စီးပွားရေးကလေးပြေလည်လာသဖြင့် ၀မ်းသာရမည်ဟု စိတ်မကူးနိုင်မီမှာပင် မိတ်ဆွေဟောင်းများဖြစ်သော ဒုက္ခသည် ပြန်ရောက်လာသည်။ စိတ်ဆင်းရဲမှုများကမဆုံးနိုင်အောင်ရှိသော်လည်း ပျော်ရွှင်မှုများက ကန့်သတ် ချုပ်ချယ်မှုများနှင့်ပင်ရှိနေသည်။ ကြည်သာရွှင်ပျရယ်မောရခြင်းက တိုတောင်းလှပြီး၊ ၀မ်းနည်းပူဆွေးရခြင်းက ရှည်လျားလှသည်။ ကံကြမ္မာသည် နေရောင်ပေး၍ မိုးသက် ကျလာပြန်သည်။

“ နန္ဋာဝန်ဥယျာန်မှာအပန်းဖြေချင်တဲ့လူဟာ လမ်းဘေးမှာတွေ့တဲ့သစ်ပင်ရိပ်မှာအမောဖြေရင်း အချိန်မဖြုန်းသင့် ပါဘူး ”


“ ငှက်တွေလို ပျံသန်းစရာတောင်ပံရှိရင် နားနေဖို့ခြေထောက်လဲရှိရမယ်၊ ပျံသန်းဖို့တောင်ပံသာရှိပြီး၊ နားနေဖို့ ခြေထောက်မရှိလို့ကတော့ မင်းမရပ်မနားပျံသန်းနေရမှာပဲ၊ ပျံရင်းပျံရင်းနဲ့ရင်ကွဲပြီး သေပွဲဝင်ရုံရှိမှာပဲ ”




လူတွေဟာ လူလောကဆိုတဲ့ ဘောလုံးကွင်းကြီးထဲမှာ ဘ၀ပန်းတိုင်ဆိုတဲ့တစ်ဘက်အသင်းနဲ့ အမြဲတမ်းယှဉ်ပြိုင် နေတာပါပဲ၊ ဘ၀အခြေအနေဆိုတာကတော့ ဒိုင်လူကြီးပဲ၊ မင်းဟာအောင်မြင်သလား၊ ဆုံးရှုံးသလားဆိုတာ သူ က အဆုံးအဖြတ်ပေးလိမ့်မယ်။ လူမှုရေးဆိုတဲ့အလံကိုင်လူကြီးရယ်၊ ဥပဒေဆိုတဲ့အလံကိုင်လူကြီးရယ်က မင်းရဲ့ ဖောက်ပြန်မှုတွေကို ညွှန်ပြလိမ့်မယ်၊ မင်းကသာမန် 'ဖောင်း' ဖြစ်ရင်၊ လူမှုရေးဆိုတဲ့အလံကိုင်လူကြီးကညွှန်ပြ မယ်၊ ကြီးလေးတဲ့ပြစ်မှုကျူးလွန်ရင် ဥပဒေဆိုတဲ့အလံကိုင်လူကြီးကမင်းကိုကွင်းအပြင်ကို ဆွဲထုတ်လိမ့်မယ်။


တစ်ဘက်အသင်းရဲ့ဂိုးဟာမင်းဘ၀ရဲ့ရည်မှန်းချက်ပန်းတိုင်ပဲ၊ အဲဒီဂိုးကိုရွှတ်နိုင်မှ မင်းဘ၀ရည်မှန်းချက်ပန်းတိုင် ရောက်မယ်။ တစ်ဘက်အသင်းရဲ့နောက်တန်း လူနှစ်ယောက်ကတော့ အခက်အခဲရယ်၊ မိုက်မဲမှုရယ်၊ အဲဒီက စားသမားနှစ်ယောက်ကတော့ တစ်ဘက်အသင်းရဲ့နံရံကြီးတွေပဲ၊ လေ့လာနည်းပါမှု၊ စိတ်အားငယ်မှု၊ အကျင့်စာ ရိတ္တ စရိုက်ဆိုးမှုတွေဟာ တစ်ဘက်အသင်းရဲ့ အလယ်တန်းလူတွေပဲ၊ သူတို့ကလဲ မင်းဘ၀ရည်မှန်းချက် "ဂိုး" မရ အောင် ခုခံကာကွယ်ကြမယ်၊ တစ်ဘက်အသင်းရဲ့ ရှေ့တန်းလူငါးယောက်ကတော့ ညာတောင်ပံက စီးပွား ရေးမဖူ လုံမှု၊ လက်ဝဲတောင်ပံက လောကဓံ၊ စင်တာဖော်ဝပ်ခေါ်တဲ့ အလယ်လူက ပညာဥာဏ်ချို့တဲ့မှု၊ ဗယ်အ တွင်းလူက ပျင်းရိမှု၊ ညာအတွင်းလူက လုံ့လ၀ီရိယနည်းပါးမှုပဲ။

