ကျွန်မထိုကောင်လေးကို သတိထားမိနေတာ ၃၊၄ကြိမ်မကတော့။ ကော်ဖီဆိုင်တွင် ကျွန်မတို့သူငယ်ချင်းတစ် သိုက် စာမေးပွဲနားနီးနေပြီဖြစ်သောကြောင့် ကျောင်းပြေးသောသူများကလည်း စာမရှိ၍ အသည်းအသန် စာကူးသူကကူး၊ စာနားမလည်သူကမေးသူမေး၊ စာရှင်းသူကလည်းရှင်းပြ တစ်ယောက်တစ်ပေါက်ဖြင့် တစ်ဆိုင် လုံးကို ကျွန်မတို့အသံများဖြင့်ဖုံးလွှမ်းနေပါသည်။ မေးနိုင်မည့်စာများကိုအမှတ်အသားပြုခြစ်လိုက်ဖြင့် ကျွန်မ လည်း အလုပ်ရှုပ်၊ ခေါင်းရှုပ်ပြီးအားရုံတွေများနေခဲ့သည်။ အမှတ်မထင် ကျွန်မခေါင်းမော့လိုက်မိချိန်တွင် တစ်ဘက်ခုံမှာထိုင်နေသောကောင်လေးမှ ကျွန်မအားလှမ်းပြုံးပြပါသည်။ ကျွန်မလည်းကျွန်မကိုပြုံးပြသည်ဟုမထင်၍ ကျွန်မအနောက်ဘက်ခုံကို တချက်လှည့်ကြည့်ရုံကြည့်လိုက်ပြီး သူငယ်ချင်းများနှင့်ဆက်၍ စာအကြောင်းဆွေးနွေးနေခဲ့သည်။ နောက်တစ်ကြိမ်တွင်မတော့ ကော်ဖီခွက်ကိုမော့သောက်ပြီးပြန်အချတွင် ထိုကောင်လေးမှာ ကျွန်မကိုစိုက်ကြည့်နေကြောင်း သတိထားမိခဲ့သည်။

ကျွန်မတို့သူငယ်ချင်းများသည် အရမ်းခင်ဖို့ကောင်းပြီး၊ တစ်ယောက်နှင့်တစ်ယောက် ပြောမနာ၊ ဆိုမနာ၊ အစ အနောက်သန်သောသူများဖြစ်သည်။ အစအနောက်လွန်ပြီးစိတ်ဆိုးရင်လည်ကြာကြာစိတ်မဆိုးနိုင်ကြ။ တစ်ယောက်ကစိတ်ဆိုးရင် ကျန်တဲ့သူတွေကဖြန်ဖြေပေးရင်းနဲ့ ရယ်စရာပြက်လုံးများကို တောက်လျှောက်ပြော တော့စိတ်ဆိုးတဲ့သူမှာကြာကြာစိတ်မဆိုးနိုင်ပဲ ချက်ချင်းပြေကြသည်။ တစ်ယောက်ကိုတစ်ယောက်ချောက်တွန်းလိုက်ကြ၊ ခံရတဲ့သူကလဲစိတ်ဆိုးလိုက်ကြ၊ မခေါ်ပဲနေကြ၊ ပြီးတော့လဲမနေနိုင်ပြန်တည့်လိုက်နဲ့ပဲ အတွဲမပျက်ပဲ ရှိသော သူငယ်ချင်းများဖြစ်ကြသည်။

ထိုအုပ်စုထဲတွင် ကျွန်မကိုတော့စကားအရာနှင့်ပဲဖြစ်ဖြစ်၊ အစအနောက်သန်၊ ချောက်ချရာတွင်ဖြစ်ဖြစ် ဘယ်သူ မှမနိုင်ကြပါ။ သူတို့ပြောသည်ထက် ကျွန်မကပိုပြောနိုင်သည်။ စကားအရာတွင် အရှုံးမပေးတတ်တာ ကျွန်မ အကျင့်။ တစ်ခြားအချိန်တွင် စကားကိုအပိုမပြောတတ်၍ မသိတဲ့သူများဆို ကျွန်မကို စကားနည်းတဲ့သူ၊ မာန ကြီးတဲ့သူဟုအထင်နှင့်ပြောတတ်ကြသည်။ တကယ့်တကယ်တွင် ကျွန်မကအကြောင်းသိက ပေါရှာသူ၊ အစ အနောက်သန်သူ၊ ရယ်စရာဟာသများကို ပြောနိုင်သူဖြစ်သည်။ သူငယ်ချင်းများသည် ကျွန်မဒဏ်ကိုအခံရဆုံး သောသူများဖြစ်သည်။ အထူးသဖြင့် ကျွန်မအချစ်ဆုံးသီတာမကတော့ အုပ်စုထဲတွင်အအေးဆုံး၊ ကျွန်မဘယ် လောက်အနိုင်ကျင့်ကျင့် ကျွန်မကိုအသည်းခံဆုံး

