ဆယ်နှစ်တာရဲ့တန်ဖိုးကို သိချင်ရင်
အခုမှပူပူနွေးနွေး ကွာရှင်းပြီးခါစ
ဇနီးမောင်နှံကို မေးကြည့်လိုက်ပါ။

လေးနှစ်တာရဲ့တန်ဖိုးကို သိချင်ရင်
ဘွဲ့ရတစ်သောက်ကို
မေးကြည့်လိုက်ပါ။

တစ်နှစ်တာရဲ့တန်ဖိုးကို သိချင်ရင်
အတန်းတင်စာမေးပွဲကျထားတဲ့
ကျောင်းသားတစ်ယောက်ကို
မေးကြည့်လိုက်ပါ။

တစ်လတာရဲ့တန်ဖိုးကို သိချင်ရင်
နေ့မစေ့လမစေ့ကလေးကို မီးဖွားထားတဲ့
သားသည်မအေတစ်ယောက်ကို
မေးကြည့်လိုက်ပါ။

ရက်သတ္တပတ်ရဲ့တန်ဖိုးကို သိချင်ရင်
အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်က စာတည်းကို
မေးကြည့်လိုက်ပါ။

တစ်နာရီရဲ့တန်ဖိုးကို သိချင်ရင်
တွေ့ကြဖို့ချိန်းထားလေတဲ့ ချစ်သူနှစ်ဦးကို
မေးကြည့်လိုက်ပါ။

တစ်မိနစ်တန်ဖိုးကို သိချင်ရင်
ရထားဖြစ်စေ၊ ဘတ်စကားဖြစ်စေ၊ လေယာဉ်ဖြစ်စေ
မမီလိုက်တဲ့ သူတစ်ယောက်ကို
မေးကြည့်လိုက်ပါ။

တစ်စက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင်
မတော်တဆထိခိုက်မှု တစ်ခုခုမှာ
အသက်ရှင်ကျန်ရစ်ခဲ့သူကို
မေးကြည့်လိုက်ပါ။

တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံတစ်ပုံတန်ဖိုးကို သိချင်ရင်
အိုလံပစ်ပြေးပွဲမှာ ဒုတိယငွေတံဆိပ်ကိုသာ ရလိုက်သူကို
မေးကြည့်လိုက်ပါ။

အချိန်က လူကိုမစောင့်ဘူးနော်။
ကိုယ့်မှာရှိတဲ့အချိန်တိုင်း၊ အချိန်တိုင်းကို တန်ဖိုးထားကြပါလားရှင်။
အထူးသဖြင့် အဲဒီကိုယ့်မှာရှိနေတဲ့ အချိန်လေးကို ကိုယ်ချစ်ခင်တဲ့သူနဲ့အတူနေခွင့်ရမယ်ဆိုရင်
ပိုတောင်တန်ဖိုးထားသင့်ပါတယ်။
အဲ....မိတ်ဆွေတစ်ယောက်ရဲ့တန်ဖိုးကိုသိချင်ရင်တော့ တစ်ယောက်လောက်အဆုံးရှုးခံကြည့်လိုက်ရုံပေါ့ရှင်။

" ငွေကို ငွေနဲ့လျော်လို့ရတယ်။
အချစ်ကို အချစ်နဲ့လျော်လို့ရတယ်။
ဒါပေမယ့် ကုန်ဆုံးသွားတဲ့ အချိန်တွေကိုတော့ ဘာနဲ့မှလျော်လို့မရတော့ဘူး "


ခင်မင်ရုံသက်သက်
မဟုတ်ခဲ့သောရင်းနှီးမှု
နှလုံးသားတစ်ခုမြုပ်နှံ
ငါ့အတွက် ဘာကျန်ခဲ့လို့လဲ
အစကတည်းက မကြင်နိုင်ရင်
မချစ်တတ်တဲ့ နှလုံးသား
အရင်းအတိုင်း ရှိပါစေလား....။ ။

ဖြစ်ချင်ခဲ့တာက
သာယာလှပတဲ့လမ်းမှာ
အပြုံးတွေ ဝေဆာပွင့်ဖူး
တစ်ဦးလက် တစ်ဦးတွဲ
နှစ်ကိုယ်တည်း လျှောက်လှမ်းချင်တာ....
ဖြစ်ခဲ့တာက
ရေကြည်တစ်ပေါက် သောက်ရဖို့အတွက်
တွင်းပေါ်ပြန်တက်ရတဲ့
ရေတွင်းတူးသမား၇ဲ့ဒုက္ခမျိုး
ဘယ်လောက်ဆိုးသလဲကွယ်....။ ။

အခုတော့လေ
အိပ်မက်တွေနဲ့ဖျော်တဲ့
အနမ်းကော်ဖီ
မင်းဆီမရောက်ခဲ့သော်လည်း
ချိုအီနေဆဲရှိပါသေးတယ် မောင်....။ ။

ချစ်ခဲ့တယ်
ချစ်နေတယ်
ချစ်နေဦးမယ်
အဲဒီ ချစ်ခြင်းမှာ
အခါခါ သေဆုံးတောင်
အပြုံးမပျက်
နှလုံးသားအတွက်စတေး
အလွမ်းတေးဆိုကာ
ချစ်နေပါဦးမယ် မောင်....။ ။

လိပ်ပြာ




လိပ်ပြာ.......
မင်း...ပန်းဆီ လူပျိုလှည့်လာတော့
မင်းမှာ အချစ်ပါခဲ့ရဲ့လား....


အဖြည့်ခံ

ကိုယ်ဟာ မင်းရဲ့...
တစ်ဘ၀စာ လိုအပ်မှုအတွက် မဖြစ်ခဲ့ရင်
တစ်ခဏတာ ဖြည့်ဆည်းပေးမှုအတွက်
ကျေနပ်နေခဲ့သူပါ....

ကျေးဇူး

On 1:06 AM


ဘလော့စရေးဖို့ ကူညီပြောပြပေးသော
နေနေနိုင်ကို ကျေးဇူးတင်ပါတယ်။
ဘလော့ကို လှလှပပဖြစ်အောင်
ကူညီပေးခဲ့သောကိုဈာန်ရဲကို
အထူးကျေးဇူးတင်ပါတယ်။

Category :


သူငယ်ချင်းတို့ရေ
ကိုယ်ကဘလော့ဂါအသစ်ပါ
လာလည်ပြီးရင်လည်း
ဝေဖန်အကြံပေးနိုင်ပါတယ်။

Category :

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။