ဦးလင်းဦး(ဆိတ်ပညာ)ကြီးက ဒေါ်နှင်းဆီနက်ကိုအတင်းအကြပ်တဂ်ပို့ရေးရမယ် မရေးရင်မရဘူး၊ ခရီးမသွားခင် အပြီးရေးမှတ်ချက်ကြီးနဲ့ကိုလာတော့တာပဲ၊ သြော်…. ငါမှမရေးရင်သူ့ခမျာ ဒေါသတွေထွက်၊ စိတ်မကောင်းတွေ ဖြစ်ပြီးတော့ စားမ၀င်အိပ်မပျော်ဖြစ်နေပါဦးမယ်လေ… အဲ့လိုစဉ်းစားမိပြီး နေကောင်းခါစလူတစ်ယောက် စိတ်ချမ်းသာပါစေဆိုတဲ့စေတနာနဲ့ ကျွန်မ မရေးချင်ရေးချင်နဲ့ရေးလိုက်ပါတယ်…(အဟတ် တမင်စတာ…. စိတ်ဆိုးရဘူးနော်……… :D )။
ဝါသနာ……… ၀ါသနာဆိုလို့ကျွန်မစဉ်းစားကြည့်တယ်… ကျွန်မဘာတွေဝါသနာပါလဲပေါ့ ၀ါသနာပါတာက စုံနေတာပဲ ကျွန်မကကိုယ်စလုပ်မိတဲ့အလုပ်ဆိုရင်လုပ်ချင်ချင်၊ မလုပ်ချင်ချင် စိတ်ပါဝင်စားစွာလုပ်လေ့ရှိတယ်။ အဲ့ဒီလုပ်ဆောင်မှုအပိုင်းတွေထဲကမှ ကိုယ်ဝါသနာအပါဆုံးကဘာလဲလို့သေချာစီစစ်ကြည့်လိုက်တော့ Graphic Designer ၊ သီချင်းနားထောင်တာ၊ ဟင်းချက်တာ၊ သစ်သီးပုံဖော်တာ၊ ပန်းအလှထိုးတာ၊ အိမ်အလှဆင်တာ၊ အခုနောက်ပိုင်းတိုးလာတာက ကဗျာတွေရေးတာပေါ့…။
ဒီဇိုင်းအပိုင်းနဲ့ပက်သတ်ပြီးစတင်ဝါသနာပါတာက သူငယ်ချင်းတစ်ယောက်က သူလုပ်လာတဲ့ဒီဇိုင်းတစ်ခုကို ကျွန်မကိုလာပြတယ်(အမှန်ကကြွားတာပေါ့လေ) ကျွန်မအဲ့ဒီ ဒီဇိုင်းလေးကိုအရမ်းကြိုက်သွားတယ် အဲ့ဒါနဲ့ နင်ဘယ်လိုလုပ်တာလဲဆိုတော့ ငါတက်နေတဲ့ကျောင်းကသင်ပေးတာကို ငါ့ဘာသာငါ့စိတ်ကူးနဲ့ဆွဲထားတာတဲ့ ကျွန်မလဲနောက်ကျတော့ ဒီဇိုင်းလေးတွေကိုယ့်ဘာသာဖန်တီးချင်တဲ့စိတ်တွေဖြစ်ပေါ်လာပြီးနောက် ကျွန်မ အနုပညာကွန်ပျူတာဒီပလိုမာသင်တန်းကိုစတက်ဖြစ်ပြီး ဒီဇိုင်းလေးတွေကိုစိတ်ကြိုက်ဖန်တီးဖြစ်ပါတယ်…။ သို့ပေမယ့်အခုနောက်ပိုင်းကျွန်မလုပ်နေရတဲ့အလုပ်နဲ့ဒီဇိုင်းနဲ့ကတခြားစီလိုဖြစ်နေတော့ မေ့တဲ့အပိုင်းတွေလဲ မေ့ကုန်ပြီ(အမှန်က….. လာခိုင်းကြမှာစိုးလို့…. ဟီးးးးးး)။
