကားပြီး စွန့်ပစ်ခဲ့ရင်တောင် ခွင့်လွတ်ပြီး ချစ်တတ်ဖို့လည်း ဖန်တီးခဲ့တယ်"
"ခင်ပွန်းရဲ့ပျော့ကွက်နဲ့အသုံးမ၀င်မှုတွေကို ခွင့်လွတ်သည်းခံပြီးကာကွယ်ပေးတတ်ဖို့လည်း ဖန်တီးခဲ့တယ်"
"ယောက်ျားကောင်းတစ်ဦးဟာ ဘယ်တော့မှကိုယ့်ဇနီးကိုနာကျင်အောင် မလုပ်ဘူးဆိုတဲ့ အသိဥာဏ်ကိုလည်း ထည့်သွင်းပေးခဲ့တယ်"
"တစ်ခါတလေမှာ ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်နဲ့ခိုင်မာတဲ့စိတ်ဓာတ်ကို ထောက်ခံအားပေးတတ်ဖို့လည်း ဖန်တီးခဲ့တယ်"

"နောက်ဆုံး သူအလိုကျသလောက် မျက်ရည်ကျနိုင်အောင်လည်း ဖန်တီးခဲ့တယ်။ ဒါဟာ သူပိုင်ဆိုင်တဲ့ တစ်ခု တည်းသော အရာဖြစ်တယ်" "မိန်းကလေးတွေ လှတယ်ဆိုတာ သူဝတ်ထားတဲ့ အ၀တ်အစား၊ သူ့ရဲ့ခန္ဓာကိုယ် အချိုးအစားနဲ့ သူ့ရဲ့ ဖီးလိမ်းပြင်ဆင်မှုကြောင့် မဟုတ်ဘူး၊ မိန်းကလေးတွေရဲ့ အလှကိုသူတို့ရဲ့မျက်စိထဲကနေ တွေ့နိုင်တယ်။ မျက်စိဆိုတာ စိတ်ရဲ့တံခါးပေါက်ပဲ" ဒီစာကို မိန်းကလေးတိုင်း ဖတ်မိနိုင်ပါစေ။

မိန်းကလေးတိုင်းကို ပေးဖတ်လိုက်ပါ။ မိန်းကလေးတိုင်း ဖတ်ရအောင် သင်မျှဝေနိုင်ခဲ့ရင် သင်ဟာ သူတို့ရဲ့စိတ် ဓာတ်နဲ့ ယုံကြည်မှုကို မြှင့်တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။


မိန်းမသားတိုင်း လှကြပါတယ်.....။

"ညီမငယ်တယောက်ပို့ပေးထားတာကို ကြိုက်လွန်းလို့ တခြားသူငယ်ချင်းများလဲခံစားဖတ်ရှုနိုင်ရန် တင်ပေးထား ခြင်းဖြစ်ပါကြောင်း....."

မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

5 Response to "ငိုတယ်ဆိုတာ မိန်းမသားတွေရဲ့မူပိုင်"

  1. aurora Said,

    http://entertainment.webshots.com/photo/2750196120013709032oWkZLW?vhost=entertainment

     

  2. aurora Said,

    http://thumb12.webshots.net/t/57/757/1/96/12/2750196120013709032oWkZLW_th.jpg

     

  3. aurora Said,

    [URL=http://entertainment.webshots.com/photo/2750196120013709032oWkZLW][IMG]http://thumb12.webshots.net/t/57/757/1/96/12/2750196120013709032oWkZLW_th.jpg[/IMG][/URL]

     

  4. Anonymous Said,

    တစ်ကယ်တော့ မျက်ရည်ဆိုတာ မိန်းကလေးတွေရဲ့ လက်နက်ဖြစ်သလို
    စိတ်ဓါတ်တွေရဲ့ ပေါက်ကွဲမှုတွေကြုံတဲ့အခါ အားဆေးလို့ပြောလို့မှားမယ်မထင်ဘူးနော် မလတ်

     

  5. aurora Said,

    ma comment pic latt latt lay lar pay tar lel ya wooo.... hint....:(

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။