အိပ်မက်သာဖြစ်လိုက်ရင်သိပ်ကောင်းမှာပဲလို့တွေးမိတယ်… အိပ်မက်မဟုတ်မှန်းသိရဲ့ နဲ့လေ နင် င့ါကို လုပ်ရက် လိုက်တာ နင့်ကိုငါဘယ်လောက်ချစ်တယ်ဆိုတာလဲ နင်သိတယ် နင်င့ါကိုဘယ်လောက်ချစ်တယ် ဆိုတာကို တော့ အခုငါသိခဲ့ရပြီလေ…။

အခုတော့ နင်ထားခဲ့တဲ့နေရာလေးမှာ ငါနင့်ကိုတမ်းတနေမိတာ နင်သိမှာမဟုတ်ပါဘူး။ ဒီနေရာလေးမှာပဲ နင်ငါ့ ကိုချစ်တယ်လို့ပြောခဲ့တာ….ပြီးတော့ ဒီနေရာလေးမှာပဲ နင်ငါ့ကိုထားခဲ့တာ….

နင်တော်တော်ရက်စက်တယ်နော်၊ ငါ့မိဘတွေကိုငါဘယ်လိုမျက်နှာမျိုးနဲ့ ငါမဟုတ်တဲ့တခြားတယောက်နဲ့တွဲနေ ပြီလို့ပြောမလဲ ငါ့မိဘတွေနဲ့မိတ်ဆက်ပေးဖို့ဆိုတာ ငါ့အနေနဲ့ဘယ်လိုအင်အားမျိုးနဲ့ပြောခဲ့ရတယ်ထင်လဲ၊ ဒါတွေကိုနင်ကတော့သိမှာမဟုတ်ပါဘူး၊ သိလဲသိချင်မယ်မထင်ပါဘူးလေ…။ င့ါမိဘတွေဘက်က ငါသဘော ကျရင်လဲမတားတော့ပါဘူး ဆိုတဲ့စကားသံအဆုံးမှာ ငါဘယ်လောက်ပျော်ခဲ့ရတယ်ထင်လဲ…။ ဒါပေမဲ့ နင်ငါ့ကို ဘယ်လိုအငြိုးနဲ့များရက်စက်ခဲ့လဲ..။ ငါ့မိဘတွေနဲ့တွေ့ပြီးလို့မှ နှစ်ပတ်မပြည့်ခင် နင်ဟာ ငါမဟုတ်တဲ့ တခြား ကောင်မလေးနဲ့တွဲနေပြီဆိုတဲ့သတင်းဟာ ငါ့နားကိုတောင်မယုံခဲ့ပါဘူး။ လာပြောတဲ့ သူတွေကိုတောင် ငါမုန်းမိ တယ်။ နင့်ဆီကမဟုတ်ပါဘူးဆိုတဲ့စကားအဆုံးမှာ ငါအကုန်လုံးနဲ့ရန်သူဖြစ်ခဲ့တယ်။

ဒါပေမဲ့လည်း နင်ဟန်ဆောင်လိမ်ညာထားတာကို ငါသိလိုက်ရတဲ့အချိန်မှာ ငါ့မျက်စိကိုမယုံနိုင်ဖြစ်ခဲ့ရတယ်။ နင်လုပ်ရက်တယ်နော်… နင်ငါ့ကိုလူပုံအလယ်မှာအရှက်ခွဲလိုက်တာ၊ အံ့သြတဲ့အကြည့်တွေနဲ့ကြည့်နေကြတဲ့ င့ါရဲ့သူငယ်ချင်းတွေ၊ စပ်စုတဲ့အကြည့်နဲ့ကြည့်နေကြတဲ့သူတွေကြားမှာ ငါအဲ့ဒီနေရာကနေ အငွေ့ပျံ ပျောက်ကွယ် သွားလိုက်ချင်တော့တယ်….

