မင်းသာငါ့ဘဝ
ငါ့ဘ၀မှာမင်းမရှိရင် လဲကျမှာစိုးလို့
ငါ့ရဲ့ နားကမင်း ဘယ်မှမသွားပါနဲ့တဲ့
အပြုံးတွေချိုခဲ့တာ အသုံးတွေပိုခဲ့တာ
အခု.....ငါဟာ မတ်မတ်ရပ်ဖို့တောင်
အကြိမ်ကြိမ်ကြိုးစားနေခဲ့ရတယ်......။

အလွမ်းတွေအေးအောင် ကြိုးစားတုန်း
ငါ့ရဲ့ ဝေးရာနင်ထွက်သွားခဲ့တယ်.....

အတွေးတွေနဲ့ကြည်နှုးနေခဲ့တာ
အဆွေးတွေနဲ့ငါလူးနေခဲ့ရတယ်.....

အရိပ်တစ်ခုလိုနေခဲ့တာ
အတိတ်တစ်ခုသာ ကျန်နေခဲ့ရတယ်......

အနုအလှနဲ့ယုယတာ
အတုအပသာငါရခဲ့တယ်........

ထက်မြက်မှုရဲ့ နောက်ကွယ်မှာ
ရက်စက်မှုနဲ့ပြည့်နေခဲ့တယ်........

အဆုံးထိငါချစ်ခဲ့တာ
မုန်းပြီးပစ်ဖို့မှမဟုတ်ခဲ့တာ......

ကျောသိုင်းပွေ့ဖက်ခဲ့တာ
ကျောခိုင်းမေ့ရက်စရာတွေဖြစ်ခဲ့သလား.......

အနမ်းတွေရှိုက်ခဲ့တာ
အလွမ်းတွေသာလောင်မြိုက်ခဲ့တယ်........

အပြုံးတွေငါသုံးခဲ့တာ
အမုန်းတွေပျက်သုဉ်းအောင်လို့ပါ.......

တိတ်ဆိတ်စွာနေခဲ့တာ
ကြိတ်မှိတ်ငါခံစားနေခဲ့လို့ပါ...........။

မူပိုင် = နှင်းဆီနက်

23 Response to "အပြုံးရဲ့ နောက်ကွယ်"

  1. Anonymous Said,

    မိုက်တယ် မိုက်တယ် ကဗျာက ခု ၁ ယူသွားပြီ... အဟ

    ခင်မင်လျှက်
    အဆိပ်ခွက်

     

  2. အင်း အဲဒီခံစားချက်မျိုးက တမြေ့မြေ့လောင်နေတဲ့ မီးလိုပဲ ခံစားရတာ ကောင်းပါဝူး :(

     

  3. Anonymous Said,

    အစ်မ ရေးတတ်လိုက်တာ .. ကာရံတွေ ဘယ်လိုများရှာထားတာလဲ ...
    အနုအလှနဲ့ယုယတာ
    အတုအပသာငါရ
    အရိပ်တစ်ခုလိုနေခဲ့တာ
    အတိတ်တစ်ခုသာ ကျန်နေခဲ့ရ
    အားပါးပါးပါးးးးးး ... ကဗျာလေး ဖတ်ရင်း တစ်ခုခု ကို လွမ်းမိသွားသလိုလို ... ကိုယ်တွေလည်း အရိပ်တစ်ခုလိုနေခဲ့တာပဲ ... ဒါပေမယ့် အတိတ်တစ်ခုမှာများ ကျန်နေခဲ့မှာလား .... ??
    နေဒေးသစ်။

     

  4. အမရေ ကောင်းလိုက်တဲ့ကဗျာလေးဗျာ ကာရံလေးတွေနဲ့ တော်တော်လေးကိုထိမိပါတယ်ဗျာ။ အဆွေးလူလိုတော့မလူးပါနဲ့နော်အမရေ။ အဆင်ပြေပါစေနော်။ စီဗောက်က နက်ကြောင့်တက်မလာလို့ နေ့တိုင်းရောက်တယ် မရေးဖြစ်တာပဲရှိပါတယ်အမရေ အဆင်ပြေပါစေနော်။



    ခင်မင်စွာဖြင့်


    ကိုတိုးလေး

     

  5. flowerworld Said,

    အာပါးပါး ရေးထားတာရှယ်ပဲ
    တယ်မိုက်တဲ့ ဆန့်ကျင်ဘတ်စကားလုံးတွေ
    တော်တယ် မီးလေးအမမို့လို့လားမသိဘူး ဟိဟိ

     

  6. Anonymous Said,

    အလွမ်းတွေအေးအောင် ကြိုးစားတုန်း
    ငါ့ရဲ့ ဝေးရာနင်ထွက်သွားခဲ့တယ်.....

