စီးကရက်သည် အဆုတ်ကင်ဆာ ဖြစ်စေသည်။ စီးကရက်သည် နာတာရှည်ရင်ကျပ်ပန်းနာရောဂါ ဖြစ်စေသည်။ စီးကရက်သည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေသည်။ ဆိုသည့်အချက်များကို စာရှုသူတိုင်းကြားဖူးကြပါ လိမ့်မည်။
နောက်ပိုင်းကာလတွင် စီးကရက်ကပန်းသေပန်းညှိုးတတ်သည်။ စီးကရက်ကကိုယ်ဝန်ဆောင် အမျိုးသမီးများ တွင် သေးငယ်သောကလေးကိုမွေးဖွားစေသည်။ ကလေးပျက်ကျစေတတ်သည်။ စီးကရက်က ခန္ဓာကိုယ်တွင်း ကိုယ်ခံအားကို ကျဆင်းစေသည်။ ခန္ဓာကိုယ်တွင်းရောက်လာတတ်သော အဆိပ်အတောက်များကို အားပေး တတ်သည်။ စသည့်စာတန်းများပေါ်လာပြီးနောက် ယခုနောက်ဆုံးစီးကရက်၌ ရေဒီယိုဓာတ်ရောင်ခြည်တွေ ပါရှိသည်။ စီးကရက်ကို တစ်နေ့အလိပ် 30 သောက်သုံးသူ တစ်ယောက်တွင်တစ်နှစ်လျှင်ရရှိမည့် ဓာတ်ရောင် ခြည်သည် ရင်ဘတ်ကိုဓာတ်မှန်အကြိမ်300ရိုက်သကဲ့သို့ ဒဏ်ခံရလိမ့်မည်ဟု စာတမ်းတစ်ခုက အထောက်အ ထားများဖြင့်ပေါ်လာပြန်သည်။ သို့ကြောင့် စီးကရက်ကပေးသော ကောင်းကျိုးလုံးဝမရှိပါဟု ဆိုနိုင်ပါသည်။ သို့သော် စီးကရက်ကိုစွဲနေပြီးသူ တစ်ယောက်အဖို့ ယခုမှဖြတ်လိုက်ခြင်းဖြင့် အကျိုးရှိပါဦးမည်လားဆိုသည့် အချက်မှာ စဉ်းစားစရာဖြစ်လာပါသည်။

ဤကိစ္စနှင့်ပတ်သက်၍ အဖြေမှာ....
ဗြိတန်နိုင်ငံမှ ဆေးစွဲသူ၁၇၈ဦးအားမေးမြန်းချက်အရ ဘိန်းဖြူမီသာတုန်းစသည်တို့ထက် စီးကရက်ကို ဖြတ်ရ ခက်ပါသည်ဟု ဆိုကြသည်။
စီးကရက်ဖြတ်လိုက်သည့်အခါ ခံရမည့်လက္ခဏာတို့မှာ စီးကရက်စွဲခဲ့သည့်ကာလနှင့် နေ့စဉ်သောက်တတ်သည့် စီးကရက်အပေါ် မူတည်သည်ဆိုသည်။ ဆေးလိပ်ဖြတ်ပြီး ကြုံရတတ်သည့် ပြဿနာမှာနေ့လည်နေ့ခင်းအချိန်၌ အိပ်ငိုက်နေပြီး ညအချိန်၌အိပ်မပျော်ပဲ မျက်လုံးကြောင်နေခြင်းဖြစ်သည်။အချို့ကျတော့ ချိုသောအစားအစာကို တမ်းတပြီး၊ အချို့အော့အန်ကာဝမ်းပျက်ဝမ်းချုပ်သော လက္ခဏာများဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။
ဆေးလိပ်ဖြတ်ရာက ဖြစ်ပေါ်သောဒါဏ်က ပထမ 24နာရီတွင် အမြင့်ဆုံးဖြစ်ပေါ်၍ ၇ရက်လောက်တိုင်အောင် တစ်ဖြေးဖြေးလျော့သွားသည်။ ပြီးမှနောက်နှစ်လတိုင်အောင် ဝေဒနာကို ဆက်လက်ခံစားကြရတတ်သည်။
စီးကရက်ကို ရုတ်တရက်ဓါးနှင့်ဖြတ်သလို ဖြတ်လိုက်သူများကအခံရသက်သာတတ်သည်။ တစ်နေ့နည်းနည်းစီ စီးကရက်ကို လျှော့မည်ဆိုသူတွေကပို၍ခံရလေ့ရှိသည်။
အောက်ပါတို့ကို အသုံးပြုသင့်သည်ဟုဆေးလိုက်ဖြတ်ပြီးသူများအသင်းက အကြံပြုထားပါသည်။

၁။ ပါတီ၊ဧည့်ခံပွဲနှင့် ဆေးလိပ်သောက်နေကြ အပေါင်းအသင်းကိုရှောင်ပါ။
၂။ စီးကရက်ဖြတ်ချိန်၌ အရက်ဖြင့်အစားထိုးတတ်သည်။ ဒါမျိုးကိုရှောင်ပါ။စီးကရက်တမ်းတခြင်းမှာ ဒီရေအလား တက်လာတတ်သည်။ မိနစ်အနည်းငယ်သာကြာသည့်ဤကာလကို စိတ်ဖြင့်တင်းထားပါ။
၃။ စီးကရက်သောက်ချင်စိတ်ပေါ်လာသည့်အခါ အခြားနေရာကို စိတ်ပြောင်းပါ။ ဥပမာ........မိသားစုနှင့်အတူ ပျော်ရွှင်စွာနေခဲ့သောအချိန်ကို စဉ်းစားနေလိုက်ပါ။
၎။ ယခုမသောက်သေးဘူး၊ ငါးမိနစ်လောက်တော့ သည်းခံကြည့်ဦးမည်ဆိုသည့်စိတ်မျိုးကိုသုံးပါ။ စီးကရက် သောက်လိုစိတ်ပျောက်ကွယ်သွားပါမည်။
၅။ အချို့ကျတော့ စီးကရက်ကြောင့်ရမည့်ရောဂါ (ဥပမာ) အဆုတ်ကင်ဆာ၊ရင်ကြပ်ပန်းနာတို့ကို စဉ်းစားလိုက် ခြင်းဖြင့် ဆေးလိပ်သောက်ချင်စိတ်ပျောက်သွားတတ်သည်။
၆။ အသက်ကို ပြင်းပြင်းရှုလိုက်ခြင်း၊ စိတ်ဝင်စားရာ အားကစားတစ်ခုခုကိုပြုလုပ်လိုက်ခြင်း၊ လမ်းလျှောက်ထွက် ခြင်း စသည့်နည်းတို့ကိုသုံးပါ။

ဆေးဖြတ်ပြီးသူ ၁၅%သာ လုံးဝပြတ်သွားလေ့ရှိသည်။ အများစုကစီးကရက်ပြန်သောက်တတ်ကြသည်။ ဒီလို မဖြစ်ရအောင် ငါအောင်မြင်မှုရပြီးသောစိတ်ကအလျော့ပေးလိုက်မှာလားစသည်ဖြင့် မိမိကိုယ်မိမိအားပေးသော စိတ်ကိုမွေးပါ။ နောက်ဆုံးပေါ် နီကိုတင်းဆေးဖြင့်ဖော်စပ်ထားသော နီကိုးရပ်ကော်သကြားလုံးကများစွာ အကူ အညီပေးပါမည်။ ဤသကြားလုံးကိုဝယ်လို့ရပါက စားကြည့်ပါ။ (ဒေါ်လာနှင့်)မည်သူမဆိုစီးကရက်ဖြတ်ဖို့ နောက် ကျသွားသည် ဟူ၍မရှိပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ် (world health)စာစောင်၌ ဖေါ်ပြထားချက်မှာ---


၁။ လူ့သက်တမ်း အသက်၂၅နှစ်အရွယ် လူတစ်ယောက် တစ်နေ့စီးကရက်နှစ်ဘူးသောက်က သူ၏သက်တမ်း သည်8.3နှစ်တိုသည်။ 10-15နှစ်ကြာအောင်ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာ ဆေးလိပ်မသောက် သူအတိုင်းပြန်ဖြစ်သွားမည်။
၂။ အဆုတ်ကင်ဆာ ဆေးလိပ်သောက်သူတွင် အဆုတ်ကင်ဆာရရန် မသောက်သောသူထက်ဆယ်ဆပိုသည်။10-15နှစ်ကြာအောင်ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာဆေးလိပ်မသောက်သူအတိုင်း ပြန်ဖြစ်သွား မည်။
၃။ လည်ချောင်းကင်ဆာ ဆေးလိပ်သောက်သူတွင် ဆေးလိပ်ကင်ဆာ ရောဂါဖြစ်ဖို့ 2.9မှ17.7ဆပိုသည်။10-15နှစ်ကြာအောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာဆေးလိပ်မသောက်သူအတိုင်းပြန်ဖြစ်သွားမည်။
၎။ ပါးစပ်ကင်ဆာ၊အစာမျိုလမ်းကင်ဆာ ဆေးလိပ်သောက်သူတွင် ၃-၁၀ဆ ပိုဖြစ်နိုင်သည်။ 10-15နှစ်ကြာ အောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာဆေးလိပ်မသောက်သူအတိုင်းပြန်ဖြစ်သွားမည်။
၅။ ဆီးအိမ်ကင်ဆာ ဆေးလိပ်သောက်သူများတွင် 7-10ဆပိုသည်။
၆။ နှလုံးသွေးကြောကျဉ်းရောဂါ ဆေးလိပ်ကြောင့် နှလုံးရပ်သွားသူ တစ်နှစ်လျှင် 120000ဦးရှိသည်။10-15နှစ်ကြာအောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာဆေးလိပ်မသောက်သူအတိုင်းပြန်ဖြစ်သွားမည်။
၇။ နာတာရှည်၊ရင်ကြပ်ပန်းနာ ဆေးလိပ်သောက်သူတွင်၂၅ဆပိုဖြစ်သည်။ ဆေးလိပ်ဖြတ်နိုင်က တစ်လအတွင်း ရောဂါသက်သာလိမ့်မည်။
၈။ ကိုယ်ဝန်ဆောင်မိခင်ကိုယ်ဝန်ဆောင်မိခင်များတွင် ဆေးလိပ်သောက်က ကလေးများအရွယ်သေးငယ်မည်။ ပျက်ကျတတ်သည်။ ကိုယ်ဝန်လေးလမတိုင်မီ ဆေးလိပ်ကိုရပ်နိုင်ကကလေး၏ကျန်းမာရေးကို ထိခိုက်မည် မဟုတ်ချေ။
၉။ အစာမကြေ၊ရင်ညွန့်အောင့်ရောဂါ အစာအိမ်ရောဂါရှိသူများ ဆေးလိပ်သောက်က ရောဂါတာရှည်မည်။ ဆေးလိပ်ဖြတ်ကရက်ပိုင်းအတွင်းရောဂါ အလွယ်တကူကျက်သည်။ ထို့ကြောင့်ဆေးလိပ်ဖြတ်ရန်မည်သူမျှ နောက်မကျဟုဆိုရမည်။
ဤဆောင်းပါးအား ဆရာဝန်တင်ရွှေ၏ဆေးပညာစာအုပ်မှ ဖေါ်ပြပါသည်။