သီချင်းကတော့ဘယ်သီချင်းမဆိုကြိုက်တယ် ကျွန်မကသီချင်းသိပ်မရွေးဘူး အကုန်နားထောင်တယ်။ ခရီးသွား ရင်သီချင်းလေးနားထောင်သွားရင်ကိုပဲ စိတ်ကလန်းနေတာ။ စိတ်ညစ်ရင်တော့မျိုးကြီးသီချင်းနဲ့ပေါက်ကွဲလေ့ ရှိတယ်....(အဟဲ…ဓာတ်ပြားဟောင်းကြီးကပေါက်ကွဲလို့အကောင်းဆုံးသီချင်းလေ)။
ဟင်းချက်တာကတော့ဝါသနာပါတယ်။ ကိုယ်စားချင်တာကို ကိုယ့်ဘာသာကိုစိတ်ကြိုက်ချက်စားရတာကိုပဲ ၀ါသနာတစ်ခုလိုဖြစ်နေတာ။ ကျွန်မချက်ပြီးကောင်းတယ်အပြောခံရရင် ပီတိတစ်ခုလိုခံစားရတာ။ (မကောင်းပေ မဲ့ကြိတ်မှိတ်ကောင်းတယ်ပြောကြပေါ့) :D ။ သစ်သီးပုံဖော်တာကပိုပြီးဝါသနာပါတယ်။ တစ်ခါတလေ ပုံဖော် လွန်ပြီးပျက်သွားတဲ့အသီးတွေဆို အိမ်ကအမေက နင့်အသီးဒီဇိုင်းကို ငါ့တစ်သက်ဒီတခါပဲမြင်ဖူးတယ်ဆိုပြီး ကြည်စယ်ပါတယ်။ (ဒါကသစ်သီးကမကောင်းလို့ပါနော် လုပ်တဲ့သူကသေချာလုပ်တာပဲဟာကို)
ပန်းအလှထိုးတာကိုလဲဝါသနာပါပါတယ်။ သူကအရမ်းလက်ဝင်တယ် ကျွန်မဖန်တီးလို့ ပန်းအိုးထဲကပန်းလေးလှ နေရင်ကို ကျွန်မစိတ်ထဲကြည်နှုးနေတာပါ။ အိမ်အလှဆင်တာလဲဝါသနာပါပါတယ်။ အိမ်နံရံလေးမှာ ဘယ်မင်း သမီးပုံလေးထားမယ်၊ အိမ်နံရံကိုဘာဆေးရောင်ခြယ်မယ်၊ ပရိဘောဂတွေကိုဘယ်နားမှာထားမယ်ဆိုပြီး တစ်နေ့တစ်နေ့ရှုပ်နေတဲ့ကျွန်မပါ။ အခုကျတော့ နေ့တိုင်းကျွန်မအခန်းကိုတောင်တံမြက်စည်းမလှဲဖြစ်တဲ့ဘ၀ အိမ်ကိုမပြန်ဖြစ်လို့ပါ။
အခုနောက်ပိုင်းကဗျာရေးတာကိုတော်တော်ဝါသနာပါလာပါတယ်။ စနေနေ့ဆိုကျွန်မအိမ်ကိုပြန်ရပါတယ်။ အိမ်ပြန်ရောက်လို့ရှိရင် စိတ်ထဲမှာကဗျာရေးချင်စိတ်ပဲပေါ်ပေါ်နေပါတယ်။ ကဗျာတွေရေးနေလို့ တစ်ပတ်မှ တစ်ခါရှင်းဖြစ်တဲ့ ကျွန်မအခန်းလေးကိုတောင်မှ မရှင်းဖြစ်တာကြာပါပေါ့လား။ ဒီလိုနဲ့ပဲကျွန်မဘလော့လေးမှာလဲ ကဗျာတွေချည်းပဲဖတ်နေရလို့ လာဖတ်တဲ့သူတွေလဲ စိတ်မကောင်းတွေဖြစ်ဖြစ်ပြန်သွားရတယ်ထင်တယ်….။ အသဲကွဲကဗျာတွေချည်းပဲမို့လို့……..။
