ကျွန်မဒီစိတ်ကူးလေးရလာတာကတော့ ကျွန်မရုံးက၀န်ထမ်းတွေ ကျွန်မဆီခွင့်လာတိုင်တာက စပါတယ်

ဇာတ်လမ်းအစကတော့ ဒီလိုပါ………..

ကျွန်မဆီကို ပထမ၀န်ထမ်းကရောက်လာပါတယ် အမ ခွင့်တိုင်ချင်လို့ ကျွန်မလည်း လုပ်လက်စအလုပ်က နေမော့ကြည့်လိုက်ပြီးတော့ အင်း ဘာဖြစ်လို့လဲ ဘယ်နှစ်ရက်ယူမှာလဲ ဘယ်နေ့တုန်း လို့မေးလိုက်တော့ သူမမှ ဒီလတော့မဟုတ်ပါဘူးအမရယ် ရက်ကတော့တစ်ရက်ထဲယူမှာ ကြိုပြောထားတာပါ အနီးကပ်မှ ဆိုမရ မှာစိုးလို့ ဆိုတော့ ကျွန်မက ဒါဆို နောက်လဘယ်နေ့ယူမှာလဲ သူမကပြန်ဖြေပါတယ ဖေဖော်ဝါရီလ ၁၄ရက်နေ့ယူမယ်အမ အော် ဘာဖြစ်လို့လဲ ဘာမှမဖြစ်ပါဘူး အမရယ် ကိစ္စလေးရှိလို့ပါ ဆိုတော့ ကျွန်မလည်း အင်း အင်း ယူပေါ့ ဆိုပြီးပြန်ပြောလိုက်တော့ ပထမ၀န်ထမ်းက ပြုံးစိစိနဲ့ပြန်ထွက်သွားပါကော။


သူမပြန်ထွက်သွားပြီးတော့ သိပ်မကြာပါဘူး ဒုတိယ၀န်ထမ်းက ကျွန်မဆီကိုရောက်လာပါတယ် အမ ခွင့်ယူ ချင်လို့ ကျွန်မလည်း အင် ဘာဖြစ်ပြန်ပြီလဲ အမကလဲ ညီမသွားစရာလေးရှိလို့ ခွင့်လိုချင်လို့ပါ တစ်ရက် ထဲနော်.. နော်…… အစ်မ ကျွန်မကို ခွင့်လိုချင်တော့ အသံညုညုလေးနဲ့အပျော့ဆွဲလေး လာပြောပါသည်။ ကျွန်မလည်း ပြော ဘယ်နေ့ယူမှာလဲ မေးလိုက်တော့ နောက်လ ၁၄ရက်နေ့ပါ အမ တဲ့ ကျွန်မလည်း ပြက္ခဒိန်ကိုလှမ်းကြည့်လိုက်ပါတယ်။ နောက်လ ၁၄ရက်နေ့ ဟင်.. ရုံးပိတ်ရက်လဲမဟုတ်ပါဘူး စနေနေ့ကြီး ခုနကတယောက်ကလဲ ၁၄ရက်နေ့ခွင့်လိုချင်တယ်၊ အခုတယောက်ကလဲ ၁၄ရက်နေ့ တရက်ထဲကို၂ယောက် ကခွင့်ယူတယ်ဆိုတော့ ကျွန်မလဲစဉ်းစားလိုက်ရင်း နေပါဦး ညည်းတို့နှစ်ယောက်က ဘယ်သွားကြမလို့လဲ ခုနကလဲတစ်ယောက်ကခွင့်လာတိုင်သွားတယ် အခုလဲညီမကခွင့်လာတိုင်တယ်ဆိုတော့ ဘယ်သွားမလို့လဲ ကျွန်မလဲမေးလိုက်ရော ဒုတိယ၀န်ထမ်းမှ စပ်ဖြီးဖြီးနဲ့ ကိစ္စရှိလို့ပါအမရယ် ဟိုအမနဲ့သွားမှာမဟုတ်ပါဘူး ညီမက ကိုယ့်ဘာသာကိုသွားမှာပါ ဆိုလာတော့ ကျွန်မလည်း လွယ်လွယ်ပင် အေး.... အေး..... ယူ ယူ ဆိုတော့ ထိုဝန်ထမ်းကပြုံးပြီး ကျွန်မကိုစိုက်ကြည့်နေသေးတယ်။ ကျွန်မလည်း မသိချင်ယောင်ဆောင်ပြီး လုပ်လက်စ အလုပ်ကိုဆက်လုပ်နေလိုက်တော့ သူမလဲပြန်ထွက်သွားပါရော။

