စီးကရက်သည် အဆုတ်ကင်ဆာ ဖြစ်စေသည်။ စီးကရက်သည် နာတာရှည်ရင်ကျပ်ပန်းနာရောဂါ ဖြစ်စေသည်။ စီးကရက်သည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေသည်။ ဆိုသည့်အချက်များကို စာရှုသူတိုင်းကြားဖူးကြပါ လိမ့်မည်။
နောက်ပိုင်းကာလတွင် စီးကရက်ကပန်းသေပန်းညှိုးတတ်သည်။ စီးကရက်ကကိုယ်ဝန်ဆောင် အမျိုးသမီးများ တွင် သေးငယ်သောကလေးကိုမွေးဖွားစေသည်။ ကလေးပျက်ကျစေတတ်သည်။ စီးကရက်က ခန္ဓာကိုယ်တွင်း ကိုယ်ခံအားကို ကျဆင်းစေသည်။ ခန္ဓာကိုယ်တွင်းရောက်လာတတ်သော အဆိပ်အတောက်များကို အားပေး တတ်သည်။ စသည့်စာတန်းများပေါ်လာပြီးနောက် ယခုနောက်ဆုံးစီးကရက်၌ ရေဒီယိုဓာတ်ရောင်ခြည်တွေ ပါရှိသည်။ စီးကရက်ကို တစ်နေ့အလိပ် 30 သောက်သုံးသူ တစ်ယောက်တွင်တစ်နှစ်လျှင်ရရှိမည့် ဓာတ်ရောင် ခြည်သည် ရင်ဘတ်ကိုဓာတ်မှန်အကြိမ်300ရိုက်သကဲ့သို့ ဒဏ်ခံရလိမ့်မည်ဟု စာတမ်းတစ်ခုက အထောက်အ ထားများဖြင့်ပေါ်လာပြန်သည်။ သို့ကြောင့် စီးကရက်ကပေးသော ကောင်းကျိုးလုံးဝမရှိပါဟု ဆိုနိုင်ပါသည်။ သို့သော် စီးကရက်ကိုစွဲနေပြီးသူ တစ်ယောက်အဖို့ ယခုမှဖြတ်လိုက်ခြင်းဖြင့် အကျိုးရှိပါဦးမည်လားဆိုသည့် အချက်မှာ စဉ်းစားစရာဖြစ်လာပါသည်။
ဤကိစ္စနှင့်ပတ်သက်၍ အဖြေမှာ....
ဗြိတန်နိုင်ငံမှ ဆေးစွဲသူ၁၇၈ဦးအားမေးမြန်းချက်အရ ဘိန်းဖြူမီသာတုန်းစသည်တို့ထက် စီးကရက်ကို ဖြတ်ရ ခက်ပါသည်ဟု ဆိုကြသည်။
စီးကရက်ဖြတ်လိုက်သည့်အခါ ခံရမည့်လက္ခဏာတို့မှာ စီးကရက်စွဲခဲ့သည့်ကာလနှင့် နေ့စဉ်သောက်တတ်သည့် စီးကရက်အပေါ် မူတည်သည်ဆိုသည်။ ဆေးလိပ်ဖြတ်ပြီး ကြုံရတတ်သည့် ပြဿနာမှာနေ့လည်နေ့ခင်းအချိန်၌ အိပ်ငိုက်နေပြီး ညအချိန်၌အိပ်မပျော်ပဲ မျက်လုံးကြောင်နေခြင်းဖြစ်သည်။အချို့ကျတော့ ချိုသောအစားအစာကို တမ်းတပြီး၊ အချို့အော့အန်ကာဝမ်းပျက်ဝမ်းချုပ်သော လက္ခဏာများဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။
ဆေးလိပ်ဖြတ်ရာက ဖြစ်ပေါ်သောဒါဏ်က ပထမ 24နာရီတွင် အမြင့်ဆုံးဖြစ်ပေါ်၍ ၇ရက်လောက်တိုင်အောင် တစ်ဖြေးဖြေးလျော့သွားသည်။ ပြီးမှနောက်နှစ်လတိုင်အောင် ဝေဒနာကို ဆက်လက်ခံစားကြရတတ်သည်။
စီးကရက်ကို ရုတ်တရက်ဓါးနှင့်ဖြတ်သလို ဖြတ်လိုက်သူများကအခံရသက်သာတတ်သည်။ တစ်နေ့နည်းနည်းစီ စီးကရက်ကို လျှော့မည်ဆိုသူတွေကပို၍ခံရလေ့ရှိသည်။
အောက်ပါတို့ကို အသုံးပြုသင့်သည်ဟုဆေးလိုက်ဖြတ်ပြီးသူများအသင်းက အကြံပြုထားပါသည်။
