ထာဝရပါအမေလို့ခေါင်းစဉ်တပ်ထားပေမဲ့ ကျွန်မအတွက်အမေရော အဖေပါထာဝရကျေးဇူးရှင်မိဘနှစ်ပါးပါ။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို အမေများနေ့ကမေလ(၁၀)ရက်နေ့လဲဖြစ်ပြန်၊ ကျွန်မစိတ်မှာကလဲ အမေနဲ့ ပက်သက်ပြီးရေးချင်တဲ့စိတ်က တားမရဆီးမရဖြစ်လာတော့ အမေ့အကြောင်းလေးကို ဦးစားပေးရေးဖြစ်သွား တာပါ။

မွေးဖွားခြင်းအစ

ကျွန်မကို လောကကြီးကစတင်ကြိုဆိုတဲ့နေ့မှာ အမေဟာထူးထူးခြားခြားဗိုက်မနာပဲ ခြေထောက်တွေကိုက်လို့ နေပါသတဲ့။ ၀ါဆိုလပြည့်နေ့ဖြစ်တဲ့အတွက် အမေတစ်ယောက်တည်း မနက်စောစောစီးစီး ၀ါဆိုဆွမ်းကပ်ဖို့ အတွက် ချက်ပြုတ်တော့ ခြေထောက်တွေက မခံမရပ်နိုင်အောင်ကိုက်နေပါတယ်။ ဆွမ်းကျက်လို့ဆွမ်းကပ်ပြီး ဘုရားကန်တော့လို့ပြီးနောက်မှာ အမေနဲ့အဖေဟာအသင့်ပြင်ထားတဲ့ခြင်းလေးကိုဆွဲပြီး ဆေးရုံကိုတန်းပြေး တော့တာပါပဲ။ ဆေးရုံရောက်ပြီး မွေးဖွားခန်းထဲရောက်တဲ့အချိန်အထိကို ခြေထောက်တွေကကိုက်နေခဲ့တာပါ တဲ့။ ထူးဆန်းတယ်နော် တစ်ချို့ မိခင်တွေဆိုဗိုက်နာပြီးမွေးတာ ကျွန်မကမွေးခါနီးလေခြေထောက်တွေက ပိုကိုက်လေဆိုတော့လေ။

အဲ့ဒါကြောင့်မို့လားမသိ ကျွန်မမှာလေးဘက်နာရောဂါတော့မရှိဘူး ခြေထောက်ကိုက်တာတော့ တခါတလေ ဖြစ်တတ်ပါတယ်။ အမေဘယ်လိုခံစားခဲ့ရတယ်တော့မသိဘူး ကျွန်မတော့ခြေထောက်ကိုက်ပြီဟေ့ဆိုတာနဲ့ အော်နေရတော့တာပါပဲ။ ကျွန်မကိုမွေးဖွားချိန်က နေ့လည်၁နာရီမှဆိုတော့ အမေအတော်ပင်ပန်းနွမ်းနယ် နေပြီ။ သို့ပေမဲ့ နီတာရဲရဲ၊ အာခေါင်ပြဲပြဲ ၊တအဲအဲအော်ငိုနေတဲ့ကျွန်မမျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့ အမေရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ ဆာလောင်မှုတွေ၊ နာကျင်မှုတွေဟာ သမီးတယောက်ခြေလက်အင်္ဂါအစုံ အလင်နဲ့ လောကကြီးကိုဝင်ရောက်လာမှုဆိုတဲ့ ကြည်နှုးမှုနဲ့အတူလွင့်စင်ကွယ်ပျောက်ကုန်ပါတယ်။