သူမထွက်သွားပြီးနောက် မရှေးမနှောင်းမှာပဲ ပထမ၊ ဒုတိယ၀န်ထမ်းနှင့်အတူ တတိယ၀န်ထမ်းရောက်လာပြီး အစ်မ သမီးခွင့်လိုချင်လို့ တဲ့လေ ကျွန်မလည်း စိတ်ထဲကသိပ်မကြည်ချင်တော့ ဘယ်နေ့တုန်း လို့ခပ် ပြတ်ပြတ်ပဲမေးလိုက်ပါတယ်။ သူမက သမီး ဖေဖော်ဝါရီလ ၁၄ရက်နေ့ခွင့်ယူမလို့ တဲ့။ ကျွန်မလည်း ဒေါသ ထွက်သွားမိပါတယ် အဲ့ဒါနဲ့ပဲ ကျွန်မက ဟဲ့ နင်တို့အကုန်ခွင့်ယူကျတော့ အလုပ်ကိုဘယ်သူကဆက်လုပ်မှာလဲ တစ်ရက်ထဲကို၃ယောက်တောင်ခွင့်ယူပြီးဘာလုပ်ကြမလို့လဲ မပေးတော့ဘူး ဘယ်သူမှခွင့်မပေးတော့ဘူး ဟိုနှစ် ယောက်လဲခွင့်မယူကြနဲ့တော့ မပေးတော့ဘူး နေပါဦး နင်တို့ကခရီးသွားကြမှာမို့လား လို့ကျွန်မက ဒေါသထွက် ထွက်နဲ့သူတို့၃ယောက်ကိုပြောပေမဲ့ သူတို့က စိတ်မဆိုးတဲ့အပြင်ပြုံးနေရာကနေပြီး ရယ်ကြပါတော့သည်။ သူတို့ကရယ်နေတော့ ကျွန်မက ကျွန်မဒေါသထွက်နေသည်ကို လှောင်နေသည်ဟုထင်ပြီး နင်တို့ရယ်စရာ မဟုတ်ဘူးနော် နင်တို့သုံးယောက်ဘာတွေကြံနေသလဲ ပြော.. ပြောလေ ဟု ပြောလိုက်တော့ ရယ်လက်စနှင့် အစ်မရယ် လူအထင်ကြီးမလားလို့ ခွင့်ယူတာပါ ချစ်သူများနေ့လေ ညီမတို့က လက်ဆုပ်လက်ကိုင်ပြစရာမှ မရှိတော့ အဲ့ဒီနေ့ခွင့်ယူရင် တခြားလူတွေက ရည်းစားနဲ့လျှောက်သွားနေတယ် ထင်ပြီး အထင်ကြီးအောင်လို့ပါ တဲ့လေ

အဲ့တော့မှ ကျွန်မလည်း အော် သူတို့က င့ါကိုသက်သက်လာစနေတာကိုးဟု သဘောပေါက်ပါတော့တယ်။ သူတို့မှ ကျွန်မကို သြော်. ငါတို့အမနှယ်နော် ဖေဖော်ဝါရီ၁၄ရက်နေ့(ချစ်သူများနေ့)ဆိုတာတောင် မေ့နေ ပါလား၊ ဒါကြောင့်လဲအပျိုကြီးဖြစ်နေတာ.. တိုင်ပြောမယ်နော် အကိုကြီးနဲ့ ဆိုပြီးစလို့မဆုံးဖြစ်နေပါတယ်။

ကျွန်မလည်းအထိမ်းအမှတ်တွေကများနေတော့ ဘယ်နေ့ကင့ါအတွက်အရေးကြီးတဲ့နေ့ဆိုတာ မသိတော့ဘူး ဟု ရှက်ရှက်နဲ့ပဲငြိမ်နေလိုက်ရပါတော့တယ်။