ငါ့ကျူရှင်အောက်မှာ နင်ဟာတခြားကောင်မလေးရဲ့လက်ကိုတွဲ၊ ရယ်ရယ်မောမောစကားတွေပြောပြီး ဖြတ် လျှောက်သွားတာကိုငါမြင်လိုက်ရတော့ င့ါမျက်စိကိုငါမယုံနိုင်ခဲ့ဘူး…။ နင်တို့ကိုကြည့်နေတဲ့ ငါ့ရင်ထဲမှာ မီးတောက်ကြီးတခုတောက်လောင်နေသလိုပဲ.....ရှက်လွန်းလို့ ဘယ်သူမှလဲမကြည့်ရဲ… ၀ိုင်းတက်လာတဲ့ မျက်ရည်စတွေနဲ့ငါ ဘာလုပ်ရမယ်မသိခဲ့….. နင် င့ါကိုတချက်တည်းသေနိုင်တဲ့နည်းနဲ့သာ အသေသတ်သွားပါ လားဟယ် အဲ့ဒီဒဏ်ရာက အခုခံစားရတဲ့ဝေဒနာထက်သက်သာမယ်ထင်တယ်…. ။ ဒီလိုတော့ မရက်စက်သင့် ဘူး….

အားပေးဆုပ်ကိုင်လာတဲ့သူငယ်ချင်းအသံတွေကြားမှာ ငါမနေတတ်ခဲ့… ဘာဖြစ်တာလဲ ဘယ်လိုဖြစ်ကြတာ လဲဆိုတဲ့ မေးခွန်းတွေဟာလဲ ငါသိချင်နေခဲ့တဲ့အကြောင်းအရာတွေပါပဲ ငါမဖြေတတ်ခဲ့ဘူး….

ငါ့အသံကြားရင်ချသွားတဲ့ဖုန်းကိုငါစိတ်နာတယ် နင့်အသံမှန်းသိရက်နဲ့ မရှိပါဘူး အပြင်သွားနေပါတယ် ဆိုတဲ့ စကားကိုငါမုန်းတယ် ငါ့ကိုဘယ်လိုချစ်ခဲ့တာလဲငါသိချင်ခဲ့တယ်...နင်ကငါ့ကိုမတွေ့ချင်လို့ရှောင်နေမှတော့ ငါလဲ နင်နဲ့အဝေးဆုံးလေးမှာ နေခဲ့တယ် ။

ငါကနင်နဲ့အဝေးမှာနေခဲ့ပေမယ့် နင်ကငါ့ကိုအလွတ်မပေးခဲ့ဘူးနော် ငါရှိတတ်တဲ့နေရာတွေကို တခြား ကောင်မ လေးနဲ့အမြဲလာခဲ့တယ် ငါ့ရှေ့မှာဆိုအရမ်းဂရုစိုက်ပြခဲ့တယ်၊ ငါနင့်ကိုဘာအပြစ်တွေများကျူးလွန်မိလို့ လဲ........ ငါမေးချင်တယ် အကြည့်ချင်းဆုံရင် ပြုံးစိစိနဲ့လုပ်နေတဲ့ နင့်ကိုငါဘယ်လိုနားလည်ရမလဲ နင်ဘာပြောထားလဲ မသိတဲ့နင့်ကောင်မလေးက ငါ့ကိုပုခုံးချင်းတမင်လာတိုက်တဲ့အထိတော့ ငါသည်းမခံချင်ခဲ့ဘူး.... ဒါတွေဟာ နင့်ကြောင့်ငါခံစားခဲ့ရတာတွေလေ…

ဝေဒနာတွေကိုကြိတ်မှိတ်ခံစားခဲ့ရတဲ့ငါ အနည်ထိုင်ဖို့အတွက်တော်တော်လေးကြိုးစားခဲ့ရတယ်.....နင်လဲင့ါရှေ့ မရောက်လာတာအတော်ကြာတော့ ငါ့အတွက်တစ်မျိုးတော့သက်သာခဲ့ရတယ်၊ အချိန်ဆိုတာကြီးက ငါ့ကိုကုစား ပေးနိုင်ခဲ့တယ် ...အရင်ကလောက်မဆိုးပေမယ့် ငါဖြေသာနိုင်လာတယ်…..