မင်းရဲ့အသင်းကဂိုးသမားဟာ ရိုးသားခြင်းပဲ၊ ရိုးသားခြင်းဟာ အရေးကြီးတယ်၊ တစ်ဘက်အသင်းရဲ့ အလယ်လူ စင်တာဖော်ဝပ် ပညာဥာဏ်ချို့တဲ့မှုဟာ မင်းရဲ့ရိုးသားခြင်းကို ဂိုးရအောင် ကြိုးစားမှာပဲ၊ မင်းဟာ တစ်ဘက်အ သင်း ကို မနိုင်ချင်ရင်နေ၊ ရိုးသားခြင်းဆိုတာ မပျက်စီးအောင် ဂိုးမရအောင် ခုခံကာကွယ်ရမှာပဲ၊ မင်းရဲ့နောက် တန်းလူ နှစ်ယောက်ကတော့ သည်းခံခြင်းနဲ့ဇွဲပဲ၊ တစ်ဘက်အသင်းရဲ့ တိုက်စစ်ကို ဇွဲနဲ့သည်းခံခြင်းကကြံ့ကြံ့ခံ နိုင်ရမယ်၊ မင်းရဲ့အသင်းကအလယ်လူတွေကတော့ ဗဟုသုတရယ်၊ ပေါင်းသင်းဆက်ဆံမှုရယ်၊ ယဉ်ကျေးသိမ် မွေ့မှုရယ်၊ သူ တို့ဟာ မင်းကို ခုခံကာကွယ်လဲပေးရမယ်၊ ဂိုးရအောင်လဲ တိုက်စစ်ဆင်ရမယ်။

မင်းရဲ့အသင်းက ရှေ့တန်းအလယ်လူစင်တာဖော်ဝပ်ကတော့ ညာဏ်ပညာပဲ၊ သူကဘ၀ပန်းတိုင်ဆိုတဲ့ဂိုးရ အောင် တိုက်စစ်ဆင်ရမှာပဲ၊ မင်းရဲ့ဗယ်တောင်ပံဟာ ကြိုးစားခြင်းပဲ၊ ကြိုးစားခြင်းကရတဲ့ဘောလုံးကို တစ်အား ပြေးဆွဲရ မယ်၊ မင်းရဲ့ညာတောင်ပံက ကုသိုလ်ကံပဲ၊ တစ်ခါတစ်လေ ကုသိုလ်ကံကလဲ ညာတောင်ပံအပြေးသန် သလို မင်း ကိုဖေးမနိုင်ပါလိမ့်မယ်၊ မင်းရဲ့ညာအတွင်းလူက ၀ီရိယ၊ ဗယ်အတွင်းလူက စိတ်ဓါတ်ပဲ၊ ကြိုးစားခြင်း၊ ၀ီရိယ၊ ဥာဏ် ပညာ၊ စိတ်ဓာတ်နဲ့ကုသိုလ်ကံဆိုတဲ့ရှေ့တန်း တိုက်စစ်မှူးတွေက ဘ၀ပန်းတိုင်ဂိုးရအောင် ကြိုးစားရမှာပဲ။
တစ်ဘက်အသင်းရဲ့ဘ၀ပန်းတိုင်ဆိုတဲ့ဂိုးကိုများများရွှတ်နိုင်ရင် ဘ၀အခြေအနေဆိုတဲ့ဒိုင်လူကြီးကမင်းကို အ မှတ်များများပေးမှာပဲ၊ အဲဒီအခါမှာမင်းဟာအောင်မြင်မှာပဲ၊ မင်းရဲရိုးသားခြင်းကိုဂိုးအရွှတ်ခံရရင်တော့ မင်းရှုံးမှာ ပဲ။


