အတိတ်ဟောင်းကနေ့ရက်တွေကို မဆွေးချင်

အနာဂတ်ရဲ့ နေ့ရက်အကြောင်းလဲ မတွေးချင်

ရေစီးကြောင်းအတိုင်း

အလိုက်သင့်မျောပါရင်ပဲ ကောင်းမလား?

ရေဆန်ကိုပဲခြေကန်တက်ရင် ကောင်းမလား?

ကန့်သတ်ချက်များနဲ့စည်းမျဉ်းများက

ကြိုးပေါင်းများစွာနဲ့ချည်ထားခဲ့တော့

ရုန်းကန်မှုအားမဲ့စွာ ဒူးထောက်ခဲ့ရတယ်

ငါ့ကြမ္မာကို ငါရွေးခွင့်မရှိခဲ့တော့

ဖြစ်ချင်တဲ့ဆန္ဒတွေကို င့ါအိပ်မက်ထဲမှာပဲ

အကြိမ်ကြိမ်အသက်သွင်းခဲ့ရတယ်

မြိုသိပ်ထားတဲ့အကြောင်းတရားတွေက

ရင်ဘတ်နဲ့မမျှတော့ ရင်ဖွင့်စရာရှာကြည့်တယ်

သနားစရာသတ္တ၀ါလို

ဘေးမှာကြည့်နေတာ ငါကိုယ်တိုင်ပါလား……

(စိတ်ညစ်ညစ်နဲ့စိတ်ကူးပေါက်ရာ စိတ်ထွက်ပေါက်တစ်ခုအဖြစ်ရေးသားထားခြင်းဖြစ်ပါတယ်။)


မူပိုင် = နှင်းဆီနက်

14 Response to "မှန်ထဲကအရိပ်"

  1. ကောင်းတယ်အမရေ

     

  2. ငါ့ကြမ္မာကို ငါရွေးခွင့်မရှိခဲ့တော့

    ဖြစ်ချင်တဲ့ဆန္ဒတွေကို င့ါအိပ်မက်ထဲမှာပဲ

    အကြိမ်ကြိမ်အသက်သွင်းခဲ့ရတယ်
    ...............
    မှန်လိုက်တာ
    မှန်ထဲကအရိပ်ကထင်းနေတာပ။
    မမြင်ချင်ဟန်ဆောင်ထားတဲ့ကိုယ့်ကို
    အတိုင်းသားပြန်မြင်လိုက်ရတယ်။ ဟူး :(


    လေးစားစွာဖြင့်
    ရဲဝင့်သူ

     

  3. Anonymous Said,

    ရင်ဖွင့်စရာ..ဆိုတာ တခါတလေမှာ.. အရမ်းရှားတဲ့ အရာတစ်ခု ဗျ။

     

  4. MoeThwayNge Said,

    အင်းလေ.... အဲလို့ ဖောက်ထွက်လိုက်တော့ လည်း တခါတလေ ကြတော့လည်း ပေါ့ပါးသွားတက်တယ် လေ။ကန့်သတ်ချက် စည်း
    မျဉ်းတွေက ...စိတ်ကျဉ်းကြပ် တယ်...။
    အဆင်ပြေပါစေဗျာ။
    ခင်တဲ့
    အားလုံးကိုပျော်စေချင်သူ

     

  5. (မြိုသိပ်ထားတဲ့အကြောင်းတရားတွေက

    ရင်ဘတ်နဲ့မမျှတော့ ရင်ဖွင့်စရာရှာကြည့်တယ်)

    အစ်မရယ် ရင်ဖွင့်လိုက်မှပဲ ကျွန်တော် တော်တော်လေး ကိုလိုအပ်နေတာတွေ တွေ့လာတယ်။ ကိုယ့်တိုင်းကိုယ် ဆိုရင် သတိထားမိမှာမဟုတ်ဖူး။ ဒါကြောင့် တခါတလေကျတော့လည်း ရင်ဖွင့်ရမှာကို လန့်လန့်လာတယ်။

     

  6. (မှတ်ချက်။ ။ ဟီး... တခြား nick နဲ့ မန့်လိုက်လို့ Ko Sai ဆိုပီ ဖစ်တွားတာ၊ အနော် ကောက်ရိုးပါ)

     

  7. အော်..ငါ့အစ်မ တော်တော်မွန်းကျပ်နေပုံပဲ.... အဆင်ပြေပါစေဗျာ...

     

  8. Anonymous Said,

    မွန်းကြပ်နေတဲ့ဘ၀ထဲက
    မြန်မြန်ရုန်းထွက်နိုင်ပါစေလို့
    ဆုတောင်းပါတယ်

    ကို
    http://ko.iblogger.org

     

  9. Anonymous Said,

    အမရေ .ကဗျာလေးတွေ လာဖတ်သွားတယ်နော် ။ အားပေးနေပါတယ် ။

    ခင်မင်စွာဖြင့်

    မနောသား

     

  10. ဘာတွေညစ်နေလဲ အမ .. ဘာမှမညစ်နဲ့ .. ညစ်ရင်လည်း ဒီလိုနည်းနဲ့ ဆေးပစ်လိုက် ..း))
    ပျော်ရွှင်ပါစေ
    တခါတလေတော့လည်း ဒီလိုမျိုးခပ်ဆန်ဆန် ခံစားမှုမျိုးဖြစ်တတ်တယ် ..း)

     

  11. စိတ်ညစ်ရင် ဂစ်တာ တီးပါလား ကွယ်
    ဂစ်တာ သင်တန်းဖွင့်ထားတယ်လေ
    စိတ်ညစ်လည်းပျောက် အလွမ်းတွေလည်းပျောက် ဂွတ်ရှယ်ဘဲ

     

  12. Anonymous Said,

    မြိုသိပ်ထားတဲ့အကြောင်းတရားတွေက

    ရင်ဘတ်နဲ့မမျှတော့ ရင်ဖွင့်စရာရှာကြည့်တယ်

    သနားစရာသတ္တ၀ါလို

    ဘေးမှာကြည့်နေတာ ငါကိုယ်တိုင်ပါလား……။


    ကောင်းလိုက်တဲ့ရင်ဖွင့်ကဗျာလေး ................

    ခင်မင်စွာဖြင့်
    ဗညားရှိန်

     

  13. လန်ထွက်နေတာပဲ မမနှင်းဆီနက်ရေ.. စကားလုံးတွေကတော့ ဖတ်ရတာ ရေလည်ခိုက်တယ်..း) ဒါနဲ့ တဂ်ပို့စ်မရေးသေးဘူးလား.. ကိုဗညားတဂ်ထားတာလေ..း)

     

  14. Anonymous Said,

    ရင်ကို ထိလှပါတယ် အစ်မ။ ကိုယ့်ကိုကိုယ် ပြုံးပြုံးလေး နေနိုင်အောင် ကျင့်ရမှာပဲ။ ဒါမှ မှန်ထဲက ကိုယ်ဟာလည်း ပြုံးနေတာ မြင်ပြီး ကြည်နူးနိုင်လိမ့်မယ်။ ဆက်တွေးမိတာလေးပါ။

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။