ထိုမိန်းကလေးကို ကျွန်မစတွေ့သည့်အချိန်တွင် ကလေးလေးတစ်ယောက် သာမန်ကလေးလေးဟုပဲ မြင်ခဲ့မိ ပါသည်။ သူမကိုစတွေ့ချိန်တွင် သူမသည်အဖွားဖြစ်သူ၏ လက်ကိုဆုပ်ကိုင်ထားပြီး၊ ၀တ်ဆင်ထားသော အ၀တ်အစားမှာလည်း စပန့်သားအကျီင်္ပွပွနှင့် ဘောင်းဘီမတိုမရှည်ပွပွဝမ်းဆက်ကိုဝတ်ဆင်ထားသည်။ သူမကို တွေ့တိုင်းလည်း ဒီလိုပုံစံနှင့်အမြဲတွေ့ရပါသည်။

သူမ၏အကြောင်းကိုစတင်သိရှိတဲ့နေ့တွင် သူမအစား နာကျည်းခြင်း၊ လုပ်ရက်လေခြင်း၊ ဖြစ်မှဖြစ်ရလေခြင်း စသည့်ခံစားချက်မျိုးစုံနှင့်သူမအတွက်မခံမရပ်နိုင်ဖြစ်ပြီး ထိုလူအား တွေ့ဖူးမြင်ဖူးချင်စိတ်တွေတားမရဆီးမရနှင့် ကျွန်မ။ ကျွန်မကသာ သူမအစား မခံမရပ်နိုင်ဖြစ်နေရတာ..... သူမကတော့ လက်ရှိသူမအဖြစ်ကိုတောင် နာကျည်းရကောင်းမှန်း၊ စိတ်နာရကောင်းမှန်းမသိ..။ အေးချမ်းလေစွ။

သူမ၏အသက်မှာ၁၄နှစ်ကျော်ကျော်လေးပဲရှိသေးသည်။ မိဘနှစ်ပါးမှာ မရှိကြတော့။ အရပ်ကတော့ ၄ပေ တောင်မပြည့်။ သူမ၏စိတ်အခြေအနေဟာလည်း ကလေးတယောက်စိတ်ပင်မပြည့်ချင်။ သူမနားလည်ထား သည်က သူမ၏အဖွား ကျွေးတာစားမည်၊ ဆော့မည်၊ အိပ်ချိန်တန်လျှင်အိပ်မည်။ ကလေးတစ်ယောက်လို အပြစ် ကင်းစင်တဲ့သူမရဲ့ ဘ၀ကို ဖျက်ဆီးပစ်သောထိုယောကျာ်းသည် လူပီသပါရဲ့ လား..။

ကျွန်မက သူမကို၀၀ကစ်ကစ်ကလေးမလေးဟု ထင်ထားမိသည်။ နောက်မှ သူမသည် ယုတ်မာသော လူတစ် ယောက်၏ ကိုယ်ဝန်ကိုဆောင်ထားရခြင်းဖြစ်ကြောင်း၊ သူမကိုယ်တိုင်ပင် ကိုယ်ဝန်ရှိနေမှန်းမသိပဲ ထမင်းအများ ကြီးစား၍ သူမဗိုက်ကြီးဖောင်းကားလာသည်ဟု သူမအားမေးလာသည့်လူတိုင်းကို ဗိုက်လေးအား ပုတ်ပုတ်ပြ၍ ဖြေတတ်ကြောင်းသိရသည့်အချိန်တွင် ကျွန်မသည်သူမအစား စိတ်မကောင်း

သူမ၏အမှုအားတရားရုံး၊ တရားခွင်စစ်ဆေးသောနေ့တွင် စိတ်ဝင်တစားလာရောက်ကြည့်ရှုနားထောင်ကြသော လူများမှာမနည်းလှပေ။ ထိုလူအားရုံးထုတ်လာသောအခါတွင် ကျွန်မမှာဘယ်လိုလူစားမျိုးလဲဆိုတာ သိချင်ဇော နှင့် အပြေးအလွှားလိုက်ကြည့်မိပါသည်။ ထိုလူကိုတွေ့လိုက်ရသောအခါတွင် ကျွန်မမှာ အံ့အားသင့်သွားပါတော့ သည်။ အသားဖြူဖြူ၊ အရပ်မနိမ့်မမြင့်၊ ပိန်ပိန်ပါးပါး၊ ရုပ်ရည်သန့်သန့်နှင့်ကောင်လေး။ အသက်ကဖြင့် ၁၇နှစ်ပဲ ရှိသေးသည်တဲ့၊ မိန်းမယူထားတာ၆လလောက်ပဲရှိသေးသည်။ အိမ်ထောင်သက် မကြာလှသေး။ သူ့မိန်းကလေး မှာလဲ အသားဖြူဖြူချောချောလေးဖြစ်သည်။