တစ်ဘက်အသင်းရဲ့ ဘ၀ပန်းတိုင်ဆိုတဲ့ ဂိုးကိုများများရွှတ်နိုင်ရင် ဘ၀အဖခြအနေဆိုတဲ့ဒိုင်လူကြီးက မင်းကို အ မှတ်များများပေးမှာဘဲ၊ အဲဒီအခါမှာ မင်းဟာအောင်မြင်မှာဘဲ၊ မင်းရဲ့ရိုးသားခြင်းကို ဂိုးအရွှတ်ခံရရင်တော့ မင်း ရှုံးမှာဘဲ။။


အေး..........ဘောလုံးကစားတဲ့အထဲမှာ ကိုယ့်အသင်းဘယ်လောက်ပဲရှုံးရှုံး ဒိုင်းဆုမရချင်နေပါစေ၊ ဆုရတဲ့လူ နှစ်ယောက်ရှိတတ်တယ်၊ အဲဒီလူတွေကအကောင်းဆုံးဘောလုံးသမားနဲ့ အသန့်ရှင်းဆုံးဘောလုံးသမားပဲ၊ ကိုယ့် အသင်းရှုံးချင်ရှုံးပါစေ၊ အကောင်းဆုံးဘောလုံးသမားနဲ့အသန့်ရှင်းဆုံးဘောလုံးသမားဖြစ်အောင်ကြိုးစားဖို့ အခွင့် အရေးရှိသေးတယ်ကွ...၊ အရေးကြီးဆုံးကတော့ကွာ အားကစားစိတ်ဓာတ်အပြည့်နဲ့ “ဖောင်း”မဖြစ်အောင်က စား၊ မနိုင်ရင်နေ မရှုံးစေနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ သရေပွဲပေမယ့် အမှတ်တစ်မှတ် အမြဲရနေရင်လုံးလုံးရှုံးပြီး၊ အမှတ် မရတဲ့လူထက် ကိုယ်သာမှာပဲ....၊ ဒါက အရေးကြီးဆုံးနော်၊ အကောင်းဆုံးကိုပြောရဦးမယ်။


“ အေး.... အကောင်းဆုံးကတော့ပွဲတိုင်းမှာနိုင်အောင်ကန်သရေပွဲမဖြစ်စေနဲ့၊ အချိန်ပိုပေးပြီးမကစားနဲ့၊ အချိန်ပို ကစားရတာသိပ်ပြီးပင်ပန်းတယ်ကွ၊ ဒါဆိုရင် ဘ၀ပန်းတိုင်ဆိုတဲ့ဂိုးအရေအတွက်များပြီး ချန်ပီယံဖလားဆုကို မင်းရမှာပဲ။ ”




၁။ စာကြိုးစားခြင်း

ဆရာတော်ရှင်အာဝိစ္စ၀ံသသည် စာကျက်ရာတွင်အချိန်ကုန်မည်စိုးသဖြင့် ၀မ်းချုပ်သောအစာများကိုစားပြီး ကုဋီ (အိမ်သာ)မတက်ပေ။ စာကျက်လျှင် အိပ်ငိုက် မည်စိုးသဖြင့် ရေတွင်းဘောင်နှစ်ဘက်ပေါ်တွင် ပျဉ်ပြားခင်းပြီး၊ ထိုပျဉ်ပြားပေါ်တွင် တက်ထိုင်ပြီးစာကျက်လေသည်။ အိပ်ငိုက်လျှင်ရေတွင်းထဲကျမည်စိုးရိမ်ရသဖြင့် အိပ်မငိုက် သောနည်းဟု သိရသည်။


၂။ ဇွဲ

စာရေးဆရာကြီးချား(လ်)(စ်)ဒစ်ကင်းသည် သူ၏၀တ္တုကိုမဂ္ဂဇင်းတိုက်များက(၁၀၀)ကြိမ်အထိအပယ်ခံရသော် လည်း ဇွဲမပျက်ခဲ့သဖြင့်ကမ္ဘာကျော်စာရေးဆရာကြီးဖြစ်ရသည်ဟု သိရသည်။