ကျေနပ်ပါပြီလား ဦးလင်းဦး(ဆိတ်ပညာ)ကြီးရှင့်။
ကျွန်မရဲ့ ခင်မင်ရသောမိတ်ဆွေများရဲ့ ဝါသနာလေးတွေကိုသိချင်လာလို့ထပ်တဂ်ချင်တဲ့သူတွေကတော့ -
(အမယမင်း(ရေးပြီး)၊ အမပန်ဒိုရာ၊ ညီမငယ်ဝေလေး(ရေးပြီး)၊ ညီမငယ်မက်မက်(ရေးပြီး)၊ ညီမငယ်ရွှေပြည်သူ၊ ညီမငယ်မဆုမွန်၊ ညီမငယ်ပန်းခင်းလေး၊ ညီမငယ်ချင်းမလေး(ရေးပြီး)၊ ညီမငယ်တာတာ(ရေးပြီး)၊ ညီမငယ်မွန်၊ ညီမငယ်ပန်းခရေ(ရေးပြီး)၊ ညီမငယ်ကံကောင်းသူ(ရေးပြီး)၊ ညီမငယ်မီးလေးဇာ(ရေးပြီး)၊ ညီမငယ်မေဒီဇာ(ရေးပြီး)၊ ညီမငယ်မန်းသူလေး(ရေးပြီး)၊ ညီမငယ်ရောင်ပြန်(ရေးပြီး)၊ ညီမငယ်နွေးနွေးသဲမွန်(ရေးပြီး)၊ ညီမငယ်ဆူးလင်းသစ်)
(အကိုမိုးသွေးငယ်၊ အကိုကောင်းကင်ကို၊ အကိုဥပသကာ(ရေးပြီး)၊ အကိုစိတ်စမ်းရေ(ရေးပြီး)၊ ဒေါက်တာဝင်းသိန်း(ရေးပြီး)၊ မောင်ငယ်သီဟသစ်(ရေးပြီး)၊ မောင်ငယ်စောနောင်၊ မောင်ငယ်အချစ်မဲ့ဂစ်တာ(ရေးပြီး)၊ မောင်ငယ်ထင်လင်းအောင်၊ မောင်ငယ်ညီမင်းခန့်(ရေးပြီး)၊ မောင်ငယ်သောတ(ရေးပြီး)၊ မောင်ငယ်ဇာတိ၊ မောင်ငယ်၊ မောင်ငယ်နေဒေးသစ်(ရေးပြီး)၊ မောင်ငယ်နွယ်ရိုး၊ မောင်ငယ်ဝေယံ၊ မောင်ငယ်ဖိုးဂျယ်(ရေးပြီး)၊ မောင်ငယ်မီးတောက်၊ မောင်ငယ်ဗညားရှိန်(ရေးပြီး)၊ မောင်ငယ်တွေ့ကရာရှစ်သောင်း(ရေးပြီး)၊ မောင်ငယ်ဖိုးသင်္ကြန်(ရေးပြီး)၊ မောင်ငယ်ဇာဏီ(ရေးပြီး))
မူပိုင် = နှင်းဆီနက်
သိပ်ကောင်းတဲ့ဝါသနာပဲဗျို့... ။ အားကျတယ်ဗျာ...
ဖြစ်ရမယ်.. ဒေါ်နှင်းဆီနက်ရယ်... ဒါပေမယ့် မသွားခင်ရေးသွားလို့ ကျေနပ်ပါတယ်...
(ဒါပေမယ့် ကြွားလွန်းသလားလို့.. ဟွင်း.. ဟင်းချက်တာ တော်တော်လက်ရာဆိုးသပါ့.. အဟဲ..