ချစ်ဖို့ကောင်းတာကတော့ ကျွန်မဘယ်လောက်ဆိုးဆိုး သူတို့က ကျွန်မအပေါ်အကောင်းမြင်အကြည့်လေးတွေ နှင့် ခွင့်လွှတ်ပေးကြသည်။

အခုလဲ ထိုကောင်လေးက ကျွန်မကိုစိုက်ကြည့်နေတာကို သူတို့ကလည်းသတိထားမိနေပြီးဖြစ်သောကြောင့် တယောက်တပေါက်ဖြင့် ကျွန်မကိုစကြပါတော့သည်။ ကျွန်မလည်းသူတို့စနောက်ကြသည်ကို အရေးမထား စာကအရေးကြီးသည့်ဟန်ဖြင့် နင်တို့နော် စာမေးပွဲကဖြင့်တပတ်ပဲလိုတော့တယ် စာမေးပွဲခန်းထဲရောက်မှ ကူပါဦး၊ ကယ်ပါဦးလာမလုပ်နဲ့ စာကိုပဲလုပ် တခြားဟာအာရုံမရှုပ်နဲ့ ဟု ဆရာမကြီးလေသံဖြင့်ပြန်ပြောလိုက်ပေမဲ့. ဒီလောက်နဲ့တော့မဖြုံတဲ့အကြောင်းသိသူငယ်ချင်းများကဆက်စမြဲ။ သူတို့တွေကစလေလေ ထိုကောင် လေးမှာလည်းကျွန်မကိုသူနှင့်ဝိုင်းစနေသည်ကိုရိပ်မိနေပြီဖြစ်သောကြောင့်ထင် အတင့်ရဲလာသည်။

သူနှင့်အတူထိုင်နေသော သူငယ်ချင်းများကလည်းမြှောက်ပေးကြသည်ထင်သည် ကောင်လေးသည် ထိုင်ရာမှ ထလာပြီး ကျွန်တော့ကိုထိုင်ခွင့်ပြုပါခင်ဗျာ ဟုကျွန်မကိုကြည့်ပြီးခွင့်တောင်းလာပါသည်။ ကျွန်မလည်း သူ့ကိုမသိချင်ယောင်ဆောင်ပြီး စာအုပ်ကိုအသဲအသန်ဖတ်ချင်ယောင်ဆောင်နေလိုက်တော့ သူငယ်ချင်းတစ် ယောက်ဆီမှ အဟမ်း. အဟမ်း. လည်ချောင်းရှင်းသံနှင့်အတူ ဟုတ်ကဲ့ ရပါတယ်ထိုင်ပါ ခုံပိုယူပြီးထိုင် လို့ရပါတယ် ပြောလိုက်တော့ ကောင်လေးမှာခုံတစ်ခုံယူပြီး ကျွန်မတို့ဝိုင်းမှာထိုင်မလိုလုပ်တော့ ကျွန်မကို ချောက်ကျတာမြင်ချင်တဲ့သူငယ်ချင်းတစ်ယောက်က ကျွန်မရှေ့တည့်တည့်နေရာတွင်ထိုင်နေသောသူကို ဖယ် ခိုင်းပြီး ထိုကောင်လေးကိုနေရာချပေးပါတော့သည်။

ကောင်လေးလဲနေရာတွင်ထိုင်ပြီးသည်နှင့်သူ့ကိုယ်သူစတင်မိတ်ဆက်ပါသည်။ သူမိတ်ဆက်ပြီးသည်နှင့် ကျွန်မ နာမည်သိချင်ကြောင်းတိုက်ရိုက်မေးလာပါတော့သည်။ ကျွန်မကိုချောက်ကျနေပြီ၊ ခံနေရပြီဆိုပြီး ပြုံးစိစိနဲ့ကြည့် နေကြတဲ့သူငယ်ချင်းတွေကိုဒီလိုနဲ့တော့အရှုံးမပေးချင်။ တော်ရုံလူစိမ်းယောကျာ်းလေးဆိုစကားစမပြောတတ်တဲ့ ကျွန်မ၊ ဒီတခါကျမှတော့ မေးလာတဲ့မေးခွန်းကိုမှပြန်မဖြရင် သူငယ်ချင်းတွေကြားမှာ ကျွန်မကို နိုင်ကွက်အဖြစ် အမြဲပြောစရာအကြောင်းအရာတစ်ခုအဖြစ်မခံနိုင်။ ကျွန်မလဲခေသူမဟုတ်ပါလား.။