ချစ်သူများနေ့တွင် ချစ်သူရည်းစားတွေအချင်းချင်းအထိမ်းအမှတ်(အမှတ်တရ)တစ်ခုခုကို အပြန်အလှန်ပေးကြ လေ့ရှိကြပါတယ်။ လက်ဆောင်လေးတွေလဲကြ၊ ချောကလက်တွေပေးကြ၊ ဘုရားသွားဖူးကြနဲ့ လူငယ်ဘ၀ ပျော်စ ရာလေးပါ။ အဲ့ဒီတော့ ကျွန်မလည်း ဒီနှစ်မှာ ကျွန်မရဲ့ ချစ်ခင်ရပါသော မောင်နှမလေးတွေ၊ ဘလော့သူငယ်ချင်း တွေက ချစ်သူလေးတွေကို ဘာလေးလက်ဆောင်ပေးပြီး၊ ချစ်သူဆီက ဘယ်လိုလက်ဆောင်မျိုးလေး ပြန်လိုချင် လဲ ဆိုတာသိချင်လာပါတယ်။ ဒါကြောင့် အခုလိုမျိုးမေးခွန်းလေးကို မေးလိုက်ရခြင်းဖြစ်ပါတယ်။

ကဲ.... လာလည်တဲ့သူတွေအကုန်လုံးဖြေသွားကြနော်....

ကျွန်မသိချင်တာလေးကို တကူးတကလာရောက်ဖြေကြားသွားတဲ့ အကို၊ အမ၊ မောင်ငယ်၊ ညီမငယ်လေးများကို ကျေးဇူးတင်ပါတယ်ရှင်။ ကောမက်မှာလာရောက်ဖြေကြားသွားတဲ့သူများရှိသလို..... ကောမက်မှာရေးလို့မရလို့ စီဗောက်မှဖြေကြားသွားတဲ့သူများ၊ မေးမှတစ်ဆင့်ဖြေကြားသူများ၊ ကြီးတော် = Gtalk ကနေဖြေကြားသူများကို လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်.....

နှင်းဆီနက်

သို့

အချစ်လေးရေ

ကိုယ်ဒီလအသုံးများသွားလို့ ပိုက်ဆံမပို့နိုင်တော့ဘူးကွာ... ဒါပေမယ့် မင်းအတွက် ကိုယ်အနမ်းပေါင်း ၁၀၀ ပို့ လိုက်တယ်နော် အချစ်လေး....

မင်းရဲ့

ကိုကို
~ ~ ~ ~ ~ ~~ ~ ~ ~ ~ ~ ~ ~ ~ ~
နောက်ရက် အနည်းငယ်အကြာမှာတော့ သူ့မိန်းမဆီက စာပြန်လာပါတယ်။

သို့

ယောကျာ်းရေ

ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူးတင်ပါတယ်.....
ဒီလ အသုံးစရိတ်ကို ပြောပြမယ်နော်။
၁။ နွားနို့ပို့သမားကို တစ်လစာ နွားနို့ဖိုးအတွက် အနမ်း (၂) ပွင့်....
၂။ လျှပ်စစ်ဌာနက လူကို မီတာခတစ်လစာအတွက် အနမ်း (၇) ပွင့်....
၃။ အိမ်ပိုင်ရှင်ကတော့ အိမ်ငှားခမယူပဲ တစ်နေ့ကို အနမ်း ၂ ပွင့်၊ ၃ ပွင့် လာယူတယ်....
၎။ Super Market ကတော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်....
၅။ တစ်ခြားအထွေထွေက အနမ်းပွင့် ၄၀.....

ဒါပေမယ့် မပူပါနဲ့နော်... ချစ်မှာအနမ်း ၃၅ ပွင့်ကျန်သေးတယ်။
ဒီလတော့ ကောင်းကောင်းလောက်ပါတယ်။ နောက်လလည်း ဒါမျိုးလုပ်ရမှာပဲလားဟင်...။

ကိုကို့ရဲ့

ချစ်လေး

ပြုံးရယ်နိုင်ပါစေ............. မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

တိရိစ္ဆာန်ရုံတစ်ခုမှာပေါ့........