ကျွန်မကိုမိခင်နို့စတင်တိုက်ကျွေးတဲ့အချိန်မှာ အမေတစ်ယောက်တော်တော်ဒုက္ခရောက်ခဲ့ပါတယ်။ မိခင်နို့ကို သောက်သုံးရမယ်မှန်းမသိတဲ့ကျွန်မ အမေကနို့တိုက်တဲ့အခါမှာ ခေါင်းတလည်လည်နဲ့ အော်ငိုနေခဲ့တာမို့ အမေရော၊ အဖေပါဘာဆက်လုပ်ရမယ်မှန်းမသိပဲ အခက်တွေ့ခဲ့ရပါတယ်။ အမေကလဲနို့တိုက်မရတော့ င့ါသမီးလေး နို့စို့အောင်ဘယ်လိုလုပ်ရမလဲ နို့တိုက်လို့မှမရရင် အသက်ဆက်ရှင်မှာမဟုတ်ပါဘူးဆိုပြီး ငိုလေ တော့ အဖေကလဲအမေ့ကိုနှစ်သိမ့်ပေးရင်းက မကြံတတ်အောင်ဖြစ်နေပါတယ်။ အမေနဲ့အဖေအဖြစ်ကို ဘေးကုတင်ကနေမြင်နေရတဲ့အဖွားတစ်ယောက်က မနေနိုင်လို့ဝင်ပြီးကူညီပေးတော့မှပဲ အဆင်ပြေသွားပါ တယ်တဲ့။

နို့စတိုက်ချိန်တုန်းကဒုက္ခရောက်ခဲ့သလို နို့တိုက်ရင်လဲအမေ့မှာဇက်တွေလဲညောင်း၊ ခါးကြောတွေတောင့်တဲ့ အထိတိုက်ခဲ့ရပါတယ်။ ပါးစပ်ကနဲနဲလေးလွတ်သွားတာနဲ့အော်တတ်ငိုတတ်လွန်းလို့ အမေ့မှာနာရီများစွာကို ကျွန်မအတွက်အချိန်ပေးခဲ့ရပါတယ်။ ငိုပြီးရင်မတိတ်တော့ပဲ တက်မတတ်ငိုလွန်း ငိုကြောရှည်လွန်းလို့ ဘေးက အိမ်တွေကဆို အမေတို့ကဖြင့်နာမည်မမှည့်ရသေးဘူး သူတို့တွေက ကျွန်မကို ဆွဲလည်းလေး၊ ခေါင်းလောင်း လေးလို့ ကင်ပွန်းတပ်ပြီးနေပြီလို့ ရယ်စရာအဖြစ်ပြန်ပြောပြပါတယ်။

ကျွန်မရဲ့ချက်ကြိုးဖြတ်တဲ့နေရာက ရေချိုးပေးပြီးတော့ရေစက်လေးကသွေးစလိုဖြစ်နေတာကို ကျွန်မချက်က အနာမကျက်သေးဘူးသွေးပြန်ထွက်လာတယ်ထင်ပြီး ကျွန်မကိုပွေ့ချီပြီး အဖေ့ရုံးကိုပြေးပြောတော့ အဖေက လဲစိတ်ပူပြီးကျွန်မကိုအမေ့လက်ထဲမှပြောင်းပွေ့ကာ ဆေးရုံကိုပြေးပြကြတာ ဆေးရုံရောက်လို့ဆရာဝန်က သေချာစမ်းသပ်ပြီး ရှင်းပြတော့မှပဲ အဖေနဲ့အမေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရှက်ရယ်ရယ်ခဲ့ ကြပါတယ်။ ကျွန်မအပေါ်ထားတဲ့မိဘမေတ္တာများကြီးမားလွန်းလှပါတယ်...။

လမ်းလျှောက်တတ်ခါစအချိန်မှာဆိုလည်း အမေတစ်ယောက်ကျွန်မအတွက် လမ်းလျှောက်ရလွယ်ကူစေရန် ၀ါးလုံးတန်းလေးများရိုက်ပေးခဲ့ပါတယ်။ မြေကြီးကိုကျင်းတူးထားပြီးတော့ ကျင်းထဲမှာကျွန်မကို ခြေထောက် သန်မာစေရန်အတွက် ထည့်ထားပေးခဲ့ပါတယ်။ ချုပ်နှောင်ထားတာကိုငယ်ငယ်ကတည်းက မကြိုက်တဲ့ ကျွန်မက ဖြတ်သွားတဲ့လူတွေကိုလက်ခုပ်တီးခေါ်ပြီး တအဲအဲနဲ့ကျွန်မကိုကျင်းထဲကထုတ်ပေးဖို့ သနားစရာ ပုံစံနဲ့လုပ်ပြတာကိုလဲ အမေကကျွန်မကိုတမ်းတမ်းတတပြန်ပြောပြတတ်ပါတယ်။ စိတ်ကြီးတာနဲ့ ခေါင်းမာတာ ကတော့ငါနဲ့တစ်ပုံစံတည်းပဲ ငါ့ထက်တောင်စိတ်ကထက်သေး ဒါကြောင့် အမြင်ကတ်တယ် ဟုကျွန်မကို အမေ နဲ့တူလို့ပဲ စိတ်မရှည်သလို၊ မချစ်တော့သလိုမျိုးလဲပြောတတ်ပါသေးတယ်။