စီးပွားရေးအတွက်မဟုတ်ပါက မည်သူမဆို ကူးယူဖေါ်ပြနိုင်ပါသည်ဟူ၍ ဆရာ့စာအုပ်တိုင်းတွင် ပါရှိပါသည်။
ထို့ကြောင့် စီးပွားရေးအတွက်မဟုတ်ပါက ဖြန့်ဝေပေးနိုင်ကြောင်း အကြောင်းကြားအပ်ပါသည်။ ကိုယ်သောက်တဲ့စီးကရက်ရဲ့သတင်းအချက်အလက်မှန်သမျှကိုသိထားသင့်သည်ဟု ယူဆပါသည်။
အတင်းအကျပ် တိုက်တွန်းခြင်းမျိုးမဟုတ်ပါ။ သတင်းအချက်အလက်ပေးခြင်းမျှသာလျှင်ဖြစ်ပါသည်။

မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

"မေမေ ဘာလို့ ငိုတာလဲ............"
"မေမေဟာ မိန်းမသားမို့ပေါ့ကွယ်............"
"သား နားမလည်ဘူး မေမေ............."
"သား တစ်သက်လုံး နားလည်မှာ မဟုတ်ပါဘူး သားရယ်............"
"ဖေဖေ... အကြောင်းမရှိဘဲ မေမေ ဘာလို့ ငိုရတာလဲဟင်............"
"မိန်းမတွေက ဒီလိုပဲ သားရာ..........."

ကြီးပြင်းလာတဲ့အထိ မိန်းမတွေဘာလို့ငိုတယ်ဆိုတာကို သားနားမလည်ခဲ့ဘူး။ နောက်တော့ သူဟာ ဘုရားသ ခင်ကို ဖုန်းဆက်မေးမြန်းပါတော့တယ်။

"မိန်းမတွေ ဘာကြောင့် ငိုရပါသလဲ ဘုရားသခင်........."
"မိန်းမတွေကို စတင်ဖန်တီးလိုက်ကတည်းက သူတို့ကိုထူးခြားအောင် ဖန်တီးခဲ့ပါတယ်။ သူတို့ရဲ့ပုခုံးနဲ့ကမ္ဘာကြီး ကို ထမ်းပိုးနိုင်အောင်ဖန်တီးခဲ့သလို ရေလိုပျော့ပျောင်းအောင်လည်း ဖန်တီးခဲ့တယ်။ ၀မ်းနည်းမှု၊ နာကျင်မှု၊ သားသမီးတွေရဲ့ ငြင်းပယ်မှုတွေကိုလည်း ခံနိုင်ရည်ရှိအောင် သူတို့ရဲ့အတွင်းစိတ်ဓာတ်ကိုလည်း ကြံ့ခိုင်အောင် ဖန်တီးခဲ့တယ်"

"တစ်ခြားသူတွေ လက်လွတ်အရှုံးပေးတဲ့ အချိန်မှာ သူတို့ကမလျော့တဲ့ဇွဲနဲ့တောင့်ခံနိုင်ပြီး ကိုယ့်သားသမီး ကိုယ့် မိသားစုအပေါ် နောင်တတရားမရဘဲ ပြုစုစောင့်ရှောက်ပေးနိုင်ဖို့လည်း ဖန်တီးခဲ့တယ်" "ဘယ်လို အခြေအနေ မျိုးပဲဖြစ်ဖြစ် သားသမီးတွေက ကိုယ့်ကိုထိခိုက်စော်ကားပြီး စွန့်ပစ်ခဲ့ရင်တောင် ခွင့်လွတ်ပြီး ချစ်တတ်ဖို့လည်း ဖန်တီးခဲ့တယ်"
"ခင်ပွန်းရဲ့ပျော့ကွက်နဲ့အသုံးမ၀င်မှုတွေကို ခွင့်လွတ်သည်းခံပြီးကာကွယ်ပေးတတ်ဖို့လည်း ဖန်တီးခဲ့တယ်"
"ယောက်ျားကောင်းတစ်ဦးဟာ ဘယ်တော့မှကိုယ့်ဇနီးကိုနာကျင်အောင် မလုပ်ဘူးဆိုတဲ့ အသိဥာဏ်ကိုလည်း ထည့်သွင်းပေးခဲ့တယ်"
"တစ်ခါတလေမှာ ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်နဲ့ခိုင်မာတဲ့စိတ်ဓာတ်ကို ထောက်ခံအားပေးတတ်ဖို့လည်း ဖန်တီးခဲ့တယ်"

"နောက်ဆုံး သူအလိုကျသလောက် မျက်ရည်ကျနိုင်အောင်လည်း ဖန်တီးခဲ့တယ်။ ဒါဟာ သူပိုင်ဆိုင်တဲ့ တစ်ခု တည်းသော အရာဖြစ်တယ်" "မိန်းကလေးတွေ လှတယ်ဆိုတာ သူဝတ်ထားတဲ့ အ၀တ်အစား၊ သူ့ရဲ့ခန္ဓာကိုယ် အချိုးအစားနဲ့ သူ့ရဲ့ ဖီးလိမ်းပြင်ဆင်မှုကြောင့် မဟုတ်ဘူး၊ မိန်းကလေးတွေရဲ့ အလှကိုသူတို့ရဲ့မျက်စိထဲကနေ တွေ့နိုင်တယ်။ မျက်စိဆိုတာ စိတ်ရဲ့တံခါးပေါက်ပဲ" ဒီစာကို မိန်းကလေးတိုင်း ဖတ်မိနိုင်ပါစေ။

မိန်းကလေးတိုင်းကို ပေးဖတ်လိုက်ပါ။ မိန်းကလေးတိုင်း ဖတ်ရအောင် သင်မျှဝေနိုင်ခဲ့ရင် သင်ဟာ သူတို့ရဲ့စိတ် ဓာတ်နဲ့ ယုံကြည်မှုကို မြှင့်တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။


မိန်းမသားတိုင်း လှကြပါတယ်.....။

"ညီမငယ်တယောက်ပို့ပေးထားတာကို ကြိုက်လွန်းလို့ တခြားသူငယ်ချင်းများလဲခံစားဖတ်ရှုနိုင်ရန် တင်ပေးထား ခြင်းဖြစ်ပါကြောင်း....."

မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

"ကလေးရဲ့ ပထမဆုံး သွားတစ်ချောင်းက တစ်နှစ်နဲ့ဘယ်နှစ်လမှာပေါက်တယ်ဆိုတာကို မှတ်မိနေပြီး မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်း ဘယ်အချိန်မှာကျိုးသွားသလဲဆိုတာကိုတော့ မေ့နေတတ်တယ်" ဆေးရုံတစ်ရုံရဲ့ အ၀င်ဝမှာ ရေးကပ်ထားတဲ့ ပိုစတာလေးကိုမြင်မှာ ကျွန်မအသိစိတ်တွေနှိုးထလာတယ်။ အခုခတ်က ငယ်ရွယ် တဲ့ အိမ်ထောင်သည်တွေ ကိုယ်တိုင်ဝမ်းနာပြီး မွေးထွက်လာတဲ့ကလေးတွေကိုပဲ ဂရုစိုက်တတ်ကြတယ်။ ကိုယ့် ကိုလည်း အမေ၀မ်းနာပြီးမွေးထွက်လာခဲ့တယ်ဆိုတာကို မေ့နေတတ်ကြတယ်။

စနေနေ့ မနက်အိပ်ရာပေါ်မှာ ဇိမ်နဲ့နှပ်နေတုန်း ဖုန်းသံကြောင့် ကျွန်မအိပ်မက်က လန့်နှိုးလာခဲ့တယ်။ အမေ့ဆီ က ဖုန်းပါ။ ကလေးတွေခေါ်ပြီး အမေ့အိမ်မှာ နေ့လယ်စာသွားစားဖို့ ဆက်လိုက်တာဖြစ်တယ်။
"ကလေးတွေကို မက်ဒေါ်နယ်သွားစားဖို့ ပြောထားပြီးပြီ အမေရဲ့"
"အဲဒီပိုက်ဆံကို ချွေသာလိုက်ပါ သမီးရယ်... ကားမောင်းလာရင် ၁၀မိနစ်ထဲပါ"
အမေက မရမကတောင်းဆိုနေတယ်။ ကလေးတွေက အမေချက်တာကိုစားချင်မှာ မဟုတ်ဘူး။ ဟမ်ဘာဂါပဲ စားချင်ကြမှာပဲလို့ ကျွန်မတွေးလိုက်မိတယ်။ အမေကို လာမယ်၊ မလာဘူးလို့မပြောခင် ကျွန်မတွေဝေနေတုန်း မှာ အကြီးမနဲ့အငယ်လေးက ဖုန်းပြောနေတဲ့ကျွန်မကို လက်ခါပြလိုက်၊ ခေါင်းခါပြလိုက်နဲ့ အဘွားအိမ်ကို မသွား ချင်ကြောင်း လုပ်ပြနေတယ်။ သမီးတွေက ရုံးပိတ်ရက်မိသားစု စုံစုံညီညီနဲ့ အပြင်ထွက်ပြီး အတူစားချင်ပုံရ တယ်။

