ကျောင်းသားဘ၀လို့ဆိုလိုက်တာနဲ့ကျွန်မတို့မကင်းနိုင်ကြာတာကတော့ ကျောင်းကားပါပဲ။ တက္ကသိုလ်ကျောင်းတွေက အသစ်တွေတိုးချဲ့ဆောက် လာတာနဲ့အမျှ ကျွန်မတို့လဲကျောင်းသွားရတာ တဖြည်းဖြည်းနဲ့ ဝေးဝေးသွားတော့ ကျောင်းကားကိုအမှီပြေးကြရပါတယ်။ ကျောင်းကားကိုမမှီလို့ လိုင်းကားနဲ့သွားရတဲ့အခါကျတော့ ကားကြပ် တဲ့ဒုက္ခ၊ မှတ်တိုင်တိုင်းမှာလူအကြာကြီးတင်ခေါ်တဲ့ဒုက္ခ၊ လူနံ့၊ချွေးနံ့တွေများစွာနဲ့ အသက်ရှုမ၀တဲ့ဒုက္ခ၊ ယောကျာ်း ရင့်မကြီးတွေရဲ့ထိုင်ခုံလုထိုင်မှုဒုက္ခ၊ လူမဆန်တဲ့လူတွေရဲ့နှမချင်းမစာနာတဲ့ဒုက္ခ..... စတဲ့ ဒုက္ခပေါင်းစုံကို ခံစားရပါတယ်။
ကျောင်းကားနဲ့တောင်မှ ၄၅မိနစ်ကျော်ကျော်စီးရတဲ့ခရီးကို လိုင်းကားနဲ့ဆို ကျွန်မတို့၁နာရီခွဲနီးပါးအချိန်ပေးရပါ တယ်။ ကျောင်းတက်ရတာနဲ့ စာမေးပွဲဖြေရတဲ့ရက်ကတစ်လမပြည့်လို့သာပဲ၊ တစ်နှစ်လောက်များတက်ရရင် ကျွန်မကျောင်းတက်ရတာထက် ကျောင်းကားစီးရတဲ့ဒုက္ခကြောင့်ဘွဲ့တောင်ရပါ့မလားမသိ။
ကျွန်မတို့ပထမနှစ်ကိုတက်ရတဲ့အချိန်တုန်းက ဗိုလ်တထောင်ကောလိပ်မှာစတက်ခဲ့ရတာပါ။ အိမ်နဲ့ကလည်း နီးတော့ ဖရက်ရှာလဲဖြစ်၊ အသစ်အဆန်းလဲဖြစ်နေတော့ ကျောင်းတက်ရတာကို ပျော်လိုက်တာ….။ ကျောင်းတက်ရတဲ့ တစ်လဆိုတဲ့အချိန်လေးကနည်းနေသေးလို့ ကျောင်းပိတ်သွားပြီးနောက်ပိုင်းမှာလဲ ကျွန်မတို့ သူငယ်ချင်းတွေတစ်ယောက်ချင်းစီရဲ့အိမ်လိုက်လည်ကြ၊ ရုပ်ရှင်ရုံတွေမှာမှောင်ခိုသမားတွေနဲ့ရန်ဖြစ်ပြီးကြည့် လိုက်၊ ကစားကွင်းတွေလျှောက်သွားလိုက်နဲ့ အပြင်မှာတွေ့ဖို့အုပ်စုလိုက်ချိန်းလိုက်ကြတာ ကျောင်းပြန်ဖွင့်လို့ နောက်တစ်နှစ်ရောက်တဲ့ အထိပါပဲ။
ဒုတိယနှစ်ကိုရောက်တော့ ကျွန်မတို့ကျောင်းကို တာဝ(ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်)မှာသွားတက်ရပါတယ်။ တာဝ(ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် )ဆိုတာနာမည်တောင်မကြားဖူးတော့ နာမည်ကြားတာနဲ့ တင်ဘယ်လိုကြီး လဲပေါ့။ ဒါနဲ့ပဲစုံစမ်းကြည့်လိုက်တော့ ကျောင်းကတော်တော်ဝေးတယ်တဲ့ ခရမ်း၊ သုံးခွဘက်ကိုသွားတဲ့လမ်းမှာ ဆောက်ထားတာ ကျောင်းကြီးကအကြီးကြီးပဲ၊ အဆောင်တွေကလဲအများကြီး၊ သစ်ပင်တွေကအခုမှစိုက်တုန်း နေကတော့ပူတာဘာပူသလဲမမေးနဲ့အရိပ်မရှိတော့ပိုဆိုးတယ်တဲ့။ တွေ့ကြပြီပေါ့တာဝရယ်.....။