ဝက်ဝံကသေသွားတော့ အစားထိုးဖို့မရှိဘူးဖြစ်နေတယ် ဒါနဲ့ နေ့စားတစ်ယောက်ငှားပြီးတော့ ၀က်ဝံသားရေခြုံ ခိုင်းပြီး ၀က်ဝံအတုလုပ်ခိုင်းတာပေါ့.....
တစ်ရက်ငါးရာပေးပြီးတော့ အဲတစ်ရက်ကျတော့ ဧည့်သည်များတုန်းမှာ leader က၀က်ဝံလေးရေ လူများတုန်း နောက်ကျွမ်းထိုးပြလိုက်ပါဆိုတော့ ၀က်ဝံကကျွမ်းထိုးတာလွန်ပြီး ကျားခြံထဲရောက်သွားရော
သူက၀က်ဝံဟန်ဆောင်ထားတဲ့လူဆိုတော့ ကြောက်တာပေါ့ တုန်နေတာပဲ...
ကျားကလဲလာနေပြီ ကျားကသူ့ကိုခြေထောက်ကနေစနမ်းကြည့်တယ်...
ဟန်ဆောင်ထားတဲ့သူကလဲ သူ့ကိုကျားကကိုက်တော့မယ်ထင်တာပေါ့ ကြောက်လွန်းလို့တုန်နေပြီ..
ကျားက သူ့နားရွက်နားကိုလာနမ်းတယ်
ပြီးတော့ သူ့ကိုတိုးတိုးလေးစကားပြောသွားတယ်....
" မကြောက်ပါနဲ့ကွာ ငါလဲမင်းလို တစ်ရက်ငါးရာစားပဲကွ.... "

ပြုံးရယ်နိုင်ပါစေ............. မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

{{{ ကလင် }}}

" ဟဲလို "

ကျနော်ပြောလိုက်တော့ ...
ဟိုဖက်က " လိုဟဲ " လို့တော့မပြောပါ
'' ကွန်ပြူတာဗိုင်းရပ်စ်ကိုက်နေလို့ပါ... AVG သုံးတယ် ။ အဲ UpDate တော့လုပ်ထားတယ် " တဲ့
" ဟုတ်ကဲ့။ ဦးက AVG နဲ. Virus Scan လုပ်ပြီးပြီလားခင်ဗျ '' လို့မေးတော့
သူက " အေး... စစ်ပြီးပီ။ ဘာမှမတွေ့ဘူး ဒါပေမယ့် Screen Saver တတ်တတ်နေတုန်းပဲ " တဲ့
" ဗိုင်းရပ်စ်ကိုက်တယ်ဆိုတာနဲ့ ကွန်ပြူတာဘာတွေဖြစ်သေးလဲမသိဘူးခင်ဗျာ " ဆိုတော့
သူက " ကွန်ပြူတာမှာ ဒီတိုင်းထားလိုက်ရင် Screen Saver က တက်တက်လာတယ် " တဲ့
ကျနော်က " ဟုတ် ကျနော်ပြောတာက Screen Saver တက်တိုင်း Virus လို့ ပြောလို့မရပါဘူး "လို့ပြောတော့ သူက " မင်း က customer လား ငါက customer လား ။ customer alway right တဲ့ မကြားဖူးဘူးလား " တဲ့ ကျနော် နဲနဲတော့အငွေ့ထွက်နေဘီ။ ဒါပေမယ့် အကောင်းဆုံးအနေအထားနဲ့
'' ဟုတ်ကဲ့ ။ အန်ကယ် Screen Saver Setting ပြင်လိုက်ပါလားလို." အကြံပေးတော့
သူက '' အေး ။ မင်းလုပ်တက်ရင် လာလုပ်ကွာ'' တဲ့
'' ဟုတ်ကဲ့ပါ " ဆိုပြီး ဆက်ဖုန်းမပြောချင်တော့တာနဲ့ သူ့ဆီကလိပ်စာနဲ့ ဖုန်းနံပတ်ယူပြီး သူ့ဆီသွားလိုက်တယ်။ ဟိုရောက်တော့ထင်တဲ့အတိုင်းပါ Screen Saver တက်နေခြင်းပါ။ ဘာမှ Virus မဟုတ်ပါ ဘူး။ Virus နဲ့တူတာ ဆိုလို့ နှုတ်ခမ်းမွေးကားကားနှင့် လူကြီးသာတွေ့ခဲ့ရပါတော့တယ်....