"အမေ့မြေးတွေနဲ့ တိုင်ပင်ပြီး သမီး ဖုန်းပြန်ဆက်လိုက်မယ် အမေ" "အေးပါ သမီးရယ်" ဖျော့တော့တော့ အသံနဲ့ အမေဖုန်းချသွားတယ် ဆိုရင်ပဲ ကလေးတွေက တစ်ပြိုင်ထဲ "အဘွားအိမ် မသွားချင်ဘူး။ မက်ဒေါ်နယ် သွားစား မယ်လို့ ပြောထားပြီသားပဲ" လို့ ၀ိုင်းအော်ကြတယ်။ "အဘွားရဲ့ရည်ရွယ်ချက်က နေ့လယ်စာစားဖို့မဟုတ်ဘူး။ သူ့မြေးတွေဖြစ်တဲ့ သမီးတို့ကို ကြည့်ချင်လို့"
"အရင်အပတ်ကပဲ သမီးတို့သွားခဲ့ပြီးပြီလေ မေမေ" ကျွန်မရှင်းပြတာကို သမီးတွေကလက်ခံချင်ပုံမရခဲ့ဘူး။" တစ်ချိန်မှာ မေမေလဲ အိုသွားတဲ့အခါ သမီးတို့ကို "သမီးတို့ရေ အိမ်ကိုလာခဲ့ပါဦး။ မေမေကိတ်မုန့်ဖုတ်ထား တယ်။ မြေးတွေလဲ ခေါ်ခဲ့နော်" လို့ ဖုန်းဆက်ခေါ်ရင် "ကိတ်မုန့်ကို အပြင်မှာ ၀ယ်စားလဲရတာပဲ အမေ.. သမီးတို့ မအားဘူး" လို့ ပြန်ပြောရင် အခု ဘွားဘွား စိတ်မကောင်းဖြစ်သွားသလို မေမေလဲ စိတ်မကောင်းဖြစ်လိမ့်မယ်" လို့ ရှင်းပြတော့ လေးနှစ်သမီးလေးက "သမီး အဲလို မပြောဘူး။ ဟုတ်ကဲ့လို့ ပြောမယ် မေမေ" တဲ့။

နောက်ဆုံး သမီးတွေနဲ့တိုင်ပင်ပြီး နေ့လယ်စာကို မက်ဒေါ်နယ်စားပြီး ညနေစာကို အမေ့အိမ်မှာစားဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်တယ်။ ညနေအိမ်လာခဲ့မယ်လို့ အမေ့ကိုဖုန်းပြန်ဆက်တော့ အမေက "အေး...... ဒါဆိုရင် အမေ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်" လို့ ၀မ်းသာအားရ ပြန်ပြောတယ်။ ညနေ အမေ့အိမ်ရောက်တော့ အမေက မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့ ချက်ပြုပ်နေတယ်။ အမေ့ကိုကူဖို့ ကျွန်မမီးဖိုထဲဝင်တော့ အမေက ပုခုံးကျောတွေ ကိုက်ကြောင်း ပြောပြတယ်။

" ဆေးခန်းမသွားဘူးလား အမေ၊ ဆေးမလိမ်းဘူးလား" "သွားလဲ မထူးပါဘူး သမီးရယ်။ ဆေးလိမ်းလဲ မသက် သာပါဘူး" အမေ့စကားကိုကြားမှ အမေလိုအပ်နေတာ ဆေးခန်းတွေ၊ လိမ်းဆေးတွေ မဟုတ်ဘဲ ကျွန်မတို့ရဲ့ ဂရုစိုက်မှု၊ ပြုစုမှုဆိုတာကို ကျွန်မသဘောပေါက်တော့တယ်။ အသန့်အပြန့်ကြိုက်တဲ့ အမေ့ရဲ့ မီးဖိုချောင်က အိုးတွေဟာလဲ ဆီချေးတွေအထပ်ထပ်ပေနေတာကို ကျွန်မသတိထားမိလိုက်တယ်။ အိုးတွေကို တိုက်ချွတ်ဆေး နေရင်း "အိုးတွေကိုတိုက်ချွတ်ဖို့ အမေအားတွေမရှိတော့လို့ဖြစ်မယ်" လို့ ကျွန်မစဉ်းစားလိုက်မိတယ်။

အရင်တုန်းက လက်တစ်ဖက်က ကျွန်မကို ချီပိုးရင်း၊ ကျန်လက်တစ်ဖက်နဲ့ ကြော်လှော်ချက်ပြုတ်ခဲ့တဲ့ အမေ... အိမ်ရှေ့၊ အိမ်နောက်၊ အိမ်ထောင့်တွေပါ မကျန် သပ်ရပ်သန့်ရှင်းအောင် အမြဲရှင်းလင်းတတ်တဲ့ အမေ.....

အခုခါမှာတော့ ဇရာထောင်းပြီး လက်တွေလဲအင်အားချိခဲ့ပါပြီ။ ဒါတောင် သူချစ်တဲ့ သားသမီးမြေးတွေကို ကိုယ် တိုင်ချက်ပြုပ် ကျွေးမွေးချင်နေတုန်းပါပဲ။ ကျွန်မ ဘယ်လောက်ပဲ ပင်ပန်းပြီး၊ အလုပ်များနေပါစေ အချိန်တစ်ချိန် ကန့်သတ်ပြီး အမေ့အိမ်ကိုအမြဲပြန်ပြီး အိုးတွေကိုတိုက်ဆေးပေးမယ်ဖို့ ကျွန်မဆုံးဖြတ်ချက်တစ်ခု ချလိုက်မိပါ တယ်။ နောင်တစ်ချိန် ကျွန်မအိုသွားတဲ့တစ်နေ့၊ လက်တွေလှုပ်ရှားဖို့ အားအင်နည်းသွားတဲ့အခါ သားသမီးတွေ လည်း အိမ်ကိုအမြဲပြန်လာပြီး အိုးတွေတိုက်ဆေးပေးဖို့ ကျွန်မမျှော်လင့်မိပါတယ်။

"ညီမငယ်တယောက်ပို့ပေးထားတာကို ကြိုက်လွန်းလို့ တခြားသူငယ်ချင်းများလဲခံစားဖတ်ရှုနိုင်ရန် တင်ပေးထား ခြင်းဖြစ်ပါကြောင်း....."

မူပိုင်မဟုတ်ပါ။


နှင်းဆီနက်

(၁) အဲဒီတုန်းက သူ(၆)နှစ်။ ကိစ္စတစ်ခုကြောင့် အမေခရီးထွက်ရမယ်ဆိုလို့ သူ့ကိုဦးလေးအိမ်မှာ ခဏသွားအပ် ခဲ့တယ်။ ပစ္စည်းတွေယူပြီး အမေသွားဖို့ပြင်တော့ ကြောက်အားလန့်အားနဲ့ အမေ့ အင်္ကျီိကိုဆွဲပြီး သူအော်ငိုတော့ တယ်။

" အမေ.. သားကို ခွဲမသွားပါနဲ့...အမေ သားကို ထားမသွားပါနဲ့" ရှိုက်ကြီးတငင်ငိုနေတဲ့ သူ့ကို အမေထားမသွား ရက်ခဲ့ဘူး။ အမေ့လက်ကိုဆွဲပြီး ဦးလေးအိမ်ကထွက်လာတော့ ခြံတံခါးကိုသူဆွဲပိတ်ခဲ့လိုက်တယ်။ သူ့ကိုထားခဲ့ဖို့ လာသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီးတစ်သက်လုံး ကပ်ညှိမလာအောင် တံခါးဝဖက်ကိုသူယောင်လို့တောင် လှဲ့ မကြည့်ခဲ့ဘူး။

(၂) အိမ်ထဲဝင်လိုက်တာနဲ့ မိန်းမနဲ့ယောက္ခမက အမေ့အခန်းထဲကပစ္စည်းတွေကို လွင့်ပစ်ဖို့သိမ်းနေတာနဲ့ သွား တိုးတယ်။ ၂ပေမြင့်တဲ့ ဒိုင်းဆုတစ်ခု.... အထက်တန်းတုန်းက "ကျွန်တော်၏ မိခင်" ဆိုတဲ့စာစီစာကုံးနဲ့ သူပထမ ဆုရထားတဲ့ ဒိုင်းဆုလေး။ အဘိဓာန် စာအုပ်တစ်အုပ်... အမေ့ချွေးနဲစာနဲ့ ၀ယ်ပေးခဲ့တဲ့ သူ့ရဲ့ ပထမဦးဆုံးသော မွေးနေ့လက်ဆောင်။ အကြောပြေလိမ်းဆေးတစ်ဘူး...အမေအိပ်ရာမ၀င်ခင်လိမ်းတတ်တဲ့ဆေး... လိမ်းပေးမဲ့သူ မရှိဘဲ အမေ့ကို ဒီဆေးပေးလိုက်တော့လဲ ဘာထူးမှာလဲ... "တော်ပြီ...... မသိမ်းကြပါနဲ့တော့" သူအော်လိုက်မိ တယ်။ "ဒီလောက်များတဲ့ အမှိုက်တွေမပစ်ထုတ်ရင် ငါ့ပစ္စည်းတွေဘယ်နားသွားထားရမလဲ" ယောက္ခက စူးစူးဝါးဝါး ကြည့်ရင်းပြန်အော်တယ်။

"ဟုတ်ပါ့.... အဲဒီကုတင်စုတ်ကြီးလည်း ပစ်ထုတ်လိုက်စမ်းပါ။ မနက်ဖြန်ကျမှ အမေ့အတွက်သမီးကုတင်အသစ် တစ်လုံးဝယ်ပေးမယ်နော်" ကုတင်ခေါင်းရင်းမှာ ထောင်ထားတဲ့ဓာတ်ပုံကို သူတွေ့လိုက်တယ်။ အဲဒီပုံက သူ့ကို အမေကစားကွင်းလိုက်ပို့တုန်းက ရိုက်ထားတဲ့ပုံဖြစ်တယ်။ "ဒါတွေဟာ ကျွန်တော့်အမေရဲ့ အမွေတွေ... တစ်ခုမှ မပစ်နိုင်ဘူး"

