ချစ်ခဲ့တဲ့အချစ်တွေက
အငွေ့အဖြစ်ပျောက်ကွယ်တော့မှာလား
အတွေ့အထိတွေကို ရင်ထဲမှာခံစား
မေ့လိုက်ပေါ့ တောင်းဆုများရယ်
မက်ခဲ့တဲ့အိပ်မက်တွေရယ်
နမ်းဖူးတဲ့ပါးပြင်လေးရယ်
ဆုပ်ကိုင်ဖူးတဲ့လက်တစ်စုံရယ်
ထားရက်သူသွားခဲ့ရင်
ကျန်ရစ်သူဝေဒနာအတွက်
ဖြေစရာဆေးတစ်ခွက်ပေးခဲ့ပါ
လမ်းခွဲဖို့ကျောမခိုင်းခင်
နောက်ဆုံးတောင်းဆိုချင်တာက
ဒို့နှစ်ယောက်ကို
ဝေးစေတဲ့အချိန်ဆိုတာကြီးကို ရပ်ထားပေးပြီး
နှုတ်ဆက်အနမ်းတစ်ပွင့်ခြွေပေးခဲ့ပါ...။

မူပိုင် = နှင်းဆီနက်

17 Response to "နောက်ဆုံးအနမ်း"

  1. နောက်ဆုံးအနမ်းကလည်း ကြေကွဲစရာလေးရယ်

     

  2. မမရေ
    မေလေးကိုကဗျာလေးခဏငှားပါလားဟင်..
    ချစ်သူကိုအေးချင်လို့...........
    .........တိုက်ဆိုင်လိုက်ပုံများကွာ....
    ..........ဆိုးချက်က....(မေ့သွားပြီ)
    ..........တောင်ငူကိုသွားခဲ့...
    ..........ဘလောင်ဆူတဲ့..ရင်ခွင်နဲ့...
    ............မင်းကဘာကိုမက်မောတာလဲ..
    ...........မင်းကဘာကိုအထင်ကြီးတာလဲ......
    .........ဘလာဘလာဘလာ.............
    စိုင်းစိုင်းသီချင်းသတိရလို့ပါ..........
    ငိုပြီးပြန်သွားပြီ.......
    ဟက်စ်ထိတယ်းးးးး

    ခင်တဲ့
    မေလေး

     

  3. may16 Said,

    ကဗျာလေးက လှတယ်.

     

  4. နှုတ်ဆက်အနမ်းတစ်ပွင့်ခြွေပေးခဲ့ပါ...။

    (အဲဒီအနမ်းလေးတစ်ခုတော့ ရသင့်တာပေါ့ဗျာ။)

     

  5. ဝိုးးး နောက်ဆုံးအနမ်းတဲ့..........
    မိုက်တယ်

     

  6. Anonymous Said,

    ထားရစ်ခဲ့တာတောင် နောက်ဆုံးအနမ်းလေးလိုချင်နေသေးတယ်။ ဟီ
    ကဗျာလေးကောင်းတယ်။ ခံစားသွားပါတယ်။

     

  7. ဝိုးးးးးးးးးးးးးးးးးးးးးးးးး
    ကဗျာလေးကလည်းနောက်ဆုံးအနမ်းဆိုပါလားနော်.......
    ကိုယ်ချစ်တဲ့ချစ်သူကိုယ်တောင် အငွေ့အဖြစ်ပျောက်ကွယ်သွားမှာဆိုးတယ်လား နောက်ဆုံးအနမ်းတစ်ပွင့်တော့ခြွေပေးပါဆိုပဲ။ အဲ့အနမ်းတစ်ပွင့်ပေးမဲ့သူကိုသိချင်တယ် ပြောပြပါလား။

     

  8. su wai Said,

    ကဗျာလေး ကြိုက်တယ် မလတ်ရေ...

    နှုတ်ဆက်အနမ်းဆိုတာ ကျန်ရစ်သူဝေဒနာအတွက် ဖြေစရာဆေးတစ်ခွက် တဲ့လား...

    နောက်ဆုံးအနမ်း
    ရင်ထဲမှာ တသသနဲ့
    အမြဲလွမ်းနေရမှာပါပဲ...။

    ခင်တဲ့
    ဆုဝေ

     

  9. Anonymous Said,

    သီချင်းတပုဒ်လိုပါလား....။

     

  10. ထားရက်သူသွားခဲ့ရင်
    ကျန်ရစ်သူဝေဒနာအတွက်
    ဖြေစရာဆေးတစ်ခွက်ပေးခဲ့ပါ...........

    ခံစားချက်နဲ့ ကွက်တိဖြစ်နေတယ်ကွယ် ကဗျာလေးက ကောင်းလိုက်တာ

     

  11. flowerworld Said,

    မွှားးးးးးးးးးးးးးးးးးးးး

     

  12. ခံစားသွားပါသည် နှင်းဆီ !_!

     

  13. မနှင်းဆီနက်ေ၇..

    ခံစားချက်တွေ ပြင်းထန်ပါ့ဗျာ..


    ခင်မင်စွာဖြင့်
    သီဟသစ်

     

  14. နောက်ဆုံးအနမ်းတဲ့
    ယုံဘူး ယုံဘူး ယုံဘူး
    အဲလိုပြောခဲ့တာ များခဲ့ ပေါ့

     

  15. ကြေကွဲစရာလေးပါလား
    ချစ်ခင်လျက်

     

  16. MoeThwayNge Said,

    ကောင်တယ်ဗျာ.. ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ လူတွေ ဆို ထိမယ်ဟ။ တိုကတော့ မပါ။ ယပ်ခပ်နေတဲ့ သူတွေ လေ..ဟဟဟ။
    ခင်တဲ့ အားလုံးကို ပျော်စေချင်သူ

     

  17. ဆွေးသွားရောပဲ .........

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။