ပြုံးရယ်နိုင်ပါစေ....... မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့၂၅နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပကြပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆမဖြစ်ဖူးဘူးလို့ မြို့မှာနာမည်ကြီးပါ တယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့အယ်ဒီတာက အဲဒီပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခုလုပ်လိုက်ပါတယ်။
အယ်ဒီတာ " ဒီအဖြစ်အပျက်ကမယုံနိုင်စရာ အံ့အားသင့်ဖို့ကောင်းလွန်းပါတယ်.....။ ဒီလိုအိမ်ထောင်ရေးမျိုးကို ဘယ်လိုများတည်ဆောက်ခဲ့ကြပါသလဲခင်ဗျာ"
ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်...
" ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာမြင်းစီးသွားမယ် ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့် မိန်းမစီးတဲ့မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာသွားနေရင်းနဲ့ပဲ အဲဒီမြင်းရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။ ဒါပေမယ့် သူကမြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ ကျောကုန်းလေးကိုအသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။ ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမကတည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်..." လို့ပြောပြီးဆက်သွားကြပြန်ပါတယ်။ တတိယအကြိမ်မြောက် မြင်းကခါချတဲ့အခါမှာတော့ ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲကထုတ်ပြီးမြင်းကို အသေပစ်သတ်လိုက်ပါလေရော ဗျာ။ ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ "မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။ သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!" လို့အော်လိုက်မိတယ်။
အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကိုအေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆို တော့ "ဒါရှင့်ရဲ့ပထမဆုံးအကြိမ်နော်..." တဲ့။
အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာ ပါပဲဗျာ..."

ပြုံးရယ်နိုင်ပါစေ....... မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

တစ်ခါက လူသားစားတဲ့တောကလူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့အသားမရှိတော့တာနဲ့ မြို့အစွန်နားအထိ တက်လာကြတယ်။ တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး ချက်စားဖို့ပေါ့။ ဒီလိုနဲ့လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကို မိန်းမပိန်ပိန်တစ်ယောက်ဖြတ်လာတယ်။
သားကမေးတယ် " အဖေ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွား မလား.." ဆိုတော့
အဖေက " နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။ "
နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော့.....
သားကမေးတယ် " အဖေ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။ ဖမ်းသွားရအောင်..." အဖေကလည်း " ဒီတစ်ယောက်က ၀လွန်းတယ်။ ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့ "
ဒီလိုနဲ့စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည်လှလှပပမိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း " အဖေ ဒီတစ်ယောက်ဆိုအနေတော်ပဲ။ ပိန်လည်းမပိန်၊ ၀လည်းမ၀ဘူး။ ဖမ်းသွားရအောင်..." လို့မေးတယ်။
အဖေကလည်း " ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။ အိမ်ရောက်ရင်မင်းအမေကို
ချက်စားကြတာပေါ့သားရယ် …"

ပြုံးရယ်နိုင်ပါစေ..... မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

တစ်ခါက လင်မယားနှစ်ယောက် စကားအချေအတင်ပြောကြသတဲ့။ အဲ ယောက်ျား ဖြစ်သူက computer crazy၊ မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့ ကွန်ပျူတာလောက် အလေးမထားဘူးဆိုပြီး စကား နာထိုးတဲ့ စကားစစ်ပွဲတစ်ခု ဖန်တီးတဲ့အကြောင်းအရာလေး ဖြစ်ပါတယ်။
ကဲ... သူတို့ နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။

မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား။ ။ Set Default

မိန်းမ။ ။ ကျွန်မကို crazy အင်္ကျီလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။
ယောက်ျား။ ။ Bad command or file name

မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။ ဒီကွန်ပျူတာ ရှေ့မှာပဲ အချိန်ဖြုန်းနေတာပဲ။ ဒါပဲနော် နောက်တစ်ပတ်ကျရင် ရုပ်ရှင်သွားကြည့် ကြမယ်။
ယောက်ျား။ ။ Drive not ready

မိန်းမ။ ။ ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်မယားဆိုတာ ထမင်း အတူတူစားတော့ ပိုစားဝင်တာပေါ့။
ယောက်ျား။ ။ Access denied

မိန်းမ။ ။ ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ ဒီလောက် အလျှော့ ပေးရမလားဆိုပြီး ကျွန်မကို ဆူနေပြီ။
ယောက်ျား။ ။ Divide Over Flow

မိန်းမ။ ။ ရှင်စဉ်းစားကြည့်စမ်း။ ကျွန်မတို့ အိမ်ထောင်သက် ဘယ်လောက် ရှိပြီလဲဆိုတာ။
ယောက်ျား။ ။ Not enough memory

မိန်းမ။ ။ ကဲ အခုဆိုရင် ကျွန်မအမေ၊ ရှင့်ယောက္ခမက ရှင့်ကို အနိုင်ယူတဲ့ နည်းလမ်း တွေသင်ပေးဖို့ ကျွန်မတို့ အိမ်ကို ၂ လ ၃ လ လောက် လာနေမယ်တဲ့။
ယောက်ျား။ ။ Insufficient disk space

