ချစ်တယ်......

ချစ်တယ်..တဲ့

မောင့်ဆီကချစ်တယ် ဆိုတဲ့စကားတစ်ခွန်းမှာ ကျွန်မဆီမှာအားအင်တွေအပြည့်နဲ့ပါလား

ချစ်…….တယ် တဲ့ စကားလေးကနှစ်လုံးတည်း.

စကားနှစ်လုံးကိုပေါင်းလိုက်တော့ လူနှစ်ဦးရဲ့ ဘ၀(သို့)သူစိမ်းနှစ်ယောက်ရဲ့ ဘ၀နှစ်ခုကို တစ်ခုတည်း၊ တစ်ဘ၀ တည်း၊ တစ်ထပ်တည်းဖြစ်စေခဲ့တယ်……

မောင့်ရင်ခွင်ဟာ မကျယ်ပေမယ့် ကျွန်မအတွက်တော့လုံခြုံနွေးထွေးမှုကိုပေးနိုင်ပါတယ်တဲ့

မောင့်ရဲ့ အချစ်တွေက ကျွန်မအတွက်အကောင်းဆုံးအင်အားဖြစ်စေခဲ့တယ်.

မောင့်ရင်ခွင်ထဲမှာ ကျွန်မအတွက်တည်ဆောက်ထားတဲ့ နန်းတော်တစ်ခုရှိတယ်တဲ့.

အဲ့ဒီနန်းတော်ကို အချစ်၊ မေတ္တာ၊ သစ္စာ၊ နားလည်မှုဆိုတဲ့ တိုင်ကြီးလေးခုနဲ့အခိုင်အမာတည်ဆောက်ထားတာ တဲ့လေ.

နန်းတော်ထဲမှာ ကျွန်မအတွက်အခန်းတစ်ခန်းအပြင် အချစ်သစ်ပင်လေးတစ်ပင်ပါစိုက်ပျိုးထားခဲ့တယ်....

အချစ်သစ်ပင်လေးကတော့

ကျွန်မဆာရင်စားသုံးဖို့ ပန်းသီးလဲဖြစ်တယ်……..

ကျွန်မသောက်သုံးဖို့ ရေလဲဖြစ်တယ်……..

ကျွန်မပျင်းရင် စကားပြောဖို့ လူလဲဖြစ်တယ်……..

ကျွန်မဖျားရင် ဆေးကုဖို့ ဆရာဝန်လဲဖြစ်တယ်…….

ကျွန်မစိတ်ညစ်ရင် အားပေးဖို့ အဖော်လဲဖြစ်တယ်…...

ကျွန်မငိုရင် နှစ်သိမ့်ဖို့ ပုခုံးတစ်ဘက်လဲဖြစ်တယ်…….

ကျွန်မပျော်ရွှင်ဖို့ သီချင်းတွေနဲ့ ဖြေဖျော်သူလဲဖြစ်တယ်……

ကျွန်မအိပ်ရင် ပုံပြင်လှလှလေးတွေနဲ့ချော့သိပ်ဖို့ ပုံပြောသူလဲဖြစ်တယ်…….

ကျွန်မရဲ့ အချိန်တွေအကုန်လုံးမှာလိုအပ်သမျှကိုဖြည့်ဆည်းပေးနိုင်တဲ့ အချစ်သစ်ပင်လေးတစ်ပင်ကိုပါ စိုက်ပျိုး ပေးထားတယ်…….

ဒီလိုခမ်းနားတဲ့နန်းတော်ကြီးနဲ့အချစ်သစ်ပင်ရှိနေမှတော့ ကျွန်မအတွက်ဘာလိုအပ်ဦးမှာလဲရှင်

နန်းတော်ကြီးမပျက်စီး၊ မပြိုလဲဖို့နဲ့ အချစ်သစ်ပင်မခြောက်ခန်း၊ မသေဆုံးဖို့ကတော့ မောင်နဲ့ကျွန်မတို့နှစ်ဦးရဲ့  အချစ်၊ မေတ္တာ၊ သစ္စာ၊ နားလည်မှုတွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

မူပိုင် = နှင်းဆီနက်

9 Response to "နန်းတော်ထဲကအချစ်သစ်ပင်"

  1. ချစ် ... များများချစ်.... တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု အရေးကြီးသည်။

     

  2. ငါ့အစ်မကြီးက ချစ်တတ်နေပြီပေါ့... ဟာဟ

     

  3. ဝမ်းသာမိပါတယ်.... အားလည်းကျပါတယ်.... အစ်မရယ်.... :D

     

  4. အချစ်သစ်ပင်လေးအကြောင်းဖတ်သွားတယ်
    အရေးအသားလေးတွေအရမ်းနူးညံ့တယ်
    အားကျတယ် ...
    ပျော်ရွှင်ပါစေ မမ :)

     

  5. အချစ်သစ်ပင်လေးအကြောင်းဖတ်သွားတယ်
    အရေးအသားလေးတွေအရမ်းနူးညံ့တယ်
    အားကျတယ် ...
    ပျော်ရွှင်ပါစေ မမ :)

    ညီမလေး

    ပန်းခင်း

     

  6. ရေးထားတာလေးတွေက သိမ်မွ့ နူးညံ့တယ်--

     

  7. Welcome Said,

    နှစ်ခြိုက်စွာနဲ့ ဖတ်သွားပါတယ်။
    အသစ်မတွေ့လည်း အဟောင်းတွေ
    အားပေးသွားပါတယ်

    ချမ်းမြေ့ပါစေ

     

  8. ချစ်ချစ် ချစ်နေ မလတ် ကိုခေါ်တော့ဘူး

     

  9. Unknown Said,

    အမရေ
    ကဗျာဆိုတာကလူတွေရဲ့ခံစားချက်တွေကို တနည်းတဖုံနဲ့ ပြောတဲ့အရာတွေလေ.......အမရဲ့ နန်းတော် ကြီးထာဝရရှင်သန်နိုင်ပါစေ

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။