ပန်းအလှထိုးတာလည်း ပုံစံမကျ...ဒေါ်ကြီး နှင်းဆီနက်သာ အိမ်အလှဆင်ရင် အိမ်ပြိုကျလောက်တယ်.. အသံကတော့လား ..အဟဲ) နောက်တာနော်.. စတာနော်.. စိတ်ဆိုးရဘူး...
ကဗျာတွေကတော့ အတော်ကောင်းလာပါတယ်..
ဝါသနာတွေကလည်း များမှများ ... ဝါသနာဆိုတာ ပျက်တယ်ကောင်းတာ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာထက် ကိုယ့်စိတ်ကို ကျေနပ်စေတယ်ဆိုရင် အောင်မြင်ဖို့ မအောင်မြင်ဖို့ ဆိုတာက သိပ်အရေးမကြီးပါဘူး စိတ်ကျေနပ်နေဖို့သာ အဓိကပါ ... ဝါသနာကောင်းလေးတွေ သဘောကျသွားပါတယ် .. မှတ်ချက် .. သစ်သီး ဒီဇိုင်းတော့ လာမဖော်ခိုင်းတော့ပါ .. ရှောင်ရန်လူတစ်ယောက် တွေ့ပါပြီ ဟု ဒိုင်ယာရီတွင်း မှတ်ထားလိုက်ပါပြီ :D
ကဗျာတွေချည်းပဲဖတ်နေရတာလည်းကောင်းတာပါပဲ
This comment has been removed by the author.
tag တာကို 22 နောက်ပိုင်းမှရေးပေးမယ်နော်..ခုတော့ အားတေးဘူး.. ဟီးး
ကျွန်တော်ကတော့ သီချင်းဆို နဂါးနီ သီချင်းပဲနားထောင် တာ
ဟင်းဆိုရင်တော့ ဘဲဥပြုပ်တတ်တယ်
အသီးဆိုရင်တော့ ပုံဖော်ဖို့ နေနေသာသာ အခွံတောင်မနွှာ ဘူး ဒီအတိုင်းစားတာ
ပန်းဆိုရင် ဆယ်ပြားစေ့ကပန်းတောင်မကြည့်ချင်ဘူး( ခေါင်းပန်းလှန်ရင်ခဏခဏရှုံးလို့ )
အိမ်ကတော့အလှဆင်တယ်...စိမ်းစိမ်းစိုစို ဖြစ်အောင် အိမ်နံရံတွယ်ကပ်နေတဲ့မြက်တောင်မရိတ်ဘူး ..ဟီးး
ဒါနဲ့ အမ ကဂရက်ဖစ် ဒီဇိုင်း ကျွမ်းတယ်ဆိုတော့ အကူ အညီတောင်းလို့ ရပြီပေါ့... ဟီးး
ဖားထားမှအခုကတည်း က:P
အမက ဟင်းချက်တာဝါသနာပါတယ်ဆိုတော့...
ဟင်းလက်ရာလေးစားချင်သေး....
ဟင်းချက်တာကတော့ဝါသနာပါတယ်ဆိုတော့ လာချက်ပေးနော်...
ဒါပေမဲ့ ထမင်းချက်နေရင်း သီချင်းအော်ဆိုရဘူးနော်...
မျိုးကြီးကြားရင် လန့်မှာဆိုလို့ ဟဲဟဲ :P
>>> ကေမောင်ငြိမ်းကလဲအမ၀ါသနာကိုအားကျသပေါ့း)
>>> ဦးလင်းဦး(ဆိတ်ပညာ)ကဘယ်တော့မှအကောင်းကိုမပြောဘူး စိတ်ပုတ်တယ် ဟွန်းးး
>>> နေဒေးသစ်အတွက်စပါယ်ရှယ်သစ်သီးပုံဖော်ပေးလိုက်မယ် ဟိဟိ
>>> သုဏော်စိုင်းရေ ကြိုးစားပါ့မယ်
>>> မောင်ငယ်နော် နဂိုကတည်းကကြိုကာထားတယ် ဟွန်း သိဘူး လာမခိုင်းနဲ့း)
>>> ထင်လင်းအောင်ရေ အမချက်တာအမတောင်မစားဘူးကွယ်း)
>>> ဇောင်းကလဲအမချက်တာတောင်အမ မစားပါဘူးဆို အော်ပါဘူးမျိုးကြီးကြားရင်စီးရီးလာထုတ်ပေးနေမှာစိုးလို့ သူ့ထက်သာတယ်ဆိုပီးတော့ ဟတ်ဟတ်
မနှင်းဆီနက်ရေ..