အမေနဲ့အဖေစကားများကြရင်လည်းကျွန်မကအဖေ့ဘက်ကပဲပါလေ့ရှိပါတယ်။ အဖေကကျွန်မကိုအခုချိန်ထိ ဆူလည်းမဆူဖူး၊ ရိုက်လည်းမရိုက်ဖူးပါဘူး။ ငယ်ငယ်ကတည်းက အပြစ်လုပ်မိပြီဆိုရင်တော့ အမေ့လက်သံကို ရင်းနှီးထားပြီးသားလေ လက်နဲ့အခေါက်ခံရရင်ခံရ၊ မခံရရင်တော့ ကြိမ်လုံးကိုရေစိမ်ပြီးမှရိုက်တတ်တာ...။ ကျွန်မတို့မောင်နှမတွေကအမေရိုက်ခံရပြီးတာနဲ့ အဲ့ဒီကြိမ်လုံးကိုဖျောက်ပစ်တတ်လွန်းလို့ အမေ့မှာလဲကြိမ်လုံး ၀ယ်ရပေါင်းလည်းမနဲပါဘူး။

တခါအကိုဖြစ်သူကိုရိုက်မယ်လုပ်တော့ ကြိမ်လုံးကလဲရှာမရတော့ သစ်ကိုင်းကိုချိုးပြီးရိုက်တာ သစ်ကိုင်းကလဲ ခြောက်နေတော့ ရိုက်ဖို့လွှဲလိုက်တာနဲ့ကျိုးတာကို ရိုက်ခံရမှာစိုးလို့စာကျက်ချင်ယောင်ဆောင်နေတဲ့ကျွန်မ၂ခါ ၃ခါလဲကျရော မနေနိုင်တော့ပဲရယ်မိတာကြောင့် အမေ့မျက်စောင်းကကျွန်မဘက်ကိုလှည့်လာပါရော။ အမေကကျွန်မကိုရိုက်ရင်တော့တခါတခါအမြင်ကတ်ကတ်နဲ့ပိုရိုက်မိတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မကိုရိုက်ရင်ကျွန်မကအဖေ့အသည်းဆိုတော့ အဖေပြန်လာတိုင်းအရှိုးရာတွေကိုပြပြီးတိုင်တတ်လို့ပါပဲ။ ကျွန်မတိုင်ပြီးတိုင်းအဖေနဲ့အမေစကားအကြီးအကျယ်များတတ်ကြပါတယ်။

