မိုး မရွာခင်တိုက်တဲ့ လေနုအေးကို ချစ်တယ်..........
မိုး ရေထဲလမ်းလျှောက်ရတာ ကြိုက်တယ်........
မိုး ရွာရင်လျှပ်စီးလက်တာကို ကြောက်တယ်........

မိုး ရေတွေစိုနေတဲ့ ကပိုကရိုမင်းပုံလေးကို ချစ်တယ်........
မိုး ရွာလို့ ဖားအော်သံကိုနားထောင်ရတာ ကြိုက်တယ်........
မိုး ရွာရင် မိုးခြိမ်းတာကို ကြောက်တယ်........

မိုး ရွာလို့ရွက်ပင်စိမ်းတွေယိမ်းတာကို ချစ်တယ်........
မိုး သီးကြွေလို့လိုက်ကောက်ရတာကို ကြိုက်တယ်........
မိုး ရေထဲချော်လဲမှာကို ကြောက်တယ်.........

မိုး ရာသီထဲမက်တဲ့အိပ်မက်တွေကို ချစ်တယ်.........
မိုး ရွာထဲငါးမျှားရတာကို ကြိုက်တယ်...........
မိုး ရေထဲ ကဏန်းတွင်းနှိုက်လို့အညှပ်ခံရတာကို ကြောက်တယ်.........

မိုး ရွာပြီးတင်ကျန်ခဲ့တဲ့ပိန်းရွက်ပေါ်ကရေစက်လေးကို ချစ်တယ်............
မိုး ရွာထဲသီချင်းအော်ဆိုရတာကို ကြိုက်တယ်............
မိုး နဲ့အပြိုင်ငိုရမှာကို ကြောက်တယ်..........

မိုး ရေစက်တွေအိမ်ခေါင်မိုးပေါ်ကျတာနားထောင်ရတာကို ချစ်တယ်............
မိုး ရွာတုန်းကော်ဖီပူလေးသောက်ရတာကို ကြိုက်တယ်..........
မိုး ရာသီထဲလွမ်းရမှာကို ကြောက်တယ်.........

မိုး ရွာပြီးစမြေသင်းနံလေးရှုရှိုက်ရတာကို ချစ်တယ်...........
မိုး ရွာပြီးငှက်ကလေးတွေအစာရှာထွက်တာအသံစုံမြည်တာကိုနားထောင်ရတာကို ကြိုက်တယ်..........
မိုး ရွာပြီးနောက် နောက်ထပ်မိုးမရွာတော့မှာကို ကြောက်တယ်........


ကျွန်မရဲ့ မိုးရာသီနဲ့ပတ်သက်ပြီးခံစားချက်လေးများကိုတင်ပြပေးလိုက်ပါတယ်။ ဥတုသုံးမျိုးမှာ မိုးဥတုနဲ့ဆောင်းဥ တုကိုအကြိုက်ဆုံးပါပဲ။ မိုးရွာရင်မိုးနဲ့ပတ်သက်ပြီးခံစားရသလို ဆောင်းတွင်းကျရင်လဲ ဆောင်းနဲ့ပတ်သက်ပြီး ခံစားမှုလေးတွေဖြစ်ပေါ်လာပါတယ်။ မိုးရာသီမှာမွေးခဲ့လို့လားတော့မဆိုနိုင်ပါ ကျွန်မမိုးဥတုကိုအရမ်းကြိုက်ပါ တယ်။ ခံစားချက်လေးများတူညီခဲ့မယ်ဆိုရင် လိုအပ်နေတာလေးများတွေ့ခဲ့ရင် ဖြည့်စွက်ပေးလို့ရပါတယ်နော်....။

နှင်းဆီနက်

24 Response to "မိုးရာသီခံစားချက်များ"

  1. Anonymous Said,

    ကဗျာလေးကို ခံစားသွားတယ်.. ကောင်းတယ်..
    ကျနော်လဲ မိုး နဲ့ ဆောင်းဘဲကြိုက်တယ် ...