ဟင်းချက်ပြီး သစ်သီးလေးပုံဖော်ပြီးတဲ့ အချိန် မျိုးကြီးသီချင်းမဆိုရင် လာလည်မယ်ဗျာ..
P.S
ခင်မင်စွာဖြင့် တဂ်လို့ ကျေးဇူးတင်ပါတယ်ဗျာ..
ဝါသနာပို့စ်ကို ဒီမှာ ရေးထားဖူးပါတယ်..
ခင်မင်စွာဖြင့်.
သီဟသစ်
မမ...... သတိတရတဂ်လို့ကျေးဇူး.... ရေးပေးမယ်နော်.. မမဝါသနာတွေက အများကြီးပါလား...... ဟင်းချက်တာလည်း ဝါသနာပါတယ်တဲ့ ဂွတ်တယ်... လာစားဦးမှ..... ကျွေးမှာလားဟင်...... :P
တို့ ကိုလဲ ချက်ကျွေးရမှာ နော်၊ ထွက်မပြေးရဘူး
အမလေး မမရယ် တဂ်လိုက်တာ တစ်မျိုးလုံးတစ်ဆွေလုံး ကုန်တော့မယ် . . အဲ အဲ ယောက်လို့ ဘလော်ဂါ တစ်မြို့လုံးကုန်တော့မယ် လို့ပြောတာ ဟဲဟဲ
တတ်၈်ဆိုလို့ အရင်လာချောင်းတာ ဖတ်ပြီးတော့ နည်းနည်းစိတ်အေးသွားတယ် ရေးမတတ်တာတွေတတ်ဂ်မှာစိုးလို့ ခုမှပြန်လာမန့်တာ အဟီးးးး နာ့အမလဲသိပ်ဝါသနာမပါရှာဘူးနော်း)
ဟီးးးးးးး ရေးပေးပါ့မယ်နော် မီးလေးလဲ အပျင်းတစ်တာဝါသနာအရမ်းပါတာ ခုလဲဝါသနာအတိုင်းပျင်းနေလို့ ဟိဟိ
ဝေး၊ သားသားကို မတဂ်ဘူးကွ။
ဝါသနာတွေကတော့ မိုက်သားပဲ။ ကဗျာတွေကတော့ရေးပါအမရယ်၊ အသဲကွဲကဗျာဆိုတာ ကွဲတုန်းရေးရတာမှတ်လား။ သူများတွေ ရေးချင်လို့တောင် ရေးလို့ရတာဟုတ်ဘူးရယ်။
(ဥပမာ- ကိုသီဟသစ်)
ဟဲ..ဟဲ
သင်းချက်ကောင်းတယ်တဲ့ သိသွားပြီ. ဟင်းချက်ကျွေး
ပါဗျို့..
ညီမလေးရေ..ခရီးထွက်မယ်ဆိုလို့ ဘယ်ကိုသွားမှာတုန်း.
ပျော်ရွှင်ပါစေ.
ရေးပေးမယ်နော်တီတီနက်....
ပြီးရင် ဟင်းချက်ကျွေး...ဒါပဲ
အဟီးးး ငတ်ကြီးကျတာ
အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ချွေးမရဲ့ ရာဇသံကလည်းပြင်းလိုက်တာ..း))
ရေပေးပါ့မယ် ....
ဝါသနာတွေကမိုက်တယ်..