ကံကြမ္မာကပဲကျွန်မဘက်အလေးသာခဲ့သလား၊ နတ်ကောင်းပဲမသလားမသိ ကျွန်မနာမည်မဖြေခင် အချိန်လေး အတွင်းမှာပဲ ကျွန်မခေါင်းကိုလက်နှင့်အပုတ်ခံရပြီးနောက် အော်…….ညီမကဒီမှာစာလာလုပ်နေတာကိုး…… အကိုကဆိုင်ရှေ့ကဖြတ်တော့ ညီမကိုမြင်လိုက်လို့ဝင်လာခဲ့တာ တယ်ကြိုးစားနေပါလား ဟုပြောသံနှင့်အတူ ကျွန်မဘေးကိုရောက်လာသူက ကျွန်မအကိုရဲ့ အချစ်ဆုံးသူငယ်ချင်း(ကျွန်မနှင့်လည်းအကိုတယောက်လိုချစ် ခင်ရသောသူ)။ ကျွန်မလည်းလက်ရှိအခြေအနေအကျဉ်းအကြပ်ထဲမှကယ်တင်ရှင်ရောက်လာသလို ၀မ်းသာ အားရဖြစ်ကာ အကိုက ဘယ်သွားမလို့လဲဟင်…” မေးလိုက်တော့ အကိုလား စာအုပ်ဆိုင်ဘက်သွားမလို့ စာအုပ်ဝယ်မလို့လေ ညီမမုန့်လိုက်စားဦးမလား ဟုမေးသံဆုံးသည်နှင့်ကျွန်မလည်း ဟာ.စားမှာပေါ့ လိုက်မယ်လေ ခဏနော် စာအုပ်တွေသိမ်းလိုက်ဦးမယ် ဟုပြောလဲပြော၊ စာအုပ်တွေကိုအိတ်ထဲအမြန်သိမ်းဆည်းပါတော့သည်။ ကျွန်မလည်းအိတ်ကိုကောက်လွယ်ပြီးထိုင်နေရာမှထတော့ ထိုကောင်လေးမှာ ဆက်ပဲ ထိုင်ရမလိုလို၊ သူ့သူငယ်ချင်းတွေဘက်ကိုပဲ ပြန်သွားရတော့မလိုလိုနှင့် မျက်စိမျက်နှာပျက်နေသည်။

စိတ်လက်ပေါ့ပါးသွားတဲ့ကျွန်မ အပြုံးတွေများစွာနဲ့ဆိုင်ပြင်ကိုရောက်တော့မှ သူငယ်ချင်းတွေကိုလှည့်ကြည့်လိုက်ပြီး မျက်စိတစ်ဘက်ကိုမှိတ်၊ လျှာထုတ်ပြပြီး ငါ့ကိုနင်တို့ဘယ်တော့မှအနိုင်ရမယ်မထင်နဲ့ ဆိုတဲ့ပုံနှင့် လက်မ ထောင်ပြလိုက်၊ သနားပါတယ်ဆိုတဲ့ပုံစံမျိုးလက်ခါပြလိုက်နှင့် အမျိုးမျိုးလုပ်ပြတော့ ဆိုင်တွင်းမှ မအီမလည် မျက်နှာတွေနှင့်ကျွန်မကို လက်သီးဆုပ်သူဆုပ်ပြ၊ အေး နင်တော့ နောက်တခါကျရင်တွေ့မယ် ဆိုတဲ့ပုံနှင့် အံကြိတ်သူကြိတ်ပြနှင့်မကျေမနပ်မျက်နှာများနှင့်ကျန်ခဲ့ကြပါတော့သည်။

ကျောင်းသားဘ၀အမှတ်တရများစွာထဲမှ တခုကိုရေးသားထားခြင်းဖြစ်ပါသည်။ အခုတော့တစ်ယောက်ကို တစ်နေရာဆီမှာ အရင်လိုပြန်ဆုံတွေ့ဖို့လဲမလွယ်၊ ကိုယ်စီအလုပ်များစွာနဲ့ ဘ၀ဆိုတဲ့စကားလုံးနှစ်လုံးအောက်မှာ ရုန်းရင်းကန်ရင်းနစ်မြုပ်နေကြပါတယ်။

လွမ်းလိုက်တာ ကျောင်းတော်ကြီးနဲ့ချစ်သောသူငယ်ချင်းများရယ်.....