ကျွန်မတို့ကျောင်းစတက်တဲ့နေ့မှာ အိမ်ကအကိုဖြစ်သူက စိတ်မချလို့ကားနဲ့လိုက်ပို့ပါတယ်။ ကျွန်မလဲဘေး ပတ်ဝန်းကျင်ကိုကြည့်ရင်းလိုက်ပါလာတာ သန်လျင်တံတားကျော်လာတော့ ရောက်ပြီထင်ပြီး ခဏ ခဏ မေး လွန်းလို့ အကိုဖြစ်သူကကျွန်မကို နင့်ကျောင်းကရောက်ဖို့လိုသေး တယ် ငြိမ်ငြိမ်လေးနေပါ ကားမောင်းရတာ အာရုံများတယ် ဆိုပြီးကျွန်မကိုစိတ်မရှည်စွာနဲ့ပြန်ဖြေပါတယ်။ ဟော….ဟိုးမှာတွေ့လား အဆောက်အဦးတွေ အဲ့ဒါနင့်တို့တက်ရမယ့်ကျောင်းပဲ လို့အကိုကပြတော့ကျွန်မတို့လှမ်းကြည့်ကြတာ အလုအယက်ပါပဲ။
အကိုပြတဲ့နေရာကနေဆက်ပြီး မောင်းလာလိုက်တာ မိနစ်အနဲငယ်ကြာတော့ ကျောင်းကိုရောက်ခဲ့ပါတယ်။ ကားထဲကအောက်ကိုဆင်းတော့ ကျွန်မတို့ခါးတွေ၊ ခြေထောက်တွေဆိုတာ ညောင်းချိနေတာနဲ့ ခြေထောက် ကျင်နေတဲ့သူနဲ့ ခြေခါတဲ့သူကခါ၊ တကျွတ်ကျွတ်နဲ့စုတ်သပ်တဲ့သူကသပ်၊ ခါးကိုဘယ်/ညာလှည့်သူကလှည့် နဲ့ တာဝဆိုတဲ့အရသာကိုကျွန်မတို့စတင်ခံစားရပါတယ်။
ကျွန်မတို့အုပ်စုက မြို့နယ်မတူ၊ တစ်ယောက်တစ်နေရာစီပြန်ရပေမဲ့ ကျောင်းကားကိုတော့ တစ်စီးထဲကိုပဲစီးကြ ပါတယ်။ ကျောင်းမှာတစ်နေ့လုံး စကားတွေဖောင်ဖွဲ့ပြီးတင်အားမရသေး ကျောင်းကားပေါ်မှာရော၊ ကျောင်းကား ဂိတ်ဆုံးလို့ လမ်းခွဲနှုတ်ဆက်ကြတာတောင်မှ စကားကမပြတ်လို့ အိမ်လိုက်အိပ်ကြ၊ အိမ်ခေါ်အိပ်ကြနဲ့ မခွဲနိုင် မခွာရက်ချစ်ကြတာ။ မိဘတွေကလဲအိမ်မှာ လူတွေတရုံးရုံးနဲ့ကိုမျက်စိနောက်တယ်မထင်ခဲ့ပါ၊ တညလုံးမအိပ်ပဲ စကားတွေပြောကြ၊ သီချင်းတွေနားထောင်ကြ၊ ကာရာအိုကေအသံပြိုင်ဆိုကြ၊ အပျော်တမ်းဖဲကစားကြနဲ့ ကျွန်မတို့ဒုက္ခကိုလဲ မိဘတွေခံစားခဲ့ရပါတယ်။ တက္ကသိုလ်ကျောင်းသားရဲ့လွတ်လပ်ပျော်ရွှင်တဲ့ဘ၀ကို မိဘတွေကနားလည်ပေးခဲ့ကြပါတယ်။
ဆက်ရန်-
နှင်းဆီနက်
Subscribe to:
Post Comments (Atom)
အဟဲ.. ကားတိုးစီးရတာတော့ ကျောင်းသားချင်း အတူတူပဲ။ လုတက်.. နေရာလုဦး.. စိတ်ပျက်စရာပါပဲ။ ကျောင်းသားဘ၀ကို ပြန်လိုချင်လဲ ခုချိန် မရတော့ဘူး ... ဟင်းး ဒေါ်နှင်းဆီနက်က တော်တော်ကဲခဲ့တာပဲ။
အမတို့ တုန်းက အဲ ကျောင်းတွေ တခေါက်မှ မရောက်ဖူးဘူး၊ မဖွင့်သေးတာလားလဲ မသိပါဘူး၊ RC2 နဲ့ မိန်းထဲမှာ ပဲ အချိန်ကုန်နေခဲ့တာ
တာဝကို ရောက်ဖူးတယ်..။သစ်ပင်တွေလဲသိပ်မရှိသေးဘူး..