ဟင်းချက်ကျွေးပါလား..ဟီး
တဂ်တာ ကျေးဇူးပါ ၀ါသနာတွေက အများသားပဲ ကျွန်မ အစ်မက အင်း မဆုမွန် ၀ါသနာကို ပြောပါဆိုရင်ဖြင့်
ဝါသနာကို မတားနဲ့တော့ရှင် ဒီလိုနေတာ အများကပင် သနားကြချင် မမြရင် ကျွန်မ ကချင် သည်းခံတော့ ဗိုလ်ကေလင် ဟဲဟဲ
သီချင်းလေးဆိုပြီး ပို့စ်လေး တင်ပေးဦးမယ်
မမ ရေ... နည်းနည်းပဲနော် တဂ်လိုက်တာ..ဟီဟိ... ရေးပေးမယ်နော် မမ ...၀ါဝါ အကြွေးဆပ်ပြီးရင် မမ ကိုရေးပေးဦးမှာ... :-)
>>> သီဟရေ မျိုးကြီးသီချင်းကပေါက်ကွဲတဲ့အချိန်ပဲဆိုတာပါ သစ်သီးလှီးနေတဲ့အချိန်တော့မဆိုပါဘူး ဓါးကိုင်ထားလို့ အဟဲ ဆိုဘူးအဲ့အချိန်စိတ်ချ စိတ်ချလက်ချသာလာလည်
>>> ဝေလေး၊ မကောင်းကင်ပြာတို့လာစားလို့ကတော့အချိန်မရွေးပါ ချက်ကိုကျွေးဦးမှာ
>>> ဗညားရေ အမကိုရေးချင်လို့တဂ်ပါလို့လာပြောတဲ့မောင်နှမတွေ၊ အရမ်းခင်တဲ့မောင်နှမတွေကောစုလိုက်တာ ဘလော့ဂါအကုန်နီးပါးဖြစ်သွားတယ် ဒါတောင်ရေးပြီးတဲ့သူတွေမပါလို့နော် တကယ့်ကိုချစ်ဖို့ကောင်းတဲ့မောင်နှမတွေပါ မြို့တည်ပြီးနေကြမယ်လေ မကောင်းဘူးလား အဟဲ
>>> အမယ်မယ် မီးလေးဇာဆိုတာပါတယ်လေ ဘာမပါဘူးလဲသေချာလဲမဖတ်ဘူးခိုင်တင်ဇာနော် မီးလေးဇာဆိုတာချစ်ညီမပေါ့ ဘယ်ချန်ထားလို့ဖြစ်မလဲး)
>>> ဖိုးသင်္ကြန်လေးကပါပါတယ်ကွယ် အသဲကွဲကဗျာကကွဲမှရေးလို့ကောင်းတာလား မကွဲလဲရေးလို့မရဘူးလားး)
>>> မ၀ါရေကျွေးမယ်လာစား ကျိုက်ထိုဘက်ကိုအလုပ်ကိစ္စနဲ့သွားရမှာအမ ဘယ်နေ့ဆိုတာမသေချာသေးဘူး သွားဖြစ်ရင်မက်ဆေ့ချန်သွားပါမယ်
>>> မက်မက်ရေကျွေးမယ်နော် ရန်ကုန်လာရင် အာဘွားနော်
>>> ယောက်ခမပေခရမ်းကိုချွေးမနှင်းဆီနက်ကရာဇသံနဲ့အရင်ခိုင်းရတယ် ယောက်ခမဆိုတာချွေးမကအရင်နိုင်ထားမှတော်ကာကျတယ်မဟုတ်လား မယုံရင်သီဟကိုမေးကြည့် သီဟလဲအနိုင်ကျင့်နေ့တိုင်းခံနေရတယ် ဟီးး (သူတို့ခမျာ ချွေးမနှင်းဆီနက်ကိုဆိုမနိုင်လို့ မျက်နှာငယ်လေးတွေနဲ့ သနားပါတယ် ဟိဟိ)
>>> အဟဲ မဆုမွန်က သီချင်းလေးနဲ့ရေးမယ်ဆိုပဲ လုပ်ပါလုပ်ပါ ၀ါသနာလေးပေါ့း)
>>> ဟုတ်ပါ့နွေးနွေးရေ ဗညားကိုပြောထားတဲ့အတိုင်းပါပဲ အဟဲ
ရေးရတော့မယ်လားးးးးးး
တစ်ခါမှ မရေးဖူးသေးဘူး လတ်လတ်ရေ... မရေးရင် မရဘူးလား? ဖြည်းဖြည်း ကြိုးစားရေးကြည့်ပါမယ်..၂၀ ရက်ကျော်လောက်မှပေါ့..