"ဒါ ဘာအချိုးလဲ..ဘာလို့ အမေ့ကို ပြန်အော်ရတာလဲ အမေ့ကိုချက်ချင်းတောင်းပန်လိုက်" "မင်းကို ငါလက်ထပ် ခဲ့တာနဲ့ မင်းအမေကိုချစ်ရမယ်ဆိုရင် ဘာဖြစ်လို့ငါ့ကိုလက်ထပ်ခဲ့ပြီး ငါ့အမေကိုမင်းမချစ်ခဲ့ရတာလဲ"

(၃) မိုးရွာပြီးစမို့ ညက ပိုအေးစက်နေတယ်။ လူသူကင်းရှင်းတဲ့ လမ်းမပေါ်မှာ ကားလေးတစ်စီး မြို့ပြင်က လူအိုရုံ ဖက်ဦးတည်ပြီး တရိပ်ရိပ်ပြေးနေတယ်။ လူအိုရုံရောက်တော့ ကားပေါ်ကအမြန်ဆင်းပြီး အမေ့အခန်းဖက်သူပြေး သွားလိုက်မိတယ်။ သူ့လက်ထဲမှာအမေအမြဲလိမ်းတတ်တဲ့ အကြောပြေဆေးဘူးကို တင်းတင်းဆုပ်ကိုင်ထား တယ်။

"အမေ.. ဆေးကျန်ခဲ့လို့ သားလာပို့တာ" အမေ့ကုတင်ရှေ့ သူဒူးထောက်ချလိမ့်မိတယ်။
"မိုးချုပ်နေပြီ သားရယ်.. မနက်ဖြန် အလုပ်ရှိသေးတယ် မဟုတ်လား.. ပြန်ပါသား.. ဆေးကို အမေ့ဘာသာလိမ်း လို့ရတယ်"
"အမေ....... " သူ့အသံတွေ လည်ချောင်းဝမှာတစ်ဆို့နေတယ်။
"အမေ သားကို ခွင့်လွတ်ပါ အမေ... သားတို့ အိမ်ပြန်ကြရအောင်နော်"
အိုမင်းပိန်လှီနေတဲ့ အမေ့ခန္ဓာကိုယ်ကို တင်းတင်းလေးသူဖက်ထားလိမ့်မိတယ်။ သူ့ပါးပြင်ပေါ်မှာ မျက်ရည်တွေ က အဆက်မပြတ်စီးဆင်းလို့.....

"သားတို့ အိမ်ပြန်ကြရအောင် အမေ"

"ညီမငယ်တယောက်ပို့ပေးထားတာကို ကြိုက်လွန်းလို့ တခြားသူငယ်ချင်းများလဲခံစားဖတ်ရှုနိုင်ရန် တင်ပေးထား ခြင်းဖြစ်ပါကြောင်း....."


မူပိုင်မဟုတ်ပါ။


နှင်းဆီနက်

"ပေါ့ရင် အရသာမရှိဘူးနဲ့ ဒီနေ့ချက်တာ နည်းနည်းငန်တော့ မျိုမကျဘူးတဲ့။ ဘယ်လိုလုပ်ပေးရမလဲ" အိမ်ထဲဝင်ဝင်ချင်း ထမင်းစားခန်းမှ လွှင့်လာတဲ့အသံက ဆီးလို့ကြိုတယ်။ သားကို မြင်တော့ အမေက ခေါင်းငုံ့ပြီး ထမင်း ဆက်စားတယ်။ မိန်းမက သူ့ကို မျက်စောင်းနဲ့ ကြည့်တယ်။ အမေစားနေတဲ့ ဟင်းကို သူ မြည်းကြည့်ပြီး ချက် ချင်း ထွေးထုတ်လိုက်မိတယ်။ "အမေ့ရောဂါက အငန်နဲ့ မတည့်ဘူးလို့ ပြောထားတယ် မဟုတ်လား" "ဒါဆို ရှင့်အမေကို ရှင်ပဲချက်ကျွေးပေါ့" ခြေဆောင့်ပြီး သူမ ထွက်သွားတယ်။

သက်ပြင်းတစ်ချက်ကို သူခပ်ဖွဖွချရင်း.....

"အမေ... အဲတာတွေ မစားနဲ့တော့.. သား ခေါက်ဆွဲချက်လိုက်မယ်" "သား.. အမေကို သားဘာပြောစရာရှိလဲ? ပြောစရာရှိတာပြောနော်သား..စိတ်ထဲ ထည့်မထားနဲ့" "နောက်လကျရင် သားရာထူးတက်ပြီအမေ။ သားဒီထက် ပိုအလုပ်များတော့မယ်။ အမေ့ချွေးမကလည်း အပြင်ထွက်အလုပ်လုပ်ချင်တယ်တဲ့ ဒါကြောင့်.... " သား ဘာကို ဆိုလိုချင်မှန်း အမေသိလိုက်တယ်။

"သားရယ် အမေ့ကို လူအိုရုံမပို့ပါနဲ့နော်" တိုးလျှိုးတောင်းပန်စွာ အမေဆိုတော့ သားစိတ်မကောင်းဖြစ်ပြီး ခဏ လောက်နှုတ်ဆိတ်သွားတယ်။ "အမေ.. လူအိုရုံကမကောင်းတာ မဟုတ်ဘူး။ အမေ့ချွေးမအလုပ်ရရင် အမေ့ကို ပြုစုဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။ လူအိုရုံမှာ အမေ့ကိုပြုစုမယ့်လူ၊ ချက်ကျွေးမယ့်ဝန်ထမ်းတွေရှိတယ်အမေ။ အိမ်မှာထက် စာရင်ပိုကောင်းတာပေါ့ အမေရယ်" "ဒါပေမဲ့..... သားရယ်..." အမေ့စကားကို သူ မကြားချင်ဟန် ဆောင်ပြီး ရေချိုးခန်းဘက်ထွက်လာခဲ့တယ်။ သားအမိနှစ်ယောက်ခေါက်ဆွဲအတူစားပြီး စာကြည့်ခန်းထဲ

သူ ၀င်ခဲ့တယ်။

ပြတင်းပေါက် အပြင်ဖက်ကိုငေးကြည့်ရင်း သူတွေဝေနေမိတယ်။ ငယ်ငယ်ရွယ်ရွယ် မုဆိုးမ ဖြစ်ခဲ့ရတဲ့ အမေ၊ သားကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင်ကျွေးမွေးခဲ့တဲ့အမေ၊ သားကိုလူရာဝင်အောင် နိုင်ငံခြားအထိ ပညာ သင်ခွင့်ပေးခဲ့တဲ့ အမေ.. သားကိုကြီးပြင်းအောင်ကျွေးမွေးအနစ်နာခံခဲ့တာကို အကြောင်းပြပြီး သားဆီက ဘာမှ ပြန်မမျှော်လင့်ခဲ့တဲ့ အမေကို အိမ်ထောင်ရေးတည်မြဲဖို့ မိန်းမဆန္ဒကြောင့် လူအိုရုံပို့ရတော့မယ်။ သက်ပြင်းလေး လေးတစ်ချက် သူချလိုက်မိတယ်။ သား ရင်ထဲမှာ မချိလိုက်တာ အမေရယ်..... "မင်းရဲ့ လက်ကျန်ဘ၀ကို မင်း အမေက အဖော်ပြုမှာမဟုတ်ဘူး.. မင်းမိန်းမကပဲ အဖော်ပြုမှာ" "မင်း အမေ အသက်ကြီးပြီကွာ။ နေလိုရရင် နောက်ထပ် ၄ . ၅ နှစ်ပေါ့။ အဲဒီ နှစ်တိုတိုလေးမှာအမေကို သေချာပြုစုဂရုစိုက်ပါကွာ။ မရှိတော့မှ ငါမကျွေး လိုက်ရပါလား? ငါ မမွေးလိုက်ရပါလားလို့ နောင်တမရနဲ့" ပတ်ဝန်းကျင်က သူငယ်ချင်းမိတ်ဆွေတစ်ချို့ရဲ့ စကား သံကိုပြန်ကြားယောင်ရင်း သူရှေ့ဆက်မတွေးရဲတော့ဘူး။

အမေ့အတွက်ငွေကုန်ကြေးကျများရင် ဂရုစိုက်ရိုသေရာရောက်တယ်လို့ ထင်မယ်ဆိုလည်းထင်ကြတော့....... တောင်စွယ်နေကွယ်လုဆဲညနေခင်းတစ်ခုမြို့ပြင်မှာ တည်ထားတဲ့လူအိုရုံဆီ သူတို့ရောက်လာခဲ့တယ်။ လူအို ရုံရဲ့ဧည့်ခန်းကို သူတို့ဖြတ်လျှောက်တော့ ၄၂လက်မတီဗွီဖန်သားပြင်ပေါ်မှာ ဟာသကားတစ်ကားပြနေတာကို တွေ့လိုက်တယ်။ ဒါပေမဲ့ ကြည့်နေတဲ့ ပရိသတ်ဆီက ဘာရီသံမှ မကြားရဘူး။ ပုံစံတူ အင်္ကျီ၊ ပုံစံတူညှပ်ထားတဲ့ ဆံပင်နဲ့ လူအိုတစ်ချို့ဆိုဖာပေါ်မှာ စောင်းစောင်းရွဲ့ရွဲ့ထိုင်နေကြတယ်။ ငူငူငိုင်ငိုင်ထိုင်နေတဲ့ အဘွားအိုတစ် ယောက်ပါးစပ်က တစ်တွတ်တွတ်ရွတ်နေတယ်။

တုန်ချိချိအဘွားအိုတစ်ယောက် ကြမ်းပြင်ပေါ်ကျနေတဲ့ မုန့်ကို ကုန်းကောက်ဖို့ ကြိုးစားနေတယ်။ မြင်ကွင်းတွေ ကို သားအကြည့်လွဲပြီး နေရောင်ရတဲ့အခန်းတစ်ခန်းကို အမေ့အတွက်ရွေးလိုက်တယ်။ အခန်းပြတင်းပေါက်က အပြင်ကိုလှမ်းကြည့်မိတော့ သစ်ပင်ရိပ်အောက်မှာ လက်တွန်း လှည်းနဲ့နပ်စ်တစ်ချို့ကိုတွေ့လိုက်တယ်။ ပျင်းရိ ပျင်းတွဲညနေခင်းရဲ့ မှိန်ဖျော့ဖျော့အလင်းရောင်အောက်မြင်ကွင်း က မြင်ရသူအဖို့ ရင်နင့်စရာကောင်းလှတယ်။

"အမေ... သား .. သွား တော့မယ်" သူ့နှုတ်ဆက်စကားကို အမေခေါင်းညိတ်ပြတယ်။ တုန်ရီနေတဲ့ လက်နဲ့ဝှေ့ ယမ်းပြတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကိုဟပြီးတစ်ခုခုပြောဖို့ ကြိုးစားတယ်။

အမေ.... ဆံပင်တွေတောင် ငွေရောင်သမ်းခဲ့ပါပေါ့လား.. မျက်လုံးထောင့်က အရစ်ကြောင်းတွေတောင် နက်သ ထက် နက်ဝင်ခဲ့ပါပေါ့လား... ။
အမေ တကယ်အိုခဲ့ပါပေါ့လား....။

"ညီမငယ်တယောက်ပို့ပေးထားတာကို ကြိုက်လွန်းလို့ တခြားသူငယ်ချင်းများလဲခံစားဖတ်ရှုနိုင်ရန် တင်ပေးထား ခြင်းဖြစ်ပါကြောင်း....."

မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ

ကိုင်မထိရက်၊ ချွန်ထက်လက်သဲ

ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ

နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်

ပျော့ပျောင်းသွယ်လွ

အလှပြည့်နှက်၊ ချစ်သူ့လက်။


မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း

မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်

ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း

ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း

ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ

ချေးညှော်ပြည့်မွ

အလှပျက်ပြယ်၊ အမေ့လက်။


ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်

ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်

သိမြင်လာရ၊ "အလှ" "အလုပ်"
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်

အသက်တမျှ၊ မနားရချေ

ဘ၀ခရီး

သားသမီးတွက်၊ ထိုလက်အစွမ်း

ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့

အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်

အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ

အမေ၏လက်၊ အလုပ်လက်သာ

နှစ်သက် ဂုဏ်ယူ ဘွယ်တကား။


ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)မှကူးယူဖော်ပြပါသည်။
မူပိုင်မဟုတ်ပါ။

နှင်းဆီနက်






ညီမငယ်တယောက်ပို့ပေးထားသော ကာတွန်းအား ရယ်စရာဟာသအနေနှင့်တင်ထားပေးခြင်းဖြစ်ပါသည်။

မူပိုင်မဟုတ်ပါ...........

နှင်းဆီနက်

မဖြစ်နိုင်တာ

အလှပြင်ဆိုင်တစ်ခုတွင် အမျိုးသမီး၃ယောက်သည် ၎င်းတို့၏ယောကျာ်းများအကြောင်းပြောနေသည်။

ပထမအမျိုးသမီး "မနေ့ညကကျွန်မယောကျာ်းရုံးမှာအိပ်မယ်ပြောပြီး အပြင်ထွက်သွားတယ်။ ဒါပေမဲ့သူ့ရုံးကိုဖုန်း ဆက်ကြည့်တော့ရုံးမှာမရှိဘူး" ဟုပြောသည်။

"ဒီလိုပါပဲကျွန်မယောက်ျားလည်း ဟိုတနေ့က သူ့ညီအိမ်သွားအိပ်မယ်ဆိုပြီးထွက်သွားတာ ကျွန်မဖုန်းဆက်ကြည့် တော့လဲ အဲဒီမှာမရှိဘူး" ဟုဒုတိယအမျိုးသမီးက ၀င်ပြောသည်။

ဤတွင် "ကျွန်မကတော့ ကျွန်မယောကျာ်းဘယ်မှာရှိတယ်ဆိုတာ အမြဲတမ်းသိနေတယ်" တတိယအမျိုးသမီးက အေးအေးဆေးဆေး ၀င်ပြောသည်။

"မဖြစ်နိုင်ပါဘူးရှင်၊ အဲဒါကတော့ကောင်းကောင်းအလိမ်ခံနေရတာပဲ" ကျန်အမျိုးသမီးနှစ်ဦးက တစ်ပြိုင်တည်း ဆိုကြသည်။

"မဟုတ်ပါဘူး။ ကျွန်မကောင်းကောင်းသိပါတယ်။ တကယ်ပြောတာ ကျွန်မမုဆိုးမဖြစ်တာသုံးနှစ်ရှိပြီလေ" ဟု အမျိုးသမီးကဖြေရှင်းချက်ပေးလိုက်လေသည်။

ကင်ဆာရောဂါတွင်(သို့)ကင်ဆာရောဂါအတွက်လည်း ထိုကဲ့သို့ သတိပေး၊ အသိပေးလက္ခဏတွေ ရှိနိုင်၊ ပြနိုင် သည်။ ထို့အတူ လူများကင်ဆာရောဂါဖြစ်ရခြင်းသည် အန္တရယ်ဖြစ်နိုင်မှန်းသိလျက် အလိုလိုက်မိုက်မှားကာ အန္တရာယ်နှင့်ကစားမိသည်များလည်းရှိနိုင်သည်။ ကတ်ထရီနာအဲလစ်စ် ပြုစုထားသောဇယားကို လူတိုင်းသိရှိ နိုင်ရန်ရေးသားလိုက်ပါသည်။ တတ်လို့သိလို့ရေးထားတာတော့မဟုတ်ပါဘူး၊ ဖတ်မိတဲ့ဆောင်းပါးတစ်ခုက အကြောင်းအရာလေးကို လူတိုင်းဗဟုသုတအနေနဲ့သိထား၊ မှတ်ထားရအောင် ရေးသားလိုက်ခြင်းဖြစ်ပါ ကြောင်း ......

ကင်ဆာအားလုံး

အန္တရယ်ဖြစ်စေသည့်အရာများ။
ကင်ဆာဖြစ်စေသောအရာများ၊ စိတ်ခံစားမှုဆိုင်ရာကိစ္စများ၊ အဆိပ်အတောက်စသဖြင့်။

သတိပေးလက္ခဏာများ။
ကျက်ခဲသည့်ပုံမှန်မဟုတ်သောသွေး၊ သနံရည်၊ အရိအရွဲတို့ထွက်နေသည့်အနာများ၊ အရေပြားပေါ်(သို့) အရေ ပြားအောက်တွင်ပေါ်လာသည့် စမ်းမိသည့် အကျိတ်၊ အဖုများ၊ ကြွက်နို့(သို့) မှဲ့က သိသိသာသာကြီးလာခြင်း၊ အဖျားတာရှည်ခြင်း၊ အကြောင်းမဲ့အရေပြားပေါ်တွင်သွေးခြည်ဥကဲ့သို့ နီရဲညိုမည်းလာခြင်း၊ ၀မ်းမှန်ရာက ၀မ်း ပျက်ဝမ်းချုပ်လာခြင်း၊ ပိန်လာခြင်း၊ အစာရေစာမျိုရခက်လာခြင်း၊ မကြာမကြာအစာမကြေခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ ချောင်းဆိုးပြီး အသံဝင်ခြင်း။

ဦးနှောက်အကျိတ်ကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ။
လူတို့ဖန်တီးသည့် လျှပ်စစ်၊ သံလိုက်စက်ကွင်းအားသုံးစက်ကိရိယာများကို ရေရှည်ကိုင်တွယ်အသုံးပြုရခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ ဓာတုဖျော်ရည်၊ ပိုးသတ်ဆေး၊ စည်သွပ်ဘူး၊ ပြုပြင်စီရင်ထားသော အသားများထဲ တွင်ပါလေ့ရှိသည့် နိုက်ထရိုဆိုအေမင်းန်စသည့် ဓာတုပစ္စည်းများနှင့်ထိတွေ့မှုရှိခြင်း။

သတိပေးလက္ခဏာများ။
ခေါင်းအပြင်းအထန်ကိုက်ခြင်း၊ နေ့စဉ်ရက်ဆက်ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ နူံးညောင်းခြင်း၊ ကိုယ်ခန္ဒာအစိတ် အပိုင်းတစ်ရပ်ရပ်အကြောင်းမဲ့ချည့်နဲ့ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်းအပါအ၀င် အမြင်အာရုံပြဿနာများရှိခြင်း၊ အန်ခြင်း၊ ပျို့ခြင်း၊ တက်ခြင်း၊ စိတ်မမှန်ခြင်း၊ စကားပြောမမှန်ခြင်း၊ လေဖျန်းခြင်း၊ လေဖြတ်ခြင်း။

သွေးကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
မျိုးရိုးဗီဇ၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ မဟာဓာတ်အားလိုင်းများ၊ ပိုးသတ်ဆေးများ၊ ရေရှည်ဗိုင်းရပ်စ်ပိုးဝင်ရောဂါ များဖြစ်ခြင်း၊ ဘဲန်ဇင်းန်၊ ကလိုရဲဖ်ဖင်နီကောလ် ပဋ္ဋီဇီဝဆေး။

သတိပေးလက္ခဏာများ။
ဖြူဖျော့သွေးအားနည်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ ခဏခဏဖျားခြင်း၊ သွေးခြည် ဥလွယ်ခြင်း၊ အရိုးအဆစ်နာခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အခြားသွေးယို၊ သွေးထွက်ခြင်းများ၊ အဖျား၊ သွေးအား နည်း၊ ဘေလုံး(သရက်ရွက်)(သို့)အသည်း(သို့)ပြန်ရည်အကျိတ်များကြီးခြင်း၊ ရောင်ခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ သွေးဥမွှားအရေအတွက်လျော့ကျလာခြင်း။

ရိုးတွင်းခြင်ဆီကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ။
၉၀ရာခိုင်နှုန်းကျော်သည့်အသက်၄၀ကျော် အမျိုးသားများတွင်အဖြစ်များခြင်း၊ ဓာတုပစ္စည်းများ(ဒိုင်အောက် ဆင်၊ ဓာတုပျော်ရည်၊ ကြေးချွတ်သန့်စင်ဓာတုပစ္စည်း)နှင့်ထိတွေ့မှုရှိခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ အိပ်ခ်ျအိုင် ဗီပိုး၊ အသည်းရောင်အသားဝါပိုး၊ ရေယုန်ပိုး၊ အက်ပ်စတိန်းဘားဗိုင်းရပ်စ်ဆိုက်တိုမက်ဂလိုဗိုင်းရပ်စ်စသည့် ဗိုင်း ရပ်စ်ပိုးများ ၀င်ရောက်ရောဂါရနိုင်ခြေရှိခြင်း။ မျိုးရိုး၊ ကိုယ်တွင်းခုခံအားညံ့ခြင်း၊ ပြဒါး(သို့)ပီဗွီစီနှင့်အထိအတွေ့ ဗိုင်းရပ်စ်ပိုးဝင်ခြင်းနှင့်အဆက်အစပ်မကင်း။