    ခင်မင်လျှက်
    အဆိပ်ခွက်

     

  2. လာခံစားသွားပါတယ်..ကြိုက်တယ်.. :-)

     

  3. အမရေ မိုးရနံ့လေးတွေခံစားလိုက်ရတယ်ဗျာ

     

  4. လွမ်းလို့ ပြန်သွားပြီ။
    ဘာမှ မကွန်မန့်တော့ဘူး။

     

  5. bawinsate Said,

    အမ မိုးရာသီကို လဲကြိုက်တယ်.....ပြီးတော့ မိုးရွာထဲသွားရတာကိုလဲ ကြိုက်တယ် ခံစားချက်နဲ့ တိုင်ဆိုင်လို. လဲ ကြိုက်တယ်

     

  6. Unknown Said,

    မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင်နို့ဆို့မယ် ဖေဖေလာရင်အုန်းသီးခွဲစားမယ်~~~

     

  7. Unknown Said,

    မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင်နို့စို့မယ်
    ဖေဖေလာရင် အုန်းသီးခွဲစားမယ်။

     

  8. မိုး၇ွာရင်မိုးရေချိုးမယ်...မေမေလာရင်နို့စို့မယ်...
    ဖေဖေလာရင်အုန်းသီးခွဲစားမယ်။ (မောလိုက်တာသုံးခေါက်ဆိုတော့)

     

  9. ဖတ်... ပြီး ခံစားသွားပါတယ်ဗျာ..။
    မန့်.. ပြီး ပြန်လစ်သွားပါတယ်ဗျ..။

     

  10. Anonymous Said,

    ရေးထားတာ တော်တယ်။ တကဲ့မိုးရေထဲမှာ ရောက်သွား
    သလိုခံစားရတယ်။

     

  11. yaewoori Said,

    မိုးကိုမုန်းတယ်
    ကြယ်လေးချစ်သူ နဲ့ဝေးအောင်လုပ်တယ်

     

  12. မရေ
    ညီမလည်း မိုးရွာထဲလျှောက်သွားရတာကိုကြိုက်တယ်
    မိုးဝုန်းဒိုင်းကြဲရွာနေတုန်း စောင်လေးခြုံကွေးရတာကိုကြိုက်တယ် ..း)

     

  13. နှင်းဆီနက်လေးရေ
    မိုးကိုချစ်တဲ့ သူဆိုတော့ မိုးကို တဖွဲ့တနွဲ့ ရေးထားတာ အရမ်းဖတ်လို့ကောင်းတယ် သိလား

    ဒါပေသိ မဆုမွန်က မိုးကြောက်တယ် သိလား မိုးခြိမ်းရင် အသေပဲ နောက် မိုးတွင်းမှာ ထွက်တဲ့ အကောင် ပလောင်လေးတွေထဲက တီကောင်ကို ဘ၀မှာ အကြောက်ဆုံးပဲ သတိတောင်လစ်တယ် ကျန်တာကတော့ ခွေးတောင် ပြန်ကိုက်ရဲတယ်..(ငယ်ငယ်ကပါ) ခွေးအကောင်ပိစိလေးက လိုက်လိုက် ငုံလို့ သူ့ကို ကိုင်ပြီး ဗိုက်ကို ကိုက်ပစ်လိုက်တာ သူဆေးခန်းရောက်သွားတယ် ဟိဟိ လိုအပ်ချက်ဖြည့်တာ တလွဲဖြစ်နေရင် ခွင့်လွှတ်ပါနော် မိုးချစ်တဲ့ နှင်းဆီနက်လေး အေးချမ်းပါစေရှင်

     

  14. >>> ဟားဟား..... မဆုမွန်ကတော့အာဂပဲ ခွေးတောင်ဖက်ကိုက်သတဲ့ ဟိဟိ ပြီးတော့လဲခွေးပိစိလေးတဲ့...... တီကောင်တော့ကြောက်ဖူး... အမကတော်ရုံသတ္တ၀ါကြောက်ခဲတယ်... ငါးမျှားတော့တီကောင်ကိုကိုယ်တိုင်ဖမ်းပြီး ငါးမျှားချိတ်မှာတပ်ပြီးမျှားတာ အမေကဆူလို့ နောက်ကျတော့ပုစွန်အသေတွေကိုပဲ ငါးမျှားချိတ်မှာတပ်တော့တယ် မိုးခြိမ်းတာတော့ကြောက်တယ် အသံကိုကြောက်တာ သူ့အသံကြီးကလန့်စရာကြီးမို့လို့လေ ဒါတော့တူတယ် အဟဲ မိုးကိုချစ်တယ်လေ နာမည်မှာလဲမိုးပါတယ်း)