ဝါသနာတွေက ကောင်းလိုက်တာ မိန်းကလေးပီသတယ်
ဘာဟင်းချက်လဲဗျ..ဒီနေ့.. :P
ချစ်မရေ...
ချစ်မ၀ါသနာတွေက ကောင်းပါ့
ညီမလေး ကြိုးစားပြီးရေးပေးမယ်နော်
ချစ်မရဲ့ ခင်မင်ရသော မိတ်ဆွေထဲမှာပါတော့ တကယ်ပဲ ၀မ်းသာမိပါတယ်
ချစ်မ ကျန်းမာပျော်ရွှင်ပါစေ...
မျိုးကြီးသီချင်းထက် လေးဖြူရဲ့ အမဲလိုက်အကက ပိုဂွတ်တယ် :D
အားပါး...မမလတ် ၀ါသနာတွေက အများကြီးပါလား.. ဆုဝေနဲ့ တူတာဆိုလို့ သီချင်းနားထောင်တာပဲ ရှိတယ်.. ဆုဝေက သစ်သီးပုံဖော်ဖို့ မပြောနဲ့ အခွံနွှာတာတောင် သိပ်စိတ်ရှည်တာ မဟုတ်ဘူး..ဟိ.. :)
မလတ် ကဗျာရေး ၀ါသနာပါလာတာကိုတော့ ကျေးဇူးတင်ရမယ်.. ခံစားချက်နဲ့ တိုက်ဆိုင်နေတတ်တဲ့ ကဗျာကောင်းလေးတွေ ဖတ်ခွင့်ရလို့.. ။
ဆုဝေ စိတ်ညစ်ရင်တော့ မျိုးကြီးရဲ့ ကြည့်လို့မကောင်းတဲ့ပွဲနဲ့ ပေါက်ကွဲပစ်လိုက်တယ်။
တက်ဂ်အဖြေလေးကို ဖတ်ပြီး အားရပါးရ ကော်မန့်ပေးလိုက်တာ..အရှည်ကြီး ဖြစ်သွားပြီ :)
ခင်တဲ့
ဆုဝေ
ဒီဝါသနာတွေအတိုင်းဆို မမက တော်တော်လေး မိန်းကလေးဆန်မှာပဲနော်....
မမရေ သစ်သီးလှီးတဲ့နေရာတော့တူတယ်..
ပုံဖော်နေရင်းနဲ့ စိတ်တိုင်းမကျရင် ကိုက်စားပစ်လိုက်တယ်.. မှတ်ရော..
နှင်းဆီနက်ရေ
ဝါသနာတွေ ဖတ်ရတာ နှင်းဆီနက် အိမ်ကလေးက
လှပကြည်နူးစရာကောင်းမှာပဲလို့
မသက်ဇင် နဲ့ တခြားစီလေ
စာအုပ်ပုံတွေနဲ့ရှုပ်ပွနေလို့ပါ
ခင်မင်လျက်
မမရေ ... အလည်လာသွားတယ်
စာတွေလဲ ဖတ်သွားတယ်ဗျ....
အမရေ ကျွန်တော်က အရင်က ရေးပြီးသားဗျ
ပြန်တင်လိုက်ရမလား ဟီး
ဘယ်လို လုပ်ရပါ့
တချို့ ၀ါသနာက ညီမနဲ့တူတယ် .. ညီမလည်း ရေးရဦးမယ် .. ကြွေးပိတုန်း :D
နှင်းဆီနက်ရေ.. ရေးလိုက်ပါပြီနော်