သတိပေးလက္ခဏာများ။
ကျောဘက်အရိုးထဲကနာခြင်းသည် ပထမဆုံးလက္ခဏာ။ ကိုယ်အလေးချိန်ကျခြင်း၊ အားနည်းအားယုတ်သကဲ့သို့ ခံစားရခြင်း၊ မကြာမကြာပိုးဝင်၍ ဖျားခြင်း၊ သွေးအားနည်းခြင်း။

အရေပြားကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ။
အရေပြားနေရောင်ကြာကြာခံခြင်း၊ အလားတူမီးလုံးများဖြင့် အသားညိုရန်ပြုလုပ်ခြင်း၊ အထူးသဖြင့် အသားဖြူ၊ အသားဝါများ၊ မှဲ့များသောရာဇ၀င်ရှိခြင်း၊ ခြေထောက်(သို့)အ၀တ်အစားနှင့်အပွတ်အတိုက်များသောနေရာများ တွင်မှဲ့ရှိခြင်း၊ နေလောင်အမာရွတ်များရှိခြင်း၊ အရေပြားကင်ဆာဖြစ်ဖူးသူ မိသားစုထဲမှာရှိခြင်း၊ မီးချောင်း၊ မိုက်ခ ရိုဝေ့ဖ်များနှင့်အထိအတွေ့များခြင်း၊ ခရမ်းလွန်ရောင်ခြည်သင့်ခြင်း၊ အရက်များခြင်း၊ သန္ဒေတားဆေး တာရှည် သုံးခြင်း၊ (ငါးနှစ်ကျော်)သမင်ဖြူ၊ ခရုသင်းထွက်ခြင်း၊ ကိုယ်တွင်းခုခံအားကျခြင်း။

သတိပေးလက္ခဏာများ။
အရေးပြားပေါ်တွင် ကြွက်နို့နှင့်တူသောအဖုအပိမ့်ထွက်ခြင်း၊ ကျက်ခဲသောအနာပေါက်ခြင်း၊ မှဲ့များရှိပါက အရွယ် အစားကြီးလာခြင်း၊ အနာဖြစ်လာခြင်း အနာကျက်ခဲခြင်း၊ အနာရွတ်များမှ အနာဖြစ်လာခြင်း၊ မှဲ့များ၏ အနားဝိုင်း ပုံမှန်မဟုတ်ခြင်း၊ မှဲ့နက်ကြီးများပေါ်ခြင်း၊ မှဲ့မှသွေးထွက်ခြင်း။

လည်ချောင်းကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
အရက်၊ ဆေးလိပ် အလွန်အကျွံသောက်ခြင်း။

သတိပေးလက္ခဏာများ။
ချောင်းဆက်တိုက်ဆိုးခြင်း၊ အသံဝင်ခြင်း၊ မည်သို့ပင်ကုကုပျောက်ခဲသောလည်ချောင်းရောဂါများဖြစ်ခြင်း။

ပါးစပ်၊ ခံတွင်းနှင့်လည်ချောင်းကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ။
ခံတွင်းထဲတွင်သရိုးသရီဖြစ်ခြင်း၊ သွားကျိုးခြင်း၊ အံကပ်၊ သွားတုများမတော်တော့ခြင်း၊ ပျက်စီးခြင်း၊ အရက်များ ခြင်း၊ ဆေးလိပ်များခြင်း၊ ဆေးရွက်ကြီးငုံဝါးခြင်း။

သတိပေးလက္ခဏာများ။
ပါးစပ်၊ လည်ချောင်း၊ လျှာ၊ အနာဖြစ်ပါက ကျက်ခဲခြင်း၊ အသံဝင်ခြင်း။

အသည်းကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
မြေပဲ၊ မြေပဲထောပတ်၊ ပြောင်း၊ ဆန်တို့ပေါ်ရှိ မှိုပိုးမှထွက်သောအဖလာအဆိပ်ကို စားမိခြင်း၊ အရက်အသောက် များခြင်း၊ ပိုင်ရိုလစ်ဇစ်ဒင်းန် အယ်လ်ကလွိုက်များ၊ ပေါ်လီဗီနိုင်းလ်ကလိုရိုဒ်၊ တမော့က်စီဖဲန် စသည်တို့နှင့် အထိ အတွေ့ရှိခြင်း၊ သောက်မိခြင်း၊ အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ အသည်းခြောက်ခြင်း၊ သိုရီယမ်ဒိုင်အောက် ဆိုဒ်၊ သန္ဒေတားဆေးလုံး၊ အဲန်နာဘောလစ်စတီးရွိုက်အာဆင်းနစ်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ သံဓာတ်များခြင်း။

သတိပေးလက္ခဏာများ။
နောက်ဆုံးအဆင့်တွင်တွေ့ရသောလက္ခဏာများ။ ညာဘက်နံရိုးအောက်ဘက်တွင်နာခြင်း၊ အသည်းကြီးခြင်း၊ အသားဝါခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ အကြောင်းမဲ့ပိန်လာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာ ခြင်း၊ လေချုပ်ဝမ်းကယ်ခြင်း၊ သွေးအားနည်းခြင်း။

အဆုတ်ကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
ဆေးလိပ်၊ အက်စ်ဘက်စ်တော့စ်။
မီးခံကျောက်ပြားပါ ကျောက်ဂွမ်းမျှင်၊ နစ်ကယ်လ်၊ ကက်ဒ်မီယမ်(သို့)ရေဒီယိုသတ္တိကြွပစ္စည်းများ၊(ရေဒွန်ငွေ့)နာတာရှည် လေပြွန်ရောင်ခြင်း၊ တီဘီဖြစ်ဖူးခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ပီဗွီစီများနှင့်ထိတွေ့မှုရှိခြင်း၊ တစ်နေ့ကော်ဖီငါးခွက်ထက်ပိုသောက်ခြင်း၊ ကဖင်းန်ပါဝင်သော အစားအသောက်များ များများမှီဝဲခြင်း၊ အရက် များခြင်း၊ ဘလီယိုမိုင်စင်၊ ဆိုက်ကလိုဖော့စ်မာမိုက်ဒ် စသည့်ကင်ဆာဆေးများသွင်းရခြင်း၊ မာဂျရင်းန်ထောပတ်၊ အဆီအစားများခြင်း။

သတိပေးလက္ခဏာများ။
ချောင်းဆိုးမပျောက်ခြင်း၊ ချောင်းဆိုးလျှင်သွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ နုံးခြင်း၊ အသက်ရှုမ၀ခြင်း၊ ရင်ကျပ်ခြင်း၊ ရင်ညွန့်ရိုးအောင့်နာခြင်း၊ အသံပြောင်းခြင်း၊ အသံဝင်ခြင်း၊ အားနည်းခြင်း၊ ပိန် လာခြင်း။

ရင်သားကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
အသက်(၃၅)နှစ်ကျော်မှသားဦးကိုယ်ဝန်ဆောင်ခြင်း၊ သားသမီးမထွန်းကားခြင်း။ ညီအကိုမောင်နှမအရင်းအချာ များထဲတွင် ရင်သားကင်ဆာဖြစ်ဖူးသော ရာဇ၀င်ရှိခြင်း။ အသက်(၃၀)မကျော်မီက ဓာတ်ရောင်ခြည်၊ ပိုးသတ် ဆေး စသည်တို့ဖြင့်ထိတွေ့ဖူးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ပိုးသတ်ဆေးများ အများအပြားထိတွေ့ကိုင်တွယ်ရခြင်း၊ ဓမ္မတာနောက်ကျခြင်း(သို့)စောစောလာခြင်း၊ သွေးဆုံးနောက်ကျခြင်း၊ ကော်ဖီ၊ အရက် အလွန်အကျွံသောက်သုံးခြင်း၊ အဆီအဆိမ့်၊ အချိုအစားများခြင်း၊ ဆီးချိုရှိခြင်း၊ သန္ဒေတားဆေး စား၍ ကာလရှည်ကြာစွာ သန္ဒေတား၊ သားဆက်ခြားခြင်း၊ ဟော်မုန်းအစားထိုးကုသမှုခံယူခြင်း၊ ကိုယ်ခန္ဒာက အီစထရိုဂျင်ဟော်မုန်းအထုတ်များခြင်း(သို့)အီစထရိုဂျင်ပါသောဆေးများစားခြင်း၊ အ၀လွန်ခြင်း။

သတိပေးလက္ခဏာများ။
အကျိတ်၊ အဖု၊ ရင်သားအရေပြားထူအမ်းလာခြင်း၊ နို့သီးခေါင်းချိုင့်ဝင်ခြင်း၊ နို့သီးခေါင်းရောင်ရမ်းထူအမ်းလာ ခြင်း၊ နို့မတိုက်ပဲနှင့်နို့သီးခေါင်းယားခြင်း၊ နီရဲခြင်း(သို့)ယားယံနီရဲကာအနာဖြစ်လာခြင်း၊ နို့သီးခေါင်းမှ သွေး၊ ပြည်၊ သနံရည် စသည့်နို့ရည်မဟုတ်သော အရည်များထွက်ခြင်း။

အစာအိမ်ကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
သွေးအားနည်းခြင်း၊ အစာခြေရည်အထွက်နည်းခြင်း၊ အသား၊ အဆီအစားများကာ အသီးအရွက်အစားနည်းခြင်း၊ အစာအိမ်အနာကြာကြာဖြစ်ခြင်း၊ အစာအိမ်ပေါလစ်ပ်(ညှာတံပါအကျိတ်)ထွက်ခြင်း၊ အပူအစပ် အစားများခြင်း၊ အသားချောင်း၊ အသားပြား အစားများသဖြင့် တာရှည်ခံရန်ထည့်သည့်ယမ်းစိမ်း(ဆိုဒီယမ်နိုက်ထရိတ်)နိုက်ထ ရိုဆိုအေမင်း စသည့်ဓာတုပစ္စည်းများ ၀မ်းထဲရောက်ခြင်း၊ အကင်စာ အစားများခြင်း။ ငါးဆားနယ်၊ အသားဆား စိမ် အစားများခြင်း၊ အရက်၊ ဆေးလိပ်များခြင်း၊ အိပ်ခ်ျပိုင်လိုရိုင်ပို အစာအိမ်ထဲရောက်ခြင်း၊ အစာအိမ်အမြှေးပါး ရောင်ခြင်း။