အဲဒီအချိန်မှာ မိန်းမက အရမ်းစိတ်ဆိုးသွားပြီး အနားမှာရှိတဲ့ ပန်းကန်နဲ့ ယောက်ျားကို လှမ်းပစ်လိုက်ရာ နဖူးသို့ တိုက်ရိုက်ထိလေတော့သည်။

ဒီအချိန်မှာ ယောက်ျားက Now Save to turn off your computer လို့ အားရပါးရအော်ပြီး လဲကျသွားပါ လေတော့သည်။

မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

အကောင်းဆုံးမြန်မာဘလော့ဂ် အကယ်ဒမီဆု(၂ဝဝ၈)ခုနှစ်တွင် ဆုရရှိသူများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

အကောင်းဆုံးဆုရရှိသူများ-

(က) ဘာသာရေး ဘလော့ဂ်ဆု (Best Religious Blog ) - မြတ်ဗုဒ္ဓအဆုံးအမများ ဘလော့ဂ်
(ခ) ပညာရေး ဘလော့ဂ်ဆု (Best Education Blog ) - မသက်ဇင် ဘလော့ဂ်
(ဂ) နည်းပညာ ဘလော့ဂ်ဆု (Best Blog About Blogging ) - ညီလင်းဆက် ဘလော့ဂ်
(ဃ) နိုင်ငံရေး ဘလော့ဂ်ဆု (Best Political Blog ) - နစ်နေမန်း ဘလော့ဂ်
(င) သတင်း ဘလော့ဂ်ဆု (Best News Blog ) - ခေတ်ပြိုင်ဂျာနယ် ဘလော့ဂ်
(စ) ပရဟိတ ဘလော့ဂ်ဆု (Best Charity Blog ) - ပိုကောင်းမယ့် မနက်ဖြန် ဘလော့ဂ်
(ဆ) မြန်မာစာပေ ဘလော့ဂ်ဆု (Best Myanmar Literature Blog ) - ဖွဲ့တည်ရာ မဂ္ဂဇင်း
(ဇ) ရသစာပေ ဘလော့ဂ်ဆု (Best Literauture Blog ) - မင်းဒင် ဘလော့ဂ်
(ဈ) ကဗျာ ဘလော့ဂ်ဆု (Best Poem Blog ) - ကောင်းကင်ကို ဘလော့ဂ်
(ည) အစုအဖွဲ့ ဘလော့ဂ်ဆု (Best Association Blog ) - ကိုမိုးသီး ဘလော့ဂ်
(ဋ) အထွေထွေ ဘလော့ဂ်ဆု (Best General Blog ) - နိုင်းနိုင်းစနေ ဘလော့ဂ်

ဆုရရှိသူများနှင့်ထပ်တူထပ်မျှဝမ်းသာပီတိဖြစ်မိပါကြောင်း.....

နှင်းဆီနက်

နိုင်းနိုင်းစနေဘလော့မှကူးယူတင်ပြပါသည်။

ဒါကတော့ ဒီနေ့သတင်းစာမှာပါလာတဲ့အကြောင်းအရာလေးပါ။ ၂၀၁၂တွင် ကမ္ဘာပျက်မည် ဆိုတဲ့သတင်းကို ကျွန်မကြားရတာ ၂၀၀၈ခုနှစ် နိုဝင်ဘာလကတည်းကပါ။ ကောလဟာလဆိုပြီး မယုံကြည်ပဲခံငြင်းလာတာ ဒီနေ့အထိပါပဲ။ အခုညနေပိုင်းကျမှ ဒီသတင်းစာကိုဖတ်ပြီး ကျွန်မအနဲငယ်ထိတ်လန့်သွားမိပါတော့သည်။ ဖြစ်များဖြစ်နိုင်မလားပေါ့...... သတင်းထူးဆိုတော့လည်း နိုင်ငံတကာမှသူငယ်ချင်းများသိအောင် ကွန်နက်ရှင် ကောင်းတဲ့ အချိန်ကိုစောင့်ပြီး ကျွန်မဒီသတင်းကိုတင်လိုက်ခြင်းဖြစ်ပါသည်။ ဒါကလူတိုင်းကြားဖူးနေတဲ့ သတင်းလေးကို သတင်းစာမဖတ်လိုက်ရတဲ့သူငယ်ချင်းများ သိရှိအောင် တင်ပေးလိုက်ခြင်းဖြစ်ပါသည်။