၃။ လုံ့လ

အမေရိကန်သမ္မတကြီးအီဗရာဟင်လင်ကွန်းသည် ကိုယ်ပိုင်စာအုပ်မ၀ယ်နိုင်သဖြင့်စာအုပ်ငှားရမ်းရန်တနေ့လျှင် မိုင်(၂၀)ခန့်အထိလမ်းလျှောက်ပြီး စာအုပ်သွားငှားရမ်းရသည်ဟု သိရသည်။


၎။ ဆု

ဆရာတော်ဦးဥတ္တမသည် သူ၏ညီဒုတိယဆုရသောဆုကိုမြစ်ထဲလွှင့်ပစ်ပြီး ပထမဆုရမှဂုဏ်ယူရမည်ဟု ပြော ဆိုဖူးသည်ဟု သိရသည်။


၅။ စာရိတ္တ

စာရိတ္တသည်လူ၏ကိုယ်ပိုင်ပစ္စည်းထဲတွင်တန်ဖိုးအရှိဆုံးပစ္စည်းနှင့် စိတ်ချမ်းသာစွာခံစားရသောစည်းစိမ်ဟု သိရ သည်။


၆။ ရိုးသားခြင်း

လူသည်ချမ်းသာခြင်းနှင့်လည်းကောင်း၊ ကြီးမြတ်ခြင်းနှင့်လည်းကောင်း၊ ပဋိညာဉ်မဖွဲ့ထားသော်လည်း ရိုးသား ခြင်းနှင့် ပဋိညာဉ်ဖွဲ့ထားသည်။


၇။ အပေါင်းအသင်း

ကိုယ့်ခြံစည်းရိုးလုံမှ အိမ်နားနီးချင်းကောင်းကိုရတတ်သည်။ ထို့အပြင်အပေါင်းအသင်းများသူသည် မိတ်ဆွေစစ် များကိုမရတတ်။


၈။ ဗဟုသုတ

ဗဟုသုတသည်ကြယ်ရောင်၊ လရောင်ထက်တောက်ပပြီး ကျောက်ဆောင်၊ ကျောက်ခဲထက်ခိုင်မြဲသည်ဟု သိရ သည်။


၉။ အလုပ်

ဘုရားသခင်ကကောင်းချီးပေးခြင်းသည် လူသည်အလုပ်တွင်ရှိနေခြင်းဖြစ်ပြီး၊ အလုပ်တွင်ရှိနေသောလူကိုဘုရား သခင်က ထပ်မံကောင်းချီးပေးရန်မလိုအပ်တော့ဟုသိရသည်။


၁၀။ သည်းခံခြင်း

မြေကြီးပမာ သည်းခံရာ၏။


၁၁။ ရှက်ကြောက်ခြင်း

မဟုတ်တာကို မလုပ်ရန်။


၁၂။ ငွေ

လူသည် ငွေစက္ကူအတုကို တစ်ခါတစ်ရံလုပ်သော်လည်း၊ ငွေစက္ကူက "လူအတု" ကိုအမြဲလုပ်နေသည်။


၁၃။ အရက်

ရှင်တော်ဘုရားဟောကြားသည့် အဆိပ်ရည်။


၁၄။ မိန်းမ

အချိန်မတိုင်မီ ရန်သူ၊ အချိန်တန်လျှင် အဖော်မွန်။


၁၅။ လောင်းကစား

လောင်းကစားခြင်းသည် ပထမတွင်ဥပဒေနှင့်လောင်းကစားရပြီး၊ နောက်ဆုံးတွင်ဘ၀နှင့်လောင်းကစားရခြင်း ဖြစ်သည်။


၁၆။ ပျင်းရိခြင်း

ကိုယ့်ကိုကိုယ် သတ်သေခြင်း။


၁၇။ သင်ကြားခြင်း

လူတစ်ယောက်ထံတွင် တပည့်ခံလျှင်လူတစ်ရာပေါ်တွင် ဆရာလုပ်နိုင်ရမည်။


၁၈။ လမ်းစဉ်

ရိုးရိုးကျင့် မြင့်မြင့်ကြံ၊ မှန်တာပြော၊ ဟုတ်တာလုပ်။

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။