သတိပေးလက္ခဏာများ။
အစာမကြေခြင်း၊ အစာစားပြီးဗိုက်နာခြင်း၊ ခံတွင်းပျက်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း၊ ခံတွင်းပျက်ခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ များသောအားဖြင့် လက္ခဏာထူးထူးခြားခြားမပြပါ။ နှောင်းမှ၊ လွန်မှသိကြရသည်။

အစာရေမျိုကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
အသက်၄၅နှစ်နှင့်၇၀ကြားဇရာ၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်စွဲ၊ ဗီတာမင်စီ၊ အေ၊ ဘီ၂ မပါသည့် အာဟာရ စားခြင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးအစားနည်းခြင်း၊ အစာမကြေခြင်း။

သတိပေးလက္ခဏာများ။
အစာမျိုရခက်ခြင်း၊ ခံတွင်း၊ လည်ချောင်းထဲတွင်အစာနင်ခြင်း၊ ရင်ပြည့်ခြင်း၊ ရင်ဘတ်နာခြင်း၊ ကိုယ်အလေးချိန် ကျခြင်း။

အူမကြီးနှင့်မစင်အိမ်ကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
အမျှင်ဓာတ်၊ ထုံးဓာတ်ပါဝင်သော အစားအစာများအစားနည်းခြင်း၊ အသီးအရွက်ထက်စာလျှင် အသားအစား များခြင်း။ ပေါလစ်ပ် အလုံးအကျိတ်ရှိခြင်း။ မိသားစုအတွင်း အူမကြီးကင်ဆာဖြစ်သူရှိဖူးသည့်ရာဇ၀င်ရှိခြင်း။ ၀မ်းချုပ်လွန်းခြင်း(သို့) ၀မ်းပျက်လွယ်ခြင်း၊ အူထဲတွင်အဆိပ်အတောက်များ များနေခြင်း၊ အဆီအဆိမ့် အသားအ စားများခြင်း။ အစားကြူးခြင်း၊ အရက်အသောက်များခြင်း၊ သည်းခြေရည်မထွက်ခြင်း(သို့)အထွက်များခြင်း၊ နာ တာရှည်အူရောင်ရောဂါဖြစ်သည့်အူမကြီးတွင်အနာဖြစ်ရောင်ရမ်းသောရောဂါဖြစ်ဖူးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ စိတ်တို၊ ဒေါသထွက်လွယ်ကာ အဆိုးမြင်ခံစားမှုပြင်းထန်ခြင်း၊ မွေးရာပါရောဂါရှိခြင်း၊ အသက်၅၀ကျော်တွင် အဖြစ်များခြင်း။

သတိပေးလက္ခဏာများ။
စအိုမှသွေးယိုခြင်း၊ ၀မ်းထဲတွင်သွေးမည်းမည်းပါခြင်း၊ ၀မ်းထဲတွင် ချွဲ၊ သွေးများဝမ်းနှင့်အတူပါလာခြင်း(သို့)သီးခြားစီပါ လာတတ်ခြင်း၊ ၀မ်းသွားသည့်အလေ့အကျင့်ပြောင်းလာခြင်း၊ ၀မ်းပျက်ပျက်နေခြင်း၊ ၀မ်းဖောလိုက် ၀မ်းချုပ်လိုက်ဖြစ်လာ ခြင်း(သို့)၀မ်းဆက်တိုက်ချုပ်နေခြင်း၊ ၀မ်းသွားချင်စိတ်ဖြစ်ပေါ်နေခြင်း၊ ၀မ်းသွားရသည့် အခါ ၀မ်းကျန်သကဲ့သို့ခံစားရခြင်း၊ အမြဲလိုလိုဗိုက်အောင့်၊ ဗိုက်နာနေခြင်း၊ ခံတွင်းပျက်ခြင်း၊ ခြေကုန်လက်ပန်း ကျခြင်း၊ လူပိန်လိုက်လာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်ရောင်လာခြင်း၊ ဗိုက်နာခြင်း(သို့)မအီမသာဖြစ်ခြင်း။

သားအိမ်အတွင်းသားနှင့်သားအိမ်ကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ။
တစ်ခါမှ ကိုယ်ဝန်မဆောင်ဖူးခြင်း၊ သွေးဆုံးပြီးချိန်နောက်ပိုင်းကာလသို့ရောက်နေခြင်း၊ မိသားစုဝင်များထဲတွင် သားအိမ်ကင်ဆာဖြစ်ဖူးသောရာဇ၀င်ရှိခြင်း၊ ဆီးချို၊ သွေးချိုရှိခြင်း၊ အ၀လွန်ခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ ဓမ္မတာ မမှန်ခြင်း၊ အဆီ အသားအစားများခြင်း၊ သားမြုံခြင်း(သို့)သားသမီးမရခြင်း၊ တမောက်ဆီဖဲန်(ကင်ဆာဆေး)သောက်ရခြင်း၊ အီစထရိုဂျင်ဟော်မုန်းအစားထိုးကုထုံးဖြင့် တာရှည်ကုသနေရခြင်း၊ ပုံမှန်မဟုတ်သော ဟော်မုန်း ပမာဏကြာရှည်နေခြင်း။

ကနဦးလက္ခဏာများ။
ဓမ္မတာလာစဉ်မနာမကျင်ပဲ သွေးအဆင်းများခြင်း၊ ပုံမှန်မဟုတ်သော အရိအရွဲဆင်းခြင်း၊ ဓမ္မတာလာစဉ်နာကျင် ကိုက်ခဲခြင်း၊ ဓမ္မတာအဆင်းများ၊ သွေးသွန်ခြင်း၊ တင်ပါးဆုံတစ်ဝိုက်ကိုက်ခဲခြင်း၊ ပိန်လာခြင်း၊ ခံတွင်းပျက်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း။

နောက်ကျမှသိရသော လက္ခဏာများ။
ကြွက်တတ်ခြင်း၊ လိင်ဆက်ဆံပြီးတိုင်း သွေးဆင်းခြင်း၊ ၀မ်းဗိုက်အောက်ပိုင်းလေးလံခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း။

သားအိမ်ခေါင်းကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ။
ငါးကြိမ်ကျော်ကိုယ်ဝန်ဆောင်သားမွေးခြင်း၊ ငယ်ငယ်ရွယ်ရွယ်နှင့်လိင်ဆက်ဆံခြင်း၊ ဆီးပူညောင်းကျ (သို့) လိင် အင်္ဂါကြွက်နို့ဖြစ်ဖူးသော ရာဇ၀င်ရှိခြင်း၊ အိမ်ထောင်ဖက်(သို့)လိင်ဆက်ဆံဖက်များခြင်း၊ သားမြုံခြင်း၊ အီစထရို ဂျင်ဟော်မုန်းများကြာရှည်အသုံးပြုခြင်း။ သန္ဒေတားဆေး၊ ဆေးလိပ်အသောက်များခြင်း(သို့)ဆေး ခြောက်ရှုခြင်း၊ သားအိမ်ခေါင်းရေယုန်ဗိုင်းရပ်စ်ပိုးနှင့် သားအိမ်ခေါင်းတွင်တွယ်တတ်သောပက်ပစ်လိုးမားဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ နာတာရှည်ဖောလစ်အက်စစ်ချို့တဲ့မှုဖြစ်ခြင်း၊ ဗီတာမင်(အေ)နှင့်(စီ)ချို့တဲ့ခြင်း၊ အဆီအဆိမ့်အစားများခြင်းနှင့် အ၀လွန်ခြင်း(သားအိမ်ကင်ဆာပါဖြစ်နိုင်)။

သတိပေးလက္ခဏာများ။
ကနဦးပိုင်း၊ လက္ခဏာမပြ။ ဓမ္မတာပေါ်စဉ်သွေးအဆင်းများခြင်း၊ အဖြူ၊ အနီမဟုတ်ပဲသမားရိုးကျမဟုတ်သည့် အရိအရွဲဆင်းခြင်း၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်း၊ သွေးများများဆင်းသည့်လများ များလာခြင်း၊ လိင်ဆက် ဆံသည့်အခါ နာကျင်ခြင်း၊ ဆက်ဆံပြီးသည့်အခါသွေးဆင်းခြင်း၊ ပကပ်စမီးယားခေါ်သားအိမ်ခေါင်းမှ အရိအရွဲ များရယူကာဓာတ်ခွဲစမ်းသပ်ကြည့်သည့်အခါ ပုံမှန်မဟုတ်သောဆဲလ်များတွေ့ရခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်ကယ်လေပွခြင်း။

သားဥအိမ်(မမျိုးဥအိမ်)ကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
ကလေးမရခြင်း၊ တိရစ္ဆာန်အဆီအစားများခြင်း၊ သွေးဆုံးချိန်တွင် အဖြစ်များခြင်း၊ ကလေးရစေသောဆေးများ၊ ကလိုမီဖင်းန်စစ်တြိတ်၊ အပျိုဖော်အ၀င်စောခြင်း၊ အသက်၃၀ကျော်မှသားဦးရခြင်း၊ တဲလ်ကမ်ပေါင်ဒါ၊ မျိုးရိုးရာဇ၀င် သားမြုံခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကျောက်ဂွမ်းနှင့်ထိတွေ့ခြင်း၊ အော်ဂဲနိုကလိုရင်းန်၊ ခရီအိုဆုတ်၊ ဆာလ ဖိတ်ကလော်ဒိန်း၊ လင်ဒိန်း၊ ထရိုရာဇင်းန်၊ ပေါင်းသတ်ဆေးစသည့်ပိုးသတ်ဆေးများနှင့်အထိအတွေ့များခြင်း။