နေရောင်ခြည်မုန်တိုင်းအန္တရာယ်

အင်အားပြင်းထန်သည့် နေရောင်ခြည်မုန်တိုင်း(Solar Storm)တိုက်ခတ်မှုသည် ၂၀၁၂ခုနှစ်တွင် ဖြစ်ပေါ်နိုင် သည်ဟု အမေရိကန်သိပံပညာရှင်များကဟောကိန်းထုတ်ထားကြောင်း၊ ယင်းမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံ တွင် လအတန်ကြာမျှ ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်သွားနိုင်ကြောင်း ယနေ့ အင် တာနက်သတင်းတွင် ဖော်ပြသည်။

နေရောင်ခြည်မုန်တိုင်း(သို့)နေရောင်ခြည်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာမြေပြင်ပေါ်တွင် အဆိုးရွားဆုံး သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားသိပံအကယ်ဒမီက ပြုလုပ်သည့် လေ့လာချက်ကို ကိုးကားလျက် အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်သည်။

နေရောင်ခြည်မုန်တိုင်း ဖြစ်ပေါ်မည်ဆိုပါက လျှပ်စစ်ဓာတ်အားပေးပို့သော မဟာဓာတ်အားလိုင်းများနှင့်ဆက် သွယ်ရေးကွန်ရက်များ ထိခိုက်နိုင်ပြီး အစိုးရက ယင်းသို့သော ကမောက်ကမအခြေအနေကို ထိန်းချုပ်ဖွယ်မရှိ ကြောင်း လေ့လာချက်တွင် ဖော်ပြသည်။

၁၈၅၉ခုနှစ်တွင် နေရောင်ခြည်မုန်တိုင်းကြီး ကျရောက်ခဲ့စဉ်က အမေရိကန်နှင့်ဥရောပနိုင်ငံများ၌ တယ်လီဖုန်း နှင့်ကြေးနန်းဆက်သွယ်ရေးလိုင်းများပြတ်တောက်ခဲ့ရပြီး တောမီးလောင်ကျွမ်းမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ် ခဲ့သည်ဆို၏။

နေရောင်ခြည်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ခေတ်မီနည်းစနစ်သုံးဓာတ်အားပို့လွှတ်ရေးစနစ်များ ထိခိုက်နိုင် သည်သာမက ရပ်ဝေးဆက်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်သည်။

နေသည် စွမ်းအားမြင့်မားသော သံလိုက်မုန်တိုင်းများကို ဖြစ်ပေါ်စေနိုင်ပြီး ယင်းသို့သောအခြေအနေတွင် ဂြိုလ်တု များ အလုပ်မလုပ်တော့ခြင်း၊ အာကာသယာဉ်မှူးများ အသက်ဘေးအန္တရာယ်လုံခြုံမှုမရှိတော့ခြင်းနှင့် ဆက်သွယ် ရေးစနစ်များပြတ်တောက်ခြင်းတို့ရှိနိုင်ကြောင်း သုတေသီများက ပြောကြားသည်။

အာကာသယာဉ်အတွင်း နေရောင်ခြည်မုန်တိုင်းကျရောက်မှုမှာ ရာစုနှစ် တစ်စုလျှင် တစ်ကြိမ်ခန့်သာဖြစ်ပေါ်နိုင် သည်။ ယင်းမုန်တိုင်းကြောင့် အမေရိကန်တစ်နိုင်ငံအတွင်းမှာပင် ပြည်သူသန်း၁၃၀တို့မှာ ဓာတ်အားပြတ် တောက်မှုနှင့်တွေ့ကြုံနိုင်ပြီး သောက်ရေဖြန့်ဖြူးရေးစနစ်၊ အအေးခန်းဖြင့် ရိက္ခာနှင့်ဆေးဝါးသိုလှောင်မှုစနစ်တို့ ထိခိုက်နိုင်ပြီး လျှပ်စစ်ဓာတ်အားအသုံးပြုသော စက်ကိရိယာများအားလုံး ခေတ္တရပ်ဆိုင်းသွားနိုင်သည်။

သတင်း။ ။ အင်တာနက် (၁၅-၁-၂၀၀၉သတင်းစာပါအကြောင်းအရာ)

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။