ချစ်သူရေ

ပြောပြချင်တဲ့အကြောင်းအရာများနဲ့

မပြောဖြစ်ခဲ့တဲ့စကားလုံးများစွာက

မင်းအတွက် စိတ်ရှုပ်စရာ၊ နာကျည်းစရာတွေဖြစ်ခဲ့လို့

ငါ့ကိုမင်းမုန်းမယ်ဆိုရင်

ငါကျေနပ်စွာခေါင်းငုံခံမယ်..


ချစ်သူရေ

အရာရာအတွက် ငါခေါင်းငုံခံခဲ့တယ်

မင်းမုန်းနိုင်ဖို့အတွက်လဲ ငါခံရဲခဲ့တယ်

ငါ့အတွက်ရှင်ခြင်းဟာ

သေခြင်းနဲ့ဘာမှမထူးတော့ပြီပဲ

င့ါသိက္ခာအတွက် ငါသေတတ်ခဲ့တယ်..


ချစ်သူရေ

လိုအပ်ချက်တွေပြည့်နေတဲ့ဘ၀မှာ

ဖြစ်ချင်တဲ့ဆန္ဒကိုချိုးနှိမ်ခဲ့ပြီး

ဖြစ်သင့်တာကိုရွေးချယ်ခဲ့တာ

ဆူးလမ်းဖြစ်ခဲ့ရင်တောင်

ငါကျေနပ်စွာနင်းဖြတ်ရဲပါတယ်..


ချစ်သူရေ

ဒို့နှစ်ယောက် နောက်ဆုံးတွေ့ဆုံချိန်မှာ

မင်းပေးတဲ့ ၀ိုင်တစ်ခွက်က

င့ါအတွက်

ပြင်းရှတဲ့အဆိပ်တစ်ခွက်ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ

င့ါရဲ့ဂုဏ်သိက္ခာနဲ့မာနအတွက်

ငါကျေနပ်စွာသောက်ခဲ့မှာပါ…..


မူပိုင်= နှင်းဆီနက်

28 Response to "ဂုဏ်သိက္ခာဝိုင်တစ်ခွက်"

  1. အားပါးပါး............. အီဆိပ်တောင် တောက်မတယ်ဒဲ့.၊ တောက်ရဲပါဘူးဂျာ..၊ ခံစားရမှာ၊ သေနတ်နဲ့ နားထင် တခါတည်း တေ့ပစ်ရင်တော့ ခံလိုက်ဦးမယ် ဟီး... မခံစားချင်လို့ပါ။

     

  2. MoeThwayNge Said,

    ကောင်းတယ် ..ကဗျာလေးက ခံစားလို့ ရတယ်။
    အော် ..ရေးတက်လိုက်တာ..နော်။ မိန်းကလေးတယောက်ရဲ့ ရင်ထဲ့ က ခံစားနေရတာတွေကို ကွက်ကွက်ကွင်းကွင်းလေး မြင်အောင် ဖွဲ့ဆိုတက်တယ်။အနှစ်နာ ခံဖို့ အတွက်ပဲ ပါတယ် ။လေးစားပါတယ် ဗျာ။ အဆင်ပြေ ပါစေ။
    ခင်တဲ့
    အားလုံးကို ပျော်စေချင်သူ

     

  3. ချစ်သူရေ
    မင်းပေးခဲ့တဲ့အနမ်းတွေဟာ
    ငါ့ဘ၀တသက်တာအတွက်
    အမှတ်တယ သိမ်းဆည်းထားမှာပါ ။
    ချစ်သူရေ
    မင်းပေးတဲ့ အကြင်နာတွေ
    ငါ့ဘ၀ရဲ့  အားဆေးဖြစ်လို့
    နေမကောင်းတိုင်း (လက်ကိုက်နေတိုင်းမှာ)
    သတိယနေမှာပါ။
    အဲလိုလေး ဆက်ရေးလိုက်နော်

     

  4. ကဗျာ တစ်ပုဒ်လုံး ကြိုက်ပါတယ်

    အကြိုက်ဆုံး စာသား ကတော့

    ငါ့သိက္ခာ အတွက် ငါသေတတ်ခဲ့တယ်

    ဆိုတဲ့ စာသားလေး ကို ကြိုက်တယ်

     

  5. Battosai Said,

    မနှင်းစက်ရေ အလည်ရောက်တယ်ဗျ ကဗျာလေးကြိုက်တယ်ဗျာ

     

  6. Battosai Said,

    Link ပါရစေဗျာ ခွင့်ပေးပါ

     

  7. မိုက် မိုက် မိုက် တယ်ဗျာ။ တကယ်ကောင်းတဲ့အချစ်ကဗျာလေးကိုခံစားသွားပါတယ်။

    လေးစားစွာဖြင့်
    ရဲဝင့်သူ

     

  8. Anonymous Said,

    သိက္ခာကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေ
    ရှိသေးပါလား လို့ မီးမောင်းထိုးပြထားတာပါလား
    အချစ်ဆိုတာ ပူလောင်တယ်ဆိုတာလည်း မှန်ပါတယ်လေ.....

    ခင်မင်စွာဖြင့်
    စေတနာ

     

  9. မနှင်းဆီရေ..

ိထိရှစွာခံစားရအောင် ရေးတတ်လိုက်တာဗျာ..