    အနုအလှနဲ့ယုယတာ
    အတုအပသာငါရခဲ့တယ်..

    ဟဟ ဟုတ်လှချည်လားမမရေ ကောင်းလိုက်တဲ့ ကဗျာ

     

  7. ကာရံတွေ ကောင်းတယ် အမ ... ကဗျာကောင်း
    လေးဘဲ အမရေ...

     

  8. ဆရာမ ကဗျာ ရေးနည်းလေး မျှပါ:)

     

  9. ကျောသိုင်းပွေ့ဖက်ခဲ့တာ
    ကျောခိုင်းမေ့ရက်စရာတွေဖြစ်ခဲ့သလား.......

    အနမ်းတွေရှိုက်ခဲ့တာ
    အလွမ်းတွေသာလောင်မြိုက်ခဲ့တယ်........

    ဒီနှစ်ကြောင်းကို ခိုက်တယ်
    ခံစားချက်ချင်းတိုက်ဆိုင်သွားလို့...
    ကဗျာလေးကောင်းတယ် မမရေ...
    ချစ်ခင်လေးစားစွာဖြင့်
    ဖိုးစိန်

     

  10. chitloonthu Said,

    ကဗျာလေးက..အရမ်းကောင်းတော့. လစ်လျှုရှုလို့ မရဘူး. ၀င်ရောက်ကောင်းချီးပေးပါတယ်..

     

  11. မနှင်းဆီနက်ရေ

    ကဗျာလေးကောင်းလိုက်တာ
    ရင်တွင်းဖြစ်တွေ ထင်ပါ့

    ခင်မင်စွာဖြင့်
    သီဟသစ်

     

  12. Unknown Said,

    မတ်မတ်ရပ်တက်သေးဘူးလား
    တီနက်

     

  13. ကြိုက်တယ်....ကောင်းလိုက်တဲ့ကဗျာလေး...မမရာ

     

  14. Anonymous Said,

    ကာရံနဲ့ ခံစားချက်ကို ဆန့်ကျင်ဘက်လေး ရေးထားတာ အရမ်း ခံစားလို့ကောင်းပါတယ်။ မမ အားပေးလျှက်ပါ။

     

  15. may16 Said,

    ကဗျာလေးကကောင်းတယ် အမ

     

  16. MoeThwayNge Said,

    တော်ပါပေတယ် ..... ဗျာ ။ ညီမ..ရေ..။ထပ်ရေးပါဦး..။အားပေးနေမယ်။ ကိုလတ် အလုပ် များနေလို့ နောက်ကျကျ နေတာ ခွင့်လွတ်ပါဟာ။အကြွေးလည်း ခဏခဏ မတောင်းတာ ကျေးဇူးနော်...ဟဟဟ။
    ရေးပေးမယ်ဟာ..အကုန်ရေး လို့ ပြီးတော့ မယ်ဆို ရေးပေးမယ်နော်...။
    ခင်တဲ့
    အားလုံးကိုပျော်စေချင်သူ

     

  17. Anonymous Said,

    ကာရန်လေးတွေနဲ့ လှပတဲ့ ကဗျာလေးတပုဒ်ပါ...။အားပေးလျှက်ပါ..။

     

  18. အပြုံးတွေငါသုံးခဲ့တာ
    အမုန်းတွေပျက်သုဉ်းအောင်လို့ပါ......ကဗျာလေးကို ထပ်တူခံစားသွားပါတယ်ရှင်

     

  19. Dream Said,

    တီတီနက်နော်..တီတီနက်...

    ဟိဟိ...

    ကဗျာတွေ လန်ထွက်နေတယ်.... :)

     

  20. နှင်းဆီနက်ရေ
    ကဗျာလေးဖတ်ပြီးခံစားရတယ်
    ချစ်ခင်စွာ

     

  21. မိုက်နေတာပဲ ..း)

     

  22. mgnge Said,

    တစ်ပုဒ်လုံး လန်းတယ်ဗျာ....။

     

  23. ကဗျာကိုခံစားပီး ဖတ်သွားပါသည်။

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။