ကံကြမ္မာကင့ါကိုမျက်နှာသာမပေးခဲ့ပြန်ဘူးနော်၊ နင်ငါ့ရှေ့ကိုထပ်ရောက်လာတယ်........ဒီတစ်ခါတော့ အရင်လို ပြုံးစိစိနဲ့လဲမဟုတ်တော့ပါလား....နောင်တတွေရနေတဲ့ပုံနဲ့ စကားပြောချင်တယ်တဲ့လေ ဆုံးဖြတ်ရ ခက်နေတဲ့ ငါ့ကို သူငယ်ချင်းတွေကစောင့်ပေးကြတယ်........နင်က “ ကျွန်တော်သူ့ကိုစကားပြောချင်လို့ပါ ခဏလေးပါပဲနော် ” ဆိုတဲ့စကားသံအဆုံးမှာ ငါလဲငါသိချင်ခဲ့တဲ့အကြောင်းအရာတွေအတွက် “ ရတယ်လေ သွားတာပေါ့ ”ဆိုလိုက် တော့ သူငယ်ချင်းတွေက စိတ်မချတဲ့အကြည့်တွေနဲ့မလွှတ်ချင်ပဲလွှတ်ပေးလိုက်တယ်

ဆိုင်ထိုင်တော့ နင်ကငါသောက်တတ်တဲ့ကော်ဖီကိုမှာပေးတယ် နင်ငါ့အကြိုက်ကိုတော့မမေ့သေးဘူးပဲ၊ “နင်အဆင်ပြေလား ” တဲ့ မေးရက်လိုက်တာနင်ထားခဲ့တဲ့ဘ၀မှာငါအဆင်ပြေတာရှိမလားငါပြောလိုက်ချင်တယ်
“ ရည်းစားအသစ်ရနေပြီလား ” တဲ့ ငါ့ကိုနင့်လိုမျက်နှာများတဲ့သူလို့နင်ထင်နေလို့လား….
“ ငါနင့်ကိုသတိရနေခဲ့တာ ” တဲ့ ငါအကောင်းဆုံး ပျက်လုံးတခုကြားလိုက်ရသလိုပဲ……
“ ငါပေးထားတဲ့လက်ဆောင်တွေ နင်လူကြုံနဲ့ပြန်ပေးတာလက်ခံရတဲ့နေ့တုန်းက ငါနင်နဲ့တကယ်ခွဲရပြီဆိုပြီး ငိုမိတယ် ” တဲ့ အဟတ် ဟတ် ငါယုံချင်လိုက်တာ၊ ဒါပေမဲ့ငါနင့်ကိုဘယ်လိုမှမယုံတော့တာကို နင်မှမသိတော့ပဲ နင်သင်ပေးသွားတာလေ…

ငါသူ့ကိုအပျော်တွဲတာပါကွာ ငါလေသူ့ကိုဖြတ်လိုက်ပြီ ငါတကယ်ချစ်တာနင့်ကိုမှန်းငါသိခဲ့ပါပြီ၊ နင် ငါမရှိတဲ့ နောက်မှာ ဘယ်သူမှမတွဲဘူးဆိုတာလဲ ငါသိပါတယ်...... ငါနင့်အနားကိုမလာရဲလို့ နင့်သတင်းတွေတော့ ငါအမြဲ စုံစမ်းတယ် နင့်ကိုတွေ့ချင်လွန်းရင် ငါလာလာကြည့်တယ် နင်မသိဘူးမဟုတ်လား ” တဲ့လေ ။

ငါမသိချင်တော့ပါဘူး ငါရဲ့လက်ရှိဘ၀မှာ နင်ဆိုတာမပါပဲလည်း ငါနေနိုင်ပြီ.......... နောက်ပြီး နင့်ကို ငါကြောက် သွားခဲ့တာ……ငါ့ကို နင်ပထမဆုံးအကြိမ်ထားခဲ့ကတည်းက ငါကြောက်သွားခဲ့တာ နောက်တစ်ကြိမ်ထားမလား လို့လဲ ငါမတွေးချင်ဘူး မခံစားချင်ဘူး။