ထိုလိုလူတစ်ယောက်က ဦးနှောက်စွမ်းရည်မပြည့်ဝသောသူမကို အနိုင်ကျင့်ခဲ့သည်ဆိုသည်မှာ ကျွန်မ မပြောနှင့် တွေ့တဲ့သူတိုင်းကမယုံနိုင်။ သူ၏လက်ရှိမိန်းကလေးနှင့်ယှဉ်ရင်တောင်မှ အပုံကြီးကွာခြားရက်နှင့် ဘယ်လို ကြောင့်များစော်ကားခဲ့ရပါသလဲ။ တရားရုံး၏စစ်ဆေးချက်အရ သူမအားမုန့်ကျွေးမည်ဟုဆိုကာ ထိုလူမှ အနိုင် ကျင့်စော်ကားခဲ့ကြောင်း၊ သူမအားတခြားလူတွေအားပြန်မပြောနှင့် ပြန်ပြောလျှင် နောက်မုန့်မကျွေးတော့ဘူးဆို ကာ နှုတ်ပိတ်ထားကြောင်း၊ ကိုယ်ဝန်ရှိလာသောအခါတွင်လည်း မုန့်စားလို့ဗိုက်ကြီးဖောင်းလာသည်ဟု ပြော ခိုင်းကြောင်း၊ နောက်ပိုင်းတွင် သူမအားရှောင်နေခဲ့သည်ဟု သိရသည်။

ထိုလူဘက်မှလည်း ရှေ့ နေနှင့်ခုခံကာကွယ်ပြီး၊ သူမဘက်မှစွပ်စွဲချက်များသည် တပတ်နှင့်တပတ်မပြတ်နိုင်ပဲ လအတန်ကြာလာခဲ့သည်မှာ သူမမီးဖွားမည့်အချိန်သို့ပင်ရောက်လာခဲ့သည်။ ကျွန်မလည်း ကျောင်းစာမေးပွဲနှင့် လုံးလည်လိုက်ပြီး သူမတို့ဆီတောင်မရောက်ဖြစ်ခဲ့ပေ။ စာမေးပွဲဖြေဆိုပြီး၍ ကျွန်မသူငယ်ချင်းဆီသို့ အလည်ရောက်သောအခါတွင်မှ စိတ်မကောင်းစရာ သူမသတင်းကို ကြားသိခဲ့ရသည်။

သူမသည် ကိုယ်ဝန်အဆိပ်တက်ပြီး လမ်းမလျှောက်နိုင်သဖြင့် ဆေးရုံတွင်တက်ရောက်နေခဲ့ရပြီး မီးဖွားမည့် အချိန်သို့ရောက်လာသောအခါ တင်ပဆုံရိုးကျဉ်းလွန်းသောကြောင့် မမီးဖွားနိုင်ပဲ ဆေးရုံတွင်ပင် ကလေးရော မိခင်ပါ အသက်ဆုံးရှုံးခဲ့ရပါသည်။ မိခင်ရော၊ ကလေးအတွက်ပါ ကျွန်မစိတ်မကောင်းပါ။ တစ်ဖက်လှည့်တွေး တော့လည်း မရှိတော့တာကတစ်မျိုးတော့ကောင်းသည်ဟု ဖြေတွေးမိပါသည်။ တာဝန်ယူမည့်သူကမရှိ၊ သူမ ကိုယ်တိုင်ကလဲ သူမကိုယ်သူမ မစောင့်ရှောက်နိုင်တော့...ကလေးတစ်ယောက်ကိုဘယ်လိုနည်းနဲ့ စောင့်ရှောက် မည်နည်း။

ထိုတရားခံကောင်လေးမှာ တရားစွဲဆိုထောင်ချမည့်သူမှာ အသက်ဆုံးရှုံးသွားသောကြောင့် ဆက်လက်၍ တရား ရင်ဆိုင်အမိန့်ချရာတွင် ချုပ်ရက်ကျခံသောနေ့များနှင့်ထောင်ဒဏ်ချမှတ်သည့်ရက်မှာ နှစ်ပြည့်သွားသဖြင့် အမိန့် ချသည့်နေ့တွင်ပင် အမှုမှလွတ်မြောက်သွားခဲ့ပါသည်။ ကောင်လေးနှင့်သူ့မိန်းကလေးတို့နှစ်ဦးမှာ လက်ချင်းချိတ် ၍ ပြုံးပျော်စွာနှင့်အိမ်ကိုပျော်ရွှင်စွာဖြင့်ထွက်ခွာသွားသည့်မြင်ကွင်းမှာ မြင်ရသူတွေအတွက်ကြည်နှုးဖို့ကောင်း ပေမဲ့ ဖြစ်စဉ်အားလုံးကိုသိထားတဲ့ကျွန်မအတွက်တော့ အပြည့်အ၀မကြည်နှုးနိုင်ပါ။ ပျော်စရာနေ့(၃)နေ့ထဲမှ ထောင်မှလွတ်သောနေ့သည် သူတို့နှစ်ဦးအတွက်တော့ အဓိ
ပ္ပါယ်အပြည့်နဲ့လှပနေမှာဖြစ်မှာပင်...။

