လွမ်း

On 8:02 PM

ညတိုင်းလည်း မလွမ်းခဲ့ပါဘူး
ပါးတိုင်းလည်း မနမ်းခဲ့ပါဘူး
တစ်ခါတစ်လေ
လွမ်းမိတဲ့ညလေးမှာ
နမ်းဖူးတဲ့ပါးလေးကို သတိရတယ်........။

ကျွန်မရဲ့ ညီမ၀မ်းကွဲလေးရဲ့ မက်ဆေ့ကစာသားလေးပါ။ ကျွန်မကြိုက်လွန်းလို့ သူ့ဆီကခွင့်တောင်းပြီးတင်ထားခြင်း ဖြစ်ပါတယ်။

နှင်းဆီနက်

12 Response to "လွမ်း"

  1. အင်းညတိုင်းလည်း မလွမ်းဘူးဆိုတော့ လွမ်းတဲ့ညတွေမှာဆို မိုးအလင်းပဲလားမသိဘူးနော်......... ပါးတိုင်းလည်းမနမ်းခဲ့ပါဘူးဆိုရင် နမ်းခဲ့ဘူးတဲ့ပါးဆိုရင်တော့ ဘယ်လိုနေမလည်းမသိဘူးနော်။ အမရေ အဆင်ပြေပျော်ရွှင်ပါစေဗျာ။

     

  2. Anonymous Said,

    မိုက်တယ်ကဗျာက .... အင်..ဘီသူ့ပါးလေးလဲ... ပါလေးပဲလားတဲ့ဟိး....

    ခင်မင်လျှက်
    အဆိပ်ခွက်

     

  3. ကဗျာကောင်းလေးတပုဒ်ပဲဗျာ။
    တိုတိုလေးနဲ့ ရင်ထဲတောင်လွမ်းသွားတယ်။
    ဘာမဆိုင်ညာမဆိုင်တော့ မဟုတ်ဘူးပေါ့
    ဆိုင်လို့လွမ်းသွားတာနော်။
    လွမ်းတယ်..............


    လေးစားစွာဖြင့်
    ရဲဝင့်သူ

     

  4. ဂွတ်..ကြိုက်တယ်

     

  5. နင့်နင့်နဲနဲလွမ်းသွားပါတယ်

     

  6. လိုရင်းတိုရှင်း သိပ်ကောင်းတယ်ဗျာ။

     

  7. Ngu Wah Said,

    တကယ့်ကိုကောင်းတာပဲ ပိုတောင်လွမ်းသွားမိတယ်

     

  8. Anonymous Said,

    အမငီး.. ပါးတိုင်းလဲ မနမ်းခဲ့ပါဘူးဆိုတော့ နမ်းလို့ ရရင်နမ်းချင်သေးတယ်ပေါ့ ဒီလိုလား..
    အဟေဟေဟေ..။
    တိုသလောက် ထိမိပါပေတယ်ဗျာ။

     

  9. ကဗျာလေးကို ခံစားသွားတယ် မနှင်းဆီနက်နဲ့ အကြိုက်ချင်းတူသွားပြီ..

     

  10. သိတယ် အဲဒါမောင်ပန်းမွေးကဗျာလေး
    ကျတော်ငယ်ငယ်တုံးက ကဗျာလေး
    မလတ် ကြိုက်တယ် ဟုတ်လား ဟဟဟဟဟ
    သိနေတယ်လေ

     

  11. ပျိုတိုင်းလည်း မကြိုက်တတ်ဖူး
    ငိုတိုင်းလည်း မရှိုက်တတ်ဖူး
    ရှိုက်မိတဲ့ ငိုခြင်းဟာလည်း
    ကြိုက်မိတဲ့ ပျိုယမင်း တစ်ယောက်အတွက်ပါပဲ

    ဟဲဟဲ ဘာရယ်ဟုတ်ပါဘူး၊

    မောင်နွယ်ရိုးပါ။

     

  12. Anonymous Said,

    စာလေးကြောင်းနဲ့ လူကိုပြုံးပျော်သွားတာပဲ .. :D

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။