လယ်ကွင်းထဲမှာ...။ နေအရမ်းပူတယ်....။
ဟုတ်တယ် သစ်ပင်သိပ်မရှိလို့ နေပူချက်ကတော့ အမတို့ကျောင်းလဲပိတ်စာမေးပွဲလဲပြီးရော မဲသဲနေတာပဲ အိမ်ကမိဘတွေတောင်မမှတ်မိဘူး ကိုယ့်သမီးကို ဟတ်ဟတ် ကျောင်းတက်ရတဲ့ဒုက္ခများနော် ....
မဇင်တို့များကျတော့ကံကောင်းပါ့ မိန်းထဲမှာပဲတက်ရတာထင်တယ်....
ကိုလင်းဦးကနော် လူကိုများဆိုကဲတယ်ပဲလုပ်နေတယ် ကျောင်းသားဘ၀မို့ကဲတာလေ အလုပ်ခွင်မှာကျအရေးယူခံရမှာပေါ့ ဒါနဲ့ စကားမစပ်ပိုက်ဆံချေးထားတာလဲ ပြန်မဆပ်သေးဘူးနော် ဟတ်ဟတ်း)
မပြီးသေးဘဲ ဘာရေးရမလည်း
ကိုလင်းဦး တဲ့
အဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ
ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်ထဲမှာ စိန်ပန်းတွေလဲ ပွင့်နေပြီကွာ...
အချိန်စက်ဝိုင်းများ ကုစားမစွမ်းနိုင်ပါ အလွမ်းရယ် မပြေဘူး ကျောင်းသားဘ၀...
သီချင်းလေးဆိုသွားပါတယ်ဗျာ..
ခင်မင်စွာဖြင့်
သီဟသစ်
ကျောင်းသားဘ၀ပဲကောင်းတယ် .. လွတ်လပ်ရေးကိုရလို့ .. ပျော်စရာကြီး .. ကျောင်းဝေးတာတခုပဲ :D
ကျောင်းသားဘ၀ကိုတော့ အပျော်ဆုံးပဲ...
လာဖတ်တယ်နှင်းဆီနက်ရေ
ဆိုက်လေးကပြန်ပြောင်းလိုက်တာလား
ခင်မင်လျက်
ကျနော်လည်းတာ ၀ မှာတတ်တာ :D တာဝ ကိုမှန်မှန်မရောက်ဘူး ထန်းတောထဲမှာ မျက်စိလည်တာများတယ် :D
အင်း.... တက္ကသိုလ်ကျောင်းဆိုပြီး အထင်ကြီးပြီး
တက်ကြ ပြီးတော့လဲ ဘာမှမတတ်သေးခင် တနှစ်ကုန်သွားလိုက်၊ နောက်နှစ်ကျပြန်တော့လဲ
ဝေးလား၊ဝါးလားနဲ့ တနှစ်ကုန်သွားလိုက်၊ ဟိုကလှုပ်လှုပ်၊ ဒီကလှုပ်လှုပ်မို့ ကျောင်းပိတ်ထားလိုက်နဲ့ ဘွဲ့သာရတယ် ဘာမှမသိလိုက်၊ မတတ်လိုက်ဘူး။ ဒီလိုနဲ့ပဲ ဧည့်ခန်းမှာ ဓာတ်ပုံချိတ်ဖို့ တနေရာစာတိုးလာတာပဲရှိတယ် တက္ကသိုလ်ဆိုတာဘာမှန်းမသိလိုက်ဘူး။ ဟော... ဘွဲ့ရပြန်တော့လဲ အဲဒီဘွဲ့ကြီးက ဘယ်မှာမှ သုံးစားမရပြန်ဘူး။ ဘာပဲဖြစ်ဖြစ်လေ ပညာတတ်ဘွဲ့ရ တော်ရုံလူ ရှိန်တာပေါ့နောဗျာ....။
ဆက်ရန်တင်ထားပြီထင်တာ နှင်းဆီနက်ရေ
အဟောင်းပဲထပ်ဖတ်သွားတယ်နော်
မသက်ဇင်လိုပဲ အလုပ်များနေပုံရတယ်
ခင်မင်လျက်