ကျွန်မကျောင်းပိတ်တဲ့အခါနဲ့ကြုံရင်တော့ အဖေကအမေ့ကိုစိတ်ဆိုးဆိုးနဲ့ ကျွန်မကိုရုံးခေါ်ခေါ်သွားတတ်ပါ တယ်။ ရုံးဆင်းတော့လဲသားအဖနှစ်ယောက်အိမ်ကိုတန်းမပြန်ကြသေးပါဘူး အဖေကကျွန်မကိုစတိုးဆိုင်ဝင်ပြီး လိုချင်တာဝယ်ပေး၊ ဆီချက်ခေါက်ဆွဲကြိုက်တဲ့အတွက် ရန်ရှင်းဆိုင်ကဆီချက်ခေါက်ဆွဲဝယ်ကျွေးပြီးမှ အိမ်ကို ပြန်ကြတာ။ အိမ်ကိုပြန်ရောက်တော့ ကျွန်မကိုသတိရနေတဲ့အမေက မသိချင်ယောင်ဆောင်ပြီး ဘာတွေဝယ် လာလဲ၊ ဘာတွေစားခဲ့လဲမေးရင်တော့ ကျွန်မကရိုက်ခံထားတာတွေမေ့ပြီး အဖေ၀ယ်ပေးသမျှကို တခုပြီးတခု အမေ့ကိုထုတ်ပြပြီးကြွားတောအမေ့ကိုသတိမရဘူးလားဟင် ဆိုတဲ့အမေးကို သတိရတာပေါ့ အမေ့ကိုလဲ ဆီချက်ကျွေးချင်တာ သမီးအများကြီးစားခဲ့တယ် ဒီမှာကြည့် ဆိုပြီးဗိုက်ကိုပုတ်ပြပြီးဖြေလိုက်တဲ့အခါမှာ အမေ့ မျက်လုံးအိမ်ကမျက်ရည်တွေဝိုင်းသွားခဲ့တာကို အခုမှသမီးနားလည်ခဲ့ပါတယ်။

အမေ့အကြောင်းရေးရတဲ့အခိုက်မှာ ကျွန်မရင်ထဲမှာ ပျော်ရွှင်ခြင်း၊ ကြည်နှုးခြင်း၊ ၀မ်းနည်းခြင်း စတဲ့ခံစားချက် မျိုးစုံဖြစ်တည်ခဲ့ပါတယ်အမေ။ အမေသာဒီစာလေးကိုဖတ်ဖြစ်ခဲ့မယ်ဆိုရင် သမီးကိုကြည့်ပြီး ဘယ်လိုခံစား ချက်နဲ့ပြောမယ်ဆိုတာသိချင်လိုက်တာ။ တခါတလေ စကားတစ်ခွန်းမှမပြောပဲ စိတ်ထဲကအလိုလိုသိနေမိတာ မျက်ဝန်းချင်းစကားပြောတယ်လို့ပြောကြပါတယ်။ စိတ်ချင်းဆက်သွယ်၊သိနားလည်တယ်ပေါ့။ ကျွန်မဆီက စကားသံမကြားရပဲ အမေနားလည်ခဲ့မယ်ဆိုတာကိုလည်း သမီးသိခဲ့ပါတယ် ။ အမေ့ဆီကစကားသံမကြား ရပေမဲ့ အမေပြောမဲ့စကားကိုသမီးနားလည်နေတယ်ဆိုတာ အမေသိမှာပါ..။ အမေသိနေခဲ့မှာပါ…….။

မူပိုင် = နှင်းဆီနက်

20 Response to "ထာဝရပါအမေ"

  1. အမေကိုချစ်တဲ့ သားသ္မီးတိုင်း အမေ့မေတ္တာ အမေ့စေတနာတွေကို နားလည်သဘောပေါက်ပြီး
    အမေ့ကျေးဇူးကို ဆပ်ခွင့်ရနိုင်ကြပါစေ။

     

  2. ကမ္ဘာပေါ် က အမေအားလုံး ကျန်းမာကြပါစေဗျာ

    အမေကိုလွမ်းတယ်

     

  3. အမေ့ကို ချစ်တဲ့ သမီးတစ်ယောက်ပါလားနော်... အခုတော့ ပိုသိသွားပြီ... အမေ ကျေးဇူးကို ဒိထက် ပိုဆပ်နိုင်ပါစေ

     

  4. မမရော မမမေမေပါ နှစ်အကြာကြီး ချစ်ချင်ခင်ခင်နဲ့ နေနိုင်ကြပါစေနော်... ဒါနဲ့ ရေးထားတာ တကယ်ဖတ်ချင်စရာကောင်းတယ်သိလားမမ :)

     

  5. အမေတွေ အားလုံး သိနေမှာ ပါ ညီမရေ

     

  6. Anonymous Said,

    ရေးထားတာလေး ကောင်းပါတယ်ဗျာ..။မိဘကျေးဇူးကို ဆပ်နိုင်သော လူတစ်ယောက်ဖြစ်ပါစေ
    အဆင်ပြေပျော်ရွှင်ပါစေ

     