မူပိုင် = နှင်းဆီနက်

16 Response to "တစ်ခါကကျောင်းသားဘ၀အမှတ်တရ"

  1. Welcome Said,

    ပြန်မရနိုင်တော့တဲ့
    လွတ်လပ်ပျော်ရွှင်တဲ့
    ကျောင်းသားဘ၀ကို
    ပြန်အမှတ်ရမိတယ် ..

    အားပေးလျက်ပါ

     

  2. လည်လိုက်တာနော်.... အဟွန်းဟွန်း... :P

     

  3. တစ်သက်မှာ တစ်ခါပဲရတဲ့ ကျောင်းသားဘဝ ကို အမြဲ တမ်းတနေပါတယ်...........

     

  4. may16 Said,

    ကျောင်သားဘ၀ကို အမှတ်တရပြန်ဖြစ်ပါတယ်....

     

  5. မလတ်....
    ကျောင်းတော်ကြီးကို ပြန်လွမ်းမိတယ်၊ ပြန်မရနိုင်တော့ဘူးဆိုတာ သိနေပေမယ့်.......

     

  6. ပိုစ့်လေးဖတ်ပြီး ကျောင်းတော်ကြီးကို ပိုပြီး သတိရသွားပါတယ်--
    အတိတ်ဆိုတာအရိပ်လိုပါပဲ--
    ပျော်ရွှင်ပါစေ---

     

  7. ကျောင်းသားဘ၀ရဲ့ ဖြူစင်မှုတွေကိုရော ပြန်လွမ်းမိပါရဲ့ အစ်မရေ...

     

  8. ကျောင်းတော်ကြီးအကြောင်းကိုဖတ်ရတိုင်းမှာ ရင်ထဲလွမ်းလို့ ဆွေးလွန်း လို့ ပါဗျာ...
    ဘယ်လိုမှပြန်မရနိုင်တော့တဲ့ လွတ်လပ်တဲ့ဘဝလေးပါနော်...
    ခင်မင်လေးစားတဲ့
    ဖိုးစိန်

     

  9. Anonymous Said,

    အဟဲ... အဲဒါ သူတော်ကောင်း နတ်ကောင်းမတာ... လောလောဆယ် ရန်ကုန်က နက်တွေ ဘယ်တော့များ ပြန်မ(ပြန်ကောင်း) မလဲမသိ???

     

  10. အမှတ်တရတွေ ပြန်အစဖော်ပေးလို့ ၀မ်းသာတယ်

     

  11. ဒါလေးကိုဖတ်ပြီးတော့ ကျောင်းသားဘ၀ကို ပြန်လိုချင် လိုက်တာ..

     

  12. Unknown Said,

    ကျောင်းတက်ကုန်းက ဘ၀ကို ပြန်သတိရမိတယ်

     

  13. ကျောင်းကြီးမတက်ဖူးတော့လည်း သူများတွေပျော်ခဲ့တာ
    လေးတွေကိုပဲလိုက်ပြီးခံစားနေရတယ် ...
    :D

     

  14. SHWEBO Said,

    ကျွန်တော်လည်းပြောမယ်..ကျောင်းကြီးကို တက်ခွင့် ပြီးဆုံးသွားပေမယ့် သတိယခြင်းကိုတော့ ကျွန်တော်ပိုင်သေးတယ်.....

     

  15. တစ်ခါကကျောင်းသားဘ၀အမှတ်တရကို လာဖတ်တဲ့သူတော်တော်များများကြိုက်ကျတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် နောက်နောင်လဲကြိုးစားသွားပါဦးမယ်လို့ပြောချင်ပါတယ်
    ခင်တဲ့
    မလတ်

     

  16. Min Myat Soe Said,

    အနော်လည်း ကျောင်းသား ဘ၀လာဖတ်ပါတယ် သတိရစရာ ဘ၀လေးကို လွမ်းမိသွားပြီ ဟီး ရွှတ်

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။