၁။ ပါတီ၊ဧည့်ခံပွဲနှင့် ဆေးလိပ်သောက်နေကြ အပေါင်းအသင်းကိုရှောင်ပါ။
၂။ စီးကရက်ဖြတ်ချိန်၌ အရက်ဖြင့်အစားထိုးတတ်သည်။ ဒါမျိုးကိုရှောင်ပါ။စီးကရက်တမ်းတခြင်းမှာ ဒီရေအလား တက်လာတတ်သည်။ မိနစ်အနည်းငယ်သာကြာသည့်ဤကာလကို စိတ်ဖြင့်တင်းထားပါ။
၃။ စီးကရက်သောက်ချင်စိတ်ပေါ်လာသည့်အခါ အခြားနေရာကို စိတ်ပြောင်းပါ။ ဥပမာ........မိသားစုနှင့်အတူ ပျော်ရွှင်စွာနေခဲ့သောအချိန်ကို စဉ်းစားနေလိုက်ပါ။
၎။ ယခုမသောက်သေးဘူး၊ ငါးမိနစ်လောက်တော့ သည်းခံကြည့်ဦးမည်ဆိုသည့်စိတ်မျိုးကိုသုံးပါ။ စီးကရက် သောက်လိုစိတ်ပျောက်ကွယ်သွားပါမည်။
၅။ အချို့ကျတော့ စီးကရက်ကြောင့်ရမည့်ရောဂါ (ဥပမာ) အဆုတ်ကင်ဆာ၊ရင်ကြပ်ပန်းနာတို့ကို စဉ်းစားလိုက် ခြင်းဖြင့် ဆေးလိပ်သောက်ချင်စိတ်ပျောက်သွားတတ်သည်။
၆။ အသက်ကို ပြင်းပြင်းရှုလိုက်ခြင်း၊ စိတ်ဝင်စားရာ အားကစားတစ်ခုခုကိုပြုလုပ်လိုက်ခြင်း၊ လမ်းလျှောက်ထွက် ခြင်း စသည့်နည်းတို့ကိုသုံးပါ။
ဆေးဖြတ်ပြီးသူ ၁၅%သာ လုံးဝပြတ်သွားလေ့ရှိသည်။ အများစုကစီးကရက်ပြန်သောက်တတ်ကြသည်။ ဒီလို မဖြစ်ရအောင် ငါအောင်မြင်မှုရပြီးသောစိတ်ကအလျော့ပေးလိုက်မှာလားစသည်ဖြင့် မိမိကိုယ်မိမိအားပေးသော စိတ်ကိုမွေးပါ။ နောက်ဆုံးပေါ် နီကိုတင်းဆေးဖြင့်ဖော်စပ်ထားသော နီကိုးရပ်ကော်သကြားလုံးကများစွာ အကူ အညီပေးပါမည်။ ဤသကြားလုံးကိုဝယ်လို့ရပါက စားကြည့်ပါ။ (ဒေါ်လာနှင့်)မည်သူမဆိုစီးကရက်ဖြတ်ဖို့ နောက် ကျသွားသည် ဟူ၍မရှိပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ် (world health)စာစောင်၌ ဖေါ်ပြထားချက်မှာ---
၁။ လူ့သက်တမ်း အသက်၂၅နှစ်အရွယ် လူတစ်ယောက် တစ်နေ့စီးကရက်နှစ်ဘူးသောက်က သူ၏သက်တမ်း သည်8.3နှစ်တိုသည်။ 10-15နှစ်ကြာအောင်ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာ ဆေးလိပ်မသောက် သူအတိုင်းပြန်ဖြစ်သွားမည်။
၂။ အဆုတ်ကင်ဆာ ဆေးလိပ်သောက်သူတွင် အဆုတ်ကင်ဆာရရန် မသောက်သောသူထက်ဆယ်ဆပိုသည်။10-15နှစ်ကြာအောင်ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာဆေးလိပ်မသောက်သူအတိုင်း ပြန်ဖြစ်သွား မည်။
၃။ လည်ချောင်းကင်ဆာ ဆေးလိပ်သောက်သူတွင် ဆေးလိပ်ကင်ဆာ ရောဂါဖြစ်ဖို့ 2.9မှ17.7ဆပိုသည်။10-15နှစ်ကြာအောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာဆေးလိပ်မသောက်သူအတိုင်းပြန်ဖြစ်သွားမည်။