တမလွန်မှသူမအတွက် ဆုတောင်းပေးရုံမှတစ်ပါး အခြားမရှိတော့ပြီပဲ။ နောက်နောင်ဘ၀များမှာ ဒီလိုအဖြစ်ဆိုး မျိုးမကြုံရပါစေနှင့်လို့ .........။

မူပိုင် = နှင်းဆီနက်

11 Response to "ရေနစ်နေသူကိုမှ ၀ါးကူလို့ထိုး"

  1. မိုက်ရိုင်းလိုက်တဲ့ တဏှာရူး လူကြီးလူကေင်းတွေလေ၊ ဒီလောက်တောင်ရှားသလားဗျာ၊ စိတ်မကောင်းလိုက်တာဗျာ။

     

  2. flowerworld Said,

    ဖတ်ပြီးတော့ စိတ်မကောင်းလိုက်တာ ကလေးမလေးသနားပါတယ်
    အဲ့ဒါပဲနော်..........၊မလွယ်ပါလား

     

  3. အဖြစ်အပျက်လေးက တော်တော်လေးကို သနားဖို့ကောင်းပါတယ်
    ဆက်လက်ရေးသားနိုင်ပါစေ

     

  4. သူများသားသမီးကို ဖျက်လိုဖျက်ဆီးလုပ်တဲ့သူပါလား။ တော်တော် လူမဆန်တဲ့ လုပ်ရပ်ပဲ။ ဆိုးပါ့....။

     

  5. Anonymous Said,

    ဖတ်ပြီးတော့ လူက ကြက်သီးတွေ ထလာတယ် အမရယ်... ကောင်မလေးအတွက် စိတ်မကောင်းသလို သူတစ်ပါးကို အနိုင်ကျင့်စော်ကားခဲ့တဲ့ ကောင်လေးကိုလည်း ထထိုးမိမလားပဲ....

     

  6. Phyo Maw Said,

    ဝေဖန် ဆိုလို့ ကိုယ့်အမြင်ကိုယ်ရေးပါမည်။
    မကောင်းသည့်စိတ်သည် ၁၆ ၁၇ ငယ်သည် ကြီးသည်နှင့်တော့ မဆိုင် လူ့စရိုက်နှင့်သာဆိုင်သည်ဟု သတ်မှတ်ပါသည်။ :)

    ရှေ့နေငှား ဘာငှား လုပ်တက်ကြတာကတော့ လူယဉ်ကျေးယောင်ဆောင်တဲ့ လူတမ်းစား တချို့ရဲ့ မနိုင်မယ့်သူအပေါ် ဖိနှိပ်ခြင်းပါပဲလေ။

    ပူလာမှန်းသိသော်ငြား အတင်းကာရော ဖျက်လို့ဖျက်ဆီး မလုပ်ခဲ့သော်လည်း အချိန်တန်တော့ တစ်ယောက်မှာ သေရှာခဲ့လေပြီ။

    ( ၀မ်းနည်း ၀မ်းသာ မတတ်သာပါ။

     

  7. မိုက်ရိုင်းလိုက်ကြတာနော်။ ဘာလို့ဒီလောက်တောင်မှ ယုတ်မာတဲ့လူတွေ ဒီလောကမှာရှိလာရတာလဲ။ ကောင်မလေးအသက်သေမယ့်အစား သူတို့ပဲဖြစ်လိုက်ဖို့ကောင်းတယ်။

     

  8. JulyDream Said,

    တရားခံဟာ အသက် ၁၇ နှစ် ဖြစ်တဲ့အတွက်... လူကြီးထောင်မှာ ထောင်ချလို့ မရပါ။ လူကြီးတွေနဲ့ အတူယှဉ်တွဲပြီး ထောင်ချထားခွင့် မရှိပါ။ အလုပ်ကြမ်းတွေ ခိုင်းစေခွင့် မရှိပါ။ ကလေးသူငယ် အမှုဖြစ်ပေမယ့် တမင်တကာ ကြံစည် ကျူးလွန်တဲ့ အမှူဖြစ်လို့ ပြစ်ဒဏ်တော့ ကျခံရမှာပါ။ ဒါပေမယ့် ပြစ်ဒဏ်ကတော့ မကြီးပါခင်ဗျာ။

     

  9. pee Said,

    dont blame this boy.he is just only 17.when he met her i belive he is just about 16.

     

  10. ဟူး ..... ကြောက်စရာပါလား .. လူ့စိတ်ကို အပြင်ပုံပန်းသဏ္ဍာန်နဲ့ မသိနိုင်ဘူးနော် .. ပြုသူအသစ် ဖြစ်သူအဟောင်းလို့ပဲ တွေးလိုက်ပါတော့မယ် ..

     

  11. အဲလိုတွေလည်းရှိတာပဲလား
    ခက်တယ်နော်
    ပျော်ရွှင်ပါစေ

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။