သတိပေးလက္ခဏာများ။
နှောင်းပိုင်းကာလများရောက်သည်အထိ လက္ခဏာတိတိကျကျမပြခြင်း၊ တင်ပါးဆုံအရိုးတွင်းတစ်ဝိုက်နေမထိ ထိုင်မသာရှိခြင်း၊ မမျိုးဥအိမ်ရောင်ခြင်း၊ ခြေထောက်နာခြင်း၊ ဓမ္မတာလာစဉ်သွေးသွန်ခြင်း၊ ဗိုက်ရောင်ခြင်း၊ လေပွခြင်း၊ ၀မ်းချုပ်ခြင်း၊ နာတာရှည်အစာအိမ်နာခြင်းစသည့်အစာမကြေသည့် ပြဿနာများရှိခြင်း။

ယောနိ(မိန်းမကိုယ်)ကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ။
ဒိုင်အီသိုင်းစတင်လ်ဘက်စ်တြောလ်၊ ယောနိတွင်းအကျိတ်ထွက်ခြင်း၊ ပက်ပ်ပီလိုးမားဗိုင်းရပ်စ်၊ သားအိမ်ခေါင်း ကင်ဆာ၊ ဆေးလိပ်သောက်ခြင်း။

သတိပေးလက္ခဏာများ။
သွေးသွန်ခြင်း၊ အရိအရွဲဆင်းခြင်း၊ လိင်ဆက်ဆံရာတွင်နာကျင်ခြင်း၊ တင်ပါးဆုံအရိုးခွင်တွင်း ဆက်တိုက်နာကျင် ကိုက်ခဲခြင်း။

ဆီးအိမ်နှင့်ကျောက်ကပ်ကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ။
ဘဲန်ဇီဒင်းန်၊ အဲန်လင်းဆိုးဆေး(ရော်ဘာမှာပါ)၊ နက်ဖ်သလင်းန်(အစီခံမပါသောစီးကရက်များ)စသည့် ဓာတု ပစ္စည်းများနှင့် ထိတွေ့ခြင်း။ ဆေးလိပ်၊ ကဖင်းန်(သို့)ဆေးသကြားအလွန်အကြူးစားသောက်ခြင်း။ ရှစ်စတိုဆို မီယေးဆစ်စ် ဟူသောကပ်ပါးရောဂါရဖူးသော ရာဇ၀င်ရှိဖူးခြင်း။ ၀ခြင်း။ ဆီးလမ်းကြောင်းပိုးဝင်သော ရောဂါ ခဏခဏဖြစ်ခြင်း။ ကျောက်ကပ်ဆေးရခြင်း။

သတိပေးလက္ခဏာများ။
ဆီးထဲသွေးပါခြင်း၊ ဆီးသွားသည့်အခါနာခြင်း၊ ပူခြင်း၊ ကျဉ်ခြင်း၊ ခဏခဏဆီးသွားခြင်း၊ အကြောင်းခံမည်မည်ရ ရမရှိပဲ ခဏခဏဖျားခြင်း၊ သွေးအားနည်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ အားနည်းခြင်း၊ ကိုယ်အလေးချိန်လျော့ ကျလာခြင်း။

ဆီးကျိတ်ကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ။
ဆီးကျိတ်ရောင် ဆီးကျန်၍ခဏခဏဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကာလသားရောဂါရာဇ၀င်ရှိခြင်း၊ အသား၊ နို့၊ ကော်ဖီအစားအသောက်များခြင်း၊ မျိုးရိုး။ လိင်အပျော်အကြူးများခြင်း၊ အသက်၅၀ကျော်ကက်ဒ်မီယမ်၊ ရော်ဘာ တို့ ကိုင်တွယ်ရခြင်း၊ ရေရှည်အာဟာရချို့တဲ့မှု(အထူးသဖြင့် လိုင်ကိုပီးန်)၊ ဗီတာမင်အီးနှင့်ဒီ၊ ဆယ်လီနီယမ်၊ နှစ်ရှည်ကိုလက်စထရောများနေခြင်း။

သတိပေးလက္ခဏာများ။
ဆီးသွားချင်ပါက မအောင့်နိုင်ခြင်း။ ဆီးအသွားခက်ခြင်း။ ဆီးတောက်လျှောက်မသွားခြင်း။ ဆီးကျင်၊ ဆီးပူခြင်း၊ ဆီးထဲတွင် သွေးပါခြင်း၊ အရိုးနာခြင်း၊ ခြေထောက်ရောင်ခြင်း၊ ခါးအောက်ပိုင်းတောက်လျှောက်ကိုက်ခဲခြင်း၊ တင် ပါးဆုံအရိုးခွင်၊ ပေါင်အထက်ပိုင်းကိုက်ခြင်း၊ ညဘက်ဆီးခဏခဏသွားခြင်း။

မုန့်ချိုအိတ်(ပန်ကရိယ)ကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
အရက်၊ ဆေးလိပ်များခြင်း၊ ဆီးချို၊ တစ်ရက်ကော်ဖီနှစ်ခွက်ထက်ပိုသောက်ခြင်း၊ အသည်းကြွပ်ရောဂါရာဇ၀င်ရှိ ခြင်း၊ နာတာရှည်မုန့်ချိုအိတ်ရောင်ရောဂါရှိခြင်း၊ ဓာတ်ဆီ၊ ပိုးသတ်ဆေး စသည့်ဓာတုပစ္စည်းများနှင့် ထိတွေ့နေ ရခြင်း။

သတိပေးလက္ခဏာများ။
ကျောဘက်တွင် ကန့်လန့်ဖြတ်နာခြင်း၊ အကြောင်းမဲ့အသားဝါခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ခြေထောက်သွေး ကြောပိတ်ခြင်း၊ သွေးအားနည်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ပျို့အန်ခြင်း။

ကပ်ပယ်အိတ်(ဝှေးစေ့)ကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ။
မွေးရာပါဝှေးစေ့၊ ကပ်ပယ်အိတ်အတွင်းမရောက်ခြင်း၊ ကေဖီးန်အစားများခြင်း၊ ဆေးခြောက်ကြာကြာသုံးခြင်း၊ ဝှေးစေ့ မကြာမကြာရောင်ခြင်း၊ သားကြောဖြတ်ခြင်း၊ မိသားစုထဲတွင် ဝှေးစေ့ကင်ဆာဖြစ်ဖူးသော ရာဇ၀င်ရှိပါ ကဖြစ်နိုင်ခြေပိုများခြင်း၊ ဓာတုပစ္စည်းအချို့ကို ကိုင်တွယ်ထိတွေ့ရခြင်း၊ ဆီ၊ ဓာတ်ငွေ့နှင့်ထိတွေ့ရသောလုပ် သားများ၊ မိုင်းတွင်း၊ သတ္တုတွင်းလုပ်သားများ၊ ယန္တရားလုပ်သားများတွင် အတွေ့ရများသည်။ အသက်၁၅နှစ်မှ၄၀ကြားအဖြစ်များသည်။

သတိပေးလက္ခဏာများ။
အကျိတ်၊ ဝှေးစေ့ကြီးခြင်း၊ ကပ်ပယ်အိတ်ထူလာခြင်း၊ ကပ်ပယ်အိတ်အတွင်းရုတ်တရက်အရည်များစုလာခြင်း၊ ကပ်ပယ်အိတ်ဝှေးစေ့တင်းခြင်း၊ နာခြင်း၊ ဗိုက်အောင့်ခြင်း၊ ပေါင်ရင်းတွင်နာခြင်း၊ ရင်သားကြီးတင်းကာနာလာ ခြင်း၊ ဆီးသွားပုံပြောင်းလာခြင်း၊ ညောင်းခြင်း၊ နုံးခြင်း။

လင်မ်ဖိုးမား(ဟော့ခ်ျကင်းရောဂါ)ကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ။
မျိုးရိုးဗီဇ၊ ကိုယ်တွင်းခုခံအားအလုပ်မလုပ်ခြင်း၊ ပြဒါး(သို့)ပီဗီစီနှင့်ထိတွေ့မှုရှိခြင်း၊ အချို့ကဗိုင်းရပ်စ်ပိုးနှင့်ဆက် နွယ်မှုရှိခြင်း၊ (ဥပမာ-အီဘိုလာဗိုင်းရပ်စ်(သို့)အိပ်ခ်ျအိုင်ဗွီ)

သတိပေးလက္ခဏာများ။
ပြန်ကြည်ကျိတ်များ မနာမကျင်ပဲရော်ဘာတုံးကဲ့သို့ပုံစံနှင့်ရောင်ခြင်း၊ ယားယံခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ အကြောင်းမဲ့ဖျားခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း၊ စအိုယားခြင်း၊ သွေးအားနည်းခြင်း၊ သရက်ရွက်(ဘေလုံး) နှင့်အသည်းကြီးခြင်း၊ မကြာခဏပိုးဝင်၍ ဖျားခြင်း၊ သွေးဥမွှားအရေအတွက်လျော့ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း ။ ပါးစပ်၊ လည်ချောင်း၊ လျှာ၊ အနာဖြစ်ပါက ကျက်ခဲခြင်း၊ အသံဝင်ခြင်း။

ဟော့ခ်ျကင်းရောဂါမဟုတ်သော(လင်ဖိုးမား)ကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ။
ဗိုင်းရပ်စဆိုက်တိုမက်ဂလိုဗိုင်းရပ်စ်စသည့် ဗိုင်းရပ်စ်ပိုးများဝင်ရောက်ရောဂါရနိုင်ခြေရှိခြင်း။ မျိုးရိုး၊ ကိုယ်တွင်းခု ခံအားညံ့ခြင်း၊ ပြဒါး(သို့)ပီဗီစီနှင့်အထိအတွေ့ဗိုင်းရပ်စ်ပိုးဝင်ခြင်းနှင့်အဆက်အစပ်မကင်း။

သတိပေးလက္ခဏာများ။
လက္ခဏာ၊ ဝေဒနာများ ဟော့ခ်ျကင်းနှင့်တူ။ တစ်ခုသာကွာသည်။ ခံတွင်းနှင့်လည်ချောင်း၊ အာခေါင်တစ်သျှူး များတွင် ရောဂါအရစောခြင်း၊ ထို့အတူအရေပြား၊ ရိုးတွင်းခြင်ဆီနှင့်အစာခြေအဖွဲ့တို့တွင်လည်းအဖြစ်စောခြင်း။

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။