    >>> ကြယ်လေးကမိုးကြောင့်ချစ်သူနဲ့ဝေးတယ်ဆိုတော့ စိတ်မကောင်းပါဘူး

    >>> ခံစားချက်တူတဲ့မောင်နှမတွေကော မတူတဲ့မောင်နှမတွေကော မိုးကိုလာခံစားပေးတာကျေးဇူးပါ

    ခင်မင်စွာဖြင့်
    နှင်းဆီနက်

     

  15. MoeThwayNge Said,

    အော် ..ညက မမြင်ရလို့ဟ ..ဖတ်မရလို့ မမန့် ရတာ ...မိုး ကတော့ အကြိုက်ဆုံးပဲဟ..။ငယ်ငယ်က မိုးရွာရင် အသာလေးအိမ်ကနေ လစ်ပြီး ဘောကန်နေကြ။ ခုလည်း ဒီမှာ ပူတော့ မိုးရွာပါစေပဲ ဆုတောင်းနေရတာ။ရွာပြန်တော့လည်း ကွန်နတ်ရှင်လေးက သွားပြန်ရော...ဟဲဟဲ။ နာမည်မှာလား မိုးပါတယ်... အော်...အင်း ..ဟုတ်ကဲ့။ အနော်နာမည်က တော့ မပါဘူးဗျ ညီမ ..ရ။
    ဟဟဟဟ။
    ခင်တဲ့
    အားလုံးကိုပျော်စေချင်သူ

     

  16. နှင်းဆီနက်ရေ
    လာဖတ်ပါတယ်
    မိုးတွေညှို့ရင် မျက်ရည်စို့တယ်
    ချစ်ခင်စွာဖြင့်

     

  17. အမရေ မိုးရာသီခံစားချက်လေးကိုလာပြီးတော့ ခံစားသွားပါတယ်အမ။ အဆင်ပြေပျော်ရွှင်နိုင်ပါစေအစ်မရေ။

     

  18. တို့လည်း ထို့အတူပါပဲ...

     

  19. မိုးရွာရင် ငယ်ငယ်တုန်းက မိုးရေချိုးပါတယ်။
    နည်းနည်းကြီးလာတော့ အသဲကွဲပါတယ်။
    အခု ထီးအမြဲတမ်းပျောက်ပါတယ်....
    နောင်ကျရင်တော့ သူများတွေလို မျက်ရည်ဝဲနိုင်အောင် ကြိုးစားပါဦးမယ်။

     

  20. ဝေလေးလည်း မိုးရွာတုန်း လျှောက်သွားရတာကို ကြိုက်တယ်။ မိုးခြိမ်းတာတော့ ကြောက်တယ် ဒီမှာဆို ခဏခဏ မိုးတွေခြိမ်းလွန်းလို့... နေစရာမရှိ....... :P

     

  21. Anonymous Said,

    ငယ်ငယ်ကကြားဖူးတဲ့ သီချင်းထဲကလို မိုးရွားရင်
    မိုးရေချိုးမယ်၊ ဖေဖေလာရင်နို့စို့မယ်၊ မေမေလာရင် အုန်းသီးခွဲစားမယ် ဆိုတာရော
    မကြိုက်ဘူးလား။

     

  22. ဒီကဗျာလေးကောင်းတယ်

     

  23. nai Said,

    ကျွန်တော်က မိုးရွာနေတဲ့ အချိန် espresso လေးတစ်ခွက်နဲ့ စာအုပ်လေးတစ်အုပ် ဇိမ်ယူနေတတ်တယ်
    မိုး၇ာသီက်ု ကြိုက်တယ် ဘာလို့လဲဆိုတော့
    မိုးအေးအေးလေးမှာ ရှုရှုး ပေါက်ရတာ တအားကောင်းပဲ အမ ရယ် .............ဟီဟိ

    မိုးရွာတာနဲ့ ပတ်သတ်တဲ့ ခံစားချက်ထူးထူးခြားခြားမရှိပေမယ့်
    ရွာကျနေတဲ့ မိုးစက်တွေကြည့်ပြီး အမြဲဆိုမိတဲ့သီချင်းက
    မိုးကိုချစ်လိုက်တာတဲ့ ....

     

  24. မိုက်လှချည်လား.. မမကဗျာဖတ်ရတာ မြေသင်းနံ့တောင်ရလာသလိုလိုပဲ...

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။