င့ါဆီကစကားသံကိုစောင့်နေတဲ့နင့်ကို ငါအတတ်နိုင်ဆုံးပြုံးပြီး “ နင့်ကိုငါမချစ်တော့ဘူးဟ ငါကတစ်ယောက်ဆို တစ်ယောက်ပဲချစ်ခဲ့တာ အဲ့တစ်ယောက်ကငါ့ကိုသစ္စာဖောက်သွားကတည်းက ငါအဲ့လူကိုငါ့နှလုံးသားထဲက အပြီးအပိုင်ထုတ်ထားပြီးသား နင့်ကိုပြန်လက်ခံဖို့ငါ့မှာအပိုမပါတော့ဘူး၊....နောက်ပြီးငါနင့်ကိုရွံတယ်.......... အဲ့လိုလူကိုမုန်းတယ် ”

င့ါစကားလဲဆုံးသွားရော မျှော်လင့်ချက်တွေနဲ့ကြည့်နေတဲ့နင့်မျက်နှာ တားမရအောင် ပျက်သွားခဲ့တယ်နော် ...... နင့်ကိုငါပြောခဲ့တာက နင်ငါ့ကိုလုပ်သွားခဲ့တာထက်စာရင် အသေးအဖွဲဆိုတာ နင်သိမှာပါ ။ နောက်ပြီး ငါ့ကို နင်က ကစားစရာအရုပ်လိုသဘောထားနေခဲ့တယ်ထင်တယ်.......နင်ထားခဲ့ရင်နေခဲ့၊ နင်ကချစ်ရင်ပြန်ချစ် ငါက စားစရာမဟုတ် အရုပ်မဟုတ်ဘူးနော် ငါလဲခံစားတတ်တယ် ။

“ ငါဆုတောင်းပေးခဲ့တယ် နင်လဲနင်တကယ်ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး လက်တွဲနိုင်ပါစေလို့ ” ပြောပြီး ထထွက်လာခဲ့တော့ ထိုင်ခုံမှာနင်ခေါင်းငိုက်စိုက်နဲ့ကျန်ခဲ့တယ်။ ဆိုင်ပြင်ကိုရောက်တော့ ငါလေထူးဆန်းတာ ခံစားမိတယ်…. ငါ့ရင်ထဲမှာကာလရှည်ကြာခံစားနေရတဲ့ဝေဒနာတွေဟာ ဘာတစ်ခုမှကို မကျန်ခဲ့တာပါပဲ ရင်တစ်ခုလုံးပေါ့ပါးသွားတယ်.....

ငါနင့်ကိုအခုတကယ်မေ့နိုင်ခဲ့ပြီပဲ……….။


မူပိုင် = နှင်းဆီနက်

13 Response to "ဝေးသွားပြီးတဲ့နောက်"

  1. ဟွန်း... နောက်ဆုံးတော့ ယောက်ျားတွေ မကောင်းဘူးလို့ ပြောချင်တာပဲမဟုတ်လား...... ယောက်ျားတိုင်း အဲ့လို လူမျိုးချည်း မဟုတ်ပါဘူး.....

    အဲ့လူကို လုံးဝကို မေ့ပစ်လိုက်တော့

     

  2. ဟုတ်ပါတယ်... အစ်မရေ..၊ ကိုလင်းဦး ပြောတာ မှန်ပါတယ်။ မေ့ပစ်လိုက်ပါ။

    :D Template လေး အရမ်းမိုက်တယ်၊ ဒါမှ နှင်းဆီနက်လေ... ဟား ဟား...