၎။ ပါးစပ်ကင်ဆာ၊အစာမျိုလမ်းကင်ဆာ ဆေးလိပ်သောက်သူတွင် ၃-၁၀ဆ ပိုဖြစ်နိုင်သည်။ 10-15နှစ်ကြာ အောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာဆေးလိပ်မသောက်သူအတိုင်းပြန်ဖြစ်သွားမည်။
၅။ ဆီးအိမ်ကင်ဆာ ဆေးလိပ်သောက်သူများတွင် 7-10ဆပိုသည်။
၆။ နှလုံးသွေးကြောကျဉ်းရောဂါ ဆေးလိပ်ကြောင့် နှလုံးရပ်သွားသူ တစ်နှစ်လျှင် 120000ဦးရှိသည်။10-15နှစ်ကြာအောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာဆေးလိပ်မသောက်သူအတိုင်းပြန်ဖြစ်သွားမည်။
၇။ နာတာရှည်၊ရင်ကြပ်ပန်းနာ ဆေးလိပ်သောက်သူတွင်၂၅ဆပိုဖြစ်သည်။ ဆေးလိပ်ဖြတ်နိုင်က တစ်လအတွင်း ရောဂါသက်သာလိမ့်မည်။
၈။ ကိုယ်ဝန်ဆောင်မိခင်ကိုယ်ဝန်ဆောင်မိခင်များတွင် ဆေးလိပ်သောက်က ကလေးများအရွယ်သေးငယ်မည်။ ပျက်ကျတတ်သည်။ ကိုယ်ဝန်လေးလမတိုင်မီ ဆေးလိပ်ကိုရပ်နိုင်ကကလေး၏ကျန်းမာရေးကို ထိခိုက်မည် မဟုတ်ချေ။
၉။ အစာမကြေ၊ရင်ညွန့်အောင့်ရောဂါ အစာအိမ်ရောဂါရှိသူများ ဆေးလိပ်သောက်က ရောဂါတာရှည်မည်။ ဆေးလိပ်ဖြတ်ကရက်ပိုင်းအတွင်းရောဂါ အလွယ်တကူကျက်သည်။ ထို့ကြောင့်ဆေးလိပ်ဖြတ်ရန်မည်သူမျှ နောက်မကျဟုဆိုရမည်။
ဤဆောင်းပါးအား ဆရာဝန်တင်ရွှေ၏ဆေးပညာစာအုပ်မှ ဖေါ်ပြပါသည်။
စီးပွားရေးအတွက်မဟုတ်ပါက မည်သူမဆို ကူးယူဖေါ်ပြနိုင်ပါသည်ဟူ၍ ဆရာ့စာအုပ်တိုင်းတွင် ပါရှိပါသည်။
ထို့ကြောင့် စီးပွားရေးအတွက်မဟုတ်ပါက ဖြန့်ဝေပေးနိုင်ကြောင်း အကြောင်းကြားအပ်ပါသည်။ ကိုယ်သောက်တဲ့စီးကရက်ရဲ့သတင်းအချက်အလက်မှန်သမျှကိုသိထားသင့်သည်ဟု ယူဆပါသည်။
အတင်းအကျပ် တိုက်တွန်းခြင်းမျိုးမဟုတ်ပါ။ သတင်းအချက်အလက်ပေးခြင်းမျှသာလျှင်ဖြစ်ပါသည်။
မူပိုင်မဟုတ်ပါ။
နှင်းဆီနက်
Subscribe to:
Post Comments (Atom)
Thanks for sharing ma latt! I'll forward your Message to all my friends who are heavy smoker. GoodLuck sis. Bye.
ဖြတ်ဖို့တော့ ကြိုးစားတာပဲ ဒါပေမဲ့ တယောက်ထဲနေတော့ ညဆိုရင် ကွန်ပြုတာနဲ့ ဆေးလိပ်ပဲအဖော်ရှိတာဗျ ကြိုးစားကြည့်လိုက်ပါဦးမယ်
ဆေးလိပ် သောက်ခြင်းကို ဖြတ်ဖို့ ပညာပေးတဲ့
ပို့စ်လေးဖြစ်လို့ အင်မတန်ကောင်းပါတယ်လို့ 
ပြောချင်ပါတယ်...
"ယနေ့စီးကရက်ဖြတ်လိုက်လျှင်"
ပိုစ့်လေး သိပ်ကောင်းပါတယ်--
ပညာပေးပိုစ့်လေးပါပဲ-----
ကျနော်ကတော့ ဆေးလိပ်ကိုတော့ ဖြတ်မရသေးဘူးဗျာ။နေရတာလဲ တယောက်ထဲ
ဆိုတော့ အဖော်ဆိုလို့ဒါပဲရှိတာ။မကောင်းမှန်းသိ
တယ်ဗျ ဒါပေမဲ့ဖြတ်မရဘူးဗျာ
မေ့ဖျောက်ဖို့ကြိုးစားရင်း ပိုဆိုးမိ ...