     

  10. ညီမလေး ရေးတတ်လိုက်တာ၊ ကောင်းတယ်

     

  11. မင်းပေးတဲ့ ၀ိုင်တစ်ခွက်က
    င့ါအတွက်
    ပြင်းရှတဲ့အဆိပ်တစ်ခွက်ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ
    င့ါရဲ့ဂုဏ်သိက္ခာနဲ့မာနအတွက်
    ငါကျေနပ်စွာသောက်ခဲ့မှာပါ…..
    ******
    အဲဒီလောက်တောင်လား အမ.....
    လေစားပါတယ်...
    ကဗျာလေးဖတ်ရတာကောင်းပါတယ်.... :D

     

  12. ဒီလောက်တောင်ချစ်တာလား ...း)

     

  13. Anonymous Said,

    အီဆိပ်တောင် တောက်မယ်တဲ့လား...။ အနော်
    ကတော့တောက်ရဲ့ဘူး...။ တားတား ကြောက်
    ကြောက်....

     

  14. ဇာတိ Said,

    မယတ်ရေ.... အရမ်းကို ချိုရီနေတာပဲ...း)

     

  15. CBox တွေ့ဘူး.. အဲတော့ တွေ့တဲ့နေရာ ရေးသွားမယ်.. ကိုဗညားတက်တာရေးပေတော့.. မရေးရင်တော့လား.. ဟဲဟဲ.. ;)

     

  16. ကဗျာလေးခံစားသွားပါတယ် ...

     

  17. Anonymous Said,

    အရမ်းကောင်းတဲ့ ကဗျာပါပဲ နှင်းဆီနက်ရေ.. အားပေးခံစားသွားပါတယ်..

     

  18. Anonymous Said,

    မမရယ် အဆိပ်က အသေမမြန်ဘူး ဆန့်တငင်ငင်ကြီး ဖြစ်နေမှာ ပါးစပ်ထဲကနေ အမြုပ်တွေထွတ် လည်ပင်းမှာ မီးစနဲ့ထိုးသလို ဖြစ်နေတာ မလုပ်နဲ့နော်မမ

     

  19. ငါ့အတွက်ရှင်ခြင်းဟာ
    သေခြင်းနဲ့ဘာမှမထူးတော့ပြီပဲ
    င့ါသိက္ခာအတွက် ငါသေတတ်ခဲ့တယ်…..

    ဒီစာသားလေးကို ခံစားရတယ်ဗျာ... အစ်မရေ၊ လက်ရာတွေ ပိုကောင်းလာတယ်...။

     

  20. ချစ်သူရေ

    ပြောပြချင်တဲ့အကြောင်းအရာများနဲ့

    မပြောဖြစ်ခဲ့တဲ့စကားလုံးများစွာက

    မင်းအတွက် စိတ်ရှုပ်စရာ၊ နာကျည်းစရာတွေဖြစ်ခဲ့လို့

    ငါ့ကိုမင်းမုန်းမယ်ဆိုရင်

    ငါကျေနပ်စွာခေါင်းငုံခံမယ်…...........

    ရေးချင်နေတဲ့ စကားလုံးတွေပဲ မနှင်းဆီ..ကြိုက်တယ် ကဗျာတစ်ပုဒ်လုံး

     

  21. ကဗျာလေး ကြိုက်တယ်ဗျာ။
    မောင်လေးက PC နဲ့ နည်းနည်း ဝေးဝေးကနေ ဖတ်လို့လား မသိဘူး
    စာလုံးလေးတွေ သေးတယ်လို့ ထင်တယ်။

    ခင်မင်လျှက် ဖိုးဂျယ်

     

  22. ကောင်းတယ်ဗျာ။ လာ၍အားပေးပါဦးမည်။
    ခမ်းကီး

    အချစ်အား ရယူလို၍
    တစ်ခါတစ်ရံ၌
    ဂုဏ်သိက္ခာနှင့် လဲယူခဲ့တယ်။
    ဒါပေမယ့်
    ဘ၀က
    ဂဏန်းတွက်စက်ဖြစ်သွားရင်
    .......

     

  23. Anonymous Said,

    ကောင်းတယ် ဗျာ။ အဲလို ဂုဏ်သိက္ခာကို အသက် ထက် တနဖိုး ထားတဲ့ စိတ်ဓာတ်ကို သဘော ကျတယ်၊

     

  24. မလတ်...
    လာရောက်ခံစားသွားပါတယ်၊ ကဗျာလေးကကောင်းနေတော့ တော်တော်ပြောရခက်နေတယ်၊
    "နောက်ဆုံးတွေ့ဆုံချိန်မှာ...." နားလည်မှုတွေနဲ့သာ ပြုံးပြနှုတ်ဆက်နိုင်ကြပါစေ။

    ခင်မင်စွာဖြင့်
    ကိုကြီး

     

  25. ချစ်သူရေ

    ဒို့နှစ်ယောက် နောက်ဆုံးတွေ့ဆုံချိန်မှာ

    မင်းပေးတဲ့ ၀ိုင်တစ်ခွက်က

    င့ါအတွက်

    ပြင်းရှတဲ့အဆိပ်တစ်ခွက်ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ

    င့ါရဲ့ဂုဏ်သိက္ခာနဲ့မာနအတွက်

    ငါကျေနပ်စွာသောက်ခဲ့မှာပါ…..<--- ခံစားမိတယ်....

     

  26. ဆီဗုံးဘယ်ပျောက်.....

     

  27. ရောက်ပါတယ် နှင်းဆီနက် ရေ

     

  28. အတွေး နက် အရေး ထက် ပြီ အနုအလှ စာပန်းချီ ဖွဲ့ တပ်သော ညီမ ပို မို အောင်မြင်
    ပျော်ရွှင်ပါစေ ...

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။