     

  3. ဒီပိုစ့်လေးကို ဇာတ်လမ်းလေးဟာ Blackmore'Night ရဲ့ I still remember you သီချင်းလေးကို နားထောင်ပြီး ရေးထားတာလို့တောင် ထင်ရတယ်။ အစ်မ နားမထောင်ရသေးရင် ရှာကြည့်ပါလား... တော်တော်လည်း ကောင်းတယ်။ ပြီးမှ သတိရလာလို့ ထပ်မန့်လိုက်တာ... ပျော်ရွှင်ပါစေ...

     

  4. ဆိုက်လေးကောင်းသလို ပိုစ့်လေးကောင်းတယ်---

     

  5. Kaung Kin Ko Said,

    အဲဒီ့လူကို မေ့တော့ မပစ်ပါနဲ့ ။ သူနဲ့ ပတ်သတ်လို့ သံယောဇဉ်တွေ ခံစားချက်တွေ မရှိတော့ရင် ပြီးတာပဲ။ :D

     

  6. မိုက်တယ်နော် .. အားပေးနေပါတယ် ..း)

     

  7. အင်း..
    တကယ့်ကိုကောင်းတဲ့ပို့စ်လေးပါပဲ..
    ညီမလဲ အဲဒီပို့စ်ထဲက အမျိုးသမီးလေးကို ပြတ်သားတဲ့စိတ်ဓာတ်လိုချင်မိတယ်..

     

  8. Phyo Maw Said,

    ဟင်း...
    (သက်ပြင်းချသွားတယ်။)

     

  9. “ထားခဲ့ဖူးတဲ့ ရည်းစားများ”ကို ဖတ်ပြီး နောက်ဆက်တွဲကို စိတ်ဝင်စားမိရာက ဒီပို့စ်ကိုပါ ဆက်ဖတ်မိသွားတာပါ အစ်မနှင်းဆီနက်ရေ... စိတ်မကောင်းလိုက်တာ... ဘာပဲဖြစ်ဖြစ် သစ္စာမတည်ကြည်တဲ့သူကို စောစောစီးစီး သံယောဇဉ်ဖြတ်ရဲတဲ့ အစ်မရဲ့ ပြတ်သားမှုကို ချီးကျူးထောက်ခံမိပါတယ်။

     

  10. ရွှေပြည်သူ ရေးထားသလိုပါပဲ.. “ထားခဲ့ဖူးတဲ့ ရည်းစားများ”ကို ဖတ်ပြီး နောက်ဆက်တွဲကို စိတ်ဝင်စားမိရာက ဒီပို့စ်ကိုပါ ဆက်ဖတ်မိသွားတာပါ
    အချစ်ကြီးခဲ့ပေမယ့်လည်း...မချစ်ထိုက်တော့တဲ့သူတစ်ယောက်ကို
    ပြတ်သားသင့်ရင်
    ပြတ်သားမယ် ဆိုတဲ့စိတ်ဓာတ်ကိုတော့ သဘောကျမိပါတယ်..။

     

  11. Unknown Said,

    ထားခဲ့ဖူးသော ရည်းစားများ ကိုဖတ်ရင်းနဲ့ ဒါကိုဆက်ဖတ်ဖြစ်ပါတယ် ...စိတ်ဓာတ်ကို သဘောကျပါတယ်

     

  12. ထားခဲ့ဖူးသောရီးစာများ ကနေ ဒီကိုလာဖတ်တာ ပါ...။
    စိတ်တော့မကောင်းပါဘူး.. အဲ့လိုအဖြစ်မျိုး နဲ့ ကြုံခဲ့တဲ့ အတွက်....။

    အခုတော့ နေသား ကျနေပြီ ဟုတ် ?
    ဒီလို ပါပဲအဖုအထစ်မရှိတဲ့ လမ်း ခရီး မမှန်ဘူးတဲ့...

    နောက်ဆုံးကျကံကောင်းပါစေဗျာ

    အားပေးလျက်
    mgnge

     

  13. Unknown Said,

    ကောင်းပါတယ်...ပြုသူအသစ်ပေါ့..
    ကံကောင်းပါစေ..

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။