  7. Anonymous Said,

    သားသမီးတို့ အပေါ် စာနာနားလည်မှု အပြည့် ရှိသော အမေ.. အပြစ် မမြင်သော အမေ.. ခံစားစရာ ရှိရင် ကြိတ်မှိတ်ပြီး ခံစားတတ်တဲ့ အမေ.. ဘာပဲဖြစ်ဖြစ် ကျေးဇူး မေတ္တာ ကြီးမား လှတဲ့ အမေ.. အမရဲ့ ထာဝရ အမေ ပုံရိပ်လေးကို မြင်ယောင်ရင်း အမေ့ ကျေးဇူး ဆပ်နိုင်ပါစေ...။

     

  8. Anonymous Said,

    သားသမီးတို့ အပေါ် စာနာနားလည်မှု အပြည့် ရှိသော အမေ.. အပြစ် မမြင်သော အမေ.. ခံစားစရာ ရှိရင် ကြိတ်မှိတ်ပြီး ခံစားတတ်တဲ့ အမေ.. ဘာပဲဖြစ်ဖြစ် ကျေးဇူး မေတ္တာ ကြီးမား လှတဲ့ အမေ.. အမရဲ့ ထာဝရ အမေ ပုံရိပ်လေးကို မြင်ယောင်ရင်း အမေ့ ကျေးဇူး ဆပ်နိုင်ပါစေ...။

     

  9. ဟုတ်ပါတယ်
    အမေတွေက သမီးတွေရဲ့စိတ်ကိုနားအလည်ဆုံးပဲ
း)
    မမရော မမမေမေရော အကြာကြီး အတူတကွ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ပါစေနော် ..

     

  10. Anonymous Said,

    ဟုတ်ပါတယ်.. “အမေဆိုတာ“ ဘယ် တော့ မမပြောင်း လွုတဲ့ ထာဝရ မေတ္တာ ကို ပိုင်ဆိုင် သူ ပါ မနှင်းဆီ

     

  11. အမေကိုပေးဖတ်လိုက်ပါ
    အမေကို သတိယတဲ့သမီးဆိုပြီး ပိုတောင်ချစ်သွားမယ်ထင်တယ် အမေကို သတိတယရေးလို့လေ

     

  12. aungkyawthu Said,

    အမရေ ကျေးဇူးတင်တယ်ဗျာ မိဘကျေးဇူးဆို တာကို မောင်လေးက ပို ပြီး သိခွင့်ရပြီ.အမစာကို ဖတ်ပြီး အမေ ကို တောင်လွမ်းလာပြီ..

     

  13. ပို့စ်လေးကို ဖတ်ပြီး ................
    ငိုချင်သွားတယ်
    အမေ့ကို သတိရတယ်

     

  14. may16 Said,

    အမေများနေ့တွင်မဟုတ်ပဲ နေ့တိုင်းနေ့တိုင်း အမေ့ကျေးဇူးကို တမ်းတသတိရမိပါတယ်..

     

  15. MoeThwayNge Said,

    မလတ်..လာဖတ်တယ်နော်..အဆင်ပြေပါစေဟာ။

     

  16. မိဘကို ချစ်ပြီး စိတ်ချမ်းသာအောင် ထားနိုင်ရင် ကိုယ်လည်း စိတ်ချမ်းသာမှာပါဗျာ..

    စာကောင်းလေးဖတ်ရလို့ Thanks..

     

  17. နှင်းဆီ နံ့တွေ သင်းနေတဲ့ အိမ်ကို လာလည်တယ်ချင့်

     

  18. This comment has been removed by the author.

     


  19. manawphyulay Said,

    မတွေ့တာကြာပြီနော် သူငယ်ချင်းမလေး
    လာတောင်မလာတာကြာပ သတိရနေတယ်။ အဆင်ပြေနေတယ်ဟုတ် ဒေါ့ကွန်းနဲ့မိုက်တယ်။ နာ့ကိုလည်း ကူညီဦး... နာလည်း မေမေကို လွမ်းလို့ရေးထားသေးတယ် တူလိုက်တာ....
    www.goldmyanmar